The Happytime Murders (2018)

2
Share
Copy the link

တမူထူးခြားတဲ့ ဒိုင်ယာလော့ခ်တွေနဲ့ ပုံမှန်ကနေ ခွဲထွက်လာခဲ့တဲ့ ……….“The Happytime murders”……….ကျွန်တော်တို့တွေ ” Melissa McCarthy “ဆိုတဲ့ မိန်းမဝဝကြီးကိုနာမည်သာ မသိရင်နေမယ် သူ့ရုပ်ရှင်တွေကိုတော့ ကြည့်ဖူးကြမှာပါ……

ပေါ့ပေါ့ပါးပါး ဟာသဇာတ်လမ်းမျိုးတွေကို ရိုက်ကူးလေ့ရှိတဲ့သရုပ်ဆောင်မင်းသမီးတစ်လက်လဲ ဖြစ်ပါတယ်သူ ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီး ဇာတ်ကားတွကတော့“Spy”တို့ “Ghostbusters “တို့ “Hangover part 3″တို့အစရှိသဖြင့်ပါပဲ….နောက်ထပ်လည်း အများကြီးရှိပါသေးတယ်

ယခု ၂၀၁၈ မှာလည်းသူဟာ တမူထူးခြားတဲ့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့ပြန်ပါပြီဘယ်လိုထူးခြားတာလဲဆိုတော့ ဒီဇာတ်ကားလေးမှာ “Puppets” ဆိုတဲ့ အရုပ်လေးတွေကိုသက်ရှိအဖြစ် ဖန်တီးထားတာပါအဲ့လို လူသားတွေနဲ့ အရုပ်တွေ အတူတကွနေထိုင်ကြတဲ့ ကမ္ဘာကြီးမှာအရုပ်တွေဟာ လူသားတွေရဲ့ အနှိမ်ခံလူတန်းစားတစ်ရပ်အဖြစ် ဆက်ဆံခံ ကြရပါတယ်

ဒါပေမယ့် အရုပ်ကလေးတွေဆိုပြီး ကလေးကြည့်ဇာတ်ကားတစ်ခုလို့တော့ မထင်စေချင်ပါဘူးနိုင်ငံတကာ rating အရဆိုရင်တော့ ၁၆နှစ်အထက်မှ ကြည့်ရှုသင့်တယ်ဆိုပြီးဝိုင်းဝန်းထောက်ခံထားကြတဲ့ဇာတ်ကားတစ်ခုပါပြီးတော့ ဇာတ်ကားထဲမှာ သုံးနှုန်းထားတဲ့ ဟာသစကားလုံးတစ်ချို့ဟာလည်းအသစ်တီထွင်ပြီး သုံးစွဲထားတာပါ

ဒါတင်မကပါဘူး တစ်ချို့အခန်းတွေမှာ လိင်အသားပေးဇာတ်ဝင်ခန်းအနည်းငယ်ကိုဟာသအနေနဲ့ ရိုက်ပြထားပါသေးတယ် ဒါပေမယ့် သူ့ရဲ့နောက်ခံဇာတ်လမ်းကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်လူသတ်မှုကို လိုက်လံဖော်ထုတ်တဲ့ ဟာသစုံထောက်ဇာတ်ကားပါ………….

လျှို့ဝှက်ချက်တွေ, မြုပ်ကွက်တွေ ရယ်မောစရာလေးတွေနဲ့ ကြည့်ရှုသူကိုဇာတ်ကားပြီးတဲ့အထိ ဆွဲဆောင်သွားမှာပါနောက်တစ်ချက်ကတော့ ဇာတ်ရုပ်ပီပြင်မှုပါပဲ…..“Puppet”ဆိုတဲ့ အရုပ်လေးတွေကို ရုပ်ရှင်ကြည့်ရှုနေတဲ့သူတွေရဲ့စိတ်ထဲမှာတကယ်အသက်ရှိတယ်လို့ ခံစားလာရပါလိမ့်မယ်

အရုပ်လေးတွေကို ဇာတ်ကောင်အနေနဲ့ သရုပ်ဖော်တဲ့နေရာမှာပီပြင်မှုရှိအောင်လည်း တော်တော် အားထုတ်ခဲ့ကြပါတယ်ဇာတ်ကားကို ခြုံငုံပြီးပြောရရင်တော့ သင့်ရဲ့စိတ်ကို ပျော်ရွှင်ကျေနပ်မှု ရသပေးစွမ်းနိုင်မှာဖြစ်ပြီးပျော်ရွင်စရာ “Happy ending” ဇာတ်သိမ်းလေးနဲ့ အဆုံးသတ်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ခုပါပဲ……

Zawgyi

တမူထူးျခားတဲ့ ဒိုင္ယာေလာ့ခ္ေတြနဲ႔ ပုံမွန္ကေန ခြဲထြက္လာခဲ့တဲ့ ……….“The Happytime murders”……….ကြၽန္ေတာ္တို႔ေတြ ” Melissa McCarthy “ဆိုတဲ့ မိန္းမဝဝႀကီးကိုနာမည္သာ မသိရင္ေနမယ္ သူ႔႐ုပ္ရွင္ေတြကိုေတာ့ ၾကည့္ဖူးၾကမွာပါ……

ေပါ့ေပါ့ပါးပါး ဟာသဇာတ္လမ္းမ်ိဳးေတြကို ႐ိုက္ကူးေလ့ရွိတဲ့သ႐ုပ္ေဆာင္မင္းသမီးတစ္လက္လဲ ျဖစ္ပါတယ္သူ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ နာမည္ႀကီး ဇာတ္ကားတြကေတာ့“Spy”တို႔ “Ghostbusters “တို႔ “Hangover part 3″တို႔အစရွိသျဖင့္ပါပဲ….ေနာက္ထပ္လည္း အမ်ားႀကီးရွိပါေသးတယ္

ယခု ၂၀၁၈ မွာလည္းသူဟာ တမူထူးျခားတဲ့ ဒီဇာတ္ကားကို ႐ိုက္ကူးခဲ့ျပန္ပါၿပီဘယ္လိုထူးျခားတာလဲဆိုေတာ့ ဒီဇာတ္ကားေလးမွာ “Puppets” ဆိုတဲ့ အ႐ုပ္ေလးေတြကိုသက္ရွိအျဖစ္ ဖန္တီးထားတာပါအဲ့လို လူသားေတြနဲ႔ အ႐ုပ္ေတြ အတူတကြေနထိုင္ၾကတဲ့ ကမာၻႀကီးမွာအ႐ုပ္ေတြဟာ လူသားေတြရဲ႕ အႏွိမ္ခံလူတန္းစားတစ္ရပ္အျဖစ္ ဆက္ဆံခံ ၾကရပါတယ္

ဒါေပမယ့္ အ႐ုပ္ကေလးေတြဆိုၿပီး ကေလးၾကည့္ဇာတ္ကားတစ္ခုလို႔ေတာ့ မထင္ေစခ်င္ပါဘူးႏိုင္ငံတကာ rating အရဆိုရင္ေတာ့ ၁၆ႏွစ္အထက္မွ ၾကည့္ရႈသင့္တယ္ဆိုၿပီးဝိုင္းဝန္းေထာက္ခံထားၾကတဲ့ဇာတ္ကားတစ္ခုပါၿပီးေတာ့ ဇာတ္ကားထဲမွာ သုံးႏႈန္းထားတဲ့ ဟာသစကားလုံးတစ္ခ်ိဳ႕ဟာလည္းအသစ္တီထြင္ၿပီး သုံးစြဲထားတာပါ

ဒါတင္မကပါဘူး တစ္ခ်ိဳ႕အခန္းေတြမွာ လိင္အသားေပးဇာတ္ဝင္ခန္းအနည္းငယ္ကိုဟာသအေနနဲ႔ ႐ိုက္ျပထားပါေသးတယ္ ဒါေပမယ့္ သူ႔ရဲ႕ေနာက္ခံဇာတ္လမ္းကေတာ့ စိတ္ဝင္စားဖို႔ေကာင္းပါတယ္လူသတ္မႈကို လိုက္လံေဖာ္ထုတ္တဲ့ ဟာသစုံေထာက္ဇာတ္ကားပါ………….

လွ်ိဳ႕ဝွက္ခ်က္ေတြ, ျမဳပ္ကြက္ေတြ ရယ္ေမာစရာေလးေတြနဲ႔ ၾကည့္ရႈသူကိုဇာတ္ကားၿပီးတဲ့အထိ ဆြဲေဆာင္သြားမွာပါေနာက္တစ္ခ်က္ကေတာ့ ဇာတ္႐ုပ္ပီျပင္မႈပါပဲ…..“Puppet”ဆိုတဲ့ အ႐ုပ္ေလးေတြကို ႐ုပ္ရွင္ၾကည့္ရႈေနတဲ့သူေတြရဲ႕စိတ္ထဲမွာတကယ္အသက္ရွိတယ္လို႔ ခံစားလာရပါလိမ့္မယ္

အ႐ုပ္ေလးေတြကို ဇာတ္ေကာင္အေနနဲ႔ သ႐ုပ္ေဖာ္တဲ့ေနရာမွာပီျပင္မႈရွိေအာင္လည္း ေတာ္ေတာ္ အားထုတ္ခဲ့ၾကပါတယ္ဇာတ္ကားကို ၿခဳံငုံၿပီးေျပာရရင္ေတာ့ သင့္ရဲ႕စိတ္ကို ေပ်ာ္႐ႊင္ေက်နပ္မႈ ရသေပးစြမ္းႏိုင္မွာျဖစ္ၿပီးေပ်ာ္႐ြင္စရာ “Happy ending” ဇာတ္သိမ္းေလးနဲ႔ အဆုံးသတ္ထားတဲ့ဇာတ္ကားေကာင္းေလးတစ္ခုပါပဲ……

megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *