Terrifier (2016)

13986
Share
Copy the link

ဒီကားဟာ ပိုးစိုးပက်စက်သတ်ဖြတ်တဲ့အခန်းတွေပါတဲ့ Slasher Horror အမျိုးအစားမို့အသက်မပြည့်သေးသူတွေနဲ့အသည်းငယ်သူတွေအတွက်မဟုတ်ဘူးလို့ပြောချင်ပါတယ်။ဒါရိုက်တာ၊ဇာတ်လမ်းရေးဆရာ Damien Leone က 2011 တုန်းကသူ့ရဲ့ မိနစ်၂၀စာ ဇာတ်လမ်းတိုTerrifier ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ်။

အဓိကဇာတ်ကောင် Art the clown ဟာအရင်က All hallows’ eve ဇာတ်လမ်း နဲ့The 9th circle ဇာတ်လမ်းတိုတို့မှာလည်းပါဝင်ခဲ့ဖူးတဲ့ဇာတ်ကောင်ဖြစ်ပါတယ်။တယ်ရာနဲ့ ဒေါင်းန် တို့သူငယ်ချင်းနှစ်ယောက်ဟာ ဟောလိုးဝင်းပါတီတစ်ခုကအပြန်မှာပီဇာဆိုင်ကိုသွားကြပါတယ်။

ဆိုင်ထဲဝင်သွားပြီးမကြာခင် လူပြက်ဝတ်စုံနဲ့လူတစ်ယောက်လည်း ရောက်လာပြီးတယ်ရာကိုကြက်သီးထဖွယ် မျက်တောင်မခတ်စိုက်ကြည့်နေပါတော့တယ်။တော်တော်အရက်မူးနေတဲ့ ဒေါင်းန်ဟာ ထိုလူပြက်ကို ကျီစယ်နောက်ပြောင်ခဲ့ပြီးနောက်သူငယ်ချင်း ၂ယောက်အိမ်ပြန်ဖို့အလုပ်မှာ ကားဘီးပေါက်နေတာတွေ့လိုက်ရပါတယ်။

တယ်ရာဟာ အစ်မဖြစ်သူကိုလာခေါ်ဖို့အကူအညီတောင်းပြီးအနီးအနားကဂိုထောင်တစ်ခုထဲကိုသန့်စင်ခန်းလိုက်ရှာဖို့ဝင်သွားပါတယ်။ဒေါင်းန်တစ်ယောက်တည်းကားပေါ် ရှိနေချိန်ရေဒီယိုမှာ လူပြက်တစ်ယောက်ဟာပီဇာဆိုင်ဝန်ထမ်း၂ဦးကိုရက်ရက်စက်စက်သတ်သွားကြောင်းကို အံ့သြစွာကြားလိုက်ရပြီးနောက်၊

ကားတံခါးဖွင့်သံနဲ့အတူ ကားထဲရောက်လာသူကိုသူ့သူငယ်ချင်းတယ်ရာအမှတ်နဲ့ စကားပြောနေရင်းလှည့်ကြည့်လိုက်တဲ့အခါ…

Zawgyi






megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *