The Ghost Resort (2021)

17208
Share
Copy the link

ကျွန်တော်တို့ငယ်ငယ်တုန်းက လမ်းတစ်လမ်းဖောက်ဖို့ အဆောက်အဦပြောင်းဖို့သင်္ချိုင်းရွေ့တယ်တို့ သင်္ချိုင်းပြောင်းတယ်တို့ခဏခဏကြားဖူးကြတယ်မလားခွင့်တောင်းပြီးရွေ့ရတဲ့အခါ ကားထဲခေါ်တင်ပြီးပြောင်းရွေ့ပေးရတာတွေလေအခုလည်း ရှိချင်ရှိမှာပါ

ဒါပေမယ့်ငယ်ငယ်တုန်းကတော့ဒီလိုပြောင်းရွေ့မှုရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေကြားရတာနဲ့တင်ကြက်သီးမွှေးညှင်းတွေ ထခဲ့ကြရတာပေါ့ဗျာခေတ်ကာလတွေကူးပြောင်းလာတော့ ဒီခေတ်ကြီးထဲမယ်သရဲတစ္ဆေတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့ငယ်ငယ်တုန်းကလောက်အစွဲအလမ်းမရှိကြတော့တာကတော့ သေချာတယ်ဗျ

ဒါပေမယ့် သုသာန်မြေကိုတစ်ခုခုလုပ်ဖို့ဖယ်ရှားရတဲ့အချိန်မှာတော့ရှေးဟောင်းအယူအဆတွေက မပစ်ပယ်ကောင်းပါဘူးရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့ စကားတောင်ရှိသေးတယ်မို့လားဒီဇာတ်ကားက ကျွန်တော်အပေါ်ကပြောထားသလိုပဲသုသာန်မြေကိုမှ ခွင့်မတောင်းဘဲပိုင်နက်ကျူးလွန်မိတဲ့အခါ ဖြစ်လာတဲ့နောက်ဆက်တွဲပြသနာပေါ့ဗျာ

ဇာတ်လမ်းက နည်းနည်းတော့ drama,thriller အမျိုးအစားဆိုပေမယ့် ဟာသဘက်လည်းနည်းနည်းရောက်တယ်ဗျချစ်သူနှစ်ဦးအပြင် အကြောင်းကြောင်းကြောင့်တစ်နေရာထဲလာဆုံကြရမယ့်လူတွေရဲ့ကံကြမ္မာအလှည့်အပြောင်းကို ကြည့်ရမှာTamil thriller ငတ်နေတဲ့သူတွေအဖို့တော့သိပ်မဆိုးလှတဲ့ ဇာတ်ကားလို့ပြောပါရစေ

Zawgyi





megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *