The Girl on the Train (2016)

5
Share
Copy the link

‘ ငါ့အမျိုးသားက ငါ့ကိုအမြဲတမ်းစိတ်ကူးယဉ်တယ်လို့ပြောတတ်တယ်ငါမတတ်နိုင်ဘူးလေ ငါဆိုလိုချင်တာက မင်းဟာရထားစီးနေရင်းနဲ့ ရထားလမ်းဘေးကလူတွေရဲ့ ဘဝကဘယ်လိုလဲဆိုတာ စဉ်းစားကြည့်ဖူးလား???မင်းမနေဖူးတဲ့ဘဝမျိုးတွေလေ အဲ့ဒါတွေက ငါသိချင်နေတဲ့အကြောင်းတွေပဲ’Emily Bluntရဲ့ 2016နှစ်ကုန်နီးကမှထွက်တဲ့ DVDလေးအကြောင်း လက်တို့ပါရစေ။

ဒီ Movieကို ကျွန်တော့်ဖေးဗရိတ်ထဲကျွန်တော်ထည့်လိုက်ပါတယ်။ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကတော့ အကြိုက်ခြင်းမတူနိုင်ပါဘူး။ ဒီ Movieဟာ ခံစားသူအပေါ်မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုးထွက်နိုင်ပါတယ်။မူရင်းစာရေးဆရာရည်ညွှန်းတာကတော Thrillerပါ။

Paula Hawkinရဲ့ အရောင်းရဆုံးစာအုပ် That Shocked The Worldကို ပြန်ရိုက်တာပါ။ DVDကာဗာမှာ Entertainment Weekly က ‘ The Darkest,Sexiest,Most Daring Thriller of the Year.’လို့ညွှန်းတာကို ဖော်ပြထားပါတယ်။ဒီmovieမှာက ဇာတ်ကောင်အများကြီးမပါပါဘူး။

6ယောက်ပဲပါတယ်။ အဲ့ ဇာတ်ကောင် 6ယောက်ရဲ့ ပတ်သတ်မှုတွေကို တစ်ခန်းခြင်းဆီ ပြီးတော့ အချိန်တွေ လတွေနဲ့ပါ ခွဲပြီးရိုက်ပြထားပါတယ်။ ဇာတ်ရည်မလည်ခင်ထိ အတော်အားစိုက်ကြည့်ယူရပါတယ်။ အစပိုင်းက အနည်းငယ်ပျင်းစရာကောင်းပါတယ်။

တစ်ဝက်လောက်လဲရောက်ရော ဘာဆက်ဖြစ်မလဲ ဘာဆက်ဖြစ်မလဲဆိုတဲ့ထိ စိတ်ဝင်စားစရာကောင်းပါတယ်။အဓိကကဇာတ်ကောင်က ရေချယ်(Emily Blunt)ပါ။သူဟာအထီးကျန်ပြီး အရက်စွဲနေတဲ့ တစ်ခုလပ်ပါ။ ယောကျာၤးဖြစ်သူနဲ့လည်း ကွာရှင်းထားပါတယ်။

ယောင်္ကျားနဲ့ကွာရှင်းရတဲ့ အကြောင်းက သူ့မှာကိုယ်ဝန်မရနိုင်တော့လို့ပါ။ အဲ့မှာပဲ သူမဟာ အရက်တွေအလွန်အကျွံသောက်တတ်လာတယ်။အမူးလွန်ပြီးရင် လုပ်မိလုပ်ရာလုပ်တတ်တယ်။မနက်မိုးလင်းရင် ဘာမှမမှတ်မိတော့ဘူး။သူမဟာ သူနေတဲ့နေရာကနေ နယူးယောက်ထိ နေတိုင်းရထားစီးပါတယ်။

ဘာကြောင့်လဲဆိုတော့ သူမဟာ အလုပ်မရှိလို့ပါ။ သူမအလုပ်ပြုတ်ခဲ့တာကို သူမကပ်နေရတဲ့အိမ်ကသူငယ်ချင်းမသိအောင် နေတိုင်းအပြင်ထွက်ပြနေတာပါ။ဘာကြောင့်လဲဆိုတော့ အလုပ်မရှိရင် အိမ်လခမပေးနိုင်တာကို သူငယ်ချင်းကိုမသိစေချင်တာပါ။ အထီးကျန်နေတာလည်းပါပါတယ်။

ရထားစီးနေရင်းနဲ့ အရမ်းလိုက်ဖက်တဲ့ စုံတွဲ ရိုမန်တစ်ဆန်တဲ့စုံတွဲကို သူမတွေ့လိုက်ရပါတယ်။ အဲ့ဘဝဟာ ရေချယ်အရမ်းလိုချင်ပြီး မရခဲ့တဲ့ဘဝမျိုးပါ။အဲ့ကောင်မလေးကို သူမ မသိပေမယ့် သူမရဲ့စိတ်ထဲမှာသိပါလိုက်ပြီး အမျိုးပုံဖော်ကြည့်နေမိပါတယ်။

တစ်ရက်ကြတော့ အဲ့ကောင်မလေးဟာ တခြားအမျိုးသားတစ်ဦးနဲ့ နမ်းနေတာကို ရေချယ်တွေ့လိုက်တယ်။ သူမအရမ်းဒေါသတွေထွက်သွားတယ်။ သူ့စံပြဟာ ဒီလိုဖောက်ပြန်ရသလားဆိုပြ သွားသတ်မယ်စိတ်ကူးပါတယ်။ မူးလည်းအရမ်းမူးနေပါတယ်။ သတ်မယ်ဆိုပြီး ရထားပေါ်ကဆင်းတယ်။

သူမ အိပ်ယာနိုးလာတော့ သူမမှာဒဏ်ရာတွေ သွေးတွေနဲ့ ဒါပေမယ့် ဘာမှ မမှတ်မိတော့ပါဘူး။ အဲ့ကောင်မလေးကတော့ပျောက်သွားခဲ့တယ်။အဲ့ကောင်မလေးနာမည်က မီဂန်သူမဟာ ဆယ်ကျော်သက်လေး ပုန်ကန်ချင်တဲ့စိတ်ရှိတဲ့ကောင်မလေး။ ပြီးတော့ စိတ်မှာဒဏ်ရာတွေအများကြီးရဖူးတယ်။

ဒါမို့ သူမဟာ စိတ်ရောဂါဆရာဝန်နဲ့ စိတ်ရောကုထုံးတွေပြလေ့ရှိတယ်။ ဆရာဝန်နဲ့တိုင်ပင်လေ့ရှိတယ်။သူ့ကိုယ်သူ မိန်းမပျက်လို့ထင်လေ့ရှိတယ်။ 17နှစ်က အစ်ကိုရဲ့သူငယ်ချင်း Macနဲ့ ကိုယ်ဝန်ဖူးတယ်။ အဲ့ကလေးကို သူမရဲ့နမော်နမဲ့နိုင်မှုကြောင့် သတ်မိသလိုဖြစ်သွားတယ်။ အဲ့မှာပဲ Macက သူမကို စွန့်ခွာသွားတယ်။

သူမဟာပြောတယ်’ လိမ်တယ်ဆိုတာဟာ ခရီးထွက်နေရသလိုပဲတဲ့’ ။ ပြီးတော့ ‘ သူတို့ကဘယ်သူတွေဆိုတာအရေးမပါဘူးတဲ့ သူတို့ငါကို ဘယ်လိုခံစားရအောင်လုပ်လဲပဲ အရေးပါတာတဲ့ ကိုယ့်ကိုယ်ကို အာသာဖြေဖျောက်ရသလိုပဲတဲ့ အခြားဘယ်သူမှ မသိဘူးတဲ့ ဒါမို သူမဟာ များများလိမ်ပြီး ဟန်ဆောင်တတ်လာတယ်တဲ့ ‘ အဲ့လို အတွေးတွေရှိတဲ့ ဆယ်ကျော်သက်တစ်ယောက်ပါ။

သူမကိုကုသပေးနေတဲ့ ဆရာဝန်နဲ့ လိင်ဆက်ဆံဖို့ကြိုးစားကြည့်တယ်။ သူမပျောက်သွားတော့ ရဲတွေက ဆရာဝန်ကို သံသယဝင်တယ်။နောက်တစ်ယောက်က ‘ အန်နာ ‘
အန်နာဟာ ရေချယ်အမျိုးသားဟောင်းရဲ့ နောက်အိမ်ထောင်။

သူမဟာ ရေချယ်မရခဲ့တဲ့ ကလေးကိုရခဲ့ပြီး ရေချယ့်ခင်ပွန်းဟောင်းနဲ့ သာယာတဲ့ မိသားစုလေးကို တည်ထောင်နိုင်ခဲ့တယ်။ရေချယ်အရက်မူးပြီးသူတို့ကလေးကို ခေါ်သွားဖူးတယ်။တကယ်တော့ ရေချယ်ဟာ ကလေးမရလို့ ကလေးကိုချီကြည့်ချင်ရုံလေးပါ။

အန်တာက အဲ့လို့မထင်ဘူး သူမရဲ့ကလေးကို လာသတ်တယ်ပဲထင်တာ။ အဲ့အတွက် ရေချယ်ကို သူမမုန်းတယ်။ ထူးဆန်းတာက ‘ မီဂန် ‘က အန်နာတို့အိမ်က ကလေးထိန်းဖြစ်နေတယ်။ ဒါပေမယ့် ‘ မီဂန် ‘ဟာ ကလေးထိန်းအလုပ်ကို မုန်းတယ်။

Scottသူက မီဂန်ရဲ့ ယောကျာၤး သူဟာ ကလေးလိုချင်ပြီး မီဂန်ကို သဝန်တိုတတ်တယ်။ မီဂန်ဟာ သူမကို ကုသပေးနေတဲ့ စိတ်ရောဂါဆရာဝန်နဲ့ ဖောက်ပြန်နေတယ်လို့ ထင်နေတယ်။ မီဂန်ပျောက်သွားတော့ ရဲတွေက စကော့ကိုလည်းသံသယဝင်တယ်။

အဲ့မှာ ရေချယ်က စကော့ဆီသွားပြီး မီဂန်နဲ့တခြားအမျိုးသားတစ်ဦးဖောက်ပြန်နေတာ တွေ့တယ်ဆိုပြီးသွားပြောတယ်။အဲ့လိုပြောဖို့အတွက် ရေချယ်ဟာ မီဂန်ကို သိတယ်လို့ စကော့ကို လိမ်ပြောလိုက်တယ်။ စကော့က ဒီလူလားဆိုပြီး စိတ်ရောဂါဆရာဝန်ပုံပြလိုက်တော့ ရေချယ်က ဟုတ်တယ်ဆိုပြီးထောက်ခံလိုက်တယ်။

Tomတွန်က ရေချယ်ရဲ့ခင်ပွန်းဟောင်း။တကယ်တော့သူဟာ ကြမ်းတမ်းခက်ထန်တဲ့စိတ်ရှိသူတစ်ယောက်ပါ။ရေချယ်ကလေးမရတာကို ရွံရှာလို့ ရေချယ်ကို စိတ်ပိုင်းဆိုင်တာ အနိုင်ကျင့်ခဲ့တယ်။ ရေချယ်အရက်မူးလွန်လို့ သူပါအလုပ်ပြုတ်ရတယ်လို့ ရေချယ်ထင်ယာင်ထင်မှားဖြစ်အောင် ဆိုက်ကိုသွင်းပေးလိုက်တယ်။

ဒါပေမယ့် အလုပ်မှာတော်သူဖြစ်တဲ့အတွက် တခြားအလုပ်ပြန်ရတယ်။တကယ်တော့သူအလုပ်ပြုတ်တာဟာ မစောင့်စည်းလို့တဲ့။ sub.titelမှာတော့ဘန်းစကားသုံးထားပါတယ်။ ‘ he couldn’t keep his dick in his pants.’ တဲ့။

အဲ့လို တစ်ကွက်ခြင်းဆီပြပြီးတဲ့နောက်မှာ ‘မီဂန်’ ရဲ့အလောင်းကို တွေ့ပြီလို့ရဲတွေက ကြော်ငြာလိုက်တယ်။အသတ်ခံရတာဖြစ်ပြီး မီဂန်မှာ ကိုယ်ဝန်ရှိနေတယ်တဲ့။ DNA စစ်ကြည့်တော့ ကလေးဟာ ‘စကော့’ ရဲ့ရင်သွေးမဟုတ်ဘူးတဲ့။ဒါဆို မီဂန်ကို သတ်တာ ဘယ်သူလဲ???

ဖောက်ပြန်တယ်လို့သံသယရှိတဲ့ စိတ်ရောဂါဆရာဝန်လား???သဝန်တိုတတ်တဲ့ စကော့လား???အမူးလွန်နေတဲ့ ရေချယ်လား????နောက်ဆုံးဇာတ်သိမ်းကတော့ ကျွန်တော့်ကိုကျေနပ်သွားစေပါတယ်။စာရေးဆရာရဲ့ဇာတ်အိမ်နိုင်နင်းမှုကတော့ ရေလည်မိုက်တာဗျ။ထင်မထားတဲ့ အလည့်အပြောင်းလေးတွေနဲ့။

Zawgyi

‘ ငါ့အမ်ိဳးသားက ငါ့ကိုအၿမဲတမ္းစိတ္ကူးယဥ္တယ္လို႔ေျပာတတ္တယ္ငါမတတ္ႏိုင္ဘူးေလ ငါဆိုလိုခ်င္တာက မင္းဟာရထားစီးေနရင္းနဲ႔ ရထားလမ္းေဘးကလူေတြရဲ႕ ဘဝကဘယ္လိုလဲဆိုတာ စဥ္းစားၾကည့္ဖူးလား???မင္းမေနဖူးတဲ့ဘဝမ်ိဳးေတြေလ အဲ့ဒါေတြက ငါသိခ်င္ေနတဲ့အေၾကာင္းေတြပဲ’Emily Bluntရဲ႕ 2016ႏွစ္ကုန္နီးကမွထြက္တဲ့ DVDေလးအေၾကာင္း လက္တို႔ပါရေစ။

ဒီ Movieကို ကြၽန္ေတာ့္ေဖးဗရိတ္ထဲကြၽန္ေတာ္ထည့္လိုက္ပါတယ္။ဒါေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ကေတာ့ အႀကိဳက္ျခင္းမတူႏိုင္ပါဘူး။ ဒီ Movieဟာ ခံစားသူအေပၚမူတည္ၿပီး အဓိပၸာယ္အမ်ိဳးမ်ိဳးထြက္ႏိုင္ပါတယ္။မူရင္းစာေရးဆရာရည္ၫႊန္းတာကေတာ Thrillerပါ။

Paula Hawkinရဲ႕ အေရာင္းရဆုံးစာအုပ္ That Shocked The Worldကို ျပန္႐ိုက္တာပါ။ DVDကာဗာမွာ Entertainment Weekly က ‘ The Darkest,Sexiest,Most Daring Thriller of the Year.’လို႔ၫႊန္းတာကို ေဖာ္ျပထားပါတယ္။ဒီmovieမွာက ဇာတ္ေကာင္အမ်ားႀကီးမပါပါဘူး။

6ေယာက္ပဲပါတယ္။ အဲ့ ဇာတ္ေကာင္ 6ေယာက္ရဲ႕ ပတ္သတ္မႈေတြကို တစ္ခန္းျခင္းဆီ ၿပီးေတာ့ အခ်ိန္ေတြ လေတြနဲ႔ပါ ခြဲၿပီး႐ိုက္ျပထားပါတယ္။ ဇာတ္ရည္မလည္ခင္ထိ အေတာ္အားစိုက္ၾကည့္ယူရပါတယ္။ အစပိုင္းက အနည္းငယ္ပ်င္းစရာေကာင္းပါတယ္။

တစ္ဝက္ေလာက္လဲေရာက္ေရာ ဘာဆက္ျဖစ္မလဲ ဘာဆက္ျဖစ္မလဲဆိုတဲ့ထိ စိတ္ဝင္စားစရာေကာင္းပါတယ္။အဓိကကဇာတ္ေကာင္က ေရခ်ယ္(Emily Blunt)ပါ။သူဟာအထီးက်န္ၿပီး အရက္စြဲေနတဲ့ တစ္ခုလပ္ပါ။ ေယာက်ာၤးျဖစ္သူနဲ႔လည္း ကြာရွင္းထားပါတယ္။

ေယာက်ၤားနဲ႔ကြာရွင္းရတဲ့ အေၾကာင္းက သူ႔မွာကိုယ္ဝန္မရႏိုင္ေတာ့လို႔ပါ။ အဲ့မွာပဲ သူမဟာ အရက္ေတြအလြန္အကြၽံေသာက္တတ္လာတယ္။အမူးလြန္ၿပီးရင္ လုပ္မိလုပ္ရာလုပ္တတ္တယ္။မနက္မိုးလင္းရင္ ဘာမွမမွတ္မိေတာ့ဘူး။သူမဟာ သူေနတဲ့ေနရာကေန နယူးေယာက္ထိ ေနတိုင္းရထားစီးပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ သူမဟာ အလုပ္မရွိလို႔ပါ။ သူမအလုပ္ျပဳတ္ခဲ့တာကို သူမကပ္ေနရတဲ့အိမ္ကသူငယ္ခ်င္းမသိေအာင္ ေနတိုင္းအျပင္ထြက္ျပေနတာပါ။ဘာေၾကာင့္လဲဆိုေတာ့ အလုပ္မရွိရင္ အိမ္လခမေပးႏိုင္တာကို သူငယ္ခ်င္းကိုမသိေစခ်င္တာပါ။ အထီးက်န္ေနတာလည္းပါပါတယ္။

ရထားစီးေနရင္းနဲ႔ အရမ္းလိုက္ဖက္တဲ့ စုံတြဲ ႐ိုမန္တစ္ဆန္တဲ့စုံတြဲကို သူမေတြ႕လိုက္ရပါတယ္။ အဲ့ဘဝဟာ ေရခ်ယ္အရမ္းလိုခ်င္ၿပီး မရခဲ့တဲ့ဘဝမ်ိဳးပါ။အဲ့ေကာင္မေလးကို သူမ မသိေပမယ့္ သူမရဲ႕စိတ္ထဲမွာသိပါလိုက္ၿပီး အမ်ိဳးပုံေဖာ္ၾကည့္ေနမိပါတယ္။

တစ္ရက္ၾကေတာ့ အဲ့ေကာင္မေလးဟာ တျခားအမ်ိဳးသားတစ္ဦးနဲ႔ နမ္းေနတာကို ေရခ်ယ္ေတြ႕လိုက္တယ္။ သူမအရမ္းေဒါသေတြထြက္သြားတယ္။ သူ႔စံျပဟာ ဒီလိုေဖာက္ျပန္ရသလားဆိုျပ သြားသတ္မယ္စိတ္ကူးပါတယ္။ မူးလည္းအရမ္းမူးေနပါတယ္။ သတ္မယ္ဆိုၿပီး ရထားေပၚကဆင္းတယ္။

သူမ အိပ္ယာႏိုးလာေတာ့ သူမမွာဒဏ္ရာေတြ ေသြးေတြနဲ႔ ဒါေပမယ့္ ဘာမွ မမွတ္မိေတာ့ပါဘူး။ အဲ့ေကာင္မေလးကေတာ့ေပ်ာက္သြားခဲ့တယ္။အဲ့ေကာင္မေလးနာမည္က မီဂန္သူမဟာ ဆယ္ေက်ာ္သက္ေလး ပုန္ကန္ခ်င္တဲ့စိတ္ရွိတဲ့ေကာင္မေလး။ ၿပီးေတာ့ စိတ္မွာဒဏ္ရာေတြအမ်ားႀကီးရဖူးတယ္။

ဒါမို႔ သူမဟာ စိတ္ေရာဂါဆရာဝန္နဲ႔ စိတ္ေရာကုထုံးေတြျပေလ့ရွိတယ္။ ဆရာဝန္နဲ႔တိုင္ပင္ေလ့ရွိတယ္။သူ႔ကိုယ္သူ မိန္းမပ်က္လို႔ထင္ေလ့ရွိတယ္။ 17ႏွစ္က အစ္ကိုရဲ႕သူငယ္ခ်င္း Macနဲ႔ ကိုယ္ဝန္ဖူးတယ္။ အဲ့ကေလးကို သူမရဲ႕နေမာ္နမဲ့ႏိုင္မႈေၾကာင့္ သတ္မိသလိုျဖစ္သြားတယ္။ အဲ့မွာပဲ Macက သူမကို စြန႔္ခြာသြားတယ္။

သူမဟာေျပာတယ္’ လိမ္တယ္ဆိုတာဟာ ခရီးထြက္ေနရသလိုပဲတဲ့’ ။ ၿပီးေတာ့ ‘ သူတို႔ကဘယ္သူေတြဆိုတာအေရးမပါဘူးတဲ့ သူတို႔ငါကို ဘယ္လိုခံစားရေအာင္လုပ္လဲပဲ အေရးပါတာတဲ့ ကိုယ့္ကိုယ္ကို အာသာေျဖေဖ်ာက္ရသလိုပဲတဲ့ အျခားဘယ္သူမွ မသိဘူးတဲ့ ဒါမို သူမဟာ မ်ားမ်ားလိမ္ၿပီး ဟန္ေဆာင္တတ္လာတယ္တဲ့ ‘ အဲ့လို အေတြးေတြရွိတဲ့ ဆယ္ေက်ာ္သက္တစ္ေယာက္ပါ။

သူမကိုကုသေပးေနတဲ့ ဆရာဝန္နဲ႔ လိင္ဆက္ဆံဖို႔ႀကိဳးစားၾကည့္တယ္။ သူမေပ်ာက္သြားေတာ့ ရဲေတြက ဆရာဝန္ကို သံသယဝင္တယ္။ေနာက္တစ္ေယာက္က ‘ အန္နာ ‘
အန္နာဟာ ေရခ်ယ္အမ်ိဳးသားေဟာင္းရဲ႕ ေနာက္အိမ္ေထာင္။

သူမဟာ ေရခ်ယ္မရခဲ့တဲ့ ကေလးကိုရခဲ့ၿပီး ေရခ်ယ့္ခင္ပြန္းေဟာင္းနဲ႔ သာယာတဲ့ မိသားစုေလးကို တည္ေထာင္ႏိုင္ခဲ့တယ္။ေရခ်ယ္အရက္မူးၿပီးသူတို႔ကေလးကို ေခၚသြားဖူးတယ္။တကယ္ေတာ့ ေရခ်ယ္ဟာ ကေလးမရလို႔ ကေလးကိုခ်ီၾကည့္ခ်င္႐ုံေလးပါ။

အန္တာက အဲ့လို႔မထင္ဘူး သူမရဲ႕ကေလးကို လာသတ္တယ္ပဲထင္တာ။ အဲ့အတြက္ ေရခ်ယ္ကို သူမမုန္းတယ္။ ထူးဆန္းတာက ‘ မီဂန္ ‘က အန္နာတို႔အိမ္က ကေလးထိန္းျဖစ္ေနတယ္။ ဒါေပမယ့္ ‘ မီဂန္ ‘ဟာ ကေလးထိန္းအလုပ္ကို မုန္းတယ္။

Scottသူက မီဂန္ရဲ႕ ေယာက်ာၤး သူဟာ ကေလးလိုခ်င္ၿပီး မီဂန္ကို သဝန္တိုတတ္တယ္။ မီဂန္ဟာ သူမကို ကုသေပးေနတဲ့ စိတ္ေရာဂါဆရာဝန္နဲ႔ ေဖာက္ျပန္ေနတယ္လို႔ ထင္ေနတယ္။ မီဂန္ေပ်ာက္သြားေတာ့ ရဲေတြက စေကာ့ကိုလည္းသံသယဝင္တယ္။

အဲ့မွာ ေရခ်ယ္က စေကာ့ဆီသြားၿပီး မီဂန္နဲ႔တျခားအမ်ိဳးသားတစ္ဦးေဖာက္ျပန္ေနတာ ေတြ႕တယ္ဆိုၿပီးသြားေျပာတယ္။အဲ့လိုေျပာဖို႔အတြက္ ေရခ်ယ္ဟာ မီဂန္ကို သိတယ္လို႔ စေကာ့ကို လိမ္ေျပာလိုက္တယ္။ စေကာ့က ဒီလူလားဆိုၿပီး စိတ္ေရာဂါဆရာဝန္ပုံျပလိုက္ေတာ့ ေရခ်ယ္က ဟုတ္တယ္ဆိုၿပီးေထာက္ခံလိုက္တယ္။

Tomတြန္က ေရခ်ယ္ရဲ႕ခင္ပြန္းေဟာင္း။တကယ္ေတာ့သူဟာ ၾကမ္းတမ္းခက္ထန္တဲ့စိတ္ရွိသူတစ္ေယာက္ပါ။ေရခ်ယ္ကေလးမရတာကို ႐ြံရွာလို႔ ေရခ်ယ္ကို စိတ္ပိုင္းဆိုင္တာ အႏိုင္က်င့္ခဲ့တယ္။ ေရခ်ယ္အရက္မူးလြန္လို႔ သူပါအလုပ္ျပဳတ္ရတယ္လို႔ ေရခ်ယ္ထင္ယာင္ထင္မွားျဖစ္ေအာင္ ဆိုက္ကိုသြင္းေပးလိုက္တယ္။

ဒါေပမယ့္ အလုပ္မွာေတာ္သူျဖစ္တဲ့အတြက္ တျခားအလုပ္ျပန္ရတယ္။တကယ္ေတာ့သူအလုပ္ျပဳတ္တာဟာ မေစာင့္စည္းလို႔တဲ့။ sub.titelမွာေတာ့ဘန္းစကားသုံးထားပါတယ္။ ‘ he couldn’t keep his dick in his pants.’ တဲ့။

အဲ့လို တစ္ကြက္ျခင္းဆီျပၿပီးတဲ့ေနာက္မွာ ‘မီဂန္’ ရဲ႕အေလာင္းကို ေတြ႕ၿပီလို႔ရဲေတြက ေၾကာ္ျငာလိုက္တယ္။အသတ္ခံရတာျဖစ္ၿပီး မီဂန္မွာ ကိုယ္ဝန္ရွိေနတယ္တဲ့။ DNA စစ္ၾကည့္ေတာ့ ကေလးဟာ ‘စေကာ့’ ရဲ႕ရင္ေသြးမဟုတ္ဘူးတဲ့။ဒါဆို မီဂန္ကို သတ္တာ ဘယ္သူလဲ???

ေဖာက္ျပန္တယ္လို႔သံသယရွိတဲ့ စိတ္ေရာဂါဆရာဝန္လား???သဝန္တိုတတ္တဲ့ စေကာ့လား???အမူးလြန္ေနတဲ့ ေရခ်ယ္လား????ေနာက္ဆုံးဇာတ္သိမ္းကေတာ့ ကြၽန္ေတာ့္ကိုေက်နပ္သြားေစပါတယ္။စာေရးဆရာရဲ႕ဇာတ္အိမ္ႏိုင္နင္းမႈကေတာ့ ေရလည္မိုက္တာဗ်။ထင္မထားတဲ့ အလည့္အေျပာင္းေလးေတြနဲ႔။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *