The Green Mile (1999)

19518
Share
Copy the link

ကျမတို့ဂြိုဟ်ကမ္ဘာမှာ တရားသဖြင့်ဆိုတဲ့စကားဟာ တကယ်ရှိရဲ့လား။လူသားတစ်ယောက်နဲ့တစ်ယောက်နှိပ်စက်သတ်ဖြတ်ကြတာ ၊အားငယ်သူကို အားကြီးသူက ညှဉ်းပန်းတာ ၊
မတရားမှုမှန်းသိသိကြီးတောင် ဝင်မစွက်ရဲတာ / ဝင်စွက်ဖို့ရာအင်အားမလုံလောက်တာ ။

ကျမတို့မျက်စိရှေ့လေးတင်မှာပဲမတရားမှုကို တွန်းလှန်နိုင်တဲ့ အင်အားနည်းပါးလို့ ကျရှုံးခဲ့ရပြီးသူတွေဘယ်လောက်လောက် ရှိနေပြီလဲ။ကျမတို့ တတ်နိုင်သရွေ့ကယ်တင်ခဲ့လား။မမြင်ချင်ယောင်ဆောင်ခဲ့ကြလား။ဒါမှမဟုတ် ရှင်ဟာ တစ်ပါးသူနာကျင်မှုုအကြီးစားနဲ့ညည်းတွားနေတာကို လျှာလေးတသပ်သပ်နဲ့အရသာခံကြည့်တတ်သူလား။

ကဲ အခု ကျမဇာတ်ကားဟောင်းတစ်ခုအကြောင်းနည်းနည်း ပြန်ပြောပြမယ်လေ။The Green Mile ဆိုတဲ့ ခြောက်အုပ်တွဲ ဝတ္ထုထဲကပထမတွဲကို ၁၉၉၆ ခုနှစ် မာ့ချ်လကုန်လောက်မှာ စထုတ်တယ်။ထုတ်ထုတ်ပြီးချင်းပဲ ဒုတိယတွဲအတွက်လူတွေ အုတ်အော်သောင်းနင်း ရင်ခုန်ကြသတဲ့။

ဒါနဲ့ စာရေးဆရာ Stephen King ရဲ့ The Green Mileအခန်းဆက်ဝတ္ထုရှည်ဟာ ကမ္ဘာကျော်သွားခဲ့တယ်။၁၉၉၉ ဒီဇင်ဘာမှာ စကြဝဠာရဲ့အကောင်းဆုံးဇာတ်လမ်းကောင်းတွေကိုပဲ ထုတ်လုပ်တယ်လိ့ကြေငြာထားတဲ့Warner Bros ကနေ The Green Mile အမည်နဲ့ဇာတ်လမ်းတစ်ပုဒ် စတင်ဖြန့်ချိလာတယ်။

Fantasy crime drama အမျိုးအစားပေါ့။ဝတ္ထုရော ဇာတ်လမ်းရောက Paul Edgecombe လို့အမည်ရတဲ့ ထောင်ဝါဒါဟောင်းတစ်ဦးကသူ့ရဲ့မိတ်ဆွေဖြစ်သူကို ၁၉၃၀ ဝန်းကျင်ကာလတွေတုန်းက အမေရိကရဲ့ တရားစီရင်ရေးနဲ့ချွတ်ချော်တိမ်းပါးမှုတွေ ၊ အမှားအယွင်းနဲ့အားနည်းချက်တွေအကြောင်းကို ပြန်ပြောပြနေဟန်ဇာတ်လမ်းတည်ထားတယ်။

အင်းစိန်ထောင်ထဲမှာ အပြင်လူတွေ မသိနိုင်တဲ့အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေနဲ့တချို့ထူးဆန်းအံ့သြဖွယ် ရင်နာဖွယ်အဖြစ်တွေ ၊တရားရေးနဲ့ဥပဒေရဲ့အားပျော့ကွက်တွေကိုတဆင့်ပြန်ကြားနေရပုံနဲ့ ခပ်ဆင်ဆင်ပေါ့။ ပေါလ်ဟာ ၁၉၃၂ခုနှစ်များဆီတုန်းကတော့ ငယ်ရွယ်သန်မာတဲ့ထောင်ဝါဒါ လူလတ်ပိုင်းတစ်ဦးပေါ့။

သူကြီးကြပ်ရတဲ့ ဝါ့ဒ်က သေဒဏ်ကျ အကျဉ်းသားတွေကိုသေဒဏ်မပေးခင် ယာယီချုပ်တဲ့ ဝါ့ဒ်ပေါ့။အင်မတန် စည်းကမ်းထားရပြီး တင်းကြပ်ထားတဲ့ဥပဒေနဲ့လူ့နူးညွတ်မှု စိတ်ခံစားချက်နှစ်ခုကြားအလယ်တည့်တည့်မှာ ၊ ဒါမှမဟုတ်ဥပဒေဘက်ခြမ်းမှာ မတ်မတ်နေပေးရတဲ့ နေရာပေါ့။

ဒီနေရာဟာ သေဒဏ်ကျခံ အကျဉ်းသားတွေရဲ့အထီးကျန်ဆန်မှုတွေ၊ နောင်တနဲ့ ညည်းတွားသံတွေ၊အားငယ်စိတ်ပျက်ဟန်တွေကြား ထောင်အုပ်ချုပ်သူတို့ပါလိုက်ပြီး ယိမ်းယိုင်မသွားအောင် ဟန်ချက်လိုက်ညှိနေရတဲ့ နေရာပေါ့။အပြစ်လုပ်ခဲ့ရင်လည်းခံ၊ မလုပ်ခဲ့သည်ရှိသော်မှသက်သေအထောကိအထားခိုင်လုံနေခဲ့ရင်လည်း ခံပေါ့။

ဥပဒေဟာ တကယ့်ကို စာအုပ်ကြီးပဲ။လူသားချင်း စာနာထောက်ထားစိတ် သူ့မှာမရှိဘူး။တခါတလေမှာ စစ်မှန်တဲ့ တရားမျှတမှုဆိုတာအကြီးဆုံးဒိုင်ဖြစ်တဲ့ အဲဒီဥပဒေဆိုတဲ့ကောင်ဆီမှာတောင် မရှိဘူး။ဒါဆို ဘာလို့ဥပဒေထားနေတော့မှာလဲ။

ဘာလို့ဥပဒေထားနေတော့မှာလဲဆိုတော့အသိဉာဏ်နည်းတဲ့ တိရိစ္ဆန်ထက်စိတ်ဓာတ်အထားအသို ပိုနိမ့်ကျတဲ့လူ့တိရိစ္ဆာန်တွေ ရှိနေလို့ပေါ့။ဒီတော့လည်း လက်ခံကြရုံပေါ့။ ဒီဇာတ်ကားက ဘာသာရေးကိုလည်း အတန်ငယ် တိမ်းညွှတ်ထားတယ်။

low-angel လို့ပဲ ခေါ်ကြစို့ရဲ့။အဲဒီတယောက်ဟာ သေဒဏ်ကျခံဖို့ရာတရားခံမှားယွင်းရောက်ရှိလာသူ ။တန်ဖိုးမြင့် တန်ခိုးအာနုဘော် ရှိသူ၊ထွားကျိုင်းသန်မာပြီး အရပ် ခြောက်ပေ ရှစ်လက်မရှိတဲ့လူမည်းကြီးပေါ့။ဂျွန်ကော်ဖီတဲ့ ။ John Coffey ပေါ့။သူ့နံမည်ကလွဲလို့ ကျန်တဲ့စာကို မဖတ်တတ်ရှာသူကြီးပေါ့။

သူ့နံမည်ကိုမေးတိုင်း ”ဂျွန်ကော်ဖှီပါခင်ဗျာ။သောက်တဲ့ ကော်ဖီနဲ့အသံထွက်တူပါတယ်။စာလုံးပေါင်းတော့မတူပါဘူး။” လို့လေးတိလေးကန် ယဉ်ယဉ်ကျေးကျေး ပြန်ပြောတတ်သူကြီးပေါ့။ဘဝမှာ တခါဘူးမျှ ရုပ်ရှင်မကြည့်ဖူးသူကြီးပေါ့။လူတိုင်းကို ချိုချိုသာသာနဲ့မျက်ရည်တွေ ဝိုင်းပြီးသနားကရုဏာသက်ဟန်နဲ့ပြောတတ် ကြည့်တတ်သူကြီးပေါ့။

ကိုယ်တိုင်ကတော့ သူတပါးအခက်အခဲတွေကိုတတ်နိုင်သလောက် အစွမ်းကုန် ကူညီကယ်တင်ခဲ့ပေမဲ့ကိုယ့်အလှည့်မှာတော့ ကူည်ီကယ်တင်သူမရှိရှာဘဲ ဘုရားသခင်လိုပဲ သူတပါးအပြစ်အတွက်ကိုယ့်ကိုကိုယ် စွန့်ပစ်လိုက်ရသူ သနားစရာ လူထွားကြီးပေါ့။

သေဒဏ်ကျခံဖို့ ရောက်နေတဲ့ တခြားအကျဉ်းသားလေးငါးခြောက်ယောက်လည်း ရှိသပေါ့။သူတို့လည်း သူတို့အကြောင်းနဲ့သူတို့ပေါ့။သေဖို့နောက်ဆုံးနေ့ရက်နဲ အချိန်အတိအကျကိုသိသိကြီးနဲ့စောင့်နေကြရတဲ့ အထီးကျန်လူသားများပေါ့။

ရဒ်အင်ဒီးယန်းတယောက်ပါတယ်၊ထောင်ထဲက ကြွက်စုတ်လေးတစ်ကောင်အပေါ် သူ့ရဲ့အဖော်အဖြစ်နောက်ဆုံးထွက်သက်ထိ သံယောဇဉ်တကြီးတွယ်ဖက်သွားတဲ့ လူတစ်ယောက်ပါတယ်၊ ဆေးအမြဲကွဲနေတဲ့ဆေးဘဲတစ်ပွေပါတယ်၊ စသဖြင့်ပေါ့လေ။

သူတို့ရဲ့နောက်ဆုံးချိန်တွေကို သူတို့နဲ့အတူကူစောင့်ပေးရင်း သူတို့ဖြစ်ချင်တဲ့ နောက်ဆုံးဆန္ဒတွေကိုတတ်နိုင်တဲ့ဘက်က ဝိုင်းဖြည့်ပေးနေကြတဲ့ထောင်ဝန်ထမ်း အရာရှိများရဲ့ ဖြစ်တည်မှုပေါ့။ ဇာတ်ကားကြည့်ရင် ငိုတတ်တဲ့အကျင့် ရှင်တို့မှာရှိလား။ကျမကတော့ တယောက်ထဲ ဇာတ်ကားကြည့်မှစိတ်ကိုလွှတ်ပြီး ကြည့်လေ့ရှိတယ်။

ကိုယ်မျက်ရည်ကျတာကို သူများမလှောင်စေဖို့ပေါ့။ရှင်ဟာ အကယ်၍ အဲဒီလို ခံစားမှု အားကောင်းသူဆိုရင် ၊မကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင် ကြည့်ပေါ့။ရှင်တို့ကြည်နူးရမယ်။ ဝမ်းနည်းရမယ်။ ငိုကြွေးရမယ်။အထီးကျန်ဆန်ရမယ်။

သေဒဏ်ကျခံရတဲ့ အကျဉ်းသားတွေကိုကွပ်မျက်တဲ့ပုံစံက လျှပ်စစ်ကုလားထိုင်မှာ တကိုယ်လုံးကိုဝါယာကြိုးတွေနဲ့ စည်းပြီး စီရင်တဲ့ပုံစံပဲ။သူတို့ကို စီရင်နေချိန်မှာ သူတို့ရဲ့ အသားတွေကိုလျှပ်စစ်ဖြတ်စီးသွားရာကနေ ရလာတဲ့လူသားညှော်နံ့တွေကို ရှင်တို့နှာခေါင်းထဲ ရလာလိမ့်မယ်။

သေခြင်းတရားကို ဘယ်လောက်ပဲ ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့တွေးထားထားတကယ့်သေခြင်းတရားဟာ ဗို့အားထောင်ချီပြီးလျှပ်စီးကြောင်းတွေအဖြစ် ကိုယ့်ခန္ဓာကိုယ်ထဲ ဝင်လာချိန်မှာအသက်ဓာတ်လေးနဲ့ လက်ရှိဖြစ်တည်မှုလေးအပေါ်ဖကိတွယ်ထားသေးချင်စိတ်က ဟုတ်ခနဲ တောက်ကြွလာမယ်။

သူတို့ရဲ့သေခြင်းတရားအပေါ် ရင်ဆိုင်ကြပုံဟာဒီလိုပါလားလို့ ရှင်တို့ အလမ့်တကြားတွေ့ရမယ်။လောကကြီးရဲ့ တရားမျှတမှုအပေါ်မှာလည်းသံသယဝင်ကောင်း ဝင်လာနိုင်သေးတယ်။ ဇာတ်ညွှန်းသမားနံမည်ကို အရင်မိတ်ဆက်စို့ရဲ့။

ဒီဇာတ်ကားနဲ့အော်စကာရခဲ့တဲ့ ဇာတ်ညွှန်းခွဲသူကတော့Frank Darabont ပါတဲ့။နံမည်ကျော် ဒါရိုက်တာတစ်ယောက်လည်းဖြစ်တာမို့ဒီဇာတ်ကားကို အစအဆုံး သူပဲဇာတ်ညွှန်းခွဲသူပဲရိုက်ကူးခဲ့တာဖြစ်တယ်။

ပရိုဂျူဆာလည်း သူပဲ။John Coffey နေရာမှာ Michael Clarke Duncan,supporting roles နေရာတွေမှာDavid Morse, Bonnie Hunt, Jamrs Cromwell နဲ့အသက်ကြီးသွားတဲ့ ပေါလ်အဒ်ချ်ကုမ့်ဘ် နေရာမှာတော့မင်းသားကြီး Dabbs Greer တို့ပါဝင်သရုပ်ဆောင်ထားတယ်။

ကြုံတုန်း ထည့်ပြောရမယ်ဆိုရင် Dabbs Greer ဟာအဲဒီကားမှာ သရုပ်ဆောင်စဉ်အချိန်မှာအသက်ရှစ်ဆယ့်နှစ်နှစ်အရွယ် ရှိနေပြီမို့ ဒါဟာသူနောက်ဆုံးသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်တယ်။ တဲ့။ ဒီဇာတ်ကားရဲ့အားကြီးတဲ့ သက်ရောက်မှုကြောင့်အမေရိကရဲ့ တရားစီရင်ရေးစနစ်အချို့ပြောင်းလဲခဲ့တယ်။

ဝတ္ထုမှာတင် အောင်မြင်ပြီးသားကမ္ဘာကျော်ပြီးသား The Green Mile ဟာဇာတိလမ်းအနေနဲ့လည်း အကောင်းဆုံးဇာတ်ကားဆု၊အကောင်းဆုံး အသံဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့အကောင်းဆုံး ဇာတ်ပို့ဆုအဖြစ်Michael Clarke Duncan (John Coffey) တို့ ရရှိခဲ့တယ်။

ကန်ဒေါ်လာ သန်း ၆၀ ကုန်ကျခံရိုက်ကူးခဲ့ပြီးဝင်ငွေ ၂၉၀.၇ သန်း ကန်ငွေ ပြန်ရခဲ့တယ်။မကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင် ကြည့်စေချင်တယ်။ကြည့်ပြီးရင်လည်း ထပ်ကြည့်ချင်တတ်တဲ့ ကားမျိုးပါ။

Zawgyi

က်မတို႔ၿဂိဳဟ္ကမာၻမွာ တရားသျဖင့္ဆိုတဲ့စကားဟာ တကယ္ရွိရဲ႕လား။လူသားတစ္ေယာက္နဲ႔တစ္ေယာက္ႏွိပ္စက္သတ္ျဖတ္ၾကတာ ၊အားငယ္သူကို အားႀကီးသူက ညႇဥ္းပန္းတာ ၊
မတရားမႈမွန္းသိသိႀကီးေတာင္ ဝင္မစြက္ရဲတာ / ဝင္စြက္ဖို႔ရာအင္အားမလုံေလာက္တာ ။

က်မတို႔မ်က္စိေရွ႕ေလးတင္မွာပဲမတရားမႈကို တြန္းလွန္ႏိုင္တဲ့ အင္အားနည္းပါးလို႔ က်ရႈံးခဲ့ရၿပီးသူေတြဘယ္ေလာက္ေလာက္ ရွိေနၿပီလဲ။က်မတို႔ တတ္ႏိုင္သေ႐ြ႕ကယ္တင္ခဲ့လား။မျမင္ခ်င္ေယာင္ေဆာင္ခဲ့ၾကလား။ဒါမွမဟုတ္ ရွင္ဟာ တစ္ပါးသူနာက်င္မႈုအႀကီးစားနဲ႔ညည္းတြားေနတာကို လွ်ာေလးတသပ္သပ္နဲ႔အရသာခံၾကည့္တတ္သူလား။

ကဲ အခု က်မဇာတ္ကားေဟာင္းတစ္ခုအေၾကာင္းနည္းနည္း ျပန္ေျပာျပမယ္ေလ။The Green Mile ဆိုတဲ့ ေျခာက္အုပ္တြဲ ဝတၳဳထဲကပထမတြဲကို ၁၉၉၆ ခုႏွစ္ မာ့ခ်္လကုန္ေလာက္မွာ စထုတ္တယ္။ထုတ္ထုတ္ၿပီးခ်င္းပဲ ဒုတိယတြဲအတြက္လူေတြ အုတ္ေအာ္ေသာင္းနင္း ရင္ခုန္ၾကသတဲ့။

ဒါနဲ႔ စာေရးဆရာ Stephen King ရဲ႕ The Green Mileအခန္းဆက္ဝတၳဳရွည္ဟာ ကမာၻေက်ာ္သြားခဲ့တယ္။၁၉၉၉ ဒီဇင္ဘာမွာ စၾကဝဠာရဲ႕အေကာင္းဆုံးဇာတ္လမ္းေကာင္းေတြကိုပဲ ထုတ္လုပ္တယ္လိ့ေၾကျငာထားတဲ့Warner Bros ကေန The Green Mile အမည္နဲ႔ဇာတ္လမ္းတစ္ပုဒ္ စတင္ျဖန္႔ခ်ိလာတယ္။

Fantasy crime drama အမ်ိဳးအစားေပါ့။ဝတၳဳေရာ ဇာတ္လမ္းေရာက Paul Edgecombe လို႔အမည္ရတဲ့ ေထာင္ဝါဒါေဟာင္းတစ္ဦးကသူ႔ရဲ႕မိတ္ေဆြျဖစ္သူကို ၁၉၃၀ ဝန္းက်င္ကာလေတြတုန္းက အေမရိကရဲ႕ တရားစီရင္ေရးနဲ႔ခြၽတ္ေခ်ာ္တိမ္းပါးမႈေတြ ၊ အမွားအယြင္းနဲ႔အားနည္းခ်က္ေတြအေၾကာင္းကို ျပန္ေျပာျပေနဟန္ဇာတ္လမ္းတည္ထားတယ္။

အင္းစိန္ေထာင္ထဲမွာ အျပင္လူေတြ မသိႏိုင္တဲ့အရမ္းစိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းေတြနဲ႔တခ်ိဳ႕ထူးဆန္းအံ့ၾသဖြယ္ ရင္နာဖြယ္အျဖစ္ေတြ ၊တရားေရးနဲ႔ဥပေဒရဲ႕အားေပ်ာ့ကြက္ေတြကိုတဆင့္ျပန္ၾကားေနရပုံနဲ႔ ခပ္ဆင္ဆင္ေပါ့။ ေပါလ္ဟာ ၁၉၃၂ခုႏွစ္မ်ားဆီတုန္းကေတာ့ ငယ္႐ြယ္သန္မာတဲ့ေထာင္ဝါဒါ လူလတ္ပိုင္းတစ္ဦးေပါ့။

သူႀကီးၾကပ္ရတဲ့ ဝါ့ဒ္က ေသဒဏ္က် အက်ဥ္းသားေတြကိုေသဒဏ္မေပးခင္ ယာယီခ်ဳပ္တဲ့ ဝါ့ဒ္ေပါ့။အင္မတန္ စည္းကမ္းထားရၿပီး တင္းၾကပ္ထားတဲ့ဥပေဒနဲ႔လူ႔ႏူးၫြတ္မႈ စိတ္ခံစားခ်က္ႏွစ္ခုၾကားအလယ္တည့္တည့္မွာ ၊ ဒါမွမဟုတ္ဥပေဒဘက္ျခမ္းမွာ မတ္မတ္ေနေပးရတဲ့ ေနရာေပါ့။

ဒီေနရာဟာ ေသဒဏ္က်ခံ အက်ဥ္းသားေတြရဲ႕အထီးက်န္ဆန္မႈေတြ၊ ေနာင္တနဲ႔ ညည္းတြားသံေတြ၊အားငယ္စိတ္ပ်က္ဟန္ေတြၾကား ေထာင္အုပ္ခ်ဳပ္သူတို႔ပါလိုက္ၿပီး ယိမ္းယိုင္မသြားေအာင္ ဟန္ခ်က္လိုက္ညႇိေနရတဲ့ ေနရာေပါ့။အျပစ္လုပ္ခဲ့ရင္လည္းခံ၊ မလုပ္ခဲ့သည္ရွိေသာ္မွသက္ေသအေထာကိအထားခိုင္လုံေနခဲ့ရင္လည္း ခံေပါ့။

ဥပေဒဟာ တကယ့္ကို စာအုပ္ႀကီးပဲ။လူသားခ်င္း စာနာေထာက္ထားစိတ္ သူ႔မွာမရွိဘူး။တခါတေလမွာ စစ္မွန္တဲ့ တရားမွ်တမႈဆိုတာအႀကီးဆုံးဒိုင္ျဖစ္တဲ့ အဲဒီဥပေဒဆိုတဲ့ေကာင္ဆီမွာေတာင္ မရွိဘူး။ဒါဆို ဘာလို႔ဥပေဒထားေနေတာ့မွာလဲ။

ဘာလို႔ဥပေဒထားေနေတာ့မွာလဲဆိုေတာ့အသိဉာဏ္နည္းတဲ့ တိရိစၦန္ထက္စိတ္ဓာတ္အထားအသို ပိုနိမ့္က်တဲ့လူ႔တိရိစာၦန္ေတြ ရွိေနလို႔ေပါ့။ဒီေတာ့လည္း လက္ခံၾက႐ုံေပါ့။ ဒီဇာတ္ကားက ဘာသာေရးကိုလည္း အတန္ငယ္ တိမ္းၫႊတ္ထားတယ္။

low-angel လို႔ပဲ ေခၚၾကစို႔ရဲ႕။အဲဒီတေယာက္ဟာ ေသဒဏ္က်ခံဖို႔ရာတရားခံမွားယြင္းေရာက္ရွိလာသူ ။တန္ဖိုးျမင့္ တန္ခိုးအာႏုေဘာ္ ရွိသူ၊ထြားက်ိဳင္းသန္မာၿပီး အရပ္ ေျခာက္ေပ ရွစ္လက္မရွိတဲ့လူမည္းႀကီးေပါ့။ဂြၽန္ေကာ္ဖီတဲ့ ။ John Coffey ေပါ့။သူ႔နံမည္ကလြဲလို႔ က်န္တဲ့စာကို မဖတ္တတ္ရွာသူႀကီးေပါ့။

သူ႔နံမည္ကိုေမးတိုင္း ”ဂြၽန္ေကာ္ဖွီပါခင္ဗ်ာ။ေသာက္တဲ့ ေကာ္ဖီနဲ႔အသံထြက္တူပါတယ္။စာလုံးေပါင္းေတာ့မတူပါဘူး။” လို႔ေလးတိေလးကန္ ယဥ္ယဥ္ေက်းေက်း ျပန္ေျပာတတ္သူႀကီးေပါ့။ဘဝမွာ တခါဘူးမွ် ႐ုပ္ရွင္မၾကည့္ဖူးသူႀကီးေပါ့။လူတိုင္းကို ခ်ိဳခ်ိဳသာသာနဲ႔မ်က္ရည္ေတြ ဝိုင္းၿပီးသနားက႐ုဏာသက္ဟန္နဲ႔ေျပာတတ္ ၾကည့္တတ္သူႀကီးေပါ့။

ကိုယ္တိုင္ကေတာ့ သူတပါးအခက္အခဲေတြကိုတတ္ႏိုင္သေလာက္ အစြမ္းကုန္ ကူညီကယ္တင္ခဲ့ေပမဲ့ကိုယ့္အလွည့္မွာေတာ့ ကူည္ီကယ္တင္သူမရွိရွာဘဲ ဘုရားသခင္လိုပဲ သူတပါးအျပစ္အတြက္ကိုယ့္ကိုကိုယ္ စြန္႔ပစ္လိုက္ရသူ သနားစရာ လူထြားႀကီးေပါ့။

ေသဒဏ္က်ခံဖို႔ ေရာက္ေနတဲ့ တျခားအက်ဥ္းသားေလးငါးေျခာက္ေယာက္လည္း ရွိသေပါ့။သူတို႔လည္း သူတို႔အေၾကာင္းနဲ႔သူတို႔ေပါ့။ေသဖို႔ေနာက္ဆုံးေန႔ရက္နဲ အခ်ိန္အတိအက်ကိုသိသိႀကီးနဲ႔ေစာင့္ေနၾကရတဲ့ အထီးက်န္လူသားမ်ားေပါ့။

ရဒ္အင္ဒီးယန္းတေယာက္ပါတယ္၊ေထာင္ထဲက ႂကြက္စုတ္ေလးတစ္ေကာင္အေပၚ သူ႔ရဲ႕အေဖာ္အျဖစ္ေနာက္ဆုံးထြက္သက္ထိ သံေယာဇဥ္တႀကီးတြယ္ဖက္သြားတဲ့ လူတစ္ေယာက္ပါတယ္၊ ေဆးအၿမဲကြဲေနတဲ့ေဆးဘဲတစ္ေပြပါတယ္၊ စသျဖင့္ေပါ့ေလ။

သူတို႔ရဲ႕ေနာက္ဆုံးခ်ိန္ေတြကို သူတို႔နဲ႔အတူကူေစာင့္ေပးရင္း သူတို႔ျဖစ္ခ်င္တဲ့ ေနာက္ဆုံးဆႏၵေတြကိုတတ္ႏိုင္တဲ့ဘက္က ဝိုင္းျဖည့္ေပးေနၾကတဲ့ေထာင္ဝန္ထမ္း အရာရွိမ်ားရဲ႕ ျဖစ္တည္မႈေပါ့။ ဇာတ္ကားၾကည့္ရင္ ငိုတတ္တဲ့အက်င့္ ရွင္တို႔မွာရွိလား။က်မကေတာ့ တေယာက္ထဲ ဇာတ္ကားၾကည့္မွစိတ္ကိုလႊတ္ၿပီး ၾကည့္ေလ့ရွိတယ္။

ကိုယ္မ်က္ရည္က်တာကို သူမ်ားမေလွာင္ေစဖို႔ေပါ့။ရွင္ဟာ အကယ္၍ အဲဒီလို ခံစားမႈ အားေကာင္းသူဆိုရင္ ၊မၾကည့္ရေသးဘူးဆိုရင္ ၾကည့္ျဖစ္ေအာင္ ၾကည့္ေပါ့။ရွင္တို႔ၾကည္ႏူးရမယ္။ ဝမ္းနည္းရမယ္။ ငိုေႂကြးရမယ္။အထီးက်န္ဆန္ရမယ္။

ေသဒဏ္က်ခံရတဲ့ အက်ဥ္းသားေတြကိုကြပ္မ်က္တဲ့ပုံစံက လွ်ပ္စစ္ကုလားထိုင္မွာ တကိုယ္လုံးကိုဝါယာႀကိဳးေတြနဲ႔ စည္းၿပီး စီရင္တဲ့ပုံစံပဲ။သူတို႔ကို စီရင္ေနခ်ိန္မွာ သူတို႔ရဲ႕ အသားေတြကိုလွ်ပ္စစ္ျဖတ္စီးသြားရာကေန ရလာတဲ့လူသားေညႇာ္နံ႔ေတြကို ရွင္တို႔ႏွာေခါင္းထဲ ရလာလိမ့္မယ္။

ေသျခင္းတရားကို ဘယ္ေလာက္ပဲ ႀကံ့ႀကံ့ခံ ရင္ဆိုင္ဖို႔ေတြးထားထားတကယ့္ေသျခင္းတရားဟာ ဗို႔အားေထာင္ခ်ီၿပီးလွ်ပ္စီးေၾကာင္းေတြအျဖစ္ ကိုယ့္ခႏၶာကိုယ္ထဲ ဝင္လာခ်ိန္မွာအသက္ဓာတ္ေလးနဲ႔ လက္ရွိျဖစ္တည္မႈေလးအေပၚဖကိတြယ္ထားေသးခ်င္စိတ္က ဟုတ္ခနဲ ေတာက္ႂကြလာမယ္။

သူတို႔ရဲ႕ေသျခင္းတရားအေပၚ ရင္ဆိုင္ၾကပုံဟာဒီလိုပါလားလို႔ ရွင္တို႔ အလမ့္တၾကားေတြ႕ရမယ္။ေလာကႀကီးရဲ႕ တရားမွ်တမႈအေပၚမွာလည္းသံသယဝင္ေကာင္း ဝင္လာႏိုင္ေသးတယ္။ ဇာတ္ၫႊန္းသမားနံမည္ကို အရင္မိတ္ဆက္စို႔ရဲ႕။

ဒီဇာတ္ကားနဲ႔ေအာ္စကာရခဲ့တဲ့ ဇာတ္ၫႊန္းခြဲသူကေတာ့Frank Darabont ပါတဲ့။နံမည္ေက်ာ္ ဒါ႐ိုက္တာတစ္ေယာက္လည္းျဖစ္တာမို႔ဒီဇာတ္ကားကို အစအဆုံး သူပဲဇာတ္ၫႊန္းခြဲသူပဲ႐ိုက္ကူးခဲ့တာျဖစ္တယ္။

ပ႐ိုဂ်ဴဆာလည္း သူပဲ။John Coffey ေနရာမွာ Michael Clarke Duncan,supporting roles ေနရာေတြမွာDavid Morse, Bonnie Hunt, Jamrs Cromwell နဲ႔အသက္ႀကီးသြားတဲ့ ေပါလ္အဒ္ခ်္ကုမ့္ဘ္ ေနရာမွာေတာ့မင္းသားႀကီး Dabbs Greer တို႔ပါဝင္သ႐ုပ္ေဆာင္ထားတယ္။

ႀကဳံတုန္း ထည့္ေျပာရမယ္ဆိုရင္ Dabbs Greer ဟာအဲဒီကားမွာ သ႐ုပ္ေဆာင္စဥ္အခ်ိန္မွာအသက္ရွစ္ဆယ့္ႏွစ္ႏွစ္အ႐ြယ္ ရွိေနၿပီမို႔ ဒါဟာသူေနာက္ဆုံးသ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ကားလည္းျဖစ္တယ္။ တဲ့။ ဒီဇာတ္ကားရဲ႕အားႀကီးတဲ့ သက္ေရာက္မႈေၾကာင့္အေမရိကရဲ႕ တရားစီရင္ေရးစနစ္အခ်ိဳ႕ေျပာင္းလဲခဲ့တယ္။

ဝတၳဳမွာတင္ ေအာင္ျမင္ၿပီးသားကမာၻေက်ာ္ၿပီးသား The Green Mile ဟာဇာတိလမ္းအေနနဲ႔လည္း အေကာင္းဆုံးဇာတ္ကားဆု၊အေကာင္းဆုံး အသံဆု၊ အေကာင္းဆုံး ဇာတ္ၫႊန္းဆုနဲ႔အေကာင္းဆုံး ဇာတ္ပို႔ဆုအျဖစ္Michael Clarke Duncan (John Coffey) တို႔ ရရွိခဲ့တယ္။

ကန္ေဒၚလာ သန္း ၆၀ ကုန္က်ခံ႐ိုက္ကူးခဲ့ၿပီးဝင္ေငြ ၂၉၀.၇ သန္း ကန္ေငြ ျပန္ရခဲ့တယ္။မၾကည့္ရေသးဘူးဆိုရင္ ၾကည့္ျဖစ္ေအာင္ ၾကည့္ေစခ်င္တယ္။ၾကည့္ၿပီးရင္လည္း ထပ္ၾကည့္ခ်င္တတ္တဲ့ ကားမ်ိဳးပါ။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *