The Great (Season 1) အပိုင်း (၃)

16673
Share
Copy the link

ဒီတခါတော့ Hulu ကနေ လွှင့်ထားတဲ့ The Great ဆိုတဲ့ Mini series လေးကို တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့ Comdey အမျိုးအစားဖြစ်ပြီးIMDB မှာ 7.9 နဲ့ RT မှာ 80%ထိရထားတဲ့ ဇာတ်ကားလေးပါ။ပထမဆုံးပြောရမှာကတော့ မင်းသမီးက Elle Fanningပါပဲ။

Super 8 ထဲက ကလေးမလေးက Maleficent 1 2 နဲ့ အောင်မြင်လာခဲ့ပြီးအခုလွမ်းနေတဲ့သူတွေအတွက် The Great နဲ့ ထွက်ပေါ်လာပြန်ပါပြီ။မင်းသမီးကတော့ ဟုတ်ပါပြီ မင်းသားကရော။ဟုတ်ကဲ့ မင်းသားကတော့ Worm Bodies တို့ Jack:Giant Slayerရယ်X-menကားတွေထဲလည်း ပါတဲ့ Nicholas Hoult ပါပဲ။

အပြင်မှာတကယ်ရှိတဲ့ ရုရှားဧကရီ Catherine The Great ရဲ့အကြောင်းကိုကျောရိုးလေးယူပြီး Comdey အနေနဲ့ရိုက်ထားတာပါ။

Comedy ဆိုပေမယ့် 18th ရာစုဝန်းကျင်မှာဖြစ်တဲ့အတွက်အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေအကြောင်းတွေအဲဒီခေတ်မှာ အမျိုးသားတွေက အမျိုးသမီးတွေကိုဘယ်လိုသဘောထားတယ်ဆိုတာတွေကိုပါ ထည့်သွင်းထားပါတယ်။ဇာတ်လမ်းကတော့ လာလာခြင်းမှာပဲ Catherine က Peter III ကလက်ထပ်ဖို့ ထွက်ခွာလာတာနဲ့ စပါတယ်။

အင်ပါယာကြီးတခုရဲ့ ဧကရာဇ်ကို လက်ထပ်ရမယ့်မိန်းကလေးတယောက် ရဲ့လက်ဆောင်ကတော့ ထင်းရှူးရွက်လေး တခုပါပဲ။သူနဲ့ ဧကရာဇ်ရဲ့ အချစ်ဟာ မီးကျီး မီးပွားလေး တခုကနေ အရှိန်ပြင်းပြင်းတောက်လောင်လာပြီးနိုင်ငံတော်ကြီး တခုလုံးကို အလင်းပေးနိုင်လောက်တဲ့အထိတောက်ပအောင်ဖြစ်စေချင်ပါသတဲ့။

ဧကရာဇ်ကတော့ ကဗျာဆန်ပါရဲ့လား။အရင်ကပို့ခဲ့တဲ့စာတွေကတောင် သူပို့တာ မဟုတ်ပါဘူးတဲ့။အဲလိုနဲ့ မင်္ဂလာပွဲကျင်းပပြီး မင်္ဂလာဦးညကို စိတ်ကူးယဉ်နေတဲ့မိန်းကလေးတယောက်ရဲ့ ဧကရာဇ်ရဲ့ လက်ထပ်မှုအပေါ်ထားတဲ့သဘောထားတွေဖော်ပြရင်း မင်္ဂလာဦးညကိုပုံဖော်ထားခဲ့တယ်။

ပြင်သစ်ကို စိတ်ဝင်စားတာချင်းတူကြပေမယ့်ပြင်သစ်နောက်ဆုံးပေါ်ဖက်ရှင်တွေကို စိတ်ဝင်စားတဲ့ နန်းတော်ကအမျိုးသမီးတွေနဲ့ မတူကွဲပြားစွာ Catherine ကတော့ပြင်သစ်အတွေးအခေါ်ပညာရှင်တွေရဲ့ စာပေတွေကိုသာ စိတ်ဝင်စားဖတ်ရှုသူပါ။သူတို့က စာတောင် မဖတ်တတ်ကြဘူး။

နောက်ထပ်သူတို့စိတ်ဝင်စားတာကတော့ အိမ်ထောင်ရေး အတင်းအဖျင်းတွေပဲ။နန်းတော်ကအမျိုးသမီးတွေရဲ့ စိတ်ဓာတ်နဲ့ သူတို့ရဲ့ပျော်စရာကစားနည်းတွေကအစCatherine နဲ့ ကွဲပြားနေခဲ့တော့တယ်။အဲလိုနဲ့ Catherine ရဲ့ သည်းခံနိုင်မှုတွေ ကုန်ဆုံးလာတဲ့အခါမှာတော့သူဟာ ဆုံးဖြတ်ချက်တခုကို ချလိုက်တော့တယ်…….

Elle လေးရဲ့ ချစ်စရာကောင်းတာလေးတွေနဲ့တင်တန်နေပါပြီ။ဟာသတွေကလည်း ပြောတာတွေ ရယ်နေရတယ်။အရမ်းကြီးရယ်ရအောင် လုပ်ထားတာမဟုတ်ပဲနဲ့ သူ့နေရာနဲ့သူ ထည့်ထားတယ်။ဧကရာဇ်ကလည်း ရုပ်တည်ကြီးနဲ့ ဟာသတွေလုပ် စလာလာခြင်းကတည်းကသူနဲ့ယူမယ့်သူကို စနောက်နေတာ။

သူတယောက်နဲ့တင် ရယ်နေရတယ်။စကားလုံးတွေကတော့ နည်းနည်းကြမ်းတာတွေပါပါတယ်။ကဲ ကြည့်ရှုခံစားလိုက်ပါအုံး

Zawgyi

ဒီတခါေတာ့ Hulu ကေန လႊင့္ထားတဲ့ The Great ဆိုတဲ့ Mini series ေလးကို တင္ဆက္လိုက္ပါတယ္။ဇာတ္လမ္းကေတာ့ Comdey အမ်ိဳးအစားျဖစ္ၿပီးIMDB မွာ 7.9 နဲ႔ RT မွာ 80%ထိရထားတဲ့ ဇာတ္ကားေလးပါ။ပထမဆုံးေျပာရမွာကေတာ့ မင္းသမီးက Elle Fanningပါပဲ။

Super 8 ထဲက ကေလးမေလးက Maleficent 1 2 နဲ႔ ေအာင္ျမင္လာခဲ့ၿပီးအခုလြမ္းေနတဲ့သူေတြအတြက္ The Great နဲ႔ ထြက္ေပၚလာျပန္ပါၿပီ။မင္းသမီးကေတာ့ ဟုတ္ပါၿပီ မင္းသားကေရာ။ဟုတ္ကဲ့ မင္းသားကေတာ့ Worm Bodies တို႔ Jack:Giant Slayerရယ္X-menကားေတြထဲလည္း ပါတဲ့ Nicholas Hoult ပါပဲ။

အျပင္မွာတကယ္ရွိတဲ့ ႐ုရွားဧကရီ Catherine The Great ရဲ႕အေၾကာင္းကိုေက်ာ႐ိုးေလးယူၿပီး Comdey အေနနဲ႔႐ိုက္ထားတာပါ။

Comedy ဆိုေပမယ့္ 18th ရာစုဝန္းက်င္မွာျဖစ္တဲ့အတြက္အမ်ိဳးသမီးေတြကို ခြဲျခားဆက္ဆံမႈေတြအေၾကာင္းေတြအဲဒီေခတ္မွာ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြကိုဘယ္လိုသေဘာထားတယ္ဆိုတာေတြကိုပါ ထည့္သြင္းထားပါတယ္။ဇာတ္လမ္းကေတာ့ လာလာျခင္းမွာပဲ Catherine က Peter III ကလက္ထပ္ဖို႔ ထြက္ခြာလာတာနဲ႔ စပါတယ္။

အင္ပါယာႀကီးတခုရဲ႕ ဧကရာဇ္ကို လက္ထပ္ရမယ့္မိန္းကေလးတေယာက္ ရဲ႕လက္ေဆာင္ကေတာ့ ထင္းရႉး႐ြက္ေလး တခုပါပဲ။သူနဲ႔ ဧကရာဇ္ရဲ႕ အခ်စ္ဟာ မီးက်ီး မီးပြားေလး တခုကေန အရွိန္ျပင္းျပင္းေတာက္ေလာင္လာၿပီးႏိုင္ငံေတာ္ႀကီး တခုလုံးကို အလင္းေပးႏိုင္ေလာက္တဲ့အထိေတာက္ပေအာင္ျဖစ္ေစခ်င္ပါသတဲ့။

ဧကရာဇ္ကေတာ့ ကဗ်ာဆန္ပါရဲ႕လား။အရင္ကပို႔ခဲ့တဲ့စာေတြကေတာင္ သူပို႔တာ မဟုတ္ပါဘူးတဲ့။အဲလိုနဲ႔ မဂၤလာပြဲက်င္းပၿပီး မဂၤလာဦးညကို စိတ္ကူးယဥ္ေနတဲ့မိန္းကေလးတေယာက္ရဲ႕ ဧကရာဇ္ရဲ႕ လက္ထပ္မႈအေပၚထားတဲ့သေဘာထားေတြေဖာ္ျပရင္း မဂၤလာဦးညကိုပုံေဖာ္ထားခဲ့တယ္။

ျပင္သစ္ကို စိတ္ဝင္စားတာခ်င္းတူၾကေပမယ့္ျပင္သစ္ေနာက္ဆုံးေပၚဖက္ရွင္ေတြကို စိတ္ဝင္စားတဲ့ နန္းေတာ္ကအမ်ိဳးသမီးေတြနဲ႔ မတူကြဲျပားစြာ Catherine ကေတာ့ျပင္သစ္အေတြးအေခၚပညာရွင္ေတြရဲ႕ စာေပေတြကိုသာ စိတ္ဝင္စားဖတ္ရႈသူပါ။သူတို႔က စာေတာင္ မဖတ္တတ္ၾကဘူး။

ေနာက္ထပ္သူတို႔စိတ္ဝင္စားတာကေတာ့ အိမ္ေထာင္ေရး အတင္းအဖ်င္းေတြပဲ။နန္းေတာ္ကအမ်ိဳးသမီးေတြရဲ႕ စိတ္ဓာတ္နဲ႔ သူတို႔ရဲ႕ေပ်ာ္စရာကစားနည္းေတြကအစCatherine နဲ႔ ကြဲျပားေနခဲ့ေတာ့တယ္။အဲလိုနဲ႔ Catherine ရဲ႕ သည္းခံႏိုင္မႈေတြ ကုန္ဆုံးလာတဲ့အခါမွာေတာ့သူဟာ ဆုံးျဖတ္ခ်က္တခုကို ခ်လိုက္ေတာ့တယ္…….

Elle ေလးရဲ႕ ခ်စ္စရာေကာင္းတာေလးေတြနဲ႔တင္တန္ေနပါၿပီ။ဟာသေတြကလည္း ေျပာတာေတြ ရယ္ေနရတယ္။အရမ္းႀကီးရယ္ရေအာင္ လုပ္ထားတာမဟုတ္ပဲနဲ႔ သူ႔ေနရာနဲ႔သူ ထည့္ထားတယ္။ဧကရာဇ္ကလည္း ႐ုပ္တည္ႀကီးနဲ႔ ဟာသေတြလုပ္ စလာလာျခင္းကတည္းကသူနဲ႔ယူမယ့္သူကို စေနာက္ေနတာ။

သူတေယာက္နဲ႔တင္ ရယ္ေနရတယ္။စကားလုံးေတြကေတာ့ နည္းနည္းၾကမ္းတာေတြပါပါတယ္။ကဲ ၾကည့္ရႈခံစားလိုက္ပါအုံး

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *