The Golden Holiday (2020)

13921
Share
Copy the link

အခုတစ်ခါ ပရိတ်သတ်ကြီးကို ၂၀၂၀ခုနှစ်ထွက် Action/Comedy ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်

Cast တွေကတော့The Man Standing Next,The Wailing တို့မှာပါဝင်သရုပ်ဆောင်ထားတဲ့ ဝါရင့်သရုပ်ဆောင်ကြီး Kwak Do-won,နန်းတွင်းကားတော်တော်များများမှာပါတတ်တဲ့ သရုပ်ဆောင်ကြီး Kim SangHo,The Sound of Your Heart ထဲကဟာသသရုပ်ဆောင် Kim Dae-Myung တို့အဓိကပါဝင်ထားပြီး

ရယ်လည်းရယ်ရ ကြည့်လို့လည်းကောင်းတဲ့ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဗြောင်းဆူဆိုတဲ့ ရဲဟာအလွန်ရိုးသားသလိုစိတ်ထားလည်းကောင်းတဲ့သူဆိုပေမယ့် တစ်ခါတစ်ခါဒေါသလည်းကြီးပါတယ် သူ့မှာအရမ်းချစ်ရတဲ့သူငယ်ချင်း ယုံးဘယ်ဆိုတာရှိပါတယ် ယုံးဘယ်ကတော့သူလူလိမ်တစ်ယောက်ပါ

လိမ်ရမယ်ဆိုသူ့သူငယ်ချင်း ရဲကိုတောင်မချန်ပါဘူး သူငယ်ချင်းကို အရမ်းချစ်တဲ့ဗြောင်းဆူက ယုံးဘယ်ငွေလိုလို့ပိုက်ဆံကိုသူ့နာမည်နဲ့ အာမခံထားချေးပေးခဲ့ပေမယ့် လူလိမ် ယုံးဘယ်က ဒီငွေတွေကိုပြန်မဆပ်ပဲ ဖိလစ်ပိုင်ကိုလစ်သွားပါတယ်

သူငယ်ချင်းကောင်းမှုနဲ့အိမ်ပေါင်ပြီး ပိုက်ဆံချေးပေးထားလို့ အပေါင်ဆုံးမလိုဖြစ်နေတုန်း တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို သူ့အမျိုးသမီးကလည်းသူကို ဖိလစ်ပိုင်ကိုခရီးထွက်ချင်ကြောင်း ပူဆာပါတော့တယ်

ဒီလိုနဲ့ဗြောင်းဆူတစ်ယောက် ပြဿနာတွေကိုခဏ မေ့ထားပြီး ဖြစ်ချင်ရာဖြစ် ဖိလစ်ပိုင်ကို မိသားစုနဲ့အတူူအပျော်ခရီးထွက်လာခဲ့ရင်း ဖိလစ်ပိုင်မှာ သူမမျှော်လင့်ထားတာတွေ ဖြစ်လာခဲ့ပါတော့တယ်

ဗြောင်းဆူတစ်ယောက် အကြွေးတွေကောဆပ်နိုင်ပါ့မလား ယုံးဘယ်နဲ့ကော ဖိလစ်ပိုင်မှာရေစက်ဆုံဦးမလားဘယ်လိုအလွဲတွေဆက်ဖြစ်မယ်ဆိုတာတော့ ကိုယ်တိုင်ပဲခံစားကြည့်ရှုစေချင်ပါတယ်

Zawgyi






ဒီလိုနဲ့ဗြောင်းဆူတစ်ယောက် ပြဿနာတွေကိုခဏ မေ့ထားပြီး ဖြစ်ချင်ရာဖြစ် ဖိလစ်ပိုင်ကို မိသားစုနဲ့အတူအပျော်ခရီးထွက်လာခဲ့ရင်း ဖိလစ်ပိုင်မှာ သူမမျှော်လင့်ထားတာတွေ ဖြစ်လာခဲ့ပါတော့တယ်


megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

disk.yandex.com (Disk Yandex) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *