The Gandhi Murder (2019)
17587၂၀၁၉ ခုနစ်ထွက် Historical/ Political ဇာတ်ကာဒချစ်သူတွေအတွက် A Must Watch ဇာတ်ကားတစ်ကားဖြစ်ပါတယ်….ကိုယ်နှုတ်နှလုံးသုံးပါးစလုံး ထပ်တူကျနေရင် ဒါဟာပျော်ရွှင်မှုပဲ အားနည်းတဲ့သူတွေဟာ ခွင့်မလွှတ်နိုင်ကြဘူး ခွင့်လွှတ်ခြင်းဆိုတာသန်မာတဲ့လူတွေပဲ ပိုင်ဆိုင်တဲ့အရည်အချင်းတစ်ခုဖြစ်တယ်လို့ မဟတ္တမဂန်ဒီက မိန့်ဆိုခဲ့ဖူးပါတယ်။
အကြမ်းမဖက်ရေးလမ်းစဉ်သမား မေတ္တာရှင်ကြီး မဟတ္တမဟာ ၁၉၄၈ ခုနစ် ဇန်နဝါရီလ ၃၀ ရက်နေ့ နယူးဒေလီမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ ဂန္ဒီရဲ့အမြင်ကိုရိုက်ကူးထားတာမဟုတ်ပဲ လက်တွေ့ဘဝမှာရှိခဲ့တဲ့ ရဲအရာရှိသုံးယောက်ရဲ့အမြင်ကို ဝိရောဓိဆန်ဆန် မှီငြမ်းရိုက်ကူးထားတာဖြစ်ကြောင်း သတိချပ်စေချင်ပါတယ်။
အခြေတည်ထားတာက ဂန္ဒီလုပ်ကြံမခံရမီ အိန္ဒိနိုင်ငံ ပူပူနွေးနွေး လွတ်လပ်ရေးရပြီးကာစ ကာလမှာဖြစ်ပါတယ်…ပြည်တွင်းစစ်ဖြစ်လာတော့မှာ ကျိန်းသေသလောက်ဖြစ်နေပြီး အမျိုးဘာသာဂိုဏ်းကွဲ အစွန်းရောက်တွေကြောင့် နိုင်ငံဟာချောက်ထဲကျလုကျခင်အခြေအနေဖြစ်နေပါတယ်….
ပါကစ္စတန်က ငွေကြေးထောက်ပံ့ဖို့ ကို ပယ်ချခံရတဲ့ကိစ္စအတွက် ဂန္ဒီဟာ အစာငတ်ခံဆန္ဒပြခဲ့တာကြောင့် ဟိန္ဒူပါတီဝင်တွေကမကျေမနပ်ဖြစ်ပြီး လုပ်ကြံဖို့ကြံစည်နေကြပါတယ်….အဲဒါကို ဘုံဘေရဲတပ်ဖွဲ့ဝင် ဒီစီပီဂျင်မီနဲ့ ဒီအိုင်ဂျီရေနာတို့က ကြိုတင်သတင်းရထားခဲ့ပေမယ့် သူတို့ရဲ့ ရွေးချယ်မှုက ဘာဖြစ်မလဲဆိုတာကို…
ဘာသာရေးမှိုင်းတိုက်လွှမ်းမိုးမှုတွေ ကင်းစင်တဲ့အိန္ဒိယနိုင်ငံ ရုပ်လုံးပေါ်လာအောင် ဘယ်လိုစတေးမှုတွေ အနစ်နာခံမှုတွေလုပ်ခဲ့ကြရသလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားစေချင်ပါတယ်…
Zawgyi
၂၀၁၉ ခုနစ္ထြက္ Historical/ Political ဇာတ္ကာဒခ်စ္သူေတြအတြက္ A Must Watch ဇာတ္ကားတစ္ကားျဖစ္ပါတယ္….ကိုယ္ႏႈတ္ႏွလုံးသုံးပါးစလုံး ထပ္တူက်ေနရင္ ဒါဟာေပ်ာ္႐ႊင္မႈပဲ အားနည္းတဲ့သူေတြဟာ ခြင့္မလႊတ္ႏိုင္ၾကဘူး ခြင့္လႊတ္ျခင္းဆိုတာသန္မာတဲ့လူေတြပဲ ပိုင္ဆိုင္တဲ့အရည္အခ်င္းတစ္ခုျဖစ္တယ္လို႔ မဟတၱမဂန္ဒီက မိန႔္ဆိုခဲ့ဖူးပါတယ္။
အၾကမ္းမဖက္ေရးလမ္းစဥ္သမား ေမတၱာရွင္ႀကီး မဟတၱမဟာ ၁၉၄၈ ခုနစ္ ဇန္နဝါရီလ ၃၀ ရက္ေန႔ နယူးေဒလီမွာ လုပ္ႀကံသတ္ျဖတ္ခံခဲ့ရပါတယ္။ ဒီဇာတ္ကားဟာ ဂႏၵီရဲ႕အျမင္ကို႐ိုက္ကူးထားတာမဟုတ္ပဲ လက္ေတြ႕ဘဝမွာရွိခဲ့တဲ့ ရဲအရာရွိသုံးေယာက္ရဲ႕အျမင္ကို ဝိေရာဓိဆန္ဆန္ မွီျငမ္း႐ိုက္ကူးထားတာျဖစ္ေၾကာင္း သတိခ်ပ္ေစခ်င္ပါတယ္။
အေျခတည္ထားတာက ဂႏၵီလုပ္ႀကံမခံရမီ အိႏၵိႏိုင္ငံ ပူပူေႏြးေႏြး လြတ္လပ္ေရးရၿပီးကာစ ကာလမွာျဖစ္ပါတယ္…ျပည္တြင္းစစ္ျဖစ္လာေတာ့မွာ က်ိန္းေသသေလာက္ျဖစ္ေနၿပီး အမ်ိဳးဘာသာဂိုဏ္းကြဲ အစြန္းေရာက္ေတြေၾကာင့္ ႏိုင္ငံဟာေခ်ာက္ထဲက်လုက်ခင္အေျခအေနျဖစ္ေနပါတယ္….
ပါကစၥတန္က ေငြေၾကးေထာက္ပံ့ဖို႔ ကို ပယ္ခ်ခံရတဲ့ကိစၥအတြက္ ဂႏၵီဟာ အစာငတ္ခံဆႏၵျပခဲ့တာေၾကာင့္ ဟိႏၵဴပါတီဝင္ေတြကမေက်မနပ္ျဖစ္ၿပီး လုပ္ႀကံဖို႔ႀကံစည္ေနၾကပါတယ္….အဲဒါကို ဘုံေဘရဲတပ္ဖြဲ႕ဝင္ ဒီစီပီဂ်င္မီနဲ႔ ဒီအိုင္ဂ်ီေရနာတို႔က ႀကိဳတင္သတင္းရထားခဲ့ေပမယ့္ သူတို႔ရဲ႕ ေ႐ြးခ်ယ္မႈက ဘာျဖစ္မလဲဆိုတာကို…
ဘာသာေရးမႈိင္းတိုက္လႊမ္းမိုးမႈေတြ ကင္းစင္တဲ့အိႏၵိယႏိုင္ငံ ႐ုပ္လုံးေပၚလာေအာင္ ဘယ္လိုစေတးမႈေတြ အနစ္နာခံမႈေတြလုပ္ခဲ့ၾကရသလဲဆိုတာကို ကိုယ္တိုင္ၾကည့္ရႈခံစားေစခ်င္ပါတယ္…


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Up Stream) Large Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download