The Big Sick (2017)
14816ပရိတ်သတ်တွေကို ဒီတခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ “Big Sick” ပဲဖြစ်ပါတယ်IMDB 7.5 နဲ့ ပရိတ်သတ်အားပေးမှုကို ရရှိထားတာဆိုတော့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ
ဇာတ်လမ်း အကြောင်းအရာကတော့ကူမေးလ်နမ်ဂျီယာနီ ဟာ အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ ပါကစ္စတန် ဟာသပညာရှင်တစ်ယောက်ဖြစ်ပါတယ်သူဟာ လူတွေရှေ့မှာ ဟာသပြောရတဲ့ ပညာရှင် တစ်ယောက်ပါတစ်နေ့မှာတော့ သူ့ပွဲမှာ လာအားပေးတဲ့ အမ်မလီဆိုတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်
ဆုံတဲ့နေ့မှာဘဲ အနောက်တိုင်းထုံးစံအတိုင်း အတူနေခဲ့ကြပါတယ်ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ တိုးပွားခဲ့ပါတယ်ဒါပေမယ့်…ပါကစ္စတန်လူမျိုးတွေဟာ မိဘတွေ စီစဉ်ပေးတဲ့သူနဲ့ လက်ဆက်ရပါတယ် ….လူမျိုးမတူ ဘာသာမတူတဲ့ လူနဲ့ လက်ထပ်တဲ့လူတိုင်းကို မိသားစုကနေ ဖယ်ထုတ်ခြင်းခံရပါတယ်…
စကားပြောခွင့်ဆက်သွယ်ခွင့်မရှိပါဘူး….ဒီထုံးစံကို သိတဲ့ ကူမေးလ်ဟာ အမ်မလီကိုလဲ ဖွင့်မပြောချင် မိဘတွေကိုလဲ စိတ်မဆင်းရဲစေချင်တာနဲ့ ပြောလို့ မထွက်ခဲ့ပါဘူး…တစ်နေ့မှာတော့ အမ်မလီဟာ ဒီအကြောင်းအားလုံးကို သိခဲ့ပါတယ်..သူတို့နှစ်ယောက်လမ်းခွဲခဲ့ကြပါတယ်..
ဒါပေမယ့်…အမ်မလီဟာ အပြင်းဖျားပြီး ဆေးရုံတက်ခဲ့ရပါတယ်..ကူမေးလ်ဟာ ဆေးရုံရောက်တာနဲ့ ဆရာဝန်တွေက အမ်မလီ ကို ကိုမာ ပေးရမယ်လို့ ပြောခဲ့ပါတယ်..အမ်မလီရဲ့ ရောဂါက ရှာဖွေရခက်တဲ့ ရောဂါတစ်မျိုးပါ…ဒီတော့…ကူမေးလ်တစ်ယောက် အချစ်ကို ဦးစားပေးမလား…
သူ့လူမျိုးကို သစ္စာရှိမလား…ကူမေးလ် အချစ်ကို ရွေးချယ်လိုက်ချိန်မှာရော အမ်မလီက အသက်ရှင်နိုင်ပါ့မလား…ဘာသာမတူတဲ့ ချစ်သူတွေမှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကို ဒီဇာတ်ကားလေးက မျှဝေထားပါတယ်…
ဘာသာမတူတာကို ချစ်မိတတ်တဲ့ လူတွေနဲ့ သူတို့ရဲ့ မိဘကြားက ဆက်ဆံရေးနဲ့ ဖြစ်တတ်တဲ့ ပြဿနာတွေကို တင်ပြထားပါတယ်ဇာတ်လမ်းအဆုံးမှာလဲ ဇာတ်ကားတစ်ကားလုံးကို “အော် သူက ဒါမျိုးကိုး”လို့ အသံထွက်သွားအောင် ချပြထားတဲ့ အကြောင်းအရာတစ်ခုလဲ ပါဝင်ပါတယ်..
ဒီအဆုံးကို ကြည့်ပြီးတာနဲ့ ကြည့်ရှုသူတို့ Google မှာ သူ့အကြောင်းကို ရိုက်ရှာကြမှာ မလွဲပါဘဲ…ဘာသာမတူတဲ့ ဘဝတူချစ်သူတွေ ရော ဇာတ်လမ်းကောင်းကို ကြည့်ရှုလိုသူ ပရိတ်သတ်များပါဒီ Big Sick ဇာတ်လမ်းလေးကို ရှုစားပေးကြပါဦး…
Zawgyi
ပရိတ္သတ္ေတြကို ဒီတေခါက္ တင္ဆက္ေပးခ်င္တဲ့ ဇာတ္လမ္းကေတာ့ “Big Sick” ပဲျဖစ္ပါတယ္IMDB 7.5 နဲ႔ ပရိတ္သတ္အားေပးမႈကို ရရွိထားတာဆိုေတာ့ ဇာတ္ကားေကာင္းေလးတစ္ပုဒ္ပါ
ဇာတ္လမ္း အေၾကာင္းအရာကေတာ့ကူေမးလ္နမ္ဂ်ီယာနီ ဟာ အေမရိကန္ႏိုင္ငံမွာ ေနထိုင္တဲ့ ပါကစၥတန္ ဟာသပညာရွင္တစ္ေယာက္ျဖစ္ပါတယ္သူဟာ လူေတြေရွ႕မွာ ဟာသေျပာရတဲ့ ပညာရွင္ တစ္ေယာက္ပါတစ္ေန႔မွာေတာ့ သူ႔ပြဲမွာ လာအားေပးတဲ့ အမ္မလီဆိုတဲ့ တကၠသိုလ္ေက်ာင္းသူတစ္ေယာက္နဲ႔ ဆုံခဲ့ပါတယ္
ဆုံတဲ့ေန႔မွာဘဲ အေနာက္တိုင္းထုံးစံအတိုင္း အတူေနခဲ့ၾကပါတယ္ဒီလိုနဲ႔ သူတို႔ႏွစ္ေယာက္ၾကားမွာ သံေယာဇဥ္ေတြ တိုးပြားခဲ့ပါတယ္ဒါေပမယ့္…ပါကစၥတန္လူမ်ိဳးေတြဟာ မိဘေတြ စီစဥ္ေပးတဲ့သူနဲ႔ လက္ဆက္ရပါတယ္ ….လူမ်ိဳးမတူ ဘာသာမတူတဲ့ လူနဲ႔ လက္ထပ္တဲ့လူတိုင္းကို မိသားစုကေန ဖယ္ထုတ္ျခင္းခံရပါတယ္…
စကားေျပာခြင့္ဆက္သြယ္ခြင့္မရွိပါဘူး….ဒီထုံးစံကို သိတဲ့ ကူေမးလ္ဟာ အမ္မလီကိုလဲ ဖြင့္မေျပာခ်င္ မိဘေတြကိုလဲ စိတ္မဆင္းရဲေစခ်င္တာနဲ႔ ေျပာလို႔ မထြက္ခဲ့ပါဘူး…တစ္ေန႔မွာေတာ့ အမ္မလီဟာ ဒီအေၾကာင္းအားလုံးကို သိခဲ့ပါတယ္..သူတို႔ႏွစ္ေယာက္လမ္းခြဲခဲ့ၾကပါတယ္..
ဒါေပမယ့္…အမ္မလီဟာ အျပင္းဖ်ားၿပီး ေဆး႐ုံတက္ခဲ့ရပါတယ္..ကူေမးလ္ဟာ ေဆး႐ုံေရာက္တာနဲ႔ ဆရာဝန္ေတြက အမ္မလီ ကို ကိုမာ ေပးရမယ္လို႔ ေျပာခဲ့ပါတယ္..အမ္မလီရဲ႕ ေရာဂါက ရွာေဖြရခက္တဲ့ ေရာဂါတစ္မ်ိဳးပါ…ဒီေတာ့…ကူေမးလ္တစ္ေယာက္ အခ်စ္ကို ဦးစားေပးမလား…
သူ႔လူမ်ိဳးကို သစၥာရွိမလား…ကူေမးလ္ အခ်စ္ကို ေ႐ြးခ်ယ္လိုက္ခ်ိန္မွာေရာ အမ္မလီက အသက္ရွင္ႏိုင္ပါ့မလား…ဘာသာမတူတဲ့ ခ်စ္သူေတြမွာ ႀကဳံေတြ႕ရတတ္တဲ့ အခက္အခဲေတြ အေတြ႕အႀကဳံေတြကို ဒီဇာတ္ကားေလးက မွ်ေဝထားပါတယ္…
ဘာသာမတူတာကို ခ်စ္မိတတ္တဲ့ လူေတြနဲ႔ သူတို႔ရဲ႕ မိဘၾကားက ဆက္ဆံေရးနဲ႔ ျဖစ္တတ္တဲ့ ျပႆနာေတြကို တင္ျပထားပါတယ္ဇာတ္လမ္းအဆုံးမွာလဲ ဇာတ္ကားတစ္ကားလုံးကို “ေအာ္ သူက ဒါမ်ိဳးကိုး”လို႔ အသံထြက္သြားေအာင္ ခ်ျပထားတဲ့ အေၾကာင္းအရာတစ္ခုလဲ ပါဝင္ပါတယ္..
ဒီအဆုံးကို ၾကည့္ၿပီးတာနဲ႔ ၾကည့္ရႈသူတို႔ Google မွာ သူ႔အေၾကာင္းကို ႐ိုက္ရွာၾကမွာ မလြဲပါဘဲ…ဘာသာမတူတဲ့ ဘဝတူခ်စ္သူေတြ ေရာ ဇာတ္လမ္းေကာင္းကို ၾကည့္ရႈလိုသူ ပရိတ္သတ္မ်ားပါဒီ Big Sick ဇာတ္လမ္းေလးကို ရႈစားေပးၾကပါဦး…


(Direct Link) Large Size ~ Download
(Yoteshin Portal) Large Size ~ Download
(Megaup.net) Large Size ~ Download
(Up Stream) Large Size ~ Download