The Fatal Raid
12382


ဟောင်ကောင်ကနေ မက္ကာအိုကို လက်နက်မှောင်လိုပို့တဲ့ကားတစီးနောက်ကို လိုက်နေကြတဲ့ ရဲကားနှစ်စီး တစီးမှာက ရဲတွေ တစီးမှာက ရဲမေတွေ။သူတို့ထင်ထားတာက ခါတိုင်းလို ပုံမှန်စစ်ဆင်ရေးလေးတခု။ ဟောင်ကောင်နယ်မြေကိုကျော်ပြီး မက္ကာအိုရောက်သွားပေမယ့် မဖြစ်မနေလိုက်ဖမ်းဖို့အထက်က အမိန့်ပေးလာခဲ့တယ်။
ရဲတွေလိုက်ပြီး ပုံမှန်လိုဖမ်းလို့ရမယ် ထင်ထားခဲ့ကြတယ်။ဒါပေမယ့် ထင်ထားသလိုမဟုတ်ပဲ မှောင်ခိုပို့တဲ့သူတွေက အပြင်းအထန်ခုခံတဲ့အခါမှာတော့ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ကြပြီး အသေအပျောက်တွေ ရှိလာခဲ့တယ်။ အထက်ကလည်း လျှို့ဝှက်စစ်ဆင်ရေးဖြစ်တာကြောင့် ဘယ်သူ့ကိုမှ အသိမခံခဲ့ဘူး။အဲဒီစစ်ဆင်ရေးမှာ သေဆုံးခဲ့ရသူတွေကိုလည်း အသိမှတ်မပြုခဲ့ဘူး။ ဟောင်ကောင်ရဲဌာနမှာ ရဲမှူးချုပ်ဖြစ်နေပြီ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀တုန်းက မက္ကာအိုမှာ ဖြစ်ခဲ့တဲ့စစ်ဆင်ရေးတခုရဲ့အရိပ်အောက်က မလွတ်မြောက်နိုင်ဖြစ်နေရတဲ့ ရဲမှူးရယ်။ အဲဒီတုန်းက အတူရှင်သန်လွတ်မြောက်ခဲ့တဲ့ ရဲမေတယောက်ရယ်က မက္ကာအိုက အဆင့်မြင့်အရာရှိတွေ့ဆုံပွဲတခုကို တက်ရောက်ဖို့ အကြောင်းဖန်လာခဲ့တယ်။
သူတို့နဲ့အတူ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့က ရဲမေလေးတယောက်ရယ် ရဲဌာနက ရဲမေတယောက်ရယ်က လက်ထောက်ရဲမင်းကြီးကို စောင့်ရှောက်ရင်း သွားရဖို့ဖြစ်လာခဲ့တယ်။ မက္ကာအိုမှာ သူတို့ ဘာတွေဖြစ်မှာလဲ သူတို့ရဲ့အတိတ်ကရော ဘယ်လိုတွေ ပါဝင်ပတ်သက်လာမှာလဲ ဆိုတာကို အပစ်အခတ်တွေကြားမှာ ကြည့်ရမယ့်ဟောင်ကောင် အက်ရှင် ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
(Megaup.net) Large Size ~ Download
(Uptobox) Large Size ~ Download
(Yoteshin) Large Size ~ Download