The Girl with the Dragon Tattoo (2011)

18288
Share
Copy the link

ငယ်စဉ်ကစပြီး ကြမ်းတမ်းတဲ့ဘဝတစ်ခုမှာနေထိုင်ဖြတ်သန်းလာရတဲ့နဂါးရုပ်ပုံဆေးမင်ကြောင်နဲ့ မိန်းကလေးတစ်ယောက်ဟာ မိသားစုမရှိအုပ်ထိန်းသူမရှိပဲ တိုင်းပြည်ရဲ့ထောက်ပံမှုနဲ့ ဘဝကိုဆိုးပေတေရင်း ဖြတ်သန်းနေခဲ့ပြီးတစ်ဖက်မှာတော့သူဟာ ထက်မြက်တဲ့စုံစမ်းရေးစိတ်ကို ပိုင်ဆိုင်ထားတဲ့အလွတ်စုံထောက်တစ်ဦးဖြစ်ပါတယ်

ဂျာနယ်လစ်မီကယ်ဘလွန်းကစ်အဖြစ် သရုပ်ဆောင်ထားတဲဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ် ကတော့ဒီဇာတ်လမ်းမှာနိုင်ငံရဲ့အကြီးမားဆုံးငွေကြေးအလွဲသုံးစားလုပ်မှုကိုသက်သေမခိုင်ပဲဖော်ထုတ်မိလို့အသရေဖျက်မှုနဲ့ရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ်

ကျွန်းတစ်ကျွန်းပေါ်မှာနေထိုင်တဲ့ဆွီဒင်ရဲ့အချမ်းသာဆုံးမိသားစုတစ်ခုက သူဋ္ဌေးကြီးတစ်ယောက်ဟာလွန်ခဲ့တဲ့အနှစ်၄၀ကဖြစ်ပွားခဲ့တဲ့ လက်သည်မပေါ်ခဲ့တဲ့မိသားစုအတွင်းလူသတ်မှုတစ်ခုကိုသူ့ဘဝလက်ကျန်အချိန်တွေမှာအဖြေသိရဖို့မီကယ်ဘလွန်းကစ်ကိုငြင်းဆန်လို့မရတဲ့ကမ်းလှမ်းမှုနဲ့အဖြေရှာပေးဖို့ ကမ်းလှမ်းလိုက်ပါတော့တယ်

ထိုအမှုဟာ ဘလွန်းကစ်ရဲ့ဂုဏ်သိက္ခာကိုပြန်လည်ဆယ်ယူဖို့တိုင်းပြည်ရဲ့အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုတို့နဲ့ ပတ်သက်နေခဲ့ပြီးဘလွန်းကစ်နဲ့အတူ နဂါးရုပ်ဆေးမင်ကြောင်နဲ့မိန်းကလေးပါစုံစမ်းရေးထဲကို ပါဝင်လာတဲ့အခါမှာတော့….

Millennium Trilogy ရဲ့အောင်မြင်ခဲ့တဲ့ပထမဆုံးဝတ္တု ဖြစ်တဲ့The girl with the dragon tattoo ဝတ္တု ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ဒီဇာတ်ကားဟာလည်းအောင်မြင်ခဲ့ပြီး IMDb7.8နဲ့ RT86%ရရှိထားတဲ့crime flim အမျိုးအစားဖြစ်ပါတယ်

actionခန်းတွေပါဝင်မှုနည်းပြီးaction ဇာတ်လမ်း ကြိုက်သူတွေ မကြည့်သင့်တဲ့ရုပ်ရှင်မျိုး ဖြစ်ပါတယ်18+အခန်းတစ်ချို့လိင်ပိုင်းဆိုင်ရာ ကြမ်းတမ်းတဲ့ဇာတ်ဝင်ခန်းတချို့ ပါဝင်ပါတယ်တစ်စိမ့်စိမ့်ကြည့်ရင်း တွေးတောရတာကို ကြိုက်နှစ်သက်သူတွေအတွက်Crime flimတစ်ခုကပေးစွမ်းတဲ့ ရသကိုအပြည့်အဝ ပေးစွမ်းစေမှာပဲဖြစ်ပါတယ်…

Zawgyi

ငယ္စဥ္ကစၿပီး ၾကမ္းတမ္းတဲ့ဘဝတစ္ခုမွာေနထိုင္ျဖတ္သန္းလာရတဲ့နဂါး႐ုပ္ပုံေဆးမင္ေၾကာင္နဲ႔ မိန္းကေလးတစ္ေယာက္ဟာ မိသားစုမရွိအုပ္ထိန္းသူမရွိပဲ တိုင္းျပည္ရဲ႕ေထာက္ပံမႈနဲ႔ ဘဝကိုဆိုးေပေတရင္း ျဖတ္သန္းေနခဲ့ၿပီးတစ္ဖက္မွာေတာ့သူဟာ ထက္ျမက္တဲ့စုံစမ္းေရးစိတ္ကို ပိုင္ဆိုင္ထားတဲ့အလြတ္စုံေထာက္တစ္ဦးျဖစ္ပါတယ္

ဂ်ာနယ္လစ္မီကယ္ဘလြန္းကစ္အျဖစ္ သ႐ုပ္ေဆာင္ထားတဲဂ်ိမ္းစ္ဘြန္းမင္းသား ဒန္နီယယ္ခရိတ္ ကေတာ့ဒီဇာတ္လမ္းမွာႏိုင္ငံရဲ႕အႀကီးမားဆုံးေငြေၾကးအလြဲသုံးစားလုပ္မႈကိုသက္ေသမခိုင္ပဲေဖာ္ထုတ္မိလို႔အသေရဖ်က္မႈနဲ႔ရင္ဆိုင္ေနရသူတစ္ဦးျဖစ္ပါတယ္

ကြၽန္းတစ္ကြၽန္းေပၚမွာေနထိုင္တဲ့ဆြီဒင္ရဲ႕အခ်မ္းသာဆုံးမိသားစုတစ္ခုက သူေ႒းႀကီးတစ္ေယာက္ဟာလြန္ခဲ့တဲ့အႏွစ္၄၀ကျဖစ္ပြားခဲ့တဲ့ လက္သည္မေပၚခဲ့တဲ့မိသားစုအတြင္းလူသတ္မႈတစ္ခုကိုသူ႔ဘဝလက္က်န္အခ်ိန္ေတြမွာအေျဖသိရဖို႔မီကယ္ဘလြန္းကစ္ကိုျငင္းဆန္လို႔မရတဲ့ကမ္းလွမ္းမႈနဲ႔အေျဖရွာေပးဖို႔ ကမ္းလွမ္းလိုက္ပါေတာ့တယ္

ထိုအမႈဟာ ဘလြန္းကစ္ရဲ႕ဂုဏ္သိကၡာကိုျပန္လည္ဆယ္ယူဖို႔တိုင္းျပည္ရဲ႕အႀကီးမားဆုံး ေငြေၾကးအလြဲသုံးစားလုပ္မႈတို႔နဲ႔ ပတ္သက္ေနခဲ့ၿပီးဘလြန္းကစ္နဲ႔အတူ နဂါး႐ုပ္ေဆးမင္ေၾကာင္နဲ႔မိန္းကေလးပါစုံစမ္းေရးထဲကို ပါဝင္လာတဲ့အခါမွာေတာ့….

Millennium Trilogy ရဲ႕ေအာင္ျမင္ခဲ့တဲ့ပထမဆုံးဝတၱဳ ျဖစ္တဲ့The girl with the dragon tattoo ဝတၱဳ ကို႐ုပ္ရွင္အျဖစ္ျပန္လည္႐ိုက္ကူးထားတဲ့ဒီဇာတ္ကားဟာလည္းေအာင္ျမင္ခဲ့ၿပီး IMDb7.8နဲ႔ RT86%ရရွိထားတဲ့crime flim အမ်ိဳးအစားျဖစ္ပါတယ္

actionခန္းေတြပါဝင္မႈနည္းၿပီးaction ဇာတ္လမ္း ႀကိဳက္သူေတြ မၾကည့္သင့္တဲ့႐ုပ္ရွင္မ်ိဳး ျဖစ္ပါတယ္18+အခန္းတစ္ခ်ိဳ႕လိင္ပိုင္းဆိုင္ရာ ၾကမ္းတမ္းတဲ့ဇာတ္ဝင္ခန္းတခ်ိဳ႕ ပါဝင္ပါတယ္တစ္စိမ့္စိမ့္ၾကည့္ရင္း ေတြးေတာရတာကို ႀကိဳက္ႏွစ္သက္သူေတြအတြက္Crime flimတစ္ခုကေပးစြမ္းတဲ့ ရသကိုအျပည့္အဝ ေပးစြမ္းေစမွာပဲျဖစ္ပါတယ္…

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *