The Grandmaster (2013)

1
Share
Copy the link

တရုတ်သိုင်းရုပ်ရှင်ကို သဘောကျသူတွေကြားမှာမသိသူမရှိလောက်တဲ့ Ip Manရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ သိုင်းကားတစ်ကားပါ။Ip Man ကားတွဲတွေနဲ့တော့ တစ်စက်ကလေးမှ
မဆင်တဲ့အပြင် ဝေါင်ကာဝေးရဲ့ ရုပ်ရှင်ပီပီသသပါပဲခမ်းခမ်းနားနား Dialougeတွေကို သေသေသပ်သပ်ထည့်သွင်းထားပါတယ်။

Ip Manကို ဗဟိုပြုပြီးသူ့ခေတ်ပြိုင် သိုင်းဆရာတွေကိုပါ လှလှပပစက်ဝိုင်းလေးဝိုင်းပြီး ဘောင်မလွတ်ပဲ ပြထားပါတယ်။ဘဝမှာသာ ရာသီအပိုင်းအခြားတွေရှိခဲ့ရင်သူ့ဘဝရဲ့ပထမနှစ်လေးဆယ်က နွေဦးလိုသာယာခဲ့တယ်ဆိုတဲ့ Ip Manရဲ့ဘဝ နှစ်လေးဆယ်နောက်ပိုင်းဆောင်းရာသီနေ့ရက်တွေအကြောင်းကိုတင်ဆက်ပြသထားပါတယ်။

သိုင်းပညာပြခန်းတွေသိပ်မများလှပေမယ့်ပါသမျှလောက်ကလည်း စက္ကန့်စိတ်စာမျှ ပယ်စရာမရှိတဲ့တကယ့်အနှစ်တွေပါပဲ။ ဒီလိုပယ်စရာမရှိရအောင်လည်းဒီရုပ်ရှင်ရဲ့ မင်းသား တိုနီချူဝေဟာ တစ်နေ့လေးနာရီနှုန်းနဲ့တစ်နှစ်တိတိကျင့်ခဲ့ရပါတယ်။

တရုတ်ပြည်ကနေ ခုန်ပျံကျော်လွှားပြီး အမေရိကန်jမှာအော်စကာနှစ်ဆု Nomineeဝင်ထားတဲ့ဒီရုပ်ရှင်မှာ Ip Manရဲ့ ဝင်းချွန်းသိုင်းကွက်တွေထိုက်ကျိသိုင်းရဲ့ ဒဿ နတွေ ဝေဝေဆာဆာနဲ့သိုင်းအနုပညာကို ထဲထဲဝင်ဝင် ခံစားကြရမှာပါ။

Zawgyi

တ႐ုတ္သိုင္း႐ုပ္ရွင္ကို သေဘာက်သူေတြၾကားမွာမသိသူမရွိေလာက္တဲ့ Ip Manရဲ႕ အေၾကာင္းကို႐ိုက္ကူးထားတဲ့ သိုင္းကားတစ္ကားပါ။Ip Man ကားတြဲေတြနဲ႔ေတာ့ တစ္စက္ကေလးမွ
မဆင္တဲ့အျပင္ ေဝါင္ကာေဝးရဲ႕ ႐ုပ္ရွင္ပီပီသသပါပဲခမ္းခမ္းနားနား Dialougeေတြကို ေသေသသပ္သပ္ထည့္သြင္းထားပါတယ္။

Ip Manကို ဗဟိုျပဳၿပီးသူ႔ေခတ္ၿပိဳင္ သိုင္းဆရာေတြကိုပါ လွလွပပစက္ဝိုင္းေလးဝိုင္းၿပီး ေဘာင္မလြတ္ပဲ ျပထားပါတယ္။ဘဝမွာသာ ရာသီအပိုင္းအျခားေတြရွိခဲ့ရင္သူ႔ဘဝရဲ႕ပထမႏွစ္ေလးဆယ္က ေႏြဦးလိုသာယာခဲ့တယ္ဆိုတဲ့ Ip Manရဲ႕ဘဝ ႏွစ္ေလးဆယ္ေနာက္ပိုင္းေဆာင္းရာသီေန႔ရက္ေတြအေၾကာင္းကိုတင္ဆက္ျပသထားပါတယ္။

သိုင္းပညာျပခန္းေတြသိပ္မမ်ားလွေပမယ့္ပါသမွ်ေလာက္ကလည္း စကၠန႔္စိတ္စာမွ် ပယ္စရာမရွိတဲ့တကယ့္အႏွစ္ေတြပါပဲ။ ဒီလိုပယ္စရာမရွိရေအာင္လည္းဒီ႐ုပ္ရွင္ရဲ႕ မင္းသား တိုနီခ်ဴေဝဟာ တစ္ေန႔ေလးနာရီႏႈန္းနဲ႔တစ္ႏွစ္တိတိက်င့္ခဲ့ရပါတယ္။

တ႐ုတ္ျပည္ကေန ခုန္ပ်ံေက်ာ္လႊားၿပီး အေမရိကန္jမွာေအာ္စကာႏွစ္ဆု Nomineeဝင္ထားတဲ့ဒီ႐ုပ္ရွင္မွာ Ip Manရဲ႕ ဝင္းခြၽန္းသိုင္းကြက္ေတြထိုက္က်ိသိုင္းရဲ႕ ဒႆ နေတြ ေဝေဝဆာဆာနဲ႔သိုင္းအႏုပညာကို ထဲထဲဝင္ဝင္ ခံစားၾကရမွာပါ။

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *