The Descendants (2011)

18758
Share
Copy the link

Matt King တို့ မိသားစုဟာ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် တွေကတည်းက ဒီဟာဝိုင်အီကျွန်းလေးပေါ်မှာဘဲ နေလာခဲ့ကြတာပါ။ အဲဒီ ဘိုးဘွားတွေဆီကနေ အမွေရခဲ့တဲ့ Kauai ကျွန်းပေါ်က မြေဧက ၂၅၀၀၀ ကို သူနဲ့ သူ့ရဲ့ ဝမ်းကွဲညီကိုတွေ အားလုံးပိုင်ကြတယ်။

သူက ရှေ့နေ၊ အလုပ်နဲ့ အကိုင်နဲ့ဆိုတော့ ငွေရေးကြေးရေးက အခက်အခဲ သိပ်မရှိဘူးပေါ့ဗျာ။ ကုန်းတွင်းအမေရိကားက သူ့သူငယ်ချင်း တော်တော်များများကတော့ သူ့ဘဝကို ဟာဝိုင်အီ သုခဘုံလေးမှာနေပြီး ပြီးပြည့်စုံတဲ့ ဘဝလေးလို့ ထင်နေကြတာပေါ့။

စုပေါင်းအမွေရထားတဲ့ ဧက ၂၅၀၀၀ လုံးကို စီမံကိန်းတစ်ခု အကောင်အထည်လာဖော်ဖို့ ဝယ်မယ့်သူကလဲ အဆင်သင့်ရှိတယ်။ ရောင်းမယ် မရောင်းဘူးဆိုတာကတော့ သူ့အပေါ်မှာဘဲ မူတည်နေတာကိုး။ သူ့ရဲ့ဝမ်းကွဲတွေ တော်တော်များများကတော့ မွဲနေကြပြီ။ အရောင်းအဝယ်ဖြစ်ဖို့ကို မျှော်နေကြတာ။

သူ့မိန်းမ Elizabeth လွန်ခဲ့တဲ့ ၂၃ ရက်လောက်တုန်းက မော်တော်ဘုတ်စီးပြိုင်ပွဲတစ်ခုမှာ မတော်တဆ ခေါင်းထိပြီး မေ့သွားတယ်။ သူကြားလိုက်တဲ့အချိန် ဒီမြို့မှာ သူရှိမနေခဲ့ဘူး။ သူရောက်လာတဲ့ အချိန်မှသိရတာ သူ့မိန်းမ coma ဖြစ်သွားပြီ။ ပြန်ကောင်းလာနိုးနိုး စောင့်နေရင်း ခုဆိုဆေးရုံမှာ တစ်လတောင်ရှိတော့မယ်။

တကယ်တော့ သူနဲ့က အိမ်ထောင်ရေး အဲလောက်ထိ အဆင်ပြေခဲ့တာမဟုတ်ဘူးလေ။ အချင်းချင်း စကားမပြောတာတောင် လတော်တော်ကြာသွားပြီ။ အိမ်မှာ တစ်ချိန်လုံး ဆိုးသွမ်း ကလန်ကဆန်လုပ်နေလို့ အခြားကျွန်းပေါ်မှာ ကျောင်းသွားထားထားတဲ့ ၁၇နှစ်အရွယ် Alex ဆိုတဲ့ သမီးအကြီး တစ်ယောက်ရှိတယ်။

နောက်ဆုံးတစ်ခေါက် အိမ်ပြန်လာတုန်းက Alex နဲ့ Elizabeth တို့ ကိစ္စတစ်ခုကြောင့် အငြင်းအခုန်ဖြစ်ကြပြီး အမေနဲ့သမီး ဆက်ဆံရေးကလဲ အဆင်မပြေဘူး ဆိုပါတော့။ ပြီးတော့ ဆယ်နှစ်အရွယ်ဘဲရှိသေးတဲ့ သမီးငယ် Scottie၊ သူ့အပြုအမူတွေကလဲ နည်းနည်းဆိုးလာပြီ။

သူကိုင်တွယ် နိုင်ပါ့မလားမှန်းတောင် မရေရာတော့ဘူး။ အဲဒါလား သုခဘုံ…ခုဆို Elizabeth ရဲ့ဦးနှောက်က အလုပ်မလုပ်တော့ဘူး၊ မျောနေရုံဘဲ ရတော့မှာ ကောင်းလာဖို့ မရှိတော့ဘူး။ ဒါကြောင့် Alex ကျောင်းကနေ ပြန်သွားခေါ်လာ တော့တယ်။ အဲဒီမှာ Alex က တစ်ခုခုကို ဖွင့်ပြောလာတယ်။

သူနဲ့ သူ့အမေ ရန်ဖြစ်ခဲ့တဲ့ ကိစ္စလေ။ အမေ နောက်ယောကျ်ားတစ်ယောက်နဲ့ ရှုပ်နေတာတဲ့…Matt King အဖြစ် သရုပ်ဆောင်ခဲ့တဲ့ George Clooney ရဲ့ performance ဟာ လူတွေပါးစပ်ဖျားထဲကနေ ချလို့မကျခဲ့ပါဘူး။ ဘိုးစဉ်ဘောင်ဆက် ပိုင်ခဲ့တဲ့ မြေတွေကို ဝမ်းကွဲတွေရဲ့ ဆန္ဒအတွက်နဲ့ ရောင်းဖို့ မရောင်းဖို့ကလဲ ခေါင်းခဲနေရတယ်။

ကလန်ကဆန် သမီးနှစ်ယောက်နဲ့ ဆက်ဆံရေး မပြေလည်ရတဲ့ အထဲ သေခါနီးမိန်းမရဲ့ လျှို့ဝှက်ချက်တွေကို သိလိုက်ရသေးတယ်။ သဘာဝတရားရဲ့ တစ်စဆီ ဆုတ်ဖြဲတာကိုခံလိုက်တဲ့ မိသားစုရဲ့ အဖေတစ်ယောက်အနေနဲ့ စိတ်ထောင်းပေမယ့် ကိုယ်မကြေနေတဲ့ ဇာတ်ရုပ်ကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် သရုပ်ဆောင်နိုင်ခဲ့လို့ပါဘဲ။

အဲဒါကြောင့်လဲ OSCARS အပါအဝင် အခြားဆုပေးပွဲတွေမှာ အကောင်းဆုံး မင်းသားဆု ဆန်ကာတင်ခဲ့ပြီး Golden Globes မှာ ဆုတောင်ရခဲ့ပါတယ်။ပြီးတော့ Alex အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Shailone Woodley ရဲ့ performance ပါပဲ။

အဖေရဲ့ စွန့်ပစ်တာကို ခံခဲ့ရဖူးတဲ့၊ အမေရဲ့ သစ္စာဖောက်နေတာကိုလဲ မြင်ခဲ့ရတဲ့ ဒေါသထွက်ပြီး နာကျင်ဝမ်းနည်းနေရတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ရဲ့ စရိုက်နဲ့ တစ်ထပ်တည်းကျအောင် ချပြနိုင်ခဲ့တာကြောင့်လဲ ဝေဖန်ရေးတွေရော ပရိသတ်တွေပါ မချီးကျူးဘဲ မနေနိုင်ခဲ့ပါဘူး။

ဒီကားမှာ ပြောင်မြောက်လှတဲ့ သူ့ရဲ့ performance ကြောင့် နောက်ဇာတ်ကားတွေမှာ leading role ကို အချိန်တိုအတွင်း လျှောက်လှမ်းလာနိုင်ခဲ့တာပါ။ Golden Globes မှာ အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆုတောင်မှ ဆန်ကာတင်ပါခဲ့ပါသေးတယ်။

နောက်ခံ ဟာဝိုင်အီ တီးလုံးတွေနဲ့ သီချင်းတွေကလဲ ဇာတ်ကားထဲ မျှောနေစေမှာပါ။ဒါရိုက်တာ Alexander Payne ရဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲကတစ်ကားပါ။

ဒီဇာတ်ကားဟာ OSCARS မှာ အကောင်းဆုံး ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု၊ မင်းသားဆု နဲ့ တည်းဖြတ်ဆု ငါးဆုဆန်ကာတင် ပါခဲ့ပြီး ဇာတ်ညွှန်းဆုတစ်ဆုသာ ရသွားခဲ့တာပါ။ ၂၀၁၁ ရဲ့ Top Ten List တော်တော်များများမှာ ထိပ်ဆုံးတွေက ပြေးခဲ့ဖူးတာမို့ မြည်းကြည့်လိုက်ကြပါဦး။

Zawgyi

Matt King တို႔ မိသားစုဟာ သူတို႔ရဲ႕ ဘိုးစဥ္ေဘာင္ဆက္ ေတြကတည္းက ဒီဟာဝိုင္အီကြၽန္းေလးေပၚမွာဘဲ ေနလာခဲ့ၾကတာပါ။ အဲဒီ ဘိုးဘြားေတြဆီကေန အေမြရခဲ့တဲ့ Kauai ကြၽန္းေပၚက ေျမဧက ၂၅၀၀၀ ကို သူနဲ႔ သူ႔ရဲ႕ ဝမ္းကြဲညီကိုေတြ အားလုံးပိုင္ၾကတယ္။

သူက ေရွ႕ေန၊ အလုပ္နဲ႔ အကိုင္နဲ႔ဆိုေတာ့ ေငြေရးေၾကးေရးက အခက္အခဲ သိပ္မရွိဘူးေပါ့ဗ်ာ။ ကုန္းတြင္းအေမရိကားက သူ႔သူငယ္ခ်င္း ေတာ္ေတာ္မ်ားမ်ားကေတာ့ သူ႔ဘဝကို ဟာဝိုင္အီ သုခဘုံေလးမွာေနၿပီး ၿပီးျပည့္စုံတဲ့ ဘဝေလးလို႔ ထင္ေနၾကတာေပါ့။

စုေပါင္းအေမြရထားတဲ့ ဧက ၂၅၀၀၀ လုံးကို စီမံကိန္းတစ္ခု အေကာင္အထည္လာေဖာ္ဖို႔ ဝယ္မယ့္သူကလဲ အဆင္သင့္ရွိတယ္။ ေရာင္းမယ္ မေရာင္းဘူးဆိုတာကေတာ့ သူ႔အေပၚမွာဘဲ မူတည္ေနတာကိုး။ သူ႔ရဲ႕ဝမ္းကြဲေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ မြဲေနၾကၿပီ။ အေရာင္းအဝယ္ျဖစ္ဖို႔ကို ေမွ်ာ္ေနၾကတာ။

သူ႔မိန္းမ Elizabeth လြန္ခဲ့တဲ့ ၂၃ ရက္ေလာက္တုန္းက ေမာ္ေတာ္ဘုတ္စီးၿပိဳင္ပြဲတစ္ခုမွာ မေတာ္တဆ ေခါင္းထိၿပီး ေမ့သြားတယ္။ သူၾကားလိုက္တဲ့အခ်ိန္ ဒီၿမိဳ႕မွာ သူရွိမေနခဲ့ဘူး။ သူေရာက္လာတဲ့ အခ်ိန္မွသိရတာ သူ႔မိန္းမ coma ျဖစ္သြားၿပီ။ ျပန္ေကာင္းလာႏိုးႏိုး ေစာင့္ေနရင္း ခုဆိုေဆး႐ုံမွာ တစ္လေတာင္ရွိေတာ့မယ္။

တကယ္ေတာ့ သူနဲ႔က အိမ္ေထာင္ေရး အဲေလာက္ထိ အဆင္ေျပခဲ့တာမဟုတ္ဘူးေလ။ အခ်င္းခ်င္း စကားမေျပာတာေတာင္ လေတာ္ေတာ္ၾကာသြားၿပီ။ အိမ္မွာ တစ္ခ်ိန္လုံး ဆိုးသြမ္း ကလန္ကဆန္လုပ္ေနလို႔ အျခားကြၽန္းေပၚမွာ ေက်ာင္းသြားထားထားတဲ့ ၁၇ႏွစ္အ႐ြယ္ Alex ဆိုတဲ့ သမီးအႀကီး တစ္ေယာက္ရွိတယ္။

ေနာက္ဆုံးတစ္ေခါက္ အိမ္ျပန္လာတုန္းက Alex နဲ႔ Elizabeth တို႔ ကိစၥတစ္ခုေၾကာင့္ အျငင္းအခုန္ျဖစ္ၾကၿပီး အေမနဲ႔သမီး ဆက္ဆံေရးကလဲ အဆင္မေျပဘူး ဆိုပါေတာ့။ ၿပီးေတာ့ ဆယ္ႏွစ္အ႐ြယ္ဘဲရွိေသးတဲ့ သမီးငယ္ Scottie၊ သူ႔အျပဳအမူေတြကလဲ နည္းနည္းဆိုးလာၿပီ။

သူကိုင္တြယ္ ႏိုင္ပါ့မလားမွန္းေတာင္ မေရရာေတာ့ဘူး။ အဲဒါလား သုခဘုံ…ခုဆို Elizabeth ရဲ႕ဦးေႏွာက္က အလုပ္မလုပ္ေတာ့ဘူး၊ ေမ်ာေန႐ုံဘဲ ရေတာ့မွာ ေကာင္းလာဖို႔ မရွိေတာ့ဘူး။ ဒါေၾကာင့္ Alex ေက်ာင္းကေန ျပန္သြားေခၚလာ ေတာ့တယ္။ အဲဒီမွာ Alex က တစ္ခုခုကို ဖြင့္ေျပာလာတယ္။

သူနဲ႔ သူ႔အေမ ရန္ျဖစ္ခဲ့တဲ့ ကိစၥေလ။ အေမ ေနာက္ေယာက်္ားတစ္ေယာက္နဲ႔ ရႈပ္ေနတာတဲ့…Matt King အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ George Clooney ရဲ႕ performance ဟာ လူေတြပါးစပ္ဖ်ားထဲကေန ခ်လို႔မက်ခဲ့ပါဘူး။ ဘိုးစဥ္ေဘာင္ဆက္ ပိုင္ခဲ့တဲ့ ေျမေတြကို ဝမ္းကြဲေတြရဲ႕ ဆႏၵအတြက္နဲ႔ ေရာင္းဖို႔ မေရာင္းဖို႔ကလဲ ေခါင္းခဲေနရတယ္။

ကလန္ကဆန္ သမီးႏွစ္ေယာက္နဲ႔ ဆက္ဆံေရး မေျပလည္ရတဲ့ အထဲ ေသခါနီးမိန္းမရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြကို သိလိုက္ရေသးတယ္။ သဘာဝတရားရဲ႕ တစ္စဆီ ဆုတ္ၿဖဲတာကိုခံလိုက္တဲ့ မိသားစုရဲ႕ အေဖတစ္ေယာက္အေနနဲ႔ စိတ္ေထာင္းေပမယ့္ ကိုယ္မေၾကေနတဲ့ ဇာတ္႐ုပ္ကို ကြက္ကြက္ကြင္းကြင္း ျမင္သာေအာင္ သ႐ုပ္ေဆာင္ႏိုင္ခဲ့လို႔ပါဘဲ။

အဲဒါေၾကာင့္လဲ OSCARS အပါအဝင္ အျခားဆုေပးပြဲေတြမွာ အေကာင္းဆုံး မင္းသားဆု ဆန္ကာတင္ခဲ့ၿပီး Golden Globes မွာ ဆုေတာင္ရခဲ့ပါတယ္။ၿပီးေတာ့ Alex အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Shailone Woodley ရဲ႕ performance ပါပဲ။

အေဖရဲ႕ စြန႔္ပစ္တာကို ခံခဲ့ရဖူးတဲ့၊ အေမရဲ႕ သစၥာေဖာက္ေနတာကိုလဲ ျမင္ခဲ့ရတဲ့ ေဒါသထြက္ၿပီး နာက်င္ဝမ္းနည္းေနရတဲ့ ဆယ္ေက်ာ္သက္ ေကာင္မေလးတစ္ေယာက္ရဲ႕ စ႐ိုက္နဲ႔ တစ္ထပ္တည္းက်ေအာင္ ခ်ျပႏိုင္ခဲ့တာေၾကာင့္လဲ ေဝဖန္ေရးေတြေရာ ပရိသတ္ေတြပါ မခ်ီးက်ဴးဘဲ မေနႏိုင္ခဲ့ပါဘူး။

ဒီကားမွာ ေျပာင္ေျမာက္လွတဲ့ သူ႔ရဲ႕ performance ေၾကာင့္ ေနာက္ဇာတ္ကားေတြမွာ leading role ကို အခ်ိန္တိုအတြင္း ေလွ်ာက္လွမ္းလာႏိုင္ခဲ့တာပါ။ Golden Globes မွာ အေကာင္းဆုံး ဇာတ္ပို႔ မင္းသမီးဆုေတာင္မွ ဆန္ကာတင္ပါခဲ့ပါေသးတယ္။

ေနာက္ခံ ဟာဝိုင္အီ တီးလုံးေတြနဲ႔ သီခ်င္းေတြကလဲ ဇာတ္ကားထဲ ေမွ်ာေနေစမွာပါ။ဒါ႐ိုက္တာ Alexander Payne ရဲ႕ အေကာင္းဆုံး ဇာတ္ကားေတြထဲကတစ္ကားပါ။

ဒီဇာတ္ကားဟာ OSCARS မွာ အေကာင္းဆုံး ဇာတ္ကားဆု၊ ဒါ႐ိုက္တာဆု၊ ဇာတ္ၫႊန္းဆု၊ မင္းသားဆု နဲ႔ တည္းျဖတ္ဆု ငါးဆုဆန္ကာတင္ ပါခဲ့ၿပီး ဇာတ္ၫႊန္းဆုတစ္ဆုသာ ရသြားခဲ့တာပါ။ ၂၀၁၁ ရဲ႕ Top Ten List ေတာ္ေတာ္မ်ားမ်ားမွာ ထိပ္ဆုံးေတြက ေျပးခဲ့ဖူးတာမို႔ ျမည္းၾကည့္လိုက္ၾကပါဦး။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *