The Black Devil and the White Prince (2016)

20655
Share
Copy the link

2016မှာထွက်ခဲ့ပြီး နာမည်လည်းကြီးခဲ့တဲ့ Live action movieလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Nana Gometsu, Kento Nakajima နဲ့ Chiba Yudaiတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Shoujo Mangaတစ်ပုဒ် ဖြစ်တဲ့ “Defying Kurosaki-kun”ရဲ့ Live actionပါ။

ဇာတ်လမ်းအကျဉ်းကတော့ –အာကဘနဲ-ယုဆိုတဲ့ကောင်မလေးက မပြင်တတ်မဆင်တတ်နဲ့ သာမန်ရုပ်ရည်ပဲရှိတာကြောင့် အမြဲအားငယ်နေပြီး အတန်းဖော်တွေရဲ့နှိမ့်ချမှုကိုလည်း ခံခဲ့ရသူပါ။သူ့ဖခင်ရဲ့အလုပ်အပြောင်းအရွှေ့ကြောင့် အဆောင်ပေးတဲ့ကျောင်းတစ်ကျောင်းမှာပြောင်းတက်ရဖို့ဖြစ်လာပါတယ်။

ကျောင်းသစ်မှာသူ့ဘဝအသစ်ကိုစမယ်ဆိုပြီး တက်ကြွတဲ့ခြေလှမ်းအပြည့်နဲ့ သူ့ကိုယ်သူပြောင်းလဲရင်းအဆောင်ကိုပြောင်းလာခဲ့ပါတယ်။

ကျောင်းအဆောင်သစ်မှာ “white prince”လို့တင်စားခံရတဲ့ရှိရကဝ-တကုမိနဲ့ တစ်ဆောင်တည်းနေရမှာဖြစ်လို့ပျော်နေတဲ့အချိန်မှာပဲ“Black devil” ဟရုတိုရဲ့ဆံပင်ကို မတော်တဆ ညှပ်မိတဲ့အခါမှာတော့သူ့ဆံပင်အစားအလျော်ပေးဖို့အတွက် ရူးကြောင်ကြောင်အလုပ်တွေကို ဆက်တိုက်အခိုင်းခံရပါတော့တယ်။

သူ့အမိန့်တွေကိုနာခံရင်း ခိုင်းတာမှန်သမျှကိုလိုက်လုပ်ပေးရင်း ယုတစ်ယောက် နတ်ဆိုးလေးအပေါ်အမြင်ပြောင်းပြီး ရင်ခုန်တာတွေဖြစ်လာပါတယ်။“white prince”လေးကလည်း အာကဘနဲ-ယုအပေါ် တကယ်ကြိုက်မိသွားတဲ့အခါမှာတော့ယု-ချန်တစ်ယောက် သူအရင်တည်းက သဘောကျခဲ့ရတဲ့ ပြီးပြည့်စုံတဲ့နတ်သားလေးကိုရွေးမှာလား။

ကူရိုဆကီရဲ့ဆိုးသွမ်းမှုတွေကြားက ချစ်စရာကောင်းတဲ့အပြုအမူတွေကိုသဘောကျသွားမှာလား။သူတို့၃ဦးကြားက ၃ပွင့်ဆိုင်အချစ်အကြောင်းကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ Live actionလေးဖြစ်ပါတယ်။

Zawgyi

2016မွာထြက္ခဲ့ၿပီး နာမည္လည္းႀကီးခဲ့တဲ့ Live action movieေလးကိုျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။ Nana Gometsu, Kento Nakajima နဲ႔ Chiba Yudaiတို႔ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ Shoujo Mangaတစ္ပုဒ္ ျဖစ္တဲ့ “Defying Kurosaki-kun”ရဲ႕ Live actionပါ။

ဇာတ္လမ္းအက်ဥ္းကေတာ့ –အာကဘနဲ-ယုဆိုတဲ့ေကာင္မေလးက မျပင္တတ္မဆင္တတ္နဲ႔ သာမန္႐ုပ္ရည္ပဲရွိတာေၾကာင့္ အၿမဲအားငယ္ေနၿပီး အတန္းေဖာ္ေတြရဲ႕ႏွိမ့္ခ်မႈကိုလည္း ခံခဲ့ရသူပါ။သူ႔ဖခင္ရဲ႕အလုပ္အေျပာင္းအေ႐ႊ႕ေၾကာင့္ အေဆာင္ေပးတဲ့ေက်ာင္းတစ္ေက်ာင္းမွာေျပာင္းတက္ရဖို႔ျဖစ္လာပါတယ္။

ေက်ာင္းသစ္မွာသူ႔ဘဝအသစ္ကိုစမယ္ဆိုၿပီး တက္ႂကြတဲ့ေျခလွမ္းအျပည့္နဲ႔ သူ႔ကိုယ္သူေျပာင္းလဲရင္းအေဆာင္ကိုေျပာင္းလာခဲ့ပါတယ္။

ေက်ာင္းအေဆာင္သစ္မွာ “white prince”လို႔တင္စားခံရတဲ့ရွိရကဝ-တကုမိနဲ႔ တစ္ေဆာင္တည္းေနရမွာျဖစ္လို႔ေပ်ာ္ေနတဲ့အခ်ိန္မွာပဲ“Black devil” ဟ႐ုတိုရဲ႕ဆံပင္ကို မေတာ္တဆ ညႇပ္မိတဲ့အခါမွာေတာ့သူ႔ဆံပင္အစားအေလ်ာ္ေပးဖို႔အတြက္ ႐ူးေၾကာင္ေၾကာင္အလုပ္ေတြကို ဆက္တိုက္အခိုင္းခံရပါေတာ့တယ္။

သူ႔အမိန႔္ေတြကိုနာခံရင္း ခိုင္းတာမွန္သမွ်ကိုလိုက္လုပ္ေပးရင္း ယုတစ္ေယာက္ နတ္ဆိုးေလးအေပၚအျမင္ေျပာင္းၿပီး ရင္ခုန္တာေတြျဖစ္လာပါတယ္။“white prince”ေလးကလည္း အာကဘနဲ-ယုအေပၚ တကယ္ႀကိဳက္မိသြားတဲ့အခါမွာေတာ့ယု-ခ်န္တစ္ေယာက္ သူအရင္တည္းက သေဘာက်ခဲ့ရတဲ့ ၿပီးျပည့္စုံတဲ့နတ္သားေလးကိုေ႐ြးမွာလား။

ကူ႐ိုဆကီရဲ႕ဆိုးသြမ္းမႈေတြၾကားက ခ်စ္စရာေကာင္းတဲ့အျပဳအမူေတြကိုသေဘာက်သြားမွာလား။သူတို႔၃ဦးၾကားက ၃ပြင့္ဆိုင္အခ်စ္အေၾကာင္းကို ရင္ခုန္စိတ္လႈပ္ရွားစြာနဲ႔ၾကည့္ရႈရမဲ့ Live actionေလးျဖစ္ပါတယ္။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *