The First Purge (2018)

14969
Share
Copy the link

ဒီဇာတ်ကားက The Purge ဇာတ်ကားတွေရဲ့ မူလအစ Prequel ကားတစ်ကားပဲဖြစ်ပါတယ်။The Purge ကားတွေကိုတော့ မြန်မာပရိသတ်တွေသိပ်ပြီးစိမ်းကြမယ်မထင်လို့ အထူးတလည်မိတ်ဆက်ပေးမနေတော့ပါဘူး။

ဒီဇာတ်ကားမှာတော့ ရှေ့ကထွက်ခဲ့တဲ့ဇာတ်ကားတွေထဲက Purge လို့ခေါ်တဲ့ပွဲကြီး ဘယ်လိုဖြစ်တည်လာလဲဆိုတာကို ပြသထားပါတယ်။ဒီဇာတ်လမ်းကိုရေးသားသူကတော့ ရှေ့ကားတွေကို ကိုယ်တိုင်ရေးပြီးကိုယ်တိုင်ရိုက်ခဲ့တဲ့ James Demonaco ဖြစ်ပြီး ကိုယ်တိုင်ရိုက်ကူးလိုစိတ်မရှိတာကြောင့် Gerard McMurray ဆိုတဲ့ဒါရိုက်တာကိုရိုက်ကူးခွင့်ပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ လူဦးရေအရမ်းကိုအဆမတန်ထူထပ်များပြားလာတာကြောင့် စီးပွားပျက်ကပ်ဆိုက်နေတဲ့အခြေအနေကိုရောက်ရှိလာပါတယ်။အာဏာပိုင်တွေအနေနဲ့ ထိုပြဿနာကြီးကို ကိုယ်တွယ်ရာမှာ တိုးတက်ကောင်းမွန်လာတယ်လို့မရှိဘဲ ကြာလာတာနဲ့ ကြွေးမြှီတွေက လည်ပင်းအထိနစ်လာပါတော့တယ်။

အဲဒီလိုကြံရာမရဖြစ်နေတဲ့အဆုံး နောက်ဆုံးနည်းကိုထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီနောက်ဆုံးနည်းဆိုတာကတော့ လူဦးရေကိုလျှော့ချပစ်တဲ့နည်းပါ။Purge လို့လူအများခေါ်တွင်ကြတဲ့နည်းလမ်းကိုသုံးပြီး လူဦးရေကိုလျှော့ချပစ်တာပဲဖြစ်ပါတယ်။

Purge ဆိုတာကတော့ သတ်မှတ်ထားတဲ့ညတစ်ညမှာ ကြိုက်တဲ့ရာဇဝတ်မှုကို ကြိုက်သလိုကျူးလွန်နိုင်တဲ့ပွဲကြီးပါပဲ။အဲဒီပွဲကြီးကိုအခွင့်ကောင်းယူပြီး လူသတ်ပြီး လုယက်ကြမယ့်လူတွေကလည်း မနည်းပါဘူး။အာဏာပိုင်တွေကတော့ အဲဒီပွဲကိုကိုယ်တိုင်ဦးစီးပြီး တရားဝင်အဖြစ်ကြေငြာထားပါတယ်။

အဲဒီဒဏ်ကိုပထမဆုံးခံရတာကတော့ Staten Island လို့ခေါ်တဲ့ အခြေခံလူတန်းစားတွေနဲ့ လူမည်းတွေအများစုနေထိုင်တဲ့ မြို့ပါပဲ။

အစိုးရကိုယ်တိုင်က လူဦးရေလျှော့ချချင်တဲ့အကြံကြီးနဲ့ မင်းမဲ့တိုင်းပြည်လို လူကြိုက်သလောက်သတ် ကြိုက်တာလုပ်ခွင့်ပေးထားတဲ့တစ်ညတာကို အဲဒီမြို့လေးရှင်သန်နိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Zawgyi

ဒီဇာတ္ကားက The Purge ဇာတ္ကားေတြရဲ႕ မူလအစ Prequel ကားတစ္ကားပဲျဖစ္ပါတယ္။The Purge ကားေတြကိုေတာ့ ျမန္မာပရိသတ္ေတြသိပ္ၿပီးစိမ္းၾကမယ္မထင္လို႔ အထူးတလည္မိတ္ဆက္ေပးမေနေတာ့ပါဘူး။

ဒီဇာတ္ကားမွာေတာ့ ေရွ႕ကထြက္ခဲ့တဲ့ဇာတ္ကားေတြထဲက Purge လို႔ေခၚတဲ့ပြဲႀကီး ဘယ္လိုျဖစ္တည္လာလဲဆိုတာကို ျပသထားပါတယ္။ဒီဇာတ္လမ္းကိုေရးသားသူကေတာ့ ေရွ႕ကားေတြကို ကိုယ္တိုင္ေရးၿပီးကိုယ္တိုင္႐ိုက္ခဲ့တဲ့ James Demonaco ျဖစ္ၿပီး ကိုယ္တိုင္႐ိုက္ကူးလိုစိတ္မရွိတာေၾကာင့္ Gerard McMurray ဆိုတဲ့ဒါ႐ိုက္တာကို႐ိုက္ကူးခြင့္ေပးခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံဟာ လူဦးေရအရမ္းကိုအဆမတန္ထူထပ္မ်ားျပားလာတာေၾကာင့္ စီးပြားပ်က္ကပ္ဆိုက္ေနတဲ့အေျခအေနကိုေရာက္ရွိလာပါတယ္။အာဏာပိုင္ေတြအေနနဲ႔ ထိုျပႆနာႀကီးကို ကိုယ္တြယ္ရာမွာ တိုးတက္ေကာင္းမြန္လာတယ္လို႔မရွိဘဲ ၾကာလာတာနဲ႔ ေႂကြးျမႇီေတြက လည္ပင္းအထိနစ္လာပါေတာ့တယ္။

အဲဒီလိုႀကံရာမရျဖစ္ေနတဲ့အဆုံး ေနာက္ဆုံးနည္းကိုထုတ္သုံးဖို႔ဆုံးျဖတ္လိုက္ပါေတာ့တယ္။အဲဒီေနာက္ဆုံးနည္းဆိုတာကေတာ့ လူဦးေရကိုေလွ်ာ့ခ်ပစ္တဲ့နည္းပါ။Purge လို႔လူအမ်ားေခၚတြင္ၾကတဲ့နည္းလမ္းကိုသုံးၿပီး လူဦးေရကိုေလွ်ာ့ခ်ပစ္တာပဲျဖစ္ပါတယ္။

Purge ဆိုတာကေတာ့ သတ္မွတ္ထားတဲ့ညတစ္ညမွာ ႀကိဳက္တဲ့ရာဇဝတ္မႈကို ႀကိဳက္သလိုက်ဴးလြန္ႏိုင္တဲ့ပြဲႀကီးပါပဲ။အဲဒီပြဲႀကီးကိုအခြင့္ေကာင္းယူၿပီး လူသတ္ၿပီး လုယက္ၾကမယ့္လူေတြကလည္း မနည္းပါဘူး။အာဏာပိုင္ေတြကေတာ့ အဲဒီပြဲကိုကိုယ္တိုင္ဦးစီးၿပီး တရားဝင္အျဖစ္ေၾကျငာထားပါတယ္။

အဲဒီဒဏ္ကိုပထမဆုံးခံရတာကေတာ့ Staten Island လို႔ေခၚတဲ့ အေျခခံလူတန္းစားေတြနဲ႔ လူမည္းေတြအမ်ားစုေနထိုင္တဲ့ ၿမိဳ႕ပါပဲ။

အစိုးရကိုယ္တိုင္က လူဦးေရေလွ်ာ့ခ်ခ်င္တဲ့အႀကံႀကီးနဲ႔ မင္းမဲ့တိုင္းျပည္လို လူႀကိဳက္သေလာက္သတ္ ႀကိဳက္တာလုပ္ခြင့္ေပးထားတဲ့တစ္ညတာကို အဲဒီၿမိဳ႕ေလးရွင္သန္ႏိုင္ပါ့မလားဆိုတာ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ရာ ၾကည့္ရႈရမွာပဲျဖစ္ပါတယ္။

megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *