The Gods Must Be Crazy III: Crazy Safari (1991)

16400
Share
Copy the link

” ပီတာက ဆိတ်၇ကောင်ပေး မယ်ဆိုလို့ကျတော်လိုက်လာတာ ရုပ်ရှင်ဆိုတဲ့စကားကိုကျတော်အခုမကြားဖူးတာဗျ။ ဒီမှာ နေအခါ၃၀ ဝင်တဲ့အထိနေရမယ်ပြောတယ်။ပြီးရင်ကျတော် စန်တို့ရှိတဲ့ဆီကို ဆိတ် ၇ကောင်ယူပြီးပြန်မယ်။

”N!xau Tomaတောင်အာဖရိကတိုက်အစွန် နမီးဘီးယားဆိုတဲ့နိုင်ငံသေးသေးလေးအပြင်မြို့ပြနဲ့မိုင်ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်းတနေရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေးတရွာရှိခဲ့တယ်။

ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲကကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိယလူရိုင်းမျိူးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူမျိူးစုတွေထဲက ၁၂ရာစုလူနေမှုစနစ်လိုနေထိုင်ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိူးနွယ်စုရဲ့ရွာလေးပါ။

အမဲလိုက် ပျားအုံဖွတ် ငါးဖမ်းရင်း အသက်မွေးကြပြီး လယ်ယာမြေစိုက်ပျိူးမှုကိုတောင်မသိရှိသလို သူတို့ဘာသာစကားဟာလူ၁သောင်းတောင်မသိတဲ့ဘာသာစကားတခုကို ပြောကြတဲ့လူရိုင်းမျိူးနွယ်ပါ။ ၃နှစ်လောက်နေမှမြို့ပြအမဲလိုက်အဖွဲ့တွေကိုတွေ့ရလေ့ရှိပြီး ဒါကိုကသူတို့အတွက်အထူးအဆန်းဖြစ်လေ့ရှိတဲ့ ကိစ္စပါ။

သူတို့ယုံကြည်မှုက တခြားလူရိုင်းတွေလိုနတ်ဘုရားနဲ့ယစ်ပူဇော်မှုမဟုတ်ဘဲ ရာသီဥတုကိုယုံကြည်ကိုးကွယ်ကြတဲ့လူမျိူးတွေပါ။မှတ်တမ်းများအရ ဒီလူမျိူးစုစစ်စစ်ဟာ၂၀၀ကျော်သာကျန်တော့ပြီးသစ်တောပြူန်းတီးမှု
တောင်အာဖရိကကျွန်ပြုအလုပ်ကြမ်းလုပ်ခိုင်းတဲ့သူပုန်တွေကြောင့်

မျိူးတုံးလုနီးပါးအခြေအနေကိုရောက်နေရပြီး လူ၃၀ကိုတရွာလောက်ပဲနေထိုင်မှုတွေကြောင့် ဒီလူရိုင်းမျိူးနွယ်ဟာကမ္ဘာ့လူမျိူးစုထိန်းသိမ်းရေးအဖွဲ့တွေနဲ့အလှမ်းဝေးလွန်းခဲ့ပါတယ်။အချိန်အားဖြင့် ၁၉၄၄ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့ ဒီရွာလေးမှာ N!xau Tomaဆိုတဲ့လူရိုင်းလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။

ဖခင်ဖြစ်သူ မိခင်ဖြစ်သူ ဦးလေးဖြစ်သူတွေနဲ့တမိသားစုလုံးဟာ အာဖရိကဘိန်းမှောင်ခိုအဖွဲ့တောပုန်းမှုမှာကြုံရင်း အသတ်ခံခဲ့ရပါတယ်။ ဒီလူရိုင်းလေးနဲ့သူ့အကို N!aau သာကျန်ခဲ့ပြီးတခြားရွာသူကြီးကသူတို့ညီကို၂ယောက်ကို မွေးစားခဲ့ပါတယ်။

Niaau ဟာလဲ ၉နှစ်သားမှာအပျော်တမ်းအမဲလိုက်အဖွဲ့ကပစ်သတ်တာခံခဲ့ရပြီး Tomaတယောက်ထဲမိမဲ့ဖမဲ့မိသားစုမဲ့နဲ့ဘဝကိုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။ Tomaကလူရိုင်းပေမယ့်ဉာဏ်တော့ကောင်းတယ်။ ရွာကလူတွေထဲအမဲလိုက်အကျွမ်းကျင်ဆုံးသူရဲကောင်းဖြစ်သလို ၁၉နှစ်သားမှာငါးမွေးမြူဖို့ ရွံ့ကန်တခုကိုသူလုပ်ခဲ့ပါပြီ

ဒါကသာမာန်လူတွေအဖို့ကလေးတောင်သိတယ်ဆိုပေမယ့် ဒီလိုလူရိုင်းတွေအဖို့တော့နည်းပညာသစ်တခုပါပဲ။ အဆိပ်မှုတ်ပြောင်းကိုပေ၃၀နီးပါးပစ်နိုင်အောင်လုပ်တတ်ခဲ့သလို လေးကိုလဲပေါ့ပါးပြီးအဝေးပစ်နိုင်အောင်ရွာကလူတွေကိုသူသင်ကြားပေးနိုင်ခဲ့ပါပြီ။

သူများတွေတလလောက်လိုက်ရတဲ့အမဲအုပ်ကိုသူ၁၀ရက်နဲ့လိုက်နိုင်သလိုတောလဲကျွမ်းကျင်သူပေါ့။ ဒါကြောင့်လဲရွာမှာပျိူတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သလို Popularလဲဖြစ်လွန်းသူပါ။ ဒါပေမယ့်သူ့အသက်ကိုသူဘယ်လောက်ရှိမှန်းမရေနိုင်သလို တရက်တာအချိန်ကိုလဲနေဝင်နေထွက်တာနဲ့ပဲသိတဲ့သူပါ။

မိုးတခါရွာရင်တနှစိလို့သိတဲ့လူမျိူးစုဖြစ်သလို သမင်အုပ် တောင်ဖက်ပြောင်းရင် ၁နှစ်လို့အကြမ်းဖျင်းသိတဲ့လူမျိူးစုပါ။ နှစ်လရက်နာရီတွေကိုမသိသလိုဂဏာန်းတွေကိုလဲမသိရှိသူပါ။ ရွာမှာဆိတ်၅ကောင်ရှိသူဟာသူဌေးစာရင်းဝင်ဖြစ်ပြီးကျွဲ၁၀ကောင်အမဲလိုက်နိုင်ရင် Heroပါပဲ။

ဒီလိုနဲ့သူ့အသက် ၂၅လို့ထင်ရတဲ့အချိန်မှာတခြားရွာကသူကြီးသမီးနဲ့လက်ထပ်ခဲ့ပြီး သူ့ရွာမှာပဲနေထိုင်ခဲ့ပါ
တယ်။ ရွာဆိုတာကလဲ လူ၃၅ယောက်သာရှိတဲ့ရွာလေးပါ။

Peter Jay………………ပီတာကHollywood ရုပ်ရှင်လောကမှာ ထုတ်လုပ်သူတယောက်ဖြစ်တဲ့ JamieUys ရဲ့သားပေါ့။ သူကိုင်တိုင်လဲSettingသမားတယောက်ဖြစ်သလိုအငယ်တန်းဒါရိုက်တာတယောက်ပါ။သူဌေးသားဖြစ်ပေမယ့်အမဲလိုက်ရတာကိုဝါသနာပါသူတယောက်။

၁၉၇၉ခုနှစ်မေလမှာ သူနဲ့သူငယ်ချင်း၃ယောက်တောင်အာဖရိကကိုအမဲလိုက်ထွက်ခဲ့ပါတယ်။ကိုယ်ပိုင်ဂျက်လေယဉ်တစီးနဲ့သူငယ်ချင်းတွေအပျော်တမ်းအမဲလိုက်ရာကနေ အင်ဂျင်မတော်မဆမှုဖြစ်ပြီးလေယာဉ်ပျက်ကျမှုကြောင့်သူတို့သူငယ်ချင်းတသိုက်ဟာကံဆိုးခဲ့ရပါတယ်။

မြို့ပြနဲ့ဆက်သွယ်မှုပြတ်သွားသလိုသူတို့လေယာဉ်ပျောက်ဆုံးမှုဟာလဲသတင်းမှာပါခဲ့ပြီး တစီးလုံးသေဆုံးသွားကြောင်းကြေငြာခဲ့ပါတော့တယ်။
…………………………………
ရွာသူလူတွေနဲ့အမဲလိုက်ထွက်ရင်းToma တွေ့သွားတာကဒီသူဌေးသားပီတာရဲ့အလောင်းကိုပါပဲ။ သေချာကြည့်မှမသေသေးပဲအသက်ရှင်နေသေးတာကိုသိခဲ့လို့ရွာကိုကယ်လာပြီးဆေးကုပေးခဲ့ခဲ့ပါတယ်။ ကံကောင်းတယ်လို့ပဲပြောရမယ် ပီတာဟာအသက်ဘေးကနေဒီလူရိုင်းကြောင့်လွတ်ခဲ့ပါတယ်။

ဒါပေမယ့်ခြေထောက်တဖက်ကတော့ဆုံးရှူံးခဲ့ရပါတယ်။ပီတာဟာဒီလူရိုင်းရွာမှာ ၅လအထိသောင်တင်ခဲ့ပြီးTomaနဲ့လဲသူငယ်ချင်းဖြစ်ခဲ့ပါတယ်။ပီတာကTomaကို မြို့ပြရဲ့ဓလေ့တွေနေထိုင်မှုတွေကိုသင်ပေးတယ်။ ဒါပေမယ့်Tomaကမှတ်နိုင်စွမ်းမရှိသလိုအလွဲလွဲအချော်ချော်လုပ်လို့ဟာသတွေဖြစ်ခဲ့ရတာပေါ့။

ပီတာကideaတခုရသွားတယ်။ဟာသကားတွေရိုက်တဲ့Hollywoodကသူ့သူငယ်ချင်းNic နဲ့ဒီလူရိုင်းရဲ့အလွဲတွေကိုရုပ်ရှင်ရိုက်ရင်တော်တော်ရယ်ရမယ်ဆိုပြီးပေါ့။ ၁၉၇၉ခုနှစ်ဒီဇင်ဘာလမှာကံကောင်းထက်မစွာနဲ့ပဲအာဖရိကသစ်တောစောင့်ရှောက်ရေးစစ်သားတွေနဲ့ပီတာတွေ့သွားပြီး မြို့ကိုပြန်ဖို့အခွင့်အရေးရခဲ့ပါတော့တယ်။

ဒါပေမယ့်သူတယောက်ထဲမပြန်ဘူး။ Tomaကိုပါခေါ်သွားချင်တယ်။ Tomaကလဲမလိုက်ရဲဘူး။ဒီလိုနဲ့ Tomaကို ဆိတ်၇ကောင်ပေးမယ်ဆိုတဲ့ကမ်းလှမ်းမှုနဲ့ရအောင်ခေါ်နိုင်ခဲ့ပါတယ်။ဆိတ်၇ကောင်ဆိုတဲ့ပမာဏကTomaအဖို့ရွာမှာသူဌေးဖြစ်မယ့်အခွင့်အရေးပဲလေ။ ဒါကြောင့်ပီတာနဲ့အတူလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။

#The_Gods_Must_Be_Crazy

ဘုရားတွေရူးမလား လူတွေရူးမလားတော့မသိဘူး ဒီလို ၁၂၃၄ တောင်မသိတဲ့လူရိုင်းတကောင်ကိုမြို့ပေါ်ခေါ်လာပြီးရုပ်ရှင်ရိုက်ချင်တဲ့ပီတာရဲ့idea ကတော့တော်တော်ရူးလွယ်ပါတယ်ပေါ့ဗျာ။ အဖေဖြစ်သူ Jamie Uysကိုပြောတယ်ဒါပေမယ့်လက်မခံဘူး ။

ဘယ်ကလူရိုင်းကိုရုပ်ရှင်မင်းသားတင်မလဲပေါ့ ဒီကောင်ရူးနေပြီလားပေါ့ အဖေဖြစ်သူက။ ဒါပေမယ့်သားဖြစ်သူရဲ့စိတ်အားထက်သန်မှုနဲ့ ရုပ်ရှင်အပေါ်စိတ်ဝင်စားမှုသိပ်မရှိခဲ့ပဲ လေနေတဲ့သားကပြောလာတော့အဖေဖြစ်သူကလက်ခံခဲ့ပါတော့တယ်။

သူကိုယ်တိုင်Producerလုပ်ပြီးဒါရိုက်တာတွေကိုခေါ်ပေမယ့်ဘယ်သူမှလက်မခံတဲ့အပြင်အဟားပါခံခဲ့ရတယ်။နောက်ဆုံးသူကိုယ်တိုင်ပဲဒါရိုက်တာလုပ်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။The Gods Must Be Crazy ဆိုတဲ့ဒီကားကို ၁၉၈၄ခုနှစ် ဇူလိုင်လ၉ရက်နေ့မှာ အာဖရိက အမေရိကနဲ့ ဥရောပမှာရုံတင်ခဲ့ပါတယ်။

၅သန်းပဲအကုန်ကျခံခဲ့တဲ့ဒီကားဟာ $60,000,000 ကျော်ရခဲ့သလို မထင်ထားတဲ့ရုပ်ရှင်လောကသားတွေကြားထဲဒီလူရိုင်းကတလအတွင်းရုပ်သံသတင်းတွေ interviewတွေမှာပါလာခဲ့ပါတယ်။

ဒီကားကိုရိုက်ဖို့အခက်အခဲများစွာရှိခဲ့သလို Cameraနဲ့ချိတ်ထားရင်သေနပ်ထင်လို့လန့်ပြီးဝပ်မှောက်တတ်တဲ့ဒီလူရိုင်းကြောင့် Cameraတွေကိုအဝတ်နဲ့အုပ်ပြီးရိုက်ကူးခဲ့ရသလို ဒိုင်ယာလော့တွေကိုအလုံး၁၀ထက်ပိုသင်လို့မရလို့ဖြတ်ဖြတ်ပြီးရိုက်ခဲ့ရပါတယ်။

ထူးခြားမှုကတော့ဒီကားထဲကရိုက်ကွက်တွေဟာTomaသရုပ်ဆောင်နေတာမဟုတ်ပဲတကယ်ထင်ပြီးလုပ်ခဲ့ပြေးခဲ့တာတွေများပါတယ်။ ဒီကားဟာဒေါ်လာအမြတ်ငွေ သန်း၁၁၀ကျော်အထိတနှစ်အတွင်းရခဲ့သလိုTomaဟာလဲနိုင်ငံတကာဆုတွေရခဲ့ပါတယ်။ ဒီကားအတွက်Tomaဟာဒေါ်လာ၇သန်းရခဲ့ပါတယ်။

ဒါပေမယ့်ဒီဒေါ်လာတွေကိုသူဘာမှန်းမသိလို့လာမခံခဲ့ပဲပီတာကိုပဲဆိတ်၇ကောင်လိုချင်ကြောင်းပြောခဲ့ပါတယ်။ပီတာဟာဒါကြောင့် Tomaကိုဆိတ်အကောင်၃၀နဲ့အတူသူ့ရွာကိုပြန်ပို့ခဲ့ပြီး ဒေါ်လာ၃၀၀ကိုလဲသူမလိုချင်တောင်အမှတ်တရသိမ်းထားဖို့ထည့်ပေးခဲ့ပါတယ်။ဒါပေမယ့်ဒီမှာတင်မပြီးသွားဘူး။

The Gods Must Be Crazy ကအရမ်းအောင်မြင်လို့ 2 ကိုထပ်ရိုက်ဖို့ကမ္ဘာ့အနှံ့ကToma Fanတွေကတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ ဒီအခါမှာတော့ The Gods Must Be Crazy 2ကို Hollywood ရုပ်ရှင်ထုတ်လုပ်ရေးကြီး20th Century Fox ကထုတ်လုပ်ဖို့ကမ်းလှမ်းခြင်းခံခဲ့ရပါတော့တယ်။

TGMBC 2 ကို၁၉၉၀ခုနှစ် ဧပြီလ၁၃ရက်နေ့မှာထပ်မံရုံတင်ခဲ့ပါတော့တယ်။ ရှေ့က1လိုပဲ အောင်မြင်မှုများစွာရခဲ့ပြီးဒေါ်လာသန်း၁၅၀ကျော်အထိအမြတ်ငွေရရှိခဲ့ပါတယ်။ ဒီကားမှာတော့ Tomaရဲ့မိသားစုတစုလုံးကပါဝင်ရိုက်ကူးခဲ့ပြီးသားဖြစ်သူတွေရေကားနောက်ပါသွားမှုကိုစိုးရိမ်တကြီးနဲ့နောက်ကလိုက်တဲ့ဖခင်တယောက်ရဲ့မေတ္တာကိုရိုက်ကူးခဲ့တဲ့ကားပေါ့။

ဒီကားမှာသားဖြစ်သူတွေရဲ့ဟာသအလွဲတွေလဲပါဝင်လာသလို ဖခင်ဖြစ်သူရဲ့ကြောင်တောင်တောင်ဓလေ့စရိုက်တွေလဲပါလာခဲ့ပါတယ်။ကလေးတွေဖြစ်ပေမယ့်တောတောင်ထဲအန္တရယ်ကြုံလာရင်ကိုယ်တိုင်ကာကွယ်မှုတွေ လူရိုင်းတွေရဲ့ရိုးသားတဲ့အကျင့်စရိုက်တွေကိုဒီကားမှာမြင်ရသလိုဟာသရောကြေကွဲစရာလေးတွေကိုပါမြင်ရစေတဲ့ကားတကားပါ။

ဒီကားအပြီးမှာတော့Toma ရဲ့လုပ်ဆောင်ချက်ကအရမ်းကြီးမားသွားခဲ့ပါပြီ။ ကမ္ဘာပေါ်ကမဖွံ့ဖြိုးသေး မြို့ပြနဲ့ဝေးတဲ့နေရာတွေက လူရိုင်းတွေရဲ့ဘဝကိုတကမ္ဘာလုံးသိအောင်ပြသခဲ့သလို Tomaဟာလဲကမ္ဘာ့လူရိုင်းမျိူးနွယ်စုတွေကိုကမ္ဘာကပစ်ထားမှုကိုချပြလိုက်တဲ့ဇာကောင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါတင်မကပါဘူး Tomaဟာကမ္ဘာ့လူရိုင်းမျိူးနွယ်စုတွေကိုထိန်းသိမ်းကာကွယ်ရေးသံတမန်အဖြစ်ရောတောင်အာဖရိကလူမည်းတွေရဲ့စားဝတ်နေရေးသံတမန်အဖြစ်ပါခန့်အပ်ခံခဲ့ရပါတယ်။ဒါပေမယ့်သူဘာမှမသိဘူး interviewတိုင်း talkshowတိုင်း ရယ်ပြတာကလွဲရင်သူဘာမှမသိမပြောတတ်မလုပ်တတ်ခဲ့ပါဘူး။

ဒီ၂ကားအပြီးမှာတော့TomaဟာHollywood အာဖရိကတင်မကပဲဟောင်ကောင်ရုပ်ရှင်လောကကပါကမ်းလှမ်းခြင်းခံခဲ့ရပါတော့တယ်။ ဟောင်ကောင်ထုတ်လုပ်ရေးနဲ့ပထမဆုံးရုံတင်လာတဲ့ကားက Crazy Safariဒီကားကလဲရှေ့ကTGMBC တွေလိုပဲအောင်မြင်ခဲ့ပါတယ်။

ဟောင်ကောင်ဒေါ်လာသိန်း၁၀၀ကျော်ရခဲ့သလို Tomaရဲ့ဘရုစလီလိုလုပ်ကွက်တွေကလဲဘရုစလီနဲ့တူအောင်ရိုက်တဲ့သူတွေထဲအအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ တရုတ်သရဲတကောင်နဲ့တိုင်ပတ်နေတဲ့လူရိုင်းကားပေါ့။

ဒီကားအပြီး Tomaဟာ Crazy Hong Kong(1993) / The Gods Must Be Funnyin China (1994) / Sekai UrurunTaizaiki ( 1996 )ကားတွေထွက်ခဲ့ပြီးလူရိုင်းတွေထဲအောင်မြင်မှုအကြီးမားဆုံးလူသားအဖြစ် 1996ခုနှစ်မှာဂင်းနစ်စံချိန်ဝင်ခဲ့ပြီးရုပ်ရှင်သမိုင်းမှာ ဟာသလူရိုင်းသရုပ်ဆောင်အဖြစ်တသက်တာအနုပညာရှင်ဆုကိုရခဲ့ပါတော့တယ်။

TomaဟာSakei Ururun Taizaikiဇာတ်ကားအပြီးမှာတော့သူ့ရွာကိုပဲပြန်ချင်ကြောင်းပြောလာခဲ့လို့ပီတာကပို့ပေးခဲ့ပြီးရုပ်ရှင်ဘယ်တော့မှထပ်မရိုက်တော့ပဲမိသားစုနဲ့အတူရွာမှာပဲအမဲလိုက်ရင်းနေထိုင်ခဲ့ပါတော့တယ်။သူဟာဒီဆယ်စုနှစ်အတွင်း ဒေါ်လာသန်း၇၀ကျော်ရရှိခဲ့ပေမယ့်

ဒီစက္ကူတွေကသူ့မိသားစုအတွက်အသုံးမဝင်ကြောင်းပြောခဲ့ပြီး အာဖရိကကလေးသူငယ်များအစာအဟာရချို့တဲ့မှု Foundationကိုအကုန်လှူှတန်းခဲ့ပါတယ်။ Tomaဟာကမ္ဘာပေါ်ကလူရိုင်းတွေရဲ့နေထိုင်မှု ရိုးသားမှု တောင်အာဖရိကရဲ့လူမည်းတွေရဲ့ဒုက္ခရောက်နေမှုကိုကမ္ဘာကိုသိအောင်ပြောကြားခဲ့သူဖြစ်ပြီးရုပ်ရှင်လောကမှာပထမဆုံးလူရိုင်းမင်းသားတယောက်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၀၃ခုနှစ်ဇူလိုင်လ ၁၂ရက်နေ့မှာတော့ Toma ဟာငှက်ဖျားရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ရုပ်ချောမှ စကားပြောကောင်းမှဆိုတဲ့အနုပညာလောကမှာဒီလူရိုင်းကဘာမှသေချာမပြောတတ်ပဲ ဂဏာန်းအလုံး၂၀ထက် ပိုမမှတ်တတ်ပဲ ငွေတွေနာမည်ကြီးမှုတွေအောင်မြင်မှုတွေကိုမသိပဲ ဝင်ရောက်လာခဲ့ပြီးကမ္ဘာ့ရုပ်ရှင်လောကမှာနာမည်တခုထားသွားခဲ့ပါတယ်။

အာဖရိကမော့စ် ပုလင်းမင်းသားလို့မြန်မာကသိကြတဲ့Toma ဟာဂျစ်ကားပြောင်းပြန်မောင်းတာတွေခြင်္သေ့လိုက်လို့ပြေးတာတွေ ပုလင်းတလုံးနဲ့တရွာလိုက်ပြသနာတက်တာတွေ မြို့ပြကိုသားဖြစ်သူတွေနောက်လိုက်ရင်းဝရုန်းသုန်းကားဖြစ်တာတွေ တရုတ်သရဲနဲ့အသီးခူးတာတွေ တောတွင်းဟာသအလွဲတွေနဲ့

သူ့ရိုးသားဖြူစင်တဲ့အပြူံးဘဝမှာမိသားစုကလွဲပြီးဘာမှမသိတဲ့လူတယောက်အဖြစ် ငွေကြေးအောင်မြင်မှုတွေမရှိပဲပျော်ရွှင်တဲ့လူတယောက်အဖြစ်နေထိုင်နိုင်ကြောင်းလူရိုင်းတွေရဲ့အရိုးခံစိတ်ထားတွေက ကမ္ဘာ့ရုပ်ရှင်လောကမှာရောကမ္ဘာပေါ်ကလူတွေအတွက်မှာမမေ့နိုင်စရာလူတယောက်ပါ။

သူဒေါ်လာသန်းချီပိုင်ဆိုင်ခဲ့တယ်။ ဒါပေမယ့် ဒီချမ်းသာမှုတွေနဲ့မိသားစုဘဝကိုမလဲခဲ့ဘူး။ အောင်မြင်မှု StarIdol Fan ပရိတ်သတ်ဆိုတာကိုမသိဘူး။ဒီလိုလူမျိုး ရုပ်ရှင်လောကမှာရော အနုပညာလောမှာပါတယောက်မှမရှိပါဘူး။

Zawgyi

” ပီတာက ဆိတ္၇ေကာင္ေပး မယ္ဆိုလို႔က်ေတာ္လိုက္လာတာ ႐ုပ္ရွင္ဆိုတဲ့စကားကိုက်ေတာ္အခုမၾကားဖူးတာဗ်။ ဒီမွာ ေနအခါ၃၀ ဝင္တဲ့အထိေနရမယ္ေျပာတယ္။ၿပီးရင္က်ေတာ္ စန္တို႔ရွိတဲ့ဆီကို ဆိတ္ ၇ေကာင္ယူၿပီးျပန္မယ္။

”N!xau Tomaေတာင္အာဖရိကတိုက္အစြန္ နမီးဘီးယားဆိုတဲ့ႏိုင္ငံေသးေသးေလးအျပင္ၿမိဳ႕ျပနဲ႔မိုင္ေပါင္းမ်ားစြာေဝးတဲ့ အာဖရိကေတာတြင္းတေနရာမွာ စန္ဆိုတဲ့အာဖရိကလူ႐ိုင္း႐ြာေလးတ႐ြာရွိခဲ့တယ္။

ဒီ႐ြာေလးက နမီးဘီးယားႏိုင္ငံထဲကကာလာဟာရီ သဲကႏၲာရထဲမွာရွိၿပီး အာဖရိယလူ႐ိုင္းမ်ိဴးႏြယ္ေတြထဲမွာ ေခတ္ေနာက္အက်ဆုံးလူမ်ိဴးစုေတြထဲက ၁၂ရာစုလူေနမႈစနစ္လိုေနထိုင္ၾကတဲ့ ဘာဆာဝါ ဆိုတဲ့လူ႐ိုင္းမ်ိဴးႏြယ္စုရဲ႕႐ြာေလးပါ။

အမဲလိုက္ ပ်ားအုံဖြတ္ ငါးဖမ္းရင္း အသက္ေမြးၾကၿပီး လယ္ယာေျမစိုက္ပ်ိဴးမႈကိုေတာင္မသိရွိသလို သူတို႔ဘာသာစကားဟာလူ၁ေသာင္းေတာင္မသိတဲ့ဘာသာစကားတခုကို ေျပာၾကတဲ့လူ႐ိုင္းမ်ိဴးႏြယ္ပါ။ ၃ႏွစ္ေလာက္ေနမွၿမိဳ႕ျပအမဲလိုက္အဖြဲ႕ေတြကိုေတြ႕ရေလ့ရွိၿပီး ဒါကိုကသူတို႔အတြက္အထူးအဆန္းျဖစ္ေလ့ရွိတဲ့ ကိစၥပါ။

သူတို႔ယုံၾကည္မႈက တျခားလူ႐ိုင္းေတြလိုနတ္ဘုရားနဲ႔ယစ္ပူေဇာ္မႈမဟုတ္ဘဲ ရာသီဥတုကိုယုံၾကည္ကိုးကြယ္ၾကတဲ့လူမ်ိဴးေတြပါ။မွတ္တမ္းမ်ားအရ ဒီလူမ်ိဴးစုစစ္စစ္ဟာ၂၀၀ေက်ာ္သာက်န္ေတာ့ၿပီးသစ္ေတာျပဴန္းတီးမႈ
ေတာင္အာဖရိကကြၽန္ျပဳအလုပ္ၾကမ္းလုပ္ခိုင္းတဲ့သူပုန္ေတြေၾကာင့္

မ်ိဴးတုံးလုနီးပါးအေျခအေနကိုေရာက္ေနရၿပီး လူ၃၀ကိုတ႐ြာေလာက္ပဲေနထိုင္မႈေတြေၾကာင့္ ဒီလူ႐ိုင္းမ်ိဴးႏြယ္ဟာကမာၻ႔လူမ်ိဴးစုထိန္းသိမ္းေရးအဖြဲ႕ေတြနဲ႔အလွမ္းေဝးလြန္းခဲ့ပါတယ္။အခ်ိန္အားျဖင့္ ၁၉၄၄ခုႏွစ္ ဒီဇင္ဘာလ ၁၆ရက္ေန႔ ဒီ႐ြာေလးမွာ N!xau Tomaဆိုတဲ့လူ႐ိုင္းေလးတေယာက္ကိုေမြးဖြားခဲ့ပါတယ္။

ဖခင္ျဖစ္သူ မိခင္ျဖစ္သူ ဦးေလးျဖစ္သူေတြနဲ႔တမိသားစုလုံးဟာ အာဖရိကဘိန္းေမွာင္ခိုအဖြဲ႕ေတာပုန္းမႈမွာႀကဳံရင္း အသတ္ခံခဲ့ရပါတယ္။ ဒီလူ႐ိုင္းေလးနဲ႔သူ႔အကို N!aau သာက်န္ခဲ့ၿပီးတျခား႐ြာသူႀကီးကသူတို႔ညီကို၂ေယာက္ကို ေမြးစားခဲ့ပါတယ္။

Niaau ဟာလဲ ၉ႏွစ္သားမွာအေပ်ာ္တမ္းအမဲလိုက္အဖြဲ႕ကပစ္သတ္တာခံခဲ့ရၿပီး Tomaတေယာက္ထဲမိမဲ့ဖမဲ့မိသားစုမဲ့နဲ႔ဘဝကိုစတင္ဖို႔ျဖစ္လာခဲ့ပါတယ္။ Tomaကလူ႐ိုင္းေပမယ့္ဉာဏ္ေတာ့ေကာင္းတယ္။ ႐ြာကလူေတြထဲအမဲလိုက္အကြၽမ္းက်င္ဆုံးသူရဲေကာင္းျဖစ္သလို ၁၉ႏွစ္သားမွာငါးေမြးျမဴဖို႔ ႐ြံ႕ကန္တခုကိုသူလုပ္ခဲ့ပါၿပီ

ဒါကသာမာန္လူေတြအဖို႔ကေလးေတာင္သိတယ္ဆိုေပမယ့္ ဒီလိုလူ႐ိုင္းေတြအဖို႔ေတာ့နည္းပညာသစ္တခုပါပဲ။ အဆိပ္မႈတ္ေျပာင္းကိုေပ၃၀နီးပါးပစ္ႏိုင္ေအာင္လုပ္တတ္ခဲ့သလို ေလးကိုလဲေပါ့ပါးၿပီးအေဝးပစ္ႏိုင္ေအာင္႐ြာကလူေတြကိုသူသင္ၾကားေပးႏိုင္ခဲ့ပါၿပီ။

သူမ်ားေတြတလေလာက္လိုက္ရတဲ့အမဲအုပ္ကိုသူ၁၀ရက္နဲ႔လိုက္ႏိုင္သလိုေတာလဲကြၽမ္းက်င္သူေပါ့။ ဒါေၾကာင့္လဲ႐ြာမွာပ်ိဴတိုင္းႀကိဳက္တဲ့ႏွင္းဆီခိုင္ျဖစ္သလို Popularလဲျဖစ္လြန္းသူပါ။ ဒါေပမယ့္သူ႔အသက္ကိုသူဘယ္ေလာက္ရွိမွန္းမေရႏိုင္သလို တရက္တာအခ်ိန္ကိုလဲေနဝင္ေနထြက္တာနဲ႔ပဲသိတဲ့သူပါ။

မိုးတခါ႐ြာရင္တႏွစိလို႔သိတဲ့လူမ်ိဴးစုျဖစ္သလို သမင္အုပ္ ေတာင္ဖက္ေျပာင္းရင္ ၁ႏွစ္လို႔အၾကမ္းဖ်င္းသိတဲ့လူမ်ိဴးစုပါ။ ႏွစ္လရက္နာရီေတြကိုမသိသလိုဂဏာန္းေတြကိုလဲမသိရွိသူပါ။ ႐ြာမွာဆိတ္၅ေကာင္ရွိသူဟာသူေဌးစာရင္းဝင္ျဖစ္ၿပီးကြၽဲ၁၀ေကာင္အမဲလိုက္ႏိုင္ရင္ Heroပါပဲ။

ဒီလိုနဲ႔သူ႔အသက္ ၂၅လို႔ထင္ရတဲ့အခ်ိန္မွာတျခား႐ြာကသူႀကီးသမီးနဲ႔လက္ထပ္ခဲ့ၿပီး သူ႔႐ြာမွာပဲေနထိုင္ခဲ့ပါ
တယ္။ ႐ြာဆိုတာကလဲ လူ၃၅ေယာက္သာရွိတဲ့႐ြာေလးပါ။

Peter Jay………………ပီတာကHollywood ႐ုပ္ရွင္ေလာကမွာ ထုတ္လုပ္သူတေယာက္ျဖစ္တဲ့ JamieUys ရဲ႕သားေပါ့။ သူကိုင္တိုင္လဲSettingသမားတေယာက္ျဖစ္သလိုအငယ္တန္းဒါ႐ိုက္တာတေယာက္ပါ။သူေဌးသားျဖစ္ေပမယ့္အမဲလိုက္ရတာကိုဝါသနာပါသူတေယာက္။

၁၉၇၉ခုႏွစ္ေမလမွာ သူနဲ႔သူငယ္ခ်င္း၃ေယာက္ေတာင္အာဖရိကကိုအမဲလိုက္ထြက္ခဲ့ပါတယ္။ကိုယ္ပိုင္ဂ်က္ေလယဥ္တစီးနဲ႔သူငယ္ခ်င္းေတြအေပ်ာ္တမ္းအမဲလိုက္ရာကေန အင္ဂ်င္မေတာ္မဆမႈျဖစ္ၿပီးေလယာဥ္ပ်က္က်မႈေၾကာင့္သူတို႔သူငယ္ခ်င္းတသိုက္ဟာကံဆိုးခဲ့ရပါတယ္။

ၿမိဳ႕ျပနဲ႔ဆက္သြယ္မႈျပတ္သြားသလိုသူတို႔ေလယာဥ္ေပ်ာက္ဆုံးမႈဟာလဲသတင္းမွာပါခဲ့ၿပီး တစီးလုံးေသဆုံးသြားေၾကာင္းေၾကျငာခဲ့ပါေတာ့တယ္။
…………………………………
႐ြာသူလူေတြနဲ႔အမဲလိုက္ထြက္ရင္းToma ေတြ႕သြားတာကဒီသူေဌးသားပီတာရဲ႕အေလာင္းကိုပါပဲ။ ေသခ်ာၾကည့္မွမေသေသးပဲအသက္ရွင္ေနေသးတာကိုသိခဲ့လို႔႐ြာကိုကယ္လာၿပီးေဆးကုေပးခဲ့ခဲ့ပါတယ္။ ကံေကာင္းတယ္လို႔ပဲေျပာရမယ္ ပီတာဟာအသက္ေဘးကေနဒီလူ႐ိုင္းေၾကာင့္လြတ္ခဲ့ပါတယ္။

ဒါေပမယ့္ေျခေထာက္တဖက္ကေတာ့ဆုံးရႉံးခဲ့ရပါတယ္။ပီတာဟာဒီလူ႐ိုင္း႐ြာမွာ ၅လအထိေသာင္တင္ခဲ့ၿပီးTomaနဲ႔လဲသူငယ္ခ်င္းျဖစ္ခဲ့ပါတယ္။ပီတာကTomaကို ၿမိဳ႕ျပရဲ႕ဓေလ့ေတြေနထိုင္မႈေတြကိုသင္ေပးတယ္။ ဒါေပမယ့္Tomaကမွတ္ႏိုင္စြမ္းမရွိသလိုအလြဲလြဲအေခ်ာ္ေခ်ာ္လုပ္လို႔ဟာသေတြျဖစ္ခဲ့ရတာေပါ့။

ပီတာကideaတခုရသြားတယ္။ဟာသကားေတြ႐ိုက္တဲ့Hollywoodကသူ႔သူငယ္ခ်င္းNic နဲ႔ဒီလူ႐ိုင္းရဲ႕အလြဲေတြကို႐ုပ္ရွင္႐ိုက္ရင္ေတာ္ေတာ္ရယ္ရမယ္ဆိုၿပီးေပါ့။ ၁၉၇၉ခုႏွစ္ဒီဇင္ဘာလမွာကံေကာင္းထက္မစြာနဲ႔ပဲအာဖရိကသစ္ေတာေစာင့္ေရွာက္ေရးစစ္သားေတြနဲ႔ပီတာေတြ႕သြားၿပီး ၿမိဳ႕ကိုျပန္ဖို႔အခြင့္အေရးရခဲ့ပါေတာ့တယ္။

ဒါေပမယ့္သူတေယာက္ထဲမျပန္ဘူး။ Tomaကိုပါေခၚသြားခ်င္တယ္။ Tomaကလဲမလိုက္ရဲဘူး။ဒီလိုနဲ႔ Tomaကို ဆိတ္၇ေကာင္ေပးမယ္ဆိုတဲ့ကမ္းလွမ္းမႈနဲ႔ရေအာင္ေခၚႏိုင္ခဲ့ပါတယ္။ဆိတ္၇ေကာင္ဆိုတဲ့ပမာဏကTomaအဖို႔႐ြာမွာသူေဌးျဖစ္မယ့္အခြင့္အေရးပဲေလ။ ဒါေၾကာင့္ပီတာနဲ႔အတူလိုက္ဖို႔ဆုံးျဖတ္ခဲ့ပါေတာ့တယ္။

#The_Gods_Must_Be_Crazy

ဘုရားေတြ႐ူးမလား လူေတြ႐ူးမလားေတာ့မသိဘူး ဒီလို ၁၂၃၄ ေတာင္မသိတဲ့လူ႐ိုင္းတေကာင္ကိုၿမိဳ႕ေပၚေခၚလာၿပီး႐ုပ္ရွင္႐ိုက္ခ်င္တဲ့ပီတာရဲ႕idea ကေတာ့ေတာ္ေတာ္႐ူးလြယ္ပါတယ္ေပါ့ဗ်ာ။ အေဖျဖစ္သူ Jamie Uysကိုေျပာတယ္ဒါေပမယ့္လက္မခံဘူး ။

ဘယ္ကလူ႐ိုင္းကို႐ုပ္ရွင္မင္းသားတင္မလဲေပါ့ ဒီေကာင္႐ူးေနၿပီလားေပါ့ အေဖျဖစ္သူက။ ဒါေပမယ့္သားျဖစ္သူရဲ႕စိတ္အားထက္သန္မႈနဲ႔ ႐ုပ္ရွင္အေပၚစိတ္ဝင္စားမႈသိပ္မရွိခဲ့ပဲ ေလေနတဲ့သားကေျပာလာေတာ့အေဖျဖစ္သူကလက္ခံခဲ့ပါေတာ့တယ္။

သူကိုယ္တိုင္Producerလုပ္ၿပီးဒါ႐ိုက္တာေတြကိုေခၚေပမယ့္ဘယ္သူမွလက္မခံတဲ့အျပင္အဟားပါခံခဲ့ရတယ္။ေနာက္ဆုံးသူကိုယ္တိုင္ပဲဒါ႐ိုက္တာလုပ္႐ိုက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။The Gods Must Be Crazy ဆိုတဲ့ဒီကားကို ၁၉၈၄ခုႏွစ္ ဇူလိုင္လ၉ရက္ေန႔မွာ အာဖရိက အေမရိကနဲ႔ ဥေရာပမွာ႐ုံတင္ခဲ့ပါတယ္။

၅သန္းပဲအကုန္က်ခံခဲ့တဲ့ဒီကားဟာ $60,000,000 ေက်ာ္ရခဲ့သလို မထင္ထားတဲ့႐ုပ္ရွင္ေလာကသားေတြၾကားထဲဒီလူ႐ိုင္းကတလအတြင္း႐ုပ္သံသတင္းေတြ interviewေတြမွာပါလာခဲ့ပါတယ္။

ဒီကားကို႐ိုက္ဖို႔အခက္အခဲမ်ားစြာရွိခဲ့သလို Cameraနဲ႔ခ်ိတ္ထားရင္ေသနပ္ထင္လို႔လန႔္ၿပီးဝပ္ေမွာက္တတ္တဲ့ဒီလူ႐ိုင္းေၾကာင့္ Cameraေတြကိုအဝတ္နဲ႔အုပ္ၿပီး႐ိုက္ကူးခဲ့ရသလို ဒိုင္ယာေလာ့ေတြကိုအလုံး၁၀ထက္ပိုသင္လို႔မရလို႔ျဖတ္ျဖတ္ၿပီး႐ိုက္ခဲ့ရပါတယ္။

ထူးျခားမႈကေတာ့ဒီကားထဲက႐ိုက္ကြက္ေတြဟာTomaသ႐ုပ္ေဆာင္ေနတာမဟုတ္ပဲတကယ္ထင္ၿပီးလုပ္ခဲ့ေျပးခဲ့တာေတြမ်ားပါတယ္။ ဒီကားဟာေဒၚလာအျမတ္ေငြ သန္း၁၁၀ေက်ာ္အထိတႏွစ္အတြင္းရခဲ့သလိုTomaဟာလဲႏိုင္ငံတကာဆုေတြရခဲ့ပါတယ္။ ဒီကားအတြက္Tomaဟာေဒၚလာ၇သန္းရခဲ့ပါတယ္။

ဒါေပမယ့္ဒီေဒၚလာေတြကိုသူဘာမွန္းမသိလို႔လာမခံခဲ့ပဲပီတာကိုပဲဆိတ္၇ေကာင္လိုခ်င္ေၾကာင္းေျပာခဲ့ပါတယ္။ပီတာဟာဒါေၾကာင့္ Tomaကိုဆိတ္အေကာင္၃၀နဲ႔အတူသူ႔႐ြာကိုျပန္ပို႔ခဲ့ၿပီး ေဒၚလာ၃၀၀ကိုလဲသူမလိုခ်င္ေတာင္အမွတ္တရသိမ္းထားဖို႔ထည့္ေပးခဲ့ပါတယ္။ဒါေပမယ့္ဒီမွာတင္မၿပီးသြားဘူး။

The Gods Must Be Crazy ကအရမ္းေအာင္ျမင္လို႔ 2 ကိုထပ္႐ိုက္ဖို႔ကမာၻ႔အႏွံ႔ကToma Fanေတြကေတာင္းဆိုမႈေတြမ်ားလာခဲ့ပါတယ္။ ဒီအခါမွာေတာ့ The Gods Must Be Crazy 2ကို Hollywood ႐ုပ္ရွင္ထုတ္လုပ္ေရးႀကီး20th Century Fox ကထုတ္လုပ္ဖို႔ကမ္းလွမ္းျခင္းခံခဲ့ရပါေတာ့တယ္။

TGMBC 2 ကို၁၉၉၀ခုႏွစ္ ဧၿပီလ၁၃ရက္ေန႔မွာထပ္မံ႐ုံတင္ခဲ့ပါေတာ့တယ္။ ေရွ႕က1လိုပဲ ေအာင္ျမင္မႈမ်ားစြာရခဲ့ၿပီးေဒၚလာသန္း၁၅၀ေက်ာ္အထိအျမတ္ေငြရရွိခဲ့ပါတယ္။ ဒီကားမွာေတာ့ Tomaရဲ႕မိသားစုတစုလုံးကပါဝင္႐ိုက္ကူးခဲ့ၿပီးသားျဖစ္သူေတြေရကားေနာက္ပါသြားမႈကိုစိုးရိမ္တႀကီးနဲ႔ေနာက္ကလိုက္တဲ့ဖခင္တေယာက္ရဲ႕ေမတၱာကို႐ိုက္ကူးခဲ့တဲ့ကားေပါ့။

ဒီကားမွာသားျဖစ္သူေတြရဲ႕ဟာသအလြဲေတြလဲပါဝင္လာသလို ဖခင္ျဖစ္သူရဲ႕ေၾကာင္ေတာင္ေတာင္ဓေလ့စ႐ိုက္ေတြလဲပါလာခဲ့ပါတယ္။ကေလးေတြျဖစ္ေပမယ့္ေတာေတာင္ထဲအႏၲရယ္ႀကဳံလာရင္ကိုယ္တိုင္ကာကြယ္မႈေတြ လူ႐ိုင္းေတြရဲ႕႐ိုးသားတဲ့အက်င့္စ႐ိုက္ေတြကိုဒီကားမွာျမင္ရသလိုဟာသေရာေၾကကြဲစရာေလးေတြကိုပါျမင္ရေစတဲ့ကားတကားပါ။

ဒီကားအၿပီးမွာေတာ့Toma ရဲ႕လုပ္ေဆာင္ခ်က္ကအရမ္းႀကီးမားသြားခဲ့ပါၿပီ။ ကမာၻေပၚကမဖြံ႕ၿဖိဳးေသး ၿမိဳ႕ျပနဲ႔ေဝးတဲ့ေနရာေတြက လူ႐ိုင္းေတြရဲ႕ဘဝကိုတကမာၻလုံးသိေအာင္ျပသခဲ့သလို Tomaဟာလဲကမာၻ႔လူ႐ိုင္းမ်ိဴးႏြယ္စုေတြကိုကမာၻကပစ္ထားမႈကိုခ်ျပလိုက္တဲ့ဇာေကာင္အျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

ဒါတင္မကပါဘူး Tomaဟာကမာၻ႔လူ႐ိုင္းမ်ိဴးႏြယ္စုေတြကိုထိန္းသိမ္းကာကြယ္ေရးသံတမန္အျဖစ္ေရာေတာင္အာဖရိကလူမည္းေတြရဲ႕စားဝတ္ေနေရးသံတမန္အျဖစ္ပါခန႔္အပ္ခံခဲ့ရပါတယ္။ဒါေပမယ့္သူဘာမွမသိဘူး interviewတိုင္း talkshowတိုင္း ရယ္ျပတာကလြဲရင္သူဘာမွမသိမေျပာတတ္မလုပ္တတ္ခဲ့ပါဘူး။

ဒီ၂ကားအၿပီးမွာေတာ့TomaဟာHollywood အာဖရိကတင္မကပဲေဟာင္ေကာင္႐ုပ္ရွင္ေလာကကပါကမ္းလွမ္းျခင္းခံခဲ့ရပါေတာ့တယ္။ ေဟာင္ေကာင္ထုတ္လုပ္ေရးနဲ႔ပထမဆုံး႐ုံတင္လာတဲ့ကားက Crazy Safariဒီကားကလဲေရွ႕ကTGMBC ေတြလိုပဲေအာင္ျမင္ခဲ့ပါတယ္။

ေဟာင္ေကာင္ေဒၚလာသိန္း၁၀၀ေက်ာ္ရခဲ့သလို Tomaရဲ႕ဘ႐ုစလီလိုလုပ္ကြက္ေတြကလဲဘ႐ုစလီနဲ႔တူေအာင္႐ိုက္တဲ့သူေတြထဲအေအာင္ျမင္ဆုံးျဖစ္ခဲ့ပါတယ္။ တ႐ုတ္သရဲတေကာင္နဲ႔တိုင္ပတ္ေနတဲ့လူ႐ိုင္းကားေပါ့။

ဒီကားအၿပီး Tomaဟာ Crazy Hong Kong(1993) / The Gods Must Be Funnyin China (1994) / Sekai UrurunTaizaiki ( 1996 )ကားေတြထြက္ခဲ့ၿပီးလူ႐ိုင္းေတြထဲေအာင္ျမင္မႈအႀကီးမားဆုံးလူသားအျဖစ္ 1996ခုႏွစ္မွာဂင္းနစ္စံခ်ိန္ဝင္ခဲ့ၿပီး႐ုပ္ရွင္သမိုင္းမွာ ဟာသလူ႐ိုင္းသ႐ုပ္ေဆာင္အျဖစ္တသက္တာအႏုပညာရွင္ဆုကိုရခဲ့ပါေတာ့တယ္။

TomaဟာSakei Ururun Taizaikiဇာတ္ကားအၿပီးမွာေတာ့သူ႔႐ြာကိုပဲျပန္ခ်င္ေၾကာင္းေျပာလာခဲ့လို႔ပီတာကပို႔ေပးခဲ့ၿပီး႐ုပ္ရွင္ဘယ္ေတာ့မွထပ္မ႐ိုက္ေတာ့ပဲမိသားစုနဲ႔အတူ႐ြာမွာပဲအမဲလိုက္ရင္းေနထိုင္ခဲ့ပါေတာ့တယ္။သူဟာဒီဆယ္စုႏွစ္အတြင္း ေဒၚလာသန္း၇၀ေက်ာ္ရရွိခဲ့ေပမယ့္

ဒီစကၠဴေတြကသူ႔မိသားစုအတြက္အသုံးမဝင္ေၾကာင္းေျပာခဲ့ၿပီး အာဖရိကကေလးသူငယ္မ်ားအစာအဟာရခ်ိဳ႕တဲ့မႈ Foundationကိုအကုန္လႉွတန္းခဲ့ပါတယ္။ Tomaဟာကမာၻေပၚကလူ႐ိုင္းေတြရဲ႕ေနထိုင္မႈ ႐ိုးသားမႈ ေတာင္အာဖရိကရဲ႕လူမည္းေတြရဲ႕ဒုကၡေရာက္ေနမႈကိုကမာၻကိုသိေအာင္ေျပာၾကားခဲ့သူျဖစ္ၿပီး႐ုပ္ရွင္ေလာကမွာပထမဆုံးလူ႐ိုင္းမင္းသားတေယာက္အျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

၂၀၀၃ခုႏွစ္ဇူလိုင္လ ၁၂ရက္ေန႔မွာေတာ့ Toma ဟာငွက္ဖ်ားေရာဂါနဲ႔ကြယ္လြန္သြားခဲ့ပါတယ္။႐ုပ္ေခ်ာမွ စကားေျပာေကာင္းမွဆိုတဲ့အႏုပညာေလာကမွာဒီလူ႐ိုင္းကဘာမွေသခ်ာမေျပာတတ္ပဲ ဂဏာန္းအလုံး၂၀ထက္ ပိုမမွတ္တတ္ပဲ ေငြေတြနာမည္ႀကီးမႈေတြေအာင္ျမင္မႈေတြကိုမသိပဲ ဝင္ေရာက္လာခဲ့ၿပီးကမာၻ႔႐ုပ္ရွင္ေလာကမွာနာမည္တခုထားသြားခဲ့ပါတယ္။

အာဖရိကေမာ့စ္ ပုလင္းမင္းသားလို႔ျမန္မာကသိၾကတဲ့Toma ဟာဂ်စ္ကားေျပာင္းျပန္ေမာင္းတာေတြျခေသၤ့လိုက္လို႔ေျပးတာေတြ ပုလင္းတလုံးနဲ႔တ႐ြာလိုက္ျပသနာတက္တာေတြ ၿမိဳ႕ျပကိုသားျဖစ္သူေတြေနာက္လိုက္ရင္းဝ႐ုန္းသုန္းကားျဖစ္တာေတြ တ႐ုတ္သရဲနဲ႔အသီးခူးတာေတြ ေတာတြင္းဟာသအလြဲေတြနဲ႔

သူ႔႐ိုးသားျဖဴစင္တဲ့အၿပဴံးဘဝမွာမိသားစုကလြဲၿပီးဘာမွမသိတဲ့လူတေယာက္အျဖစ္ ေငြေၾကးေအာင္ျမင္မႈေတြမရွိပဲေပ်ာ္႐ႊင္တဲ့လူတေယာက္အျဖစ္ေနထိုင္ႏိုင္ေၾကာင္းလူ႐ိုင္းေတြရဲ႕အ႐ိုးခံစိတ္ထားေတြက ကမာၻ႔႐ုပ္ရွင္ေလာကမွာေရာကမာၻေပၚကလူေတြအတြက္မွာမေမ့ႏိုင္စရာလူတေယာက္ပါ။

သူေဒၚလာသန္းခ်ီပိုင္ဆိုင္ခဲ့တယ္။ ဒါေပမယ့္ ဒီခ်မ္းသာမႈေတြနဲ႔မိသားစုဘဝကိုမလဲခဲ့ဘူး။ ေအာင္ျမင္မႈ StarIdol Fan ပရိတ္သတ္ဆိုတာကိုမသိဘူး။ဒီလိုလူမ်ိဳး ႐ုပ္ရွင္ေလာကမွာေရာ အႏုပညာေလာမွာပါတေယာက္မွမရွိပါဘူး။

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *