Tenet (2020)

22314
Share
Copy the link

Inception တို့ Interstellar တို့ကို ရိုက်ခဲ့တဲ့ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ နောက်ဆုံး ထွက်ရုပ်ရှင်သစ် ရပါပြီ။ဒီရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြသထားတာပါ။ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။အရမ်းကောင်းပါတယ်၊ ကြည့်ပါ။

နားလည်ချင်ရင် အခန်းတွေ ကျော်မကြည့်ဘဲ လိုက်စဉ်းစားနေမှ အဆင်ပြေမယ်တော့ ထင်ပါတယ်။အဓိက သဘောတရားကတော့ ကျွန်တော်တို့ လူတွေ အရာဝတ္ထုတွေဟာအချိန်လမ်းကြောင်းအတိုင်း ရှေ့ကို သွားနေပါတယ်။

ကမ္ဘာကြီးကလည်း အဲဒီလိုပဲ လည်ပတ်နေပါတယ်။၇ နာရီ မှာ တည်ရှိနေတဲ့လူဟာ နောက်ထပ် ၁၀ မိနစ် နေရင် ၇ နာရီ ၁၀ မိနစ်မှာ တည်ရှိနေမှာပါပဲ။

တကယ်လို့ အဲဒီလူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကိုသွားတယ်ဆိုပါစို့ အချိန်ဖြစ်စဉ်အရ ၇ နာရီမှာ စတင်ပြီး နောက်ပြန်သွားတဲ့သူဟာနောက် ၁၀ မိနစ်ကြာရင် ၆ နာရီ ၅၀ မှာ တည်ရှိနေပါလိမ့်မယ်။ဒီတော့ သက်ရောက်မှုက အရင်လာပြီး အကြောင်းရင်းက နောက်မှလာပါလိမ့်မယ်။

ဥပမာ ကျည်ဆံက အရင် နံရံမှာ မြှပ်နေပြီး နောက်မှ သေနတ်ထဲကို ပြန်ဝင်လာတာမျိုးပေါ့။Grandfather paradox တို့ multiverse တို့ Feynman ရဲ့ ပိုစေထရွန်တွေဟာအလက်ထရွန်တွေ အချိန်နောက်ပြန်သွားနေခြင်းဖြစ်တယ်ဆိုတဲ့အဆိုတို့စတာတွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်လမ်းပါပဲ။

Zawgyi

Inception တို႔ Interstellar တို႔ကို ႐ိုက္ခဲ့တဲ့ဒါ႐ိုက္တာ ခရစၥတိုဖာ ႏိုလန္ရဲ႕ ေနာက္ဆုံး ထြက္႐ုပ္ရွင္သစ္ ရပါၿပီ။ဒီ႐ုပ္ရွင္က သိပၸံ စိတ္ကူးယဥ္ ႐ုပ္ရွင္ျဖစ္ၿပီး အခ်ိန္ခရီးသြားျခင္း ကို စိတ္ကူးအသစ္နဲ႔ ျပသထားတာပါ။ဇာတ္လမ္းကိုေတာ့ မေျပာျပေတာ့ပါဘူး။အရမ္းေကာင္းပါတယ္၊ ၾကည့္ပါ။

နားလည္ခ်င္ရင္ အခန္းေတြ ေက်ာ္မၾကည့္ဘဲ လိုက္စဥ္းစားေနမွ အဆင္ေျပမယ္ေတာ့ ထင္ပါတယ္။အဓိက သေဘာတရားကေတာ့ ကြၽန္ေတာ္တို႔ လူေတြ အရာဝတၳဳေတြဟာအခ်ိန္လမ္းေၾကာင္းအတိုင္း ေရွ႕ကို သြားေနပါတယ္။

ကမာၻႀကီးကလည္း အဲဒီလိုပဲ လည္ပတ္ေနပါတယ္။၇ နာရီ မွာ တည္ရွိေနတဲ့လူဟာ ေနာက္ထပ္ ၁၀ မိနစ္ ေနရင္ ၇ နာရီ ၁၀ မိနစ္မွာ တည္ရွိေနမွာပါပဲ။

တကယ္လို႔ အဲဒီလူေတြ အရာဝတၳဳေတြဟာ အခ်ိန္လမ္းေၾကာင္းနဲ႔ ဆန႔္က်င္ဘက္ကိုသြားတယ္ဆိုပါစို႔ အခ်ိန္ျဖစ္စဥ္အရ ၇ နာရီမွာ စတင္ၿပီး ေနာက္ျပန္သြားတဲ့သူဟာေနာက္ ၁၀ မိနစ္ၾကာရင္ ၆ နာရီ ၅၀ မွာ တည္ရွိေနပါလိမ့္မယ္။ဒီေတာ့ သက္ေရာက္မႈက အရင္လာၿပီး အေၾကာင္းရင္းက ေနာက္မွလာပါလိမ့္မယ္။

ဥပမာ က်ည္ဆံက အရင္ နံရံမွာ ျမႇပ္ေနၿပီး ေနာက္မွ ေသနတ္ထဲကို ျပန္ဝင္လာတာမ်ိဳးေပါ့။Grandfather paradox တို႔ multiverse တို႔ Feynman ရဲ႕ ပိုေစထ႐ြန္ေတြဟာအလက္ထ႐ြန္ေတြ အခ်ိန္ေနာက္ျပန္သြားေနျခင္းျဖစ္တယ္ဆိုတဲ့အဆိုတို႔စတာေတြကို အေျခခံၿပီး တည္ေဆာက္ထားတဲ့ ဇာတ္လမ္းပါပဲ။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

disk.yandex.com (Disk Yandex) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *