The Breadwinner (2017)

13862
Share
Copy the link

Breadwinner ဇာတ်ကားလေးဟာ ၂၀၁၇ခုနှစ်ထွက် ကာတွန်းကားလေးဖြစ်ပါတယ်Imdb rating 7.6/10…..rotten tomatoes 94% ထိရရှိထားတဲ့ အကြိမ် ၉၀မြောက်အကယ်ဒမီ ဇကာတင်ကားလေးဖြစ်ပါတယ်

စာရေးဆရာDeborah Ellisရဲ့အရောင်းရဆုံးဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး နာမည်ကြီးမင်းသမီးဂျိုလီကိုယ်တိုင်ထုတ်လုပ်ရေးမှာပါဝင်ခဲ့ပါတယ်ဇာတ်လမ်းအကျဉ်းကတော့…..ဇာတ်လမ်းနာမည်လေးဖြစ်တဲ့ breadwinner ဆိုတဲ့အဓိပ္ပါယ်က မိသားစုအတွက်ရုန်းကန်ထောက်ပံ့ပေးသူ ကိုဆိုလိုတာပါ

တာလီဘန်တွေအုပ်စိုးနေတဲ့ကာဘူးလ်မြို့မှာ ပါဗာနာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်သူမဟာ ငယ်ရွယ်လှပသူဖြစ်ပေမယ့် တာလီဘန်ကြီးစိုးတဲ့နေရာမှာ နေရတဲ့အပြင် ခြေတဖက်ပြတ်ဖခင်နဲ့မိခင်အိုကြီးကိုလုပ်ကျွေးနေရလေတော့ နေ့စဉ်နဲ့အမျှခက်ခဲပင်ပန်းနေရရှာတယ်.

ဒါ့အပြင် သူမမှာ လူမမယ်မောင်လေးတစ်ယောက်လည်းရှိသေးတယ်..ဘယ်လိုပဲပင်ပန်းပါစေ သူမဟာ မိသားစုအတွက်ရုန်းကန်နေရတာကိုပျော်ရွှင်နေပါတယ်တစ်နေ့မှာတော့ အစွန်းရောက်တစ်ချို့ဟာ သူမရဲ့ဖခင်ကြီးကို မှားယွင်းစွပ်စွဲခဲ့ပါတယ်..

သူမဟာ ဖခင်ရဲ့အခက်အခဲတွေဖြေရှင်းဖို့ကြိုးစားနေတုန်းမှာပဲအစွန်းရောက်တွေက စည်းကမ်းချက်အသစ်ထုတ်လိုက်ပါတယ်..အဲ့ဒါကတော့ ယောင်္ကျားလေးအုပ်ထိန်းသူမပါပဲ အမျိုးသမီးတွေအပြင်မထွက်ရဆိုတဲ့ အမိန့်ပါပဲ..

ကိုင်းပရိတ်သတ်ကြီးရေ ပါဗာနာဆိုတဲ့ကောင်မလေးတစ်ယောက် ဖခင်ကြီးရဲ့အခက်အခဲတွေကိုဘယ်လိုကူညီရင်ဆိုင်ဖြေရှင်းမလဲ..အုပ်ထိန်းသူယောင်္ကျားလေးမပါအမျိုးသမီးများအပြင်မထွက်ရအမိန့်ကိုလက်တစ်လုံးခြားဘယ်လိုရင်ဆိုမလဲ.စတာတွေကို ကြည့်ရှုခံစားကြည့်လိုက်ပါဦး

Zawgyi







megaup.net (Megaup.net) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *