The Divine Move(2014)

17168
Share
Copy the link

မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ညတစ်ည….မိုးချိန်းသံတွေကိုဥပေက္ခာပြုပြီး အခန်းတစ်ခုအတွင်းမှာ လူ(၂)ယောက်ဂိုကစားနေကြတယ်…လောင်းကစားလောကဟာ တစ်ကွက်ကြိုမြင်သူ နှာတစ်ဖျားသာစမြဲမို့ ဘယ်သူမှမသိအောင် နောက်ခံကစားပေးတဲ့သူလည်း ကိုယ်စီရှိကြတယ်….

အင်္ကျီအနက်နဲ့လူကို နောက်ခံကစားပေးတဲ့သူကတော့ သူ့ရဲ့ညီအရင်းဖြစ်တဲ့ ထုတ်ဆုတ်ပါပဲ…သို့ပေမယ့် သူတို့ညီအကို(၂)ယောက်ကံမကောင်းခဲ့ဘူး…သူတို့ နောက်ခံကစားပေးတာကို တစ်ဖက်အဖွဲ့က သိသွားလို့ ညီအကို(၂)ယောက်လုံးအဖမ်းခံလိုက်ရတယ်…

ညီအကို(၂)ယောက်လုံး အားရအောင်နှိပ်စက်သွားတဲ့အပြင် အကိုဖြစ်သူကို လည်ပင်းကိုလှီးသတ်ခံလိုက်ရတယ်…ထယ်ဆုတ်အတွက် မျက်စိရှေ့တွင်ပင် အကိုဖြစ်သူသတ်ခံလိုက်ရတဲ့အပြင် မိမိကိုယ်တိုင်မှာလည်း လူသတ်သမားအဖွဲ့၏ ထောင်ချောက်ဆင်မှုကြောင့်အကိုဖြစ်သူအားသတ်မှုနဲ့ထောင်ကျသွားပါတော့တယ်…

ဒီနောက်ပိုင်းတော့ နာကျဉ်းမှုတွေပြည့်နှက်နေတဲ့ ထယ်ဆုတ်အတွက် ကျားနာတစ်ကောင်အသွင်သို့ပြောင်းသွားပါတော့တယ်…ဒီကားက ၂၀၁၄ခုနှစ်မှာထွက်ရှိပြီးတော့ ထယ်ဆုတ်အဖြစ် Woo-sung Jung ကသရုပ်ဆောင်ထားပါတယ်…

Cold eyes နဲ့ Steel Rain တို့ကိုကြည့်ဖူးရင် သူ့ကိုရင်းနှီးပြီးသားဖြစ်မှာပါ…အရပ် ၆ပေ ၁လက်မ ၊မျက်လုံးပေါက်မှေးကျဉ်းကျဉ်းနဲ့ ဒီမင်းသားကြီးဟာCold eyes ထဲမှာဆို ဘောပင်နဲ့ ဇွတ်ခနဲ ဇွတ်ခနဲ ထိုးသတ်တာကို ကျွန်တော်တို့သဘောကျခဲ့ကြတယ်..ပြောရရင် ဒီကားကတောင်ပိုတောင်ကြမ်းမယ်ထင်တယ်…

ဓားတိုတွေနဲ့ စွတ်ခနဲ လည်ပင်းကိုဖြတ်လှီးတာတွေမျက်နှာတွေမတွန့်ပဲ ဗိုက်တွေကို ဓားနဲ့ဇွတ်ခနဲထိုးတာတွေ တကယ့် အမိုက်စားအက်ရှင်ခန်းတွေနဲ့…..ဇာတ်လမ်း ဇာတ်အိမ်လည်းကောင်းသလိုအက်ရှင်ခန်းတွေထိုးသတ်ခန်းတွေမှာဆိုလည်း ကြည့်ရင်းအူတွေပါယားလာသလိုလိုဖြစ်မိလိမ့်မယ်…

ကိုင်းညွှန်းတာလည်း များပြီဆိုတော့ ထောင်ထဲမှာ သူဘယ်လိုကြိုးစားပြီး အကိုဖြစ်သူကိုသတ်သူ့ဘဝကိုပါစုတ်ပြတ်သွားအောင်လုပ်တဲ့သူတွေကို ဘယ်လိုလက်စားချေမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦးဗျို့….

Zawgyi

မိုးသည္းထန္စြာ ႐ြာသြန္းေနတဲ့ညတစ္ည….မိုးခ်ိန္းသံေတြကိုဥေပကၡာျပဳၿပီး အခန္းတစ္ခုအတြင္းမွာ လူ(၂)ေယာက္ဂိုကစားေနၾကတယ္…ေလာင္းကစားေလာကဟာ တစ္ကြက္ႀကိဳျမင္သူ ႏွာတစ္ဖ်ားသာစၿမဲမို႔ ဘယ္သူမွမသိေအာင္ ေနာက္ခံကစားေပးတဲ့သူလည္း ကိုယ္စီရွိၾကတယ္….

အက်ႌအနက္နဲ႔လူကို ေနာက္ခံကစားေပးတဲ့သူကေတာ့ သူ႔ရဲ႕ညီအရင္းျဖစ္တဲ့ ထုတ္ဆုတ္ပါပဲ…သို႔ေပမယ့္ သူတို႔ညီအကို(၂)ေယာက္ကံမေကာင္းခဲ့ဘူး…သူတို႔ ေနာက္ခံကစားေပးတာကို တစ္ဖက္အဖြဲ႕က သိသြားလို႔ ညီအကို(၂)ေယာက္လုံးအဖမ္းခံလိုက္ရတယ္…

ညီအကို(၂)ေယာက္လုံး အားရေအာင္ႏွိပ္စက္သြားတဲ့အျပင္ အကိုျဖစ္သူကို လည္ပင္းကိုလွီးသတ္ခံလိုက္ရတယ္…ထယ္ဆုတ္အတြက္ မ်က္စိေရွ႕တြင္ပင္ အကိုျဖစ္သူသတ္ခံလိုက္ရတဲ့အျပင္ မိမိကိုယ္တိုင္မွာလည္း လူသတ္သမားအဖြဲ႕၏ ေထာင္ေခ်ာက္ဆင္မႈေၾကာင့္အကိုျဖစ္သူအားသတ္မႈနဲ႔ေထာင္က်သြားပါေတာ့တယ္…

ဒီေနာက္ပိုင္းေတာ့ နာက်ဥ္းမႈေတြျပည့္ႏွက္ေနတဲ့ ထယ္ဆုတ္အတြက္ က်ားနာတစ္ေကာင္အသြင္သို႔ေျပာင္းသြားပါေတာ့တယ္…ဒီကားက ၂၀၁၄ခုႏွစ္မွာထြက္ရွိၿပီးေတာ့ ထယ္ဆုတ္အျဖစ္ Woo-sung Jung ကသ႐ုပ္ေဆာင္ထားပါတယ္…

Cold eyes နဲ႔ Steel Rain တို႔ကိုၾကည့္ဖူးရင္ သူ႔ကိုရင္းႏွီးၿပီးသားျဖစ္မွာပါ…အရပ္ ၆ေပ ၁လက္မ ၊မ်က္လုံးေပါက္ေမွးက်ဥ္းက်ဥ္းနဲ႔ ဒီမင္းသားႀကီးဟာCold eyes ထဲမွာဆို ေဘာပင္နဲ႔ ဇြတ္ခနဲ ဇြတ္ခနဲ ထိုးသတ္တာကို ကြၽန္ေတာ္တို႔သေဘာက်ခဲ့ၾကတယ္..ေျပာရရင္ ဒီကားကေတာင္ပိုေတာင္ၾကမ္းမယ္ထင္တယ္…

ဓားတိုေတြနဲ႔ စြတ္ခနဲ လည္ပင္းကိုျဖတ္လွီးတာေတြမ်က္ႏွာေတြမတြန႔္ပဲ ဗိုက္ေတြကို ဓားနဲ႔ဇြတ္ခနဲထိုးတာေတြ တကယ့္ အမိုက္စားအက္ရွင္ခန္းေတြနဲ႔…..ဇာတ္လမ္း ဇာတ္အိမ္လည္းေကာင္းသလိုအက္ရွင္ခန္းေတြထိုးသတ္ခန္းေတြမွာဆိုလည္း ၾကည့္ရင္းအူေတြပါယားလာသလိုလိုျဖစ္မိလိမ့္မယ္…

ကိုင္းၫႊန္းတာလည္း မ်ားၿပီဆိုေတာ့ ေထာင္ထဲမွာ သူဘယ္လိုႀကိဳးစားၿပီး အကိုျဖစ္သူကိုသတ္သူ႔ဘဝကိုပါစုတ္ျပတ္သြားေအာင္လုပ္တဲ့သူေတြကို ဘယ္လိုလက္စားေခ်မလဲဆိုတာကိုေတာ့ခံစားၾကည့္လိုက္ပါဦးဗ်ိဳ႕….

(Direct Link) Large Size ~ Download

(Up Stream) Large Size ~ Download

(Users Drive) Large Size ~ Download

(Megaup.net) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *