The Day I Died: Unclosed Case (2020)

15923
Share
Copy the link

ဘဝမှာတစ်ယောက်တည်းအထီးကျန်နေတာမျိုး၊ကိုယ့်အမှားမဟုတ်ဘဲ တစ်ခြားသူအမှားကြောင့်အပစ်ပယ်ခံရတာမျိုးကို ကြုံနေရတဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုစုံထောက်တစ်ယောက်က စုံစမ်းတာနဲ့ ဇာတ်လမ်းလေးကို စဖွင့်ထားပါတယ်

ဒီကားထဲမှာပါဝင်တဲ့သူတွေကတော့နာမည်ကြီးမင်းသမီး Kim Hye-soo၊ တက်သစ်စ မင်းသမီးလေး No Jeong-ee (18 Again) နဲ့မင်းသားချော Lee Sang-Yeob တို့က ပါဝင်ထားပြီး ၂၀၂၀မှာထွက်ရှိထားပြီးIMDB 10/7.3 ထိ ရထားတဲ့ Drama/Crime ဇာတ်ကားကောင်းလေးတစ်ကားလည်း ဖြစ်ပါတယ်

ဇာတ်လမ်းကို ပြန်ပြောရရင် မတော်တဆမှုတစ်ခုကြောင့် အလုပ်နားထားရတဲ့ ဂင်ယောင်းဆွန်း အမှုစစ်ကိုအထက်လူကြီးဖြစ်သူကခေါ်ပြီး အလုပ်ခွင်နားထားရတဲ့မတော်တဆပြစ်မှုနဲ့ ရာထူးတိုးချင်တယ်ဆိုရင်အမှုတစ်ခုကိုလိုက်ပြီး အမှုပိတ်ဖို့အတွက်အစီရင်ခံစာတင်ဖို့တောင်းဆိုခဲ့ပါတယ်

ဂင်ယောင်းဆွန်းကိုယ်တိုင်ကလည်း ယောက်ျားနဲ့ကွာရှင်းဖို့အမှုရင်ဆိုင်နေရပြီးမတော်တဆမှုကြောင့် လက်အကြောဆိုင်းတဲ့ဝေဒနာကိုခံစားနေရတဲ့အပြင်အလုပ်ကလည်းမတော်တဆမှုအတွက်နဲ့ ပြုတ်မလိုဖြစ်နေခဲ့သူပါ

အဲ့ဒီအချိန်အထက်ကစုံစမ်းခိုင်းတဲ့ ဆယ်ဂျင်းဆိုတဲ့ သူဌေးသမီးကောင်မလေးတစ်ယောက်သေကြောင်းကြံစည်မှုကို အစီရင်ခံစာဖို့လုပ်ရင်း မထင်မှတ်ထားတွေပါ ဆက်လက်သိရှိလာခဲ့ပါတယ်ကောင်မလေးအဖေဖြစ်သူကလည်း မတရားမှုများစွာလုပ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ပြီးအစ်ကိုဖြစ်သူကလည်း ဆေးမှုနဲ့ထောင်ကျနေပါတယ်

ဆယ်ဂျင်းကိုလည်း သူ့အဖေပြစ်မှုတွေအတွက် သူမသေကြောင်းမကြံခင်မှာ ရဲတွေဖက်ကစစ်ဆေးခဲ့ကြပြီးအဲ့ဒီအချိန်တုန်းက ဂင်ဆွန်းယောင်းကမတော်တဆမှုကြောင့်ဆေးရုံရောက်နေချိန်လည်းဖြစ်ပါတယ်

ဂင်ယောင်းဆွန်း ဆေးရုံက ဆင်းလာပြီးနောက် အထက်က ယာယီအလုပ်ဆင်းခိုင်းခဲ့ချိန် ဆယ်ဂျင်းက သေဆုံးသွားခဲ့ပြီးအားလုံးက အပြီးသတ်ချင်နေတဲ့အမှုက ယောင်းဆွန်းလက်ထဲကိုရောက်လာခဲ့တာလည်း ဖြစ်ပါတယ်ဘာလို့ရဲတွေဖက်ကဒီအမှုကိုသေချာမစုံစမ်းပဲ မြန်မြန်ပိတ်ချင်နေခဲ့တာလဲ?????

ကောင်မလေးကကောဘာလို့သေကြောင်းကြံချင်ခဲ့တာလဲ ဆိုတာရယ်သူမသေကြောင်းကြံသွားခြင်းရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေအများကြီးရှိနေခဲ့ပါတယ်ကိုရီးယားကားတွေထုံးစံအတိုင်း အဆုံးသတ်မှာ အလှည့်အပြောင်းလေးတစ်ခုလည်းထည့်ထားလို့ကြည့်ရတာစိတ်ဝင်စားမယ့် ကားကောင်းလေးတစ်ကားပါ

ဇာတ်လမ်းကလည်းစိတ်ဝင်စားဖို့ကောင်းသလို လူတိုင်းစိတ်ထဲမှာတစ်နည်းနည်းနဲ့ ခံစားနေရတတ်တဲ့ အထီးကျန်မှုကိုပါသေချာသရုပ်ဖော်သွားနိုင်လို့ နောက်ဆုံး စိတ်ထဲမှာတစ်ခုခုကျန်သွားနိုင်မယ့် ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်

Zawgyi










mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

upstream.to (Up Stream) Large Size ~ Download

upstream.to (Up Stream) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *