The Bee Gees: How Can You Mend a Broken Heart (2020)

16468
Share
Copy the link

How Deep Is Your Love ဆိုတဲ့သီချင်းကို လူတိုင်းကြားဖူးမယ်ထင်ပါတယ်။ မကြားဖူးရင်လည်း Too Much Heaven ကိုမြန်မာမှုပြုထားတဲ့ နွေရာသီလမ်းခွဲသီချင်းကိုတစ်ခေါက်လောက်ဖြစ်ဖြစ်ကြားဖူးကြားမှာပါ။ခုတစ်ခါမှာတော့ ဒီသီချင်းတွေရဲ့ဖန်ဆင်းရှင် Bee Gees အဖွဲ့ကို ပရိသတ်တို့နဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

ဂီတလောကရဲ့ပုတ်သင်ညိုလို့ တင်စားချက်က သူတို့နဲ့ထိုက်တန်ကြောင်းကို သူတို့ရဲ့ဆယ်စုနှစ်နဲ့ချီအောင်မြင်မှုတွေက သက်သေထူလျက်ရှိပါတယ်။ ပါရမီရှင်ဆိုတာ မွေးရာပါလို့ပြောကြတဲ့အတိုင်း Bee Gees အဖွဲ့ဝင်တွေဖြစ်တဲ့ ဘယ်ရီ ရော်ဘင်နဲ့ မောရစ်တို့ဟာ ငယ်စဉ်ကတည်းက အနုပညာမှာ ထူးချွန်ခဲ့ကြတာပါ။

သူတို့ ၃ ယောက်က အရွယ်ရောက်လာတဲ့အချိန်မှာ အဖေဖြစ်သူရဲ့အကူအညီနဲ့ မိသားစုဝင်တွေနဲ့ Bee Gees အဖွဲ့ကို စတင်ခဲ့တာပေါ့။ ပါရမီရှင်တွေဖြစ်တဲ့သူတို့အတွက် အောင်မြင်မှုဆိုတာ အဆင်သင့်ခပ်ယူရ ရေလိုပါပဲ။ ဒါပေမဲ့ ဒီလိုထိပ်တန်းအဖွဲ့တစ်ဖွဲ့ဟာ အောင်မြင်မှုရဲ့ဒဏ်ကိုကြာကြာမခံနိုင်ဘဲ ဘားမှာသီချင်းဆိုတဲ့ဘဝကို ရောက်ခဲ့ရတာပါပဲ။

ဂီတလောကရဲ့ ပုတ်သင်ညိုဆိုတဲ့အတိုင်း အောက်ခြေဘဝကနေ R and B တီးဝိုင်းကို သူတို့အခက်အခဲတွေအကြားက တည်ထောင်ကြတဲ့အကြောင်းတွေ၊ ဒီလို Bee Gees အဖွဲ့ရဲ့အကြောင်းတွေတင်မကပဲနဲ့ သူတို့ရဲ့ညီ အန်ဒီကိုစင်တင်ပေးကြပုံတွေ၊

John Travolta ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီး “Saturday Night Fever” ဇာတ်ကားမှာ Soundtrac ရေးပေးခဲ့ကြတွေ၊ အဲ့ဒီခေတ်က ဒစ္စကိုတွေနာမည်ကြီးသွားခဲ့တဲ့ကာလမှာ Bee Gees ကိုအသုံးချပြီး ပဋိပက္ခတွေဖြစ်ကြပုံစတဲ့ အဲ့ဒီခေတ်ရဲ့ အဖြစ်အပျက်ပေါင်းစုံကို ခံစားကြရမှာဖြစ်ပါတယ်။

Bee Gees အဖွဲ့က မွေးထုတ်ပေးခဲ့တဲ့ သီချင်းတွေအားလုံးကို ဒီကားမှာ ခံစားရမှာဖြစ်လို့ Musical Documentary ကိုကြိုက်သူတွေ၊ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့ပြီး “သီချင်လောကကသာစာအုပ်ဆိုရင် သူတို့အကြောင်းက အခန်းတစ်ခန်းစာလောက်ရှိတယ်”လို့ ပြောကြတဲ့ Bee Gees အဖွဲ့ရဲ့သမိုင်းကြောင်းကိုသိချင်တဲ့သူတွေအနေနဲ့တော့ လာကြည့်လှည့်ပါလို့ပဲပြောချင်ပါတယ်။

Zawgyi

How Deep Is Your Love ဆိုတဲ့သီခ်င္းကို လူတိုင္းၾကားဖူးမယ္ထင္ပါတယ္။ မၾကားဖူးရင္လည္း Too Much Heaven ကိုျမန္မာမႈျပဳထားတဲ့ ေႏြရာသီလမ္းခြဲသီခ်င္းကိုတစ္ေခါက္ေလာက္ျဖစ္ျဖစ္ၾကားဖူးၾကားမွာပါ။ခုတစ္ခါမွာေတာ့ ဒီသီခ်င္းေတြရဲ႕ဖန္ဆင္းရွင္ Bee Gees အဖြဲ႕ကို ပရိသတ္တို႔နဲ႔မိတ္ဆက္ေပးမွာျဖစ္ပါတယ္။

ဂီတေလာကရဲ႕ပုတ္သင္ညိဳလို႔ တင္စားခ်က္က သူတို႔နဲ႔ထိုက္တန္ေၾကာင္းကို သူတို႔ရဲ႕ဆယ္စုႏွစ္နဲ႔ခ်ီေအာင္ျမင္မႈေတြက သက္ေသထူလ်က္ရွိပါတယ္။ ပါရမီရွင္ဆိုတာ ေမြးရာပါလို႔ေျပာၾကတဲ့အတိုင္း Bee Gees အဖြဲ႕ဝင္ေတြျဖစ္တဲ့ ဘယ္ရီ ေရာ္ဘင္နဲ႔ ေမာရစ္တို႔ဟာ ငယ္စဥ္ကတည္းက အႏုပညာမွာ ထူးခြၽန္ခဲ့ၾကတာပါ။

သူတို႔ ၃ ေယာက္က အ႐ြယ္ေရာက္လာတဲ့အခ်ိန္မွာ အေဖျဖစ္သူရဲ႕အကူအညီနဲ႔ မိသားစုဝင္ေတြနဲ႔ Bee Gees အဖြဲ႕ကို စတင္ခဲ့တာေပါ့။ ပါရမီရွင္ေတြျဖစ္တဲ့သူတို႔အတြက္ ေအာင္ျမင္မႈဆိုတာ အဆင္သင့္ခပ္ယူရ ေရလိုပါပဲ။ ဒါေပမဲ့ ဒီလိုထိပ္တန္းအဖြဲ႕တစ္ဖြဲ႕ဟာ ေအာင္ျမင္မႈရဲ႕ဒဏ္ကိုၾကာၾကာမခံႏိုင္ဘဲ ဘားမွာသီခ်င္းဆိုတဲ့ဘဝကို ေရာက္ခဲ့ရတာပါပဲ။

ဂီတေလာကရဲ႕ ပုတ္သင္ညိဳဆိုတဲ့အတိုင္း ေအာက္ေျခဘဝကေန R and B တီးဝိုင္းကို သူတို႔အခက္အခဲေတြအၾကားက တည္ေထာင္ၾကတဲ့အေၾကာင္းေတြ၊ ဒီလို Bee Gees အဖြဲ႕ရဲ႕အေၾကာင္းေတြတင္မကပဲနဲ႔ သူတို႔ရဲ႕ညီ အန္ဒီကိုစင္တင္ေပးၾကပုံေတြ၊

John Travolta ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ နာမည္ႀကီး “Saturday Night Fever” ဇာတ္ကားမွာ Soundtrac ေရးေပးခဲ့ၾကေတြ၊ အဲ့ဒီေခတ္က ဒစၥကိုေတြနာမည္ႀကီးသြားခဲ့တဲ့ကာလမွာ Bee Gees ကိုအသုံးခ်ၿပီး ပဋိပကၡေတြျဖစ္ၾကပုံစတဲ့ အဲ့ဒီေခတ္ရဲ႕ အျဖစ္အပ်က္ေပါင္းစုံကို ခံစားၾကရမွာျဖစ္ပါတယ္။

Bee Gees အဖြဲ႕က ေမြးထုတ္ေပးခဲ့တဲ့ သီခ်င္းေတြအားလုံးကို ဒီကားမွာ ခံစားရမွာျဖစ္လို႔ Musical Documentary ကိုႀကိဳက္သူေတြ၊ တစ္ေခတ္တစ္ခါက ေအာင္ျမင္ခဲ့ၿပီး “သီခ်င္ေလာကကသာစာအုပ္ဆိုရင္ သူတို႔အေၾကာင္းက အခန္းတစ္ခန္းစာေလာက္ရွိတယ္”လို႔ ေျပာၾကတဲ့ Bee Gees အဖြဲ႕ရဲ႕သမိုင္းေၾကာင္းကိုသိခ်င္တဲ့သူေတြအေနနဲ႔ေတာ့ လာၾကည့္လွည့္ပါလို႔ပဲေျပာခ်င္ပါတယ္။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *