The Battleship Island (2017)

24091
Share
Copy the link

2017 လောက်ကထွက်ရှိခဲ့တဲ့ The Battleship Island ဆိုတဲ့ ကိုရီးယားကားလေးကို မှတ်မိလိုက်ကြလား။ အဲ့ဒီအချိန်က ဒီဇာတ်ကားထဲက မင်းသား Song Joong Ki က သူနဲ့အတူတူ Dots လို့အများစုသိကြတဲ့ Descendants of the Sun ရဲ့ မင်းသမီးချော Song Hye Kyo နဲ့ ပူပူနွေးနွေးလက်ထပ်ပြီးကာစပေါ့။

အခုတော့လဲ အကြောင်းအမျိုးမျိုးကြောင့်နဲ့ ကွဲသွားပါပြီ။ ထားပါလေ ရုပ်ရှင်အကြောင်းလေးကိုသွားရအောင်။

ရုပ်ရှင်က ကြည့်လိုက်ရင်သိသွားမှာဆိုတော့ အများစုမသိတဲ့ မှတ်တမ်းမှတ်ရာလေးတွေကို အရင်ပြောပြမယ်။ ဒီကားက စစချင်းရုံတင်တဲ့ ညပွဲမှာပဲ ကြည့်ရှုသူ ၉၇၀၅၁၆ယောက်တောင် ရှိခဲ့ပြီး အရင်စံချိန်တင်ထားတဲ့ Train to Busan ကိုပါ ကျော်လွန်ပြီးတော့ ဝက်ဝက်ကွဲအောက်မြင်ခဲ့ပါတယ်။

2017 July 26 ရက်နေ့မှာထွက်ခဲ့ပြီးတော့ ပထမဆုံးပိတ်ရက်(July 28 ကနေ 30) မှာ လက်မှတ်က 2.5 မီလီယံအထိရောင်းချခဲ့ရပါတယ်။ ပထမဆုံး ၅ ရက်မှာလည်း ၄ မီလီယံအထိကို ခုန်တက်သွားခဲ့ပါတယ်။ ဒီလောက်တောင် အောင်မြင်မှုရတယ်ဆိုတော့လဲ မကောင်းစရာကိုမရှိတာပါ။ တကယ်လဲကောင်းခဲ့ပါတယ်။

ဇာတ်လမ်းအကျဥ်းလေးကိုပြောရမယ်ဆိုရင်တော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကိုရီးယားအလုပ်သမား ၄၀၀ က ဂျပန်နိုင်ငံ Hashima ကျွန်းပေါ်က ကျောက်မီးသွေးတွင်းမှာအတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းကို ခံရပါတယ်။ ဒီချွေးတပ်စခန်းက အလုပ်သမား ၄၀၀ က တော်လှန်ရေးလုပ်ပြီးတော့ အသေခံတိုက်ပွဲဝင်ပြီးပြေးကြပါတယ်။

သူတို့ရဲ့တိုက်ပွဲမှာ ကျဆုံးမှုတွေရှိမလား အောင်မြင်မှာလားဆိုတာကတော့ ထွက်တာကြာနေပေမဲ့ မကြည့်ရသေးတဲ့သူတွေအတွက်တော့ ဇာတ်လမ်းတိုင်းကအသစ်ပဲဆိုတော့ စစ်ကားနဲ့ပတ်သက်တာတွေ သမိုင်းကြောင်းနဲ့ ပတ်သက်တာတွေကိုကြိုက်တဲ့ ကိုကိုမမတွေ ခံစားပေးကြပါဦး။

ဒါနဲ့ ကြည့်ပြီးသားသူတွေကလဲ မင်းသားလေးချောလို့ကြည့်တယ်ပဲဖြစ်ဖြစ် ရုပ်ရှင်လေးသဘောကျလို့ပဲဖြစ်ဖြစ် စောင်ကိုက်ရမဲ့ကားမျိုးမဟုတ်ပေမဲ့လဲ အားပေးကြပါဦးလို့ပဲ တိုက်တွန်းပါရစေ။

Zawgyi

2017 ေလာက္ကထြက္ရွိခဲ့တဲ့ The Battleship Island ဆိုတဲ့ ကိုရီးယားကားေလးကို မွတ္မိလိုက္ၾကလား။ အဲ့ဒီအခ်ိန္က ဒီဇာတ္ကားထဲက မင္းသား Song Joong Ki က သူနဲ႔အတူတူ Dots လို႔အမ်ားစုသိၾကတဲ့ Descendants of the Sun ရဲ႕ မင္းသမီးေခ်ာ Song Hye Kyo နဲ႔ ပူပူေႏြးေႏြးလက္ထပ္ၿပီးကာစေပါ့။

အခုေတာ့လဲ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္နဲ႔ ကြဲသြားပါၿပီ။ ထားပါေလ ႐ုပ္ရွင္အေၾကာင္းေလးကိုသြားရေအာင္။

႐ုပ္ရွင္က ၾကည့္လိုက္ရင္သိသြားမွာဆိုေတာ့ အမ်ားစုမသိတဲ့ မွတ္တမ္းမွတ္ရာေလးေတြကို အရင္ေျပာျပမယ္။ ဒီကားက စစခ်င္း႐ုံတင္တဲ့ ညပြဲမွာပဲ ၾကည့္ရႈသူ ၉၇၀၅၁၆ေယာက္ေတာင္ ရွိခဲ့ၿပီး အရင္စံခ်ိန္တင္ထားတဲ့ Train to Busan ကိုပါ ေက်ာ္လြန္ၿပီးေတာ့ ဝက္ဝက္ကြဲေအာက္ျမင္ခဲ့ပါတယ္။

2017 July 26 ရက္ေန႔မွာထြက္ခဲ့ၿပီးေတာ့ ပထမဆုံးပိတ္ရက္(July 28 ကေန 30) မွာ လက္မွတ္က 2.5 မီလီယံအထိေရာင္းခ်ခဲ့ရပါတယ္။ ပထမဆုံး ၅ ရက္မွာလည္း ၄ မီလီယံအထိကို ခုန္တက္သြားခဲ့ပါတယ္။ ဒီေလာက္ေတာင္ ေအာင္ျမင္မႈရတယ္ဆိုေတာ့လဲ မေကာင္းစရာကိုမရွိတာပါ။ တကယ္လဲေကာင္းခဲ့ပါတယ္။

ဇာတ္လမ္းအက်ဥ္းေလးကိုေျပာရမယ္ဆိုရင္ေတာ့ ဒုတိယကမာၻစစ္အတြင္းမွာ ကိုရီးယားအလုပ္သမား ၄၀၀ က ဂ်ပန္ႏိုင္ငံ Hashima ကြၽန္းေပၚက ေက်ာက္မီးေသြးတြင္းမွာအတင္းအဓမၼ အလုပ္ခိုင္းေစျခင္းကို ခံရပါတယ္။ ဒီေခြၽးတပ္စခန္းက အလုပ္သမား ၄၀၀ က ေတာ္လွန္ေရးလုပ္ၿပီးေတာ့ အေသခံတိုက္ပြဲဝင္ၿပီးေျပးၾကပါတယ္။

သူတို႔ရဲ႕တိုက္ပြဲမွာ က်ဆုံးမႈေတြရွိမလား ေအာင္ျမင္မွာလားဆိုတာကေတာ့ ထြက္တာၾကာေနေပမဲ့ မၾကည့္ရေသးတဲ့သူေတြအတြက္ေတာ့ ဇာတ္လမ္းတိုင္းကအသစ္ပဲဆိုေတာ့ စစ္ကားနဲ႔ပတ္သက္တာေတြ သမိုင္းေၾကာင္းနဲ႔ ပတ္သက္တာေတြကိုႀကိဳက္တဲ့ ကိုကိုမမေတြ ခံစားေပးၾကပါဦး။

ဒါနဲ႔ ၾကည့္ၿပီးသားသူေတြကလဲ မင္းသားေလးေခ်ာလို႔ၾကည့္တယ္ပဲျဖစ္ျဖစ္ ႐ုပ္ရွင္ေလးသေဘာက်လို႔ပဲျဖစ္ျဖစ္ ေစာင္ကိုက္ရမဲ့ကားမ်ိဳးမဟုတ္ေပမဲ့လဲ အားေပးၾကပါဦးလို႔ပဲ တိုက္တြန္းပါရေစ။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Mega) Small Size ~ Download

(MediaFire) Large Size ~ Download

(MediaFire) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *