The Billionaire (2011)

15863
Share
Copy the link

ဒီထိုင်းဇာတ်ကားဟာ တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDb Rating (7.8) ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းပါ။သူဌေးလေးရေညှိ -Tao Kae Noi လုပ်ငန်းပိုင်ရှင်ရဲ့ ဘဝဇာတ်ကြောင်း*တစ်စုတစ်စည်းထဲ ဖတ်လို့ရအောင် ပြန်တွဲပေးလိုက်ပါတယ်နော်*

ဒီ Tao Kae Noi ရေညှိလေးကို တော်တော်များများ သိကြမယ်ထင်ပါတယ်…လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ထင်တယ်…

သူဌေးလေးရေညှိဆိုပြီး နာမည်ကြီးလာတာ… ရေညှိထုပ်လေးက အရသာမျိုးစုံပဲ…ကိုက်လိုက်ရင် ကြွပ်ကြွပ်ရွရွလေး… စားသာစားပြီး တစ်ခါမှ ရေညှိထုပ်အိတ်လေးပေါ်က အကျီ ၤ အနီဝတ်ထားတဲ့ အရုပ်လေးအကြောင်း တစ်ခါမှ စိတ်ဝင်တစားမရှိခဲ့ဘူး…

အမှတ်မထင် စပ်စုမိရာမှ သိလာရတဲ့ ဒီရေညှိထုပ်လေးရဲ့ နောက်ကွယ်က ပဲ့ကိုင်ရှင်ဖြစ်သူရဲ့ နောက်ကြောင်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ သိသလောက်လေး ပြန်မျှဝေလိုက်ပါတယ်နော်…

Tao Kae Noi ကို စတင်တည်ထောင်သူဟာ ထိုင်းနိုင်ငံသား Aitthipat Kulapongvanich ဖြစ်ပါတယ်။ခင်မင်ရင်းနှီးသူတွေကတော့ အတိုကောက် Tob (တော့ဘ်) လို့ပဲ ခေါ်ကြတယ်။အဖေက ကုမ္ဗဏီပိုင်ရှင်မို့ မတောင့်မတ မကြောင့်မကျနေရတဲ့ တော့ဘ် ကတော့ ငယ်ငယ်လေးကတည်းက အွန်လိုင်းဂိမ်းကစားတာ မက်တယ်။

ဂိမ်းထဲမှာ ရတဲ့အမှတ်တွေကို ပြန်ရောင်းရာကနေ ပိုက်ဆံကို စရှာတယ်။(ကိုယ်တွေမြန်မာပြည်မှာ Level မြင့် TownHall အဆင့်မြှင့်ထားတဲ့ COC ဂိမ်းအကောင့်တွေကို ပြန်ရောင်းသလိုမျိုး/ Dota မှာ ပစ္စည်းတွေရောင်းသလိုမျိုး)..သူက အွန်လိုင်းဂိမ်းမှာ ဆရာတစ်ဆူ… ဂိမ်းထဲမှာ သူများမရနိုင်တဲ့ ရှားပါးပစ္စည်းတွေ လက်နက်တွေ ရတတ်တယ်…

အဲဒီဟာတွေကို ပြန်ရောင်းခဲ့တယ်။အွန်လိုင်းဂိမ်းကနေ ပိုက်ဆံရှာရာကနေ့သိန်း ၁၆၀ လောက်ဝင်ငွေရှိခဲ့ပြီး ကိုယ်ပိုင်ကားတစ်စီးဝယ်နိုင်ခဲ့တယ်။ဒါက တော့ဘ်အထက်တန်းကျောင်း တက်နေတုန်းအရွယ်လောက်ကပေါ့။ အချိန်ပြည့်ဂိမ်းကစားနေတဲ့အတွက် ကျောင်းစာကို မလိုက်နိုင်ဘူး။

အတန်းတွေပျက် စာတွေမလိုက်နိုင်လို့ အထက်တန်းမှာ ကျောင်းကနေ ထွက်ခဲ့ရတယ်။တော့ဘ် ၁၇ နှစ်အရွယ် တော့ဘ်ရဲ့ဖခင်ကုမ္ဗဏီဟာ အကျဉ်းအကျပ်ဖြစ်လာခဲ့တယ်။အခက်အခဲတွေ အရှုံးတွေများလာခဲ့တယ်။ တော့ဘ်စိတ်မကောင်းဖြစ်မှာစိုးတဲ့အတွက် တော့ဘ်ရဲ့မိဘတွေဟာ အိမ်ရဲ့စီးပွားရေးအခြေအနေကို တော့ဘ်ကို ပြောမပြဘဲဖုံးကွယ်ထားခဲ့တယ်။

တစ်ရက်မှာတော့ တော့ဘ်က သူရဲ့မိခင်ကို မုန့်ဖိုးတောင်းတယ်။ တော့ဘ်မိခင်ကတော့ သားအတွက် ပိုက်ဆံကို တစ်အိမ်လုံးအနှံ ချောင်ကြိုချောင်ကြားမှာသိမ်းထားတဲ့ငွေစကြေးစလေးတွေ ရှာဖွေပြီးပေးခဲ့တယ်။ တော့ဘ်ကတော့ မိခင်ရဲ့ မျက်နှာအခြေအနေကိုကြည့်ပြီး အိမ်တွင်းမှာတစ်ခုခုဖြစ်နေပြီလို့ အနည်းငယ်တော့ ရိပ်မိသွားတယ်။

ခါတိုင်းဆို ပြောလိုက်တာနဲ့ အဆင်သင့်ထုတ်ပေးလေ့ရှိတဲ့ မိခင်က ဒီနေ့မှာ မျက်နှာညှိုးနေတာကို။ နောက်သိပ်မကြာခင်မှာပဲ အကြွေးတွေကတော့ နစ်သထက်နစ်လာခဲ့တယ်။တော့ဘ်တို့မိသားစုနေတဲ့ အိမ်နဲ့ခြံကို ဘဏ်မှာ အပေါင်ထားရတယ်။

အိမ်ရဲ့ အခြေအနေကို သိလာတဲ့တော့ဘ်ကတော့ ပိုက်ဆံကို ရသလောက်ရှာရမယ်ဆိုပြီးအခွင့်အလမ်းတွေကို အလုပ်အကိုင်ပြပွဲတွေမှာ လိုက်ရှာခဲ့တယ်။ အဲဒီအချိန်မှာ တော့ဘ် အသက် ၁၈ နှစ်ပဲရှိပါသေးတယ်။

နောက်တော့ တော့ဘ်က ပြပွဲတစ်ခုမှာ သစ်အယ်သီးလှော်စက်ကို တွေ့ပြီး သူမြတ်မြတ်နိုးနိုး သိမ်းထားခဲ့တဲ့ ဂိမ်းပစ္စည်းတွေကို အကုန်ရောင်းထုတ်ပြီး စက်ကို ဝယ်ခဲ့တယ်။ရန်ကုန်မှာ လက်ဖက်ပြောင်းဖူးသုပ်၊ သစ်ချသီးကို ကျောက်စရစ်ခဲနဲ့လှော်သမျိုးပဲ ဘန်ကောက်မှာ သစ်အယ်သီးလှော်ရောင်းတဲ့ဆိုင်လေးတွေကို ဈေးတော်တော်များများမှာ တွေ့နိုင်ပါတယ်။

တော့ဘ်ရဲ့အဖေကတော့ တော့ဘ်ကို သက်သက်မဲ့ အချိန်ဖြုန်း ငွေဖြုန်းတယ်လို့ပဲ ယူဆပြီး ကျောင်းပြီးအောင်သာ တက်ခိုင်းခဲ့ပါတယ်။ တော့ဘ်ကတော့ ဇွဲမလျှော့ဘူး။Lecture လည်းမလိုက် ကျောင်းလည်းမသွား သစ်အယ်သီးနဲ့ ကြီးပွားဖို့ကြံတယ်။

သစ်အယ်သီးကတော့ အရသာကောင်းပေမဲ့ ထင်သလောက်မရောင်းရဘူး။အဲဒီအချိန်မှာပဲ သူ့အဖေရဲ့ကုမ္ဗဏီဟာ ဒေဝါလီခံလိုက်ရတဲ့အပြင် နေတဲ့အိမ်ကလည်း ဘဏ်ကို အတိုးမှန်မှန်မဆပ်နိုင်တဲ့အတွက် ချိတ်ပိတ်ခံလိုက်ရတယ်။တော့ဘ်မိဘတွေကလည်း အကြွေးမဆပ်နိုင်တဲ့အတွက်ကြောင့် တရုတ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်။

မိဘတွေအကြိမ်ကြိမ် တရုတ်ပြည်ခေါ်တာကို ခေါင်းမာစွာ ငြင်းပယ်ခဲ့တယ်။တော့ဘ်အမေဟာလည်း ဘယ်လိုမှ မတတ်နိုင်တော့တဲ့အတွက် ဦးလေးဖြစ်သူကို တော့ဘ်ကို စောင့်ရှောက်ပေးပါလို့ တောင်းဆိုရင်း တရုတ်ပြည်သို့ ထွက်ခွာသွားခဲ့တယ်။တော့ဘ်စဉ်းစားလို့မရဘူး။

သူရောင်းတဲ့ သစ်အယ်သီးလှော်ဟာ စားကောင်းပေမဲ့ ဝယ်သူနည်းပြီး ဘာကြောင့်မရောင်းရလဲဆိုတာ။ တစ်ရက်မှာ သူဈေးသွားတယ်။အခြားဈေးသည်တွေ ဘယ်လိုရောင်းလဲ ဘာကြောင့်ရောင်းကောင်းတာလဲဆိုတာ စနည်းနာဖို့… မှတ်စုထုတ်ဖို့ ဘောပင်နဲ့ စာအုပ်လေးလည်း လက်ထဲမှာကိုင်လို့ပေါ့။

တချို့ဈေးသည်တွေကတော့ ဝယ်သူတွေကို လာပါ ဝင်ကြည့်ပါနဲ့ ခေါ်တယ်။ တချို့ကတော့ လျှော့ဈေးဆိုပြီး ဝယ်သူတွေကို ဆွဲဆောင်တယ်။ တချို့ကလည်း အမြည်းကျွေးရင်း ဝယ်သူရှာကြတယ်။တစ်ချက်ချင်းစီ သူ့ရဲ့မှတ်စုစာအုပ်လေးမှာ ချရေးတယ်။ ဈေးအိမ်သာနားအရောက်မှာ အလှူခံအဖွဲ့တစ်ခုကို သတိထားမိတယ်။

အိမ်သာတက်ပြီးထွက်လာတဲ့လူတွေက ပိုက်ဆံအကြွေတွေကို အလှူခံတဲ့ပုံးတွေထဲ လှမ်းထည့်တဲ့အခါ တွေးမိတာက ပရဟိတဆို လှူကြ ပိုက်ဆံထည့်ကြတယ်ပေါ့။ လမ်းဆက်လျှောက်ခဲ့တယ်။မလှမ်းမကမ်းမှာ အလှူခံတဲ့ အဖွဲ့နောက်တစ်ဖွဲ့။ ဒါမဲ့ သူတို့အဖွဲ့ကတော့ အလှူငွေသိပ်မရဘူး။

ခေါင်းထဲ အတွေးတစ်ချက် လျှပ်စီးလက်သလို ဝင်လာတယ်။မဟုတ်ဘူး… ပရဟိတမို့ လူတွေ ပိုလှူတာမဟုတ်ဘူး။ အဓိကက နေရာ… အချက်အခြာကျတဲ့နေရာဖြစ်ရမယ်။ လူသွားများတဲ့နေရာ တစ်နည်း လူတွေ ခလုတ်တိုက်မိတဲ့နေရာ ဖြစ်ရမယ်။ဈေးအိမ်သာက တစ်ခါတက်ရင် ၃ ဘတ် ပေးရတယ်။

အိမ်သာကအထွက် ပြန်အမ်းတဲ့အကြွေတွေကို များသောအားဖြင့် အိမ်သာအပေါက်ဝက အလှူခံပုံးထဲကို ထည့်လှူလိုက်ကြတာများတယ်။သူ့ရဲ့ သစ်အယ်သီးဆိုင်လေးရှိရာ Supermarket က အုပ်ချုပ်ရေးမှူးဆီ သွားတယ်။ သူ့ရဲ့ ချောင်ကျတဲ့ဆိုင်လေးကို နေရာပြောင်းပေးဖို့တောင်းဆိုတယ်။

Supermarket က လည်း တော့ဘ်တောင်းတဲ့နေရာမှာ နေရာလွတ်ရှိတဲ့အတွက် နေရာငှားပေးလိုက်တယ်။ တော့ဘ်ရဲ့ဆိုင်လေးကလည်း အချိန်တိုအတွင်း ရောင်းကောင်းလာခဲ့တာပေါ့။ဒါပေမဲ့ ဒီလောက်နဲ့ မရောင့်ရဲပါဘူး။ သူရဲ့ ရည်မှန်းချက်က မြို့အနှံ သစ်အယ်သီးဆိုင်ခွဲလေးတွေဖွင့်ဖို့။

ဆိုင်ခွဲများများဖွင့်လေလေ ငွေရပိုများလေလို့ တော့ဘ်ယုံကြည်တယ်။ဒါကြောင့် တစ်ဆိုင်ကနေ နှစ်ဆိုင်ဖွင့်တယ်။ လူငှားနဲ့ထားတယ်။ တဖြည်းဖြည်းနဲ့ ဆိုင်ခွဲတွေ ဆယ်ဂဏန်းကျော်အထိများလာတယ်။ တော့ဘ်က franchise လည်း ပေးပါသေးတယ်။

တော့ဘ်ရဲ့ အသက် ၁၉ နှစ်ပေါ့။ တစ်ရက် တော့ဘ် ရေညှိချပ်လေးတွေထုပ်ထားတဲ့မုန့်လေးတစ်ခုကို စားမိတယ်။ အဲ့ရေညှိထုပ်က သူငယ်ချင်းတစ်ယောက် တောမြို့လေးကို သွားရင်းလက်ဆောင်ဝယ်လာတဲ့မုန့်လေးတစ်ခု… ဘန်ကောက်မြို့ပေါ်မှာ မရောင်းဘူး။

စားလို့ကောင်းတယ်… ဒါပေမဲ့ စားချင်ရင် နယ်ကို တကူးတကသွားဝယ်စားမှ ရနိုင်တယ်။သူစဉ်းစားတယ်… သစ်အယ်သီးလှော်လုပ်ငန်းက အဆင်တော့ပြေတယ်။ သို့ပေမဲ့ သစ်အယ်သီးက ရောင်းတဲ့သူလည်း များတယ်။ အမြတ်လည်း များများစားစားမရဘူး။သစ်အယ်သီးလှော်တစ်ခုထဲရောင်းနေလို့ ကြီးပွားမှာ မဟုတ်လောက်ဘူးဆိုပြီး ရေညှိတွဲရောင်းဖို့ စစဉ်းစားတယ်။

ဒါမဲ့ စဉ်းစားသာစဉ်းစားတာ ရေညှိအကြောင်း နားလည်တာ မဟုတ်ဘူးရယ်…ဘယ်လောက်အပူချိန်မှာ ဘယ်လိုကြော်ရမလဲဆိုတာပေါ့။ တော့ဘ် ရေညှိအရွက်ကြမ်းကို ပုံးလိုက်ဝယ်တယ်။ ကြော်ကြည့်တယ်။ ဆရာမပြ နည်းမကျဆိုသလို ရေညှိပုံးကြီး တစ်ပုံးသာကုန်သွားတယ်။

လိုချင်တဲ့ရေညှိကြော်အနေအထားကို မရဘူး။ တူးသွားလိုက် ခါးသွားလိုက်နဲ့ပေါ့။ ရေညှိတွေလည်း တစ်ပုံးပြီးတစ်ပုံးကုန်ခဲ့တယ်။နောက်ဆုံး ရေညှိဝယ်စရာပိုက်ဆံမရှိတော့လို့ တော့ဘ် ဂိမ်းကစားတုန်းက ဝယ်ခဲ့တဲ့ကားကို ရောင်းပြီး ရေညှိပုံးတွေထပ်ဝယ်တယ်။

အဲဒီအချိန်မှာ သူ့နားမှာ ရှိနေပြီး သူ့ကို အားပေးခဲ့တာကတော့ တော့ဘ်ရဲ့ဦးလေးပါပဲ။ အနားမှာရှိနေပေးပြီး သူနဲ့အတူ ရေညှိတွေလိုက်ကြော်လို့ လက်မှာလည်း ဆီပူမိထားတာလည်း မနည်းပါဘူး။နောက်ဆုံးတော့ ရေညှိကို ကြွ့ပ်ကြွပ်ရွရွလေးဖြစ်အောင်ကြော်တဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့ပါတယ်။

တော့ဘ်တစ်ယောက် သူ့ရဲ့ရေညှိထုပ်တွေကို Shopping Mall တွေမှာ စတင်ရောင်းချခဲ့ပါတယ်။ရေညှိက စားကောင်းတဲ့အတွက် ဝယ်တဲ့သူတွေကလည်း ကြိတ်ကြိတ်တိုးပေါ့။ တစ်နေ့ သူ့ရဲ့အဖေကို ဖုန်းဆက်တယ်။ သူရဲ့လုပ်ငန်းအဆင်ပြေနေတယ်။

အကြွေးတွေဆပ်ပြီး သူတို့ မိသားစု တစ်နေ့အတူတူ ပြန်နေနိုင်တော့မယ်ပေါ့။သူ့အဖေပြန်ပြောတာက “မဖြစ်နိုင်ပါဘူး သားရယ်… တရုတ်ပြည်ကိုသာ လာပြီး ကျောင်းဆက်တက်ပါ… အဖေတို့နဲ့ အတူလာနေပါ” တဲ့…တော့ဘ်က အကြွေးက ဘယ်လောက်မို့လဲလို့ သူ့အဖေကို ပြန်မေးလိုက်တဲ့အခါမှာ သူ့အဖေပြန်ပြောလိုက်တာကတော့ ဘတ်သန်း ၄၀ တဲ့။

(မြန်မာငွေနဲ့ဆို သိန်းပေါင်း ၁၆,၀၀၀ နီးပါးရှိပါတယ်။ ) မဖြစ်နိုင်တဲ့ အရာတစ်ခုကို ရယူဖို့ကြိုးစားမိနေတာများလားလို့ စိတ်ဓာတ်ကျသွားခဲ့တယ်…တော့ဘ်စိတ်ဓာတ်တွေလုံးဝကျသွားခဲ့တယ်။ တရုတ်ပြည်သွားဖို့ ပြင်ဆင်တယ်။ ဒီတစ်နှစ်တော့ ပြီးအောင်ဖြေမယ်ဆိုပြီး အတန်းတွေ ပြန်တက်တယ်။

အဲ့နေ့ညဘက်မှာ သူငယ်ချင်းတစ်ယောက်ကူးပေးထားတဲ့ lecture recording လေးတစ်ခုကို နားကြပ်နဲ့နားထောင်ရင်း 7-Eleven စတိုးဆိုင်လေးမှာ ညဘက်အဆာပြေစားမို့ မုန့်ထွက်ဝယ်တယ်။

Lecture က စီးပွားရေးအကြောင်း… Marketing Mix ကို ရှင်းပြနေတာ။Marketing Mix ဆိုတာ အလွယ်ပြောရရင်တော့ ကုန်ပစ္စည်းတစ်ခုကို ဈေးကွက်မှာ ဘယ်လိုထိုးဖောက်ရမလဲ စဉ်းစားတတ်အောင်လုပ်ပေးတာပေါ့။

ခုချိန်မှာတော့ 7Ps တွေ 8Ps တွေ သီအိုရီအသစ်တွေထွက်နေပြီဖြစ်ပေမဲ့ အဲ့အချိန်တုန်းကတော့ Product, Price, Promotion နဲ့ Place ဆိုပြီး 4Ps ရှိတယ်ပေါ့နော်။Product ကတော့ ရှင်းပါတယ်… ကုန်ပစ္စည်းတစ်ခုကို ဈေးကွက်ထဲထည့်ဖို့ ရောင်းစရာပစ္စည်း Product ရှိရမယ်ပေါ့။

Price ဈေးသတ်မှတ်မယ်… ဈေးဝယ်သူတွေကို ပရိုမိုးရှင်းလျှော့ဈေးအစီအစဉ်တွေလုပ်ပြီး ဆွဲဆောင်မယ်။ Place ကတော့ ကိုယ့်ရဲ့ ထုတ်ကုန်ကို စားသုံးသူတွေဆီအရောက်ပို့တာပေါ့။ကိုယ့်ပစ္စည်းကို စိတ်ဝင်စားပြီး ဝယ်ယူဖို့အလားအလာရှိတဲ့ နေရာတွေမှာ ထုတ်ကုန်ကို ထားရှိရမယ်ပေါ့။

Lecturer က Place အကြောင်း ရှင်းပြနေစဉ်မှာပဲတော့ဘ်က သူ့ရေညှိကို 7-Eleven မှာ တင်ရောင်းဖို့ အတွေးပေါက်မိတယ်။ သူ့ထုတ်ကုန်ရှိရာ စားသုံးသူမလာနိုင်ရင် ဝယ်သူရှိရာကို သူ့ပစ္စည်းအရောက်ပို့မယ်။

7-Eleven ဆိုင်က ဒီမှာဆို ABC နဲ့ Grab and Go စတိုးဆိုင်လေးတွေလိုပဲ။ မုန့်တွေ၊ နေ့စဉ်သုံးပစ္စည်းလေးတွေ တိုတိုထွာထွာရောင်းတယ်။ထိုင်းနိုင်ငံအနှံ လမ်းထောင့်တိုင်းမှာ 7-Eleven ရှိတယ်။

သူရဲ့ ရေညှိတွေ နေရာအနှံမှာရှိတဲ့ စားသုံးသူတွေဆီကို ရောက်ရမယ်လို့ စိတ်ပိုင်းဖြတ်ပြီး7-Eleven ရုံးချုပ်ကို သူ့ရဲ့ထုတ်ကုန် ရေညှိထုတ်ကို ယူသွားတယ်။ ဒါပေမဲ့ 7-Eleven က တာဝန်ရှိသူအမျိုးသမီးကနေတော့ဘ်ရဲ့ရေညှိထုပ်ကို မြင်မြင်ချင်း 7-Eleven ရဲ့ စံနှုန်းနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ရောင်းချခွင့်မပေးနိုင်ပါဘူးတဲ့။

တော့ဘ်က လက်မလျှော့ဘဲ သူ့ရေညှိကို စားကြည့်ပါ။ အရသာကို ကြိုက်သွားမှာပါဆိုပေမယ့် အမျိုးသမီးကတော့ မလိုအပ်ပါဘူးဟုသာ ငြင်းပယ်လိုက်တယ်။ခဲလေသမျှ သဲရေကျသလိုဖြစ်သွားတဲ့ တော့ဘ်ကတော့ ရုံးခန်းကအထွက်မှာ ဘာကြောင့် သူ့ရဲ့ရေညှိကို တင်ခွင့်မရနိုင်တာလဲကို မေးလိုက်တဲ့အခါ အမျိုးသမီးက အချက်သုံးချက်နဲ့ပြန်ရှင်းပြခဲ့တယ်။

ပထမအချက်ကတော့ 7-Eleven ဆိုတာ နေ့စဉ်အိမ်သုံးပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်၊ အဆာပြေမုန့်လေးတွေကို လွယ်လွယ်ကူကူဝယ်လို့ရနိုင်အောင် ဖွင့်ထားပေးခြင်း ဖြစ်တယ်။တော့ဘ်ရဲ့ အထုပ်က အကြီးကြီးဖြစ်တဲ့အတွက် စင်ပေါ်မှာ နေရာယူလွန်းတယ်။

ဒုတိယတစ်ချက်က ရေညှိထုပ်က ကြီးတဲ့အတွက် တစ်ခါစားစာထက်များသလို ဈေးကလည်းကြီးတယ်။7-Eleven မှာ ဝယ်တဲ့ ဈေးဝယ်သူအများစုက ဈေးသက်သက်သာသာဝယ်ယူချင်တဲ့ တစ်ကိုယ်ရေတစ်ကာယသမားတွေများတယ်။တတိယအချက်က ထုတ်ပိုးပုံ… တော့ပ်ရဲ့ ရေညှိထုပ်အိတ်ခွံဒီဇိုင်းက ရိုးစင်းလွန်းတယ်။

ပလတ်စတစ်အကြည်ပဲ သုံးထားတဲ့အတွက် ဈေးဝယ်သူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။အကြောင်းအရင်းကို သိသွားတဲ့ တော့ဘ်ကတော့ ရေညှိထုပ်တွေကို အိတ်လှလှလေးနဲ့ ထုတ်နိုင်ဖို့ ပြင်ဆင်ပါတော့တယ်။ရေညှိတွေကိုလည်း အထုပ်ကြီး မထုတ်တော့ဘဲ တစ်ခါစားစာပဲ ထည့်တော့တယ်။

စားသုံးသူတွေအတွက် အမြင်လည်းလှ ဈေးသက်သာတဲ့ Tao Kae Noi ရေညှိထုပ်အသစ်လေးတွေ ရောက်ရှိလာပါပြီ။ရေညှိထုပ်အတွက် အိတ်လှလှလေးဆိုတော့ နာမည်လှလှလေး၊ logo လှလှလေးပေးဖို့လည်း လိုလာပြီဖြစ်တဲ့အတွက် တော့ဘ်ကတော့ သူ့ရဲ့လုပ်ငန်းနာမည်ကို Tao Kae Noi လို့ပေးလိုက်ပါတယ်။

Tao Kae Noi နာမည်ပေးဖြစ်တာကလည်း အကြောင်းရှိတယ်။ တော့ဘ်သစ်အယ်သီး စရောင်းခဲ့တဲ့နေ့ရက်များထဲက တစ်ရက်…အိမ်အပြန်မှာ တော့ဘ်အဖေက သူ့သူငယ်ချင်းတစ်ယောက်ကို တစ်နေ့မှာ တော့ဘ်ဟာ Tao Kae ဖြစ်မှာလို့ နောက်ပြောင်တဲ့သဘောပြောလိုက်တာကိုတော့ဘ်တစ်ယောက် အမှတ်မထင်ကြားမိတယ်။

Tao Kae /ထောင်ကဲ/ ဆိုတာ တရုတ်ဘာသာစကားကနေဆင်းသက်လာတဲ့ စကားလုံး… အဓိပ္ပာယ်ကတော့ သူဌေးတဲ့။Noi /နွိုင်/ ဆိုတာကတော့ ထိုင်းလို သေးသေးလေးလို့ အဓိပ္ပာယ်ရပါတယ်။ Tao Kae Noi ဆိုတော့ သူဌေးလေးပေါ့။

တော့ဘ်သူ့ရဲ့ ထုပ်ပိုးမှုအသစ်နဲ့ ရေညှိထုပ်လေးရရခြင်း 7-Eleven ကို ပြန်သွားတယ်။ဒါမဲ့ ဒီတစ်ခေါက်မှာတော့ တာဝန်ရှိသူအမျိုးသမီးက အလုပ်မအားလို့ဟုအကြောင်းပြကာ တော့ဘ်ကို ထွက်မတွေ့။ ဇွဲမလျှော့တဲ့ တော့ဘ်ကတော့ အားတဲ့အထိစောင့်မယ်လို့ ပြောပြီး ရုံးခန်းအရှေ့မှာ ထိုင်စောင့်နေခဲ့တယ်။

သုံးလေးနာရီသာကြာသွားတယ်။ တော့ဘ်ကို ဘယ်သူမှထွက်မတွေ့သလို အရေးတယူတောင်မရှိ။ တော့ဘ်စိတ်ပျက်စွာ ပြန်လှည့်ခဲ့တယ်။နမူနာအဖြစ် ယူလာတဲ့ ရေညှိထုပ်တွေကို လည်း 7-Eleven ရုံးချုပ်ရဲ့ ဓာတ်လှေကားမှာ ထားပစ်ခဲ့တယ်။

ရုံးချုပ်အခန်းက နေ့လည်စာစားပြီး ပြန်ဝင်လာတဲ့ ဝန်ထမ်းတွေ ဓာတ်လှေကားထဲမှာ ထုပ်ပိုးမှုလှလှလေးနဲ့ရေညှိထုပ်တွေကိုတွေ့တော့ တစ်ယောက်တစ်ထုပ်ယူမြည်းကျရင်းနောက်ဆုံး တာဝန်ရှိသူအမျိုးသမီးကတွေ့သွားပြီး တော့ဘ်ကို ခေါ်တွေ့ခဲ့တယ်။ရုံးခန်းမှာ အမျိုးသမီးက တော့ဘ်ရဲ့ ရေညှိထုပ်ကို စိတ်ဝင်စားတာမို့ စက်ရုံကို လိုက်လေ့လာမည်။

7-Eleven စံနှုန်းနှင့် ကိုက်ညီမှသာ စင်ပေါ်ရောင်းချခွင့်ပြုနိုင်မယ်တဲ့။ သို့ပေမဲ့ တော့ဘ်မှာ စက်ရုံဝေးစွ… ခုရေညှိထုပ်တွေကိုတောင်သူတစ်လှည့် သူ့ဦးလေးတစ်လှည့် တစ်ပိုင်တစ်နိုင်ကြော်ရုံသာ တတ်နိုင်သည်။ တော့ဘ်တစ်ယောက် သူဖြစ်ချင်တဲ့ အသေးစားစက်ရုံဖွင့်ဖို့ ငွေလိုသည်။

လိုသောငွေကို ဘဏ်ကနေ ချေးမည်ဟုဆုံးဖြတ်သည်။ ထိုအချိန်တော့ဘ်ရဲ့ သစ်အယ်သီးဆိုင်ခွဲများသည် တစ်လကို သိန်း ၄၀၀ အထိ လည်ပတ်ငွေရှိသည်။သို့သော် ၁၉ နှစ်အရွယ် အထက်တန်းမအောင်သောလူငယ်လေးတစ်ဦးကို မည်သည့်ဘဏ်ကမှ ငွေထုတ်မချေးရဲကြ။

ကြံမရတဲ့အဆုံး တော့ဘ်တစ်ယောက် သစ်အယ်သီးဆိုင်ခွဲများအားလုံးနှင့် လုပ်ပိုင်ခွင့်လိုင်စင်အား ထုတ်ရောင်းပြီး ရေညှိစက်ရုံလေးတစ်ရုံထောင်ရန် အတွက် နေရာငှားသည်။ဝန်ထမ်းခေါ်သည်။ 7-Eleven မှာ တာဝန်ရှိသူ အမျိုးသမီးအား စက်ရုံကို လာရောက်လေ့လာရန်ဖိတ်ခေါ်သည်။

တော့ဘ်တစ်ယောက် 7-Eleven မှ တစ်ဆင့် တစ်နိုင်ငံလုံးကို ရေညှိဖြန့်နိုင်လေပြီ။ 7-Eleven နှင့် ချိတ်ဆက်ပြီး နှစ်နှစ်အကြာတွင် သူ့အဖေ၏အကြွေးများအားလုံး အကြေဆပ်နိုင်ခဲ့သည်။ထိုအချိန်တွင် တော့ဘ် အသက် ၂၂ လောက်သာ ရှိသေးသည်။

အခုဆိုလျှင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများတွင်လည်း တော့ဘ်ရဲ့ ရေညှိကို အရသာမျိုးစုံဖြင့် တွေ့မြင်နိုင်ပြီဖြစ်သည်။ထိုင်းနိုင်ငံတွင်သာမက ကမ္ဘာမှာလည်း ကိုယ်ထူးကိုယ်ချွန် အငယ်ဆုံး Billionaire တစ်ဦးအဖြစ် တော့ဘ်က စာရင်းဝင်ထားသည်။အချိန်တိုတိုဖြင့် အောင်မြင်မှုရသူ၊ စွန့်ဦးတီထွင်သူတစ်ဦးအဖြစ်လည်း ကျော်ကြားသည်။

Zawgyi

ဒီထိုင္းဇာတ္ကားဟာ တကယ့္အျဖစ္အပ်က္ကို အေျခခံ႐ိုက္ကူးထားတာျဖစ္ၿပီး IMDb Rating (7.8) ထိ ရရွိထားတဲ့ ဇာတ္ကားေကာင္းပါ။သူေဌးေလးေရညႇိ -Tao Kae Noi လုပ္ငန္းပိုင္ရွင္ရဲ႕ ဘဝဇာတ္ေၾကာင္း*တစ္စုတစ္စည္းထဲ ဖတ္လို႔ရေအာင္ ျပန္တြဲေပးလိုက္ပါတယ္ေနာ္*

ဒီ Tao Kae Noi ေရညႇိေလးကို ေတာ္ေတာ္မ်ားမ်ား သိၾကမယ္ထင္ပါတယ္…လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္က ထင္တယ္…

သူေဌးေလးေရညႇိဆိုၿပီး နာမည္ႀကီးလာတာ… ေရညႇိထုပ္ေလးက အရသာမ်ိဳးစုံပဲ…ကိုက္လိုက္ရင္ ႂကြပ္ႂကြပ္႐ြ႐ြေလး… စားသာစားၿပီး တစ္ခါမွ ေရညႇိထုပ္အိတ္ေလးေပၚက အက်ီ ၤ အနီဝတ္ထားတဲ့ အ႐ုပ္ေလးအေၾကာင္း တစ္ခါမွ စိတ္ဝင္တစားမရွိခဲ့ဘူး…

အမွတ္မထင္ စပ္စုမိရာမွ သိလာရတဲ့ ဒီေရညႇိထုပ္ေလးရဲ႕ ေနာက္ကြယ္က ပဲ့ကိုင္ရွင္ျဖစ္သူရဲ႕ ေနာက္ေၾကာင္းေလးကလည္း စိတ္ဝင္စားဖို႔ေကာင္းတာမို႔ သိသေလာက္ေလး ျပန္မွ်ေဝလိုက္ပါတယ္ေနာ္…

Tao Kae Noi ကို စတင္တည္ေထာင္သူဟာ ထိုင္းႏိုင္ငံသား Aitthipat Kulapongvanich ျဖစ္ပါတယ္။ခင္မင္ရင္းႏွီးသူေတြကေတာ့ အတိုေကာက္ Tob (ေတာ့ဘ္) လို႔ပဲ ေခၚၾကတယ္။အေဖက ကုမၺဏီပိုင္ရွင္မို႔ မေတာင့္မတ မေၾကာင့္မက်ေနရတဲ့ ေတာ့ဘ္ ကေတာ့ ငယ္ငယ္ေလးကတည္းက အြန္လိုင္းဂိမ္းကစားတာ မက္တယ္။

ဂိမ္းထဲမွာ ရတဲ့အမွတ္ေတြကို ျပန္ေရာင္းရာကေန ပိုက္ဆံကို စရွာတယ္။(ကိုယ္ေတြျမန္မာျပည္မွာ Level ျမင့္ TownHall အဆင့္ျမႇင့္ထားတဲ့ COC ဂိမ္းအေကာင့္ေတြကို ျပန္ေရာင္းသလိုမ်ိဳး/ Dota မွာ ပစၥည္းေတြေရာင္းသလိုမ်ိဳး)..သူက အြန္လိုင္းဂိမ္းမွာ ဆရာတစ္ဆူ… ဂိမ္းထဲမွာ သူမ်ားမရႏိုင္တဲ့ ရွားပါးပစၥည္းေတြ လက္နက္ေတြ ရတတ္တယ္…

အဲဒီဟာေတြကို ျပန္ေရာင္းခဲ့တယ္။အြန္လိုင္းဂိမ္းကေန ပိုက္ဆံရွာရာကေန႔သိန္း ၁၆၀ ေလာက္ဝင္ေငြရွိခဲ့ၿပီး ကိုယ္ပိုင္ကားတစ္စီးဝယ္ႏိုင္ခဲ့တယ္။ဒါက ေတာ့ဘ္အထက္တန္းေက်ာင္း တက္ေနတုန္းအ႐ြယ္ေလာက္ကေပါ့။ အခ်ိန္ျပည့္ဂိမ္းကစားေနတဲ့အတြက္ ေက်ာင္းစာကို မလိုက္ႏိုင္ဘူး။

အတန္းေတြပ်က္ စာေတြမလိုက္ႏိုင္လို႔ အထက္တန္းမွာ ေက်ာင္းကေန ထြက္ခဲ့ရတယ္။ေတာ့ဘ္ ၁၇ ႏွစ္အ႐ြယ္ ေတာ့ဘ္ရဲ႕ဖခင္ကုမၺဏီဟာ အက်ဥ္းအက်ပ္ျဖစ္လာခဲ့တယ္။အခက္အခဲေတြ အရႈံးေတြမ်ားလာခဲ့တယ္။ ေတာ့ဘ္စိတ္မေကာင္းျဖစ္မွာစိုးတဲ့အတြက္ ေတာ့ဘ္ရဲ႕မိဘေတြဟာ အိမ္ရဲ႕စီးပြားေရးအေျခအေနကို ေတာ့ဘ္ကို ေျပာမျပဘဲဖုံးကြယ္ထားခဲ့တယ္။

တစ္ရက္မွာေတာ့ ေတာ့ဘ္က သူရဲ႕မိခင္ကို မုန႔္ဖိုးေတာင္းတယ္။ ေတာ့ဘ္မိခင္ကေတာ့ သားအတြက္ ပိုက္ဆံကို တစ္အိမ္လုံးအႏွံ ေခ်ာင္ႀကိဳေခ်ာင္ၾကားမွာသိမ္းထားတဲ့ေငြစေၾကးစေလးေတြ ရွာေဖြၿပီးေပးခဲ့တယ္။ ေတာ့ဘ္ကေတာ့ မိခင္ရဲ႕ မ်က္ႏွာအေျခအေနကိုၾကည့္ၿပီး အိမ္တြင္းမွာတစ္ခုခုျဖစ္ေနၿပီလို႔ အနည္းငယ္ေတာ့ ရိပ္မိသြားတယ္။

ခါတိုင္းဆို ေျပာလိုက္တာနဲ႔ အဆင္သင့္ထုတ္ေပးေလ့ရွိတဲ့ မိခင္က ဒီေန႔မွာ မ်က္ႏွာညႇိဳးေနတာကို။ ေနာက္သိပ္မၾကာခင္မွာပဲ အေႂကြးေတြကေတာ့ နစ္သထက္နစ္လာခဲ့တယ္။ေတာ့ဘ္တို႔မိသားစုေနတဲ့ အိမ္နဲ႔ၿခံကို ဘဏ္မွာ အေပါင္ထားရတယ္။

အိမ္ရဲ႕ အေျခအေနကို သိလာတဲ့ေတာ့ဘ္ကေတာ့ ပိုက္ဆံကို ရသေလာက္ရွာရမယ္ဆိုၿပီးအခြင့္အလမ္းေတြကို အလုပ္အကိုင္ျပပြဲေတြမွာ လိုက္ရွာခဲ့တယ္။ အဲဒီအခ်ိန္မွာ ေတာ့ဘ္ အသက္ ၁၈ ႏွစ္ပဲရွိပါေသးတယ္။

ေနာက္ေတာ့ ေတာ့ဘ္က ျပပြဲတစ္ခုမွာ သစ္အယ္သီးေလွာ္စက္ကို ေတြ႕ၿပီး သူျမတ္ျမတ္ႏိုးႏိုး သိမ္းထားခဲ့တဲ့ ဂိမ္းပစၥည္းေတြကို အကုန္ေရာင္းထုတ္ၿပီး စက္ကို ဝယ္ခဲ့တယ္။ရန္ကုန္မွာ လက္ဖက္ေျပာင္းဖူးသုပ္၊ သစ္ခ်သီးကို ေက်ာက္စရစ္ခဲနဲ႔ေလွာ္သမ်ိဳးပဲ ဘန္ေကာက္မွာ သစ္အယ္သီးေလွာ္ေရာင္းတဲ့ဆိုင္ေလးေတြကို ေဈးေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ႏိုင္ပါတယ္။

ေတာ့ဘ္ရဲ႕အေဖကေတာ့ ေတာ့ဘ္ကို သက္သက္မဲ့ အခ်ိန္ျဖဳန္း ေငြျဖဳန္းတယ္လို႔ပဲ ယူဆၿပီး ေက်ာင္းၿပီးေအာင္သာ တက္ခိုင္းခဲ့ပါတယ္။ ေတာ့ဘ္ကေတာ့ ဇြဲမေလွ်ာ့ဘူး။Lecture လည္းမလိုက္ ေက်ာင္းလည္းမသြား သစ္အယ္သီးနဲ႔ ႀကီးပြားဖို႔ႀကံတယ္။

သစ္အယ္သီးကေတာ့ အရသာေကာင္းေပမဲ့ ထင္သေလာက္မေရာင္းရဘူး။အဲဒီအခ်ိန္မွာပဲ သူ႔အေဖရဲ႕ကုမၺဏီဟာ ေဒဝါလီခံလိုက္ရတဲ့အျပင္ ေနတဲ့အိမ္ကလည္း ဘဏ္ကို အတိုးမွန္မွန္မဆပ္ႏိုင္တဲ့အတြက္ ခ်ိတ္ပိတ္ခံလိုက္ရတယ္။ေတာ့ဘ္မိဘေတြကလည္း အေႂကြးမဆပ္ႏိုင္တဲ့အတြက္ေၾကာင့္ တ႐ုတ္ကို ထြက္ေျပးတိမ္းေရွာင္ခဲ့တယ္။

မိဘေတြအႀကိမ္ႀကိမ္ တ႐ုတ္ျပည္ေခၚတာကို ေခါင္းမာစြာ ျငင္းပယ္ခဲ့တယ္။ေတာ့ဘ္အေမဟာလည္း ဘယ္လိုမွ မတတ္ႏိုင္ေတာ့တဲ့အတြက္ ဦးေလးျဖစ္သူကို ေတာ့ဘ္ကို ေစာင့္ေရွာက္ေပးပါလို႔ ေတာင္းဆိုရင္း တ႐ုတ္ျပည္သို႔ ထြက္ခြာသြားခဲ့တယ္။ေတာ့ဘ္စဥ္းစားလို႔မရဘူး။

သူေရာင္းတဲ့ သစ္အယ္သီးေလွာ္ဟာ စားေကာင္းေပမဲ့ ဝယ္သူနည္းၿပီး ဘာေၾကာင့္မေရာင္းရလဲဆိုတာ။ တစ္ရက္မွာ သူေဈးသြားတယ္။အျခားေဈးသည္ေတြ ဘယ္လိုေရာင္းလဲ ဘာေၾကာင့္ေရာင္းေကာင္းတာလဲဆိုတာ စနည္းနာဖို႔… မွတ္စုထုတ္ဖို႔ ေဘာပင္နဲ႔ စာအုပ္ေလးလည္း လက္ထဲမွာကိုင္လို႔ေပါ့။

တခ်ိဳ႕ေဈးသည္ေတြကေတာ့ ဝယ္သူေတြကို လာပါ ဝင္ၾကည့္ပါနဲ႔ ေခၚတယ္။ တခ်ိဳ႕ကေတာ့ ေလွ်ာ့ေဈးဆိုၿပီး ဝယ္သူေတြကို ဆြဲေဆာင္တယ္။ တခ်ိဳ႕ကလည္း အျမည္းေကြၽးရင္း ဝယ္သူရွာၾကတယ္။တစ္ခ်က္ခ်င္းစီ သူ႔ရဲ႕မွတ္စုစာအုပ္ေလးမွာ ခ်ေရးတယ္။ ေဈးအိမ္သာနားအေရာက္မွာ အလႉခံအဖြဲ႕တစ္ခုကို သတိထားမိတယ္။

အိမ္သာတက္ၿပီးထြက္လာတဲ့လူေတြက ပိုက္ဆံအေႂကြေတြကို အလႉခံတဲ့ပုံးေတြထဲ လွမ္းထည့္တဲ့အခါ ေတြးမိတာက ပရဟိတဆို လႉၾက ပိုက္ဆံထည့္ၾကတယ္ေပါ့။ လမ္းဆက္ေလွ်ာက္ခဲ့တယ္။မလွမ္းမကမ္းမွာ အလႉခံတဲ့ အဖြဲ႕ေနာက္တစ္ဖြဲ႕။ ဒါမဲ့ သူတို႔အဖြဲ႕ကေတာ့ အလႉေငြသိပ္မရဘူး။

ေခါင္းထဲ အေတြးတစ္ခ်က္ လွ်ပ္စီးလက္သလို ဝင္လာတယ္။မဟုတ္ဘူး… ပရဟိတမို႔ လူေတြ ပိုလႉတာမဟုတ္ဘူး။ အဓိကက ေနရာ… အခ်က္အျခာက်တဲ့ေနရာျဖစ္ရမယ္။ လူသြားမ်ားတဲ့ေနရာ တစ္နည္း လူေတြ ခလုတ္တိုက္မိတဲ့ေနရာ ျဖစ္ရမယ္။ေဈးအိမ္သာက တစ္ခါတက္ရင္ ၃ ဘတ္ ေပးရတယ္။

အိမ္သာကအထြက္ ျပန္အမ္းတဲ့အေႂကြေတြကို မ်ားေသာအားျဖင့္ အိမ္သာအေပါက္ဝက အလႉခံပုံးထဲကို ထည့္လႉလိုက္ၾကတာမ်ားတယ္။သူ႔ရဲ႕ သစ္အယ္သီးဆိုင္ေလးရွိရာ Supermarket က အုပ္ခ်ဳပ္ေရးမႉးဆီ သြားတယ္။ သူ႔ရဲ႕ ေခ်ာင္က်တဲ့ဆိုင္ေလးကို ေနရာေျပာင္းေပးဖို႔ေတာင္းဆိုတယ္။

Supermarket က လည္း ေတာ့ဘ္ေတာင္းတဲ့ေနရာမွာ ေနရာလြတ္ရွိတဲ့အတြက္ ေနရာငွားေပးလိုက္တယ္။ ေတာ့ဘ္ရဲ႕ဆိုင္ေလးကလည္း အခ်ိန္တိုအတြင္း ေရာင္းေကာင္းလာခဲ့တာေပါ့။ဒါေပမဲ့ ဒီေလာက္နဲ႔ မေရာင့္ရဲပါဘူး။ သူရဲ႕ ရည္မွန္းခ်က္က ၿမိဳ႕အႏွံ သစ္အယ္သီးဆိုင္ခြဲေလးေတြဖြင့္ဖို႔။

ဆိုင္ခြဲမ်ားမ်ားဖြင့္ေလေလ ေငြရပိုမ်ားေလလို႔ ေတာ့ဘ္ယုံၾကည္တယ္။ဒါေၾကာင့္ တစ္ဆိုင္ကေန ႏွစ္ဆိုင္ဖြင့္တယ္။ လူငွားနဲ႔ထားတယ္။ တျဖည္းျဖည္းနဲ႔ ဆိုင္ခြဲေတြ ဆယ္ဂဏန္းေက်ာ္အထိမ်ားလာတယ္။ ေတာ့ဘ္က franchise လည္း ေပးပါေသးတယ္။

ေတာ့ဘ္ရဲ႕ အသက္ ၁၉ ႏွစ္ေပါ့။ တစ္ရက္ ေတာ့ဘ္ ေရညႇိခ်ပ္ေလးေတြထုပ္ထားတဲ့မုန႔္ေလးတစ္ခုကို စားမိတယ္။ အဲ့ေရညႇိထုပ္က သူငယ္ခ်င္းတစ္ေယာက္ ေတာၿမိဳ႕ေလးကို သြားရင္းလက္ေဆာင္ဝယ္လာတဲ့မုန႔္ေလးတစ္ခု… ဘန္ေကာက္ၿမိဳ႕ေပၚမွာ မေရာင္းဘူး။

စားလို႔ေကာင္းတယ္… ဒါေပမဲ့ စားခ်င္ရင္ နယ္ကို တကူးတကသြားဝယ္စားမွ ရႏိုင္တယ္။သူစဥ္းစားတယ္… သစ္အယ္သီးေလွာ္လုပ္ငန္းက အဆင္ေတာ့ေျပတယ္။ သို႔ေပမဲ့ သစ္အယ္သီးက ေရာင္းတဲ့သူလည္း မ်ားတယ္။ အျမတ္လည္း မ်ားမ်ားစားစားမရဘူး။သစ္အယ္သီးေလွာ္တစ္ခုထဲေရာင္းေနလို႔ ႀကီးပြားမွာ မဟုတ္ေလာက္ဘူးဆိုၿပီး ေရညႇိတြဲေရာင္းဖို႔ စစဥ္းစားတယ္။

ဒါမဲ့ စဥ္းစားသာစဥ္းစားတာ ေရညႇိအေၾကာင္း နားလည္တာ မဟုတ္ဘူးရယ္…ဘယ္ေလာက္အပူခ်ိန္မွာ ဘယ္လိုေၾကာ္ရမလဲဆိုတာေပါ့။ ေတာ့ဘ္ ေရညႇိအ႐ြက္ၾကမ္းကို ပုံးလိုက္ဝယ္တယ္။ ေၾကာ္ၾကည့္တယ္။ ဆရာမျပ နည္းမက်ဆိုသလို ေရညႇိပုံးႀကီး တစ္ပုံးသာကုန္သြားတယ္။

လိုခ်င္တဲ့ေရညႇိေၾကာ္အေနအထားကို မရဘူး။ တူးသြားလိုက္ ခါးသြားလိုက္နဲ႔ေပါ့။ ေရညႇိေတြလည္း တစ္ပုံးၿပီးတစ္ပုံးကုန္ခဲ့တယ္။ေနာက္ဆုံး ေရညႇိဝယ္စရာပိုက္ဆံမရွိေတာ့လို႔ ေတာ့ဘ္ ဂိမ္းကစားတုန္းက ဝယ္ခဲ့တဲ့ကားကို ေရာင္းၿပီး ေရညႇိပုံးေတြထပ္ဝယ္တယ္။

အဲဒီအခ်ိန္မွာ သူ႔နားမွာ ရွိေနၿပီး သူ႔ကို အားေပးခဲ့တာကေတာ့ ေတာ့ဘ္ရဲ႕ဦးေလးပါပဲ။ အနားမွာရွိေနေပးၿပီး သူနဲ႔အတူ ေရညႇိေတြလိုက္ေၾကာ္လို႔ လက္မွာလည္း ဆီပူမိထားတာလည္း မနည္းပါဘူး။ေနာက္ဆုံးေတာ့ ေရညႇိကို ႂကြ႕ပ္ႂကြပ္႐ြ႐ြေလးျဖစ္ေအာင္ေၾကာ္တဲ့ လွ်ိဳ႕ဝွက္ခ်က္ကို ရွာေတြ႕ခဲ့ပါတယ္။

ေတာ့ဘ္တစ္ေယာက္ သူ႔ရဲ႕ေရညႇိထုပ္ေတြကို Shopping Mall ေတြမွာ စတင္ေရာင္းခ်ခဲ့ပါတယ္။ေရညႇိက စားေကာင္းတဲ့အတြက္ ဝယ္တဲ့သူေတြကလည္း ႀကိတ္ႀကိတ္တိုးေပါ့။ တစ္ေန႔ သူ႔ရဲ႕အေဖကို ဖုန္းဆက္တယ္။ သူရဲ႕လုပ္ငန္းအဆင္ေျပေနတယ္။

အေႂကြးေတြဆပ္ၿပီး သူတို႔ မိသားစု တစ္ေန႔အတူတူ ျပန္ေနႏိုင္ေတာ့မယ္ေပါ့။သူ႔အေဖျပန္ေျပာတာက “မျဖစ္ႏိုင္ပါဘူး သားရယ္… တ႐ုတ္ျပည္ကိုသာ လာၿပီး ေက်ာင္းဆက္တက္ပါ… အေဖတို႔နဲ႔ အတူလာေနပါ” တဲ့…ေတာ့ဘ္က အေႂကြးက ဘယ္ေလာက္မို႔လဲလို႔ သူ႔အေဖကို ျပန္ေမးလိုက္တဲ့အခါမွာ သူ႔အေဖျပန္ေျပာလိုက္တာကေတာ့ ဘတ္သန္း ၄၀ တဲ့။

(ျမန္မာေငြနဲ႔ဆို သိန္းေပါင္း ၁၆,၀၀၀ နီးပါးရွိပါတယ္။ ) မျဖစ္ႏိုင္တဲ့ အရာတစ္ခုကို ရယူဖို႔ႀကိဳးစားမိေနတာမ်ားလားလို႔ စိတ္ဓာတ္က်သြားခဲ့တယ္…ေတာ့ဘ္စိတ္ဓာတ္ေတြလုံးဝက်သြားခဲ့တယ္။ တ႐ုတ္ျပည္သြားဖို႔ ျပင္ဆင္တယ္။ ဒီတစ္ႏွစ္ေတာ့ ၿပီးေအာင္ေျဖမယ္ဆိုၿပီး အတန္းေတြ ျပန္တက္တယ္။

အဲ့ေန႔ညဘက္မွာ သူငယ္ခ်င္းတစ္ေယာက္ကူးေပးထားတဲ့ lecture recording ေလးတစ္ခုကို နားၾကပ္နဲ႔နားေထာင္ရင္း 7-Eleven စတိုးဆိုင္ေလးမွာ ညဘက္အဆာေျပစားမို႔ မုန႔္ထြက္ဝယ္တယ္။

Lecture က စီးပြားေရးအေၾကာင္း… Marketing Mix ကို ရွင္းျပေနတာ။Marketing Mix ဆိုတာ အလြယ္ေျပာရရင္ေတာ့ ကုန္ပစၥည္းတစ္ခုကို ေဈးကြက္မွာ ဘယ္လိုထိုးေဖာက္ရမလဲ စဥ္းစားတတ္ေအာင္လုပ္ေပးတာေပါ့။

ခုခ်ိန္မွာေတာ့ 7Ps ေတြ 8Ps ေတြ သီအိုရီအသစ္ေတြထြက္ေနၿပီျဖစ္ေပမဲ့ အဲ့အခ်ိန္တုန္းကေတာ့ Product, Price, Promotion နဲ႔ Place ဆိုၿပီး 4Ps ရွိတယ္ေပါ့ေနာ္။Product ကေတာ့ ရွင္းပါတယ္… ကုန္ပစၥည္းတစ္ခုကို ေဈးကြက္ထဲထည့္ဖို႔ ေရာင္းစရာပစၥည္း Product ရွိရမယ္ေပါ့။

Price ေဈးသတ္မွတ္မယ္… ေဈးဝယ္သူေတြကို ပ႐ိုမိုးရွင္းေလွ်ာ့ေဈးအစီအစဥ္ေတြလုပ္ၿပီး ဆြဲေဆာင္မယ္။ Place ကေတာ့ ကိုယ့္ရဲ႕ ထုတ္ကုန္ကို စားသုံးသူေတြဆီအေရာက္ပို႔တာေပါ့။ကိုယ့္ပစၥည္းကို စိတ္ဝင္စားၿပီး ဝယ္ယူဖို႔အလားအလာရွိတဲ့ ေနရာေတြမွာ ထုတ္ကုန္ကို ထားရွိရမယ္ေပါ့။

Lecturer က Place အေၾကာင္း ရွင္းျပေနစဥ္မွာပဲေတာ့ဘ္က သူ႔ေရညႇိကို 7-Eleven မွာ တင္ေရာင္းဖို႔ အေတြးေပါက္မိတယ္။ သူ႔ထုတ္ကုန္ရွိရာ စားသုံးသူမလာႏိုင္ရင္ ဝယ္သူရွိရာကို သူ႔ပစၥည္းအေရာက္ပို႔မယ္။

7-Eleven ဆိုင္က ဒီမွာဆို ABC နဲ႔ Grab and Go စတိုးဆိုင္ေလးေတြလိုပဲ။ မုန႔္ေတြ၊ ေန႔စဥ္သုံးပစၥည္းေလးေတြ တိုတိုထြာထြာေရာင္းတယ္။ထိုင္းႏိုင္ငံအႏွံ လမ္းေထာင့္တိုင္းမွာ 7-Eleven ရွိတယ္။

သူရဲ႕ ေရညႇိေတြ ေနရာအႏွံမွာရွိတဲ့ စားသုံးသူေတြဆီကို ေရာက္ရမယ္လို႔ စိတ္ပိုင္းျဖတ္ၿပီး7-Eleven ႐ုံးခ်ဳပ္ကို သူ႔ရဲ႕ထုတ္ကုန္ ေရညႇိထုတ္ကို ယူသြားတယ္။ ဒါေပမဲ့ 7-Eleven က တာဝန္ရွိသူအမ်ိဳးသမီးကေနေတာ့ဘ္ရဲ႕ေရညႇိထုပ္ကို ျမင္ျမင္ခ်င္း 7-Eleven ရဲ႕ စံႏႈန္းနဲ႔ ကိုက္ညီမႈမရွိတဲ့အတြက္ ေရာင္းခ်ခြင့္မေပးႏိုင္ပါဘူးတဲ့။

ေတာ့ဘ္က လက္မေလွ်ာ့ဘဲ သူ႔ေရညႇိကို စားၾကည့္ပါ။ အရသာကို ႀကိဳက္သြားမွာပါဆိုေပမယ့္ အမ်ိဳးသမီးကေတာ့ မလိုအပ္ပါဘူးဟုသာ ျငင္းပယ္လိုက္တယ္။ခဲေလသမွ် သဲေရက်သလိုျဖစ္သြားတဲ့ ေတာ့ဘ္ကေတာ့ ႐ုံးခန္းကအထြက္မွာ ဘာေၾကာင့္ သူ႔ရဲ႕ေရညႇိကို တင္ခြင့္မရႏိုင္တာလဲကို ေမးလိုက္တဲ့အခါ အမ်ိဳးသမီးက အခ်က္သုံးခ်က္နဲ႔ျပန္ရွင္းျပခဲ့တယ္။

ပထမအခ်က္ကေတာ့ 7-Eleven ဆိုတာ ေန႔စဥ္အိမ္သုံးပစၥည္းေလးေတြ ေရာင္းတဲ့ဆိုင္၊ အဆာေျပမုန႔္ေလးေတြကို လြယ္လြယ္ကူကူဝယ္လို႔ရႏိုင္ေအာင္ ဖြင့္ထားေပးျခင္း ျဖစ္တယ္။ေတာ့ဘ္ရဲ႕ အထုပ္က အႀကီးႀကီးျဖစ္တဲ့အတြက္ စင္ေပၚမွာ ေနရာယူလြန္းတယ္။

ဒုတိယတစ္ခ်က္က ေရညႇိထုပ္က ႀကီးတဲ့အတြက္ တစ္ခါစားစာထက္မ်ားသလို ေဈးကလည္းႀကီးတယ္။7-Eleven မွာ ဝယ္တဲ့ ေဈးဝယ္သူအမ်ားစုက ေဈးသက္သက္သာသာဝယ္ယူခ်င္တဲ့ တစ္ကိုယ္ေရတစ္ကာယသမားေတြမ်ားတယ္။တတိယအခ်က္က ထုတ္ပိုးပုံ… ေတာ့ပ္ရဲ႕ ေရညႇိထုပ္အိတ္ခြံဒီဇိုင္းက ႐ိုးစင္းလြန္းတယ္။

ပလတ္စတစ္အၾကည္ပဲ သုံးထားတဲ့အတြက္ ေဈးဝယ္သူေတြကို ဆြဲေဆာင္ႏိုင္မွာ မဟုတ္ဘူး။အေၾကာင္းအရင္းကို သိသြားတဲ့ ေတာ့ဘ္ကေတာ့ ေရညႇိထုပ္ေတြကို အိတ္လွလွေလးနဲ႔ ထုတ္ႏိုင္ဖို႔ ျပင္ဆင္ပါေတာ့တယ္။ေရညႇိေတြကိုလည္း အထုပ္ႀကီး မထုတ္ေတာ့ဘဲ တစ္ခါစားစာပဲ ထည့္ေတာ့တယ္။

စားသုံးသူေတြအတြက္ အျမင္လည္းလွ ေဈးသက္သာတဲ့ Tao Kae Noi ေရညႇိထုပ္အသစ္ေလးေတြ ေရာက္ရွိလာပါၿပီ။ေရညႇိထုပ္အတြက္ အိတ္လွလွေလးဆိုေတာ့ နာမည္လွလွေလး၊ logo လွလွေလးေပးဖို႔လည္း လိုလာၿပီျဖစ္တဲ့အတြက္ ေတာ့ဘ္ကေတာ့ သူ႔ရဲ႕လုပ္ငန္းနာမည္ကို Tao Kae Noi လို႔ေပးလိုက္ပါတယ္။

Tao Kae Noi နာမည္ေပးျဖစ္တာကလည္း အေၾကာင္းရွိတယ္။ ေတာ့ဘ္သစ္အယ္သီး စေရာင္းခဲ့တဲ့ေန႔ရက္မ်ားထဲက တစ္ရက္…အိမ္အျပန္မွာ ေတာ့ဘ္အေဖက သူ႔သူငယ္ခ်င္းတစ္ေယာက္ကို တစ္ေန႔မွာ ေတာ့ဘ္ဟာ Tao Kae ျဖစ္မွာလို႔ ေနာက္ေျပာင္တဲ့သေဘာေျပာလိုက္တာကိုေတာ့ဘ္တစ္ေယာက္ အမွတ္မထင္ၾကားမိတယ္။

Tao Kae /ေထာင္ကဲ/ ဆိုတာ တ႐ုတ္ဘာသာစကားကေနဆင္းသက္လာတဲ့ စကားလုံး… အဓိပၸာယ္ကေတာ့ သူေဌးတဲ့။Noi /ႏြိဳင္/ ဆိုတာကေတာ့ ထိုင္းလို ေသးေသးေလးလို႔ အဓိပၸာယ္ရပါတယ္။ Tao Kae Noi ဆိုေတာ့ သူေဌးေလးေပါ့။

ေတာ့ဘ္သူ႔ရဲ႕ ထုပ္ပိုးမႈအသစ္နဲ႔ ေရညႇိထုပ္ေလးရရျခင္း 7-Eleven ကို ျပန္သြားတယ္။ဒါမဲ့ ဒီတစ္ေခါက္မွာေတာ့ တာဝန္ရွိသူအမ်ိဳးသမီးက အလုပ္မအားလို႔ဟုအေၾကာင္းျပကာ ေတာ့ဘ္ကို ထြက္မေတြ႕။ ဇြဲမေလွ်ာ့တဲ့ ေတာ့ဘ္ကေတာ့ အားတဲ့အထိေစာင့္မယ္လို႔ ေျပာၿပီး ႐ုံးခန္းအေရွ႕မွာ ထိုင္ေစာင့္ေနခဲ့တယ္။

သုံးေလးနာရီသာၾကာသြားတယ္။ ေတာ့ဘ္ကို ဘယ္သူမွထြက္မေတြ႕သလို အေရးတယူေတာင္မရွိ။ ေတာ့ဘ္စိတ္ပ်က္စြာ ျပန္လွည့္ခဲ့တယ္။နမူနာအျဖစ္ ယူလာတဲ့ ေရညႇိထုပ္ေတြကို လည္း 7-Eleven ႐ုံးခ်ဳပ္ရဲ႕ ဓာတ္ေလွကားမွာ ထားပစ္ခဲ့တယ္။

႐ုံးခ်ဳပ္အခန္းက ေန႔လည္စာစားၿပီး ျပန္ဝင္လာတဲ့ ဝန္ထမ္းေတြ ဓာတ္ေလွကားထဲမွာ ထုပ္ပိုးမႈလွလွေလးနဲ႔ေရညႇိထုပ္ေတြကိုေတြ႕ေတာ့ တစ္ေယာက္တစ္ထုပ္ယူျမည္းက်ရင္းေနာက္ဆုံး တာဝန္ရွိသူအမ်ိဳးသမီးကေတြ႕သြားၿပီး ေတာ့ဘ္ကို ေခၚေတြ႕ခဲ့တယ္။႐ုံးခန္းမွာ အမ်ိဳးသမီးက ေတာ့ဘ္ရဲ႕ ေရညႇိထုပ္ကို စိတ္ဝင္စားတာမို႔ စက္႐ုံကို လိုက္ေလ့လာမည္။

7-Eleven စံႏႈန္းႏွင့္ ကိုက္ညီမွသာ စင္ေပၚေရာင္းခ်ခြင့္ျပဳႏိုင္မယ္တဲ့။ သို႔ေပမဲ့ ေတာ့ဘ္မွာ စက္႐ုံေဝးစြ… ခုေရညႇိထုပ္ေတြကိုေတာင္သူတစ္လွည့္ သူ႔ဦးေလးတစ္လွည့္ တစ္ပိုင္တစ္ႏိုင္ေၾကာ္႐ုံသာ တတ္ႏိုင္သည္။ ေတာ့ဘ္တစ္ေယာက္ သူျဖစ္ခ်င္တဲ့ အေသးစားစက္႐ုံဖြင့္ဖို႔ ေငြလိုသည္။

လိုေသာေငြကို ဘဏ္ကေန ေခ်းမည္ဟုဆုံးျဖတ္သည္။ ထိုအခ်ိန္ေတာ့ဘ္ရဲ႕ သစ္အယ္သီးဆိုင္ခြဲမ်ားသည္ တစ္လကို သိန္း ၄၀၀ အထိ လည္ပတ္ေငြရွိသည္။သို႔ေသာ္ ၁၉ ႏွစ္အ႐ြယ္ အထက္တန္းမေအာင္ေသာလူငယ္ေလးတစ္ဦးကို မည္သည့္ဘဏ္ကမွ ေငြထုတ္မေခ်းရဲၾက။

ႀကံမရတဲ့အဆုံး ေတာ့ဘ္တစ္ေယာက္ သစ္အယ္သီးဆိုင္ခြဲမ်ားအားလုံးႏွင့္ လုပ္ပိုင္ခြင့္လိုင္စင္အား ထုတ္ေရာင္းၿပီး ေရညႇိစက္႐ုံေလးတစ္႐ုံေထာင္ရန္ အတြက္ ေနရာငွားသည္။ဝန္ထမ္းေခၚသည္။ 7-Eleven မွာ တာဝန္ရွိသူ အမ်ိဳးသမီးအား စက္႐ုံကို လာေရာက္ေလ့လာရန္ဖိတ္ေခၚသည္။

ေတာ့ဘ္တစ္ေယာက္ 7-Eleven မွ တစ္ဆင့္ တစ္ႏိုင္ငံလုံးကို ေရညႇိျဖန႔္ႏိုင္ေလၿပီ။ 7-Eleven ႏွင့္ ခ်ိတ္ဆက္ၿပီး ႏွစ္ႏွစ္အၾကာတြင္ သူ႔အေဖ၏အေႂကြးမ်ားအားလုံး အေၾကဆပ္ႏိုင္ခဲ့သည္။ထိုအခ်ိန္တြင္ ေတာ့ဘ္ အသက္ ၂၂ ေလာက္သာ ရွိေသးသည္။

အခုဆိုလွ်င္ ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားတြင္လည္း ေတာ့ဘ္ရဲ႕ ေရညႇိကို အရသာမ်ိဳးစုံျဖင့္ ေတြ႕ျမင္ႏိုင္ၿပီျဖစ္သည္။ထိုင္းႏိုင္ငံတြင္သာမက ကမာၻမွာလည္း ကိုယ္ထူးကိုယ္ခြၽန္ အငယ္ဆုံး Billionaire တစ္ဦးအျဖစ္ ေတာ့ဘ္က စာရင္းဝင္ထားသည္။အခ်ိန္တိုတိုျဖင့္ ေအာင္ျမင္မႈရသူ၊ စြန႔္ဦးတီထြင္သူတစ္ဦးအျဖစ္လည္း ေက်ာ္ၾကားသည္။

(Users Drive) Large Size ~ Download

(Yoteshin Portal) Large Size ~ Download

(Megaup.net) Large Size ~ Download

(Up Stream) Large Size ~ Download

(Direct Link) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *