The Judge (2014)

14702
Share
Copy the link

ရင်ဘတ်ကြီးကိုဖွင့် နှလုံးသားကို စွင့်ပြီး ခံစားချင်သူတွေအတွက် ဒီဇာတ်ကားဟာ အကောင်းဆုံးကားတစ်ကားဖြစ်ပါတယ်..ပြကွက်တစ်ကွက်ချင်းစီမှာ အရေးကြီးတဲ့ စနစ်တကျခြယ်သမှုတွေနဲ့ တင်ဆက်ထားပါတယ်..

ဇာတ်လမ်းကြာချိန်ကလည်း နှစ်နာရီ ခွဲလောက်ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာအရသာခံကြည့်ရှုရမယ့်ကားတစ်ကားဖြစ်ပြီး ကြည့်ပြီးချိန်မှာ ရင်ဘတ်ထဲ ခံစားချက်တွေကျန်ခဲ့စေမယ့်အပြင် နောက်တစ်ခါထပ်ကြည့်ချင်လောက်အောင် ကောင်းလှပါတယ်..

kids တွေက ပါဝါရိန်းဂျား..men တွေက DC တွေ Marvel တွေကြိုက်တယ်ဆိုရင် ဒီကားက Legend တွေကြည့်တဲ့ကားလို့ သတ်မှတ်ပေးပါရစေ…Iron Man မင်းသား Robert Downey Jr က ဒီကားထဲမှာ ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ..သူ့ရဲ့ထူးခြားတဲ့အကျင့်က အပြစ်ရှိသူတွေဖက်ကပဲ ရှေ့နေလိုက်ပေးတာပါ..

သူ့မှာ ဇနီးနဲ့ သမီးတစ်ယောက်ရှိတယ်..တစ်နေ့ တရားရုံးမှာ အမှုတစ်ခုရှေ့နေလိုက်နေရင်း သူ့အစ်ကိုအကြီးဆုံးဆီက သူ့အမေဆုံးပြီဆိုတဲ့ ဖုန်းဝင်လာပါတယ်..ဒါနဲ့သူ့အမေ အသုဘကိစ္စအတွက် သူ့ရဲ့နယ်မြို့လေးကို ပြန်ခဲ့သည်ပေ့ါ..

ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲမှာမှ အလတ်ကောင်ဖြစ်သူက တရားသူကြီးတစ်ဦးဖြစ်သူ ဖခင်နဲ့မတည့်လို့ အိမ်ကိုမပြန်ခဲ့တာနှစ်ပေါင်းအတော်ကြာပါပြီ..ပြန်ရောက်တဲ့အချိန်ကနေစလို့ အသုဘကိစ္စပြီးလို့ ပြန်မယ့်အချိန်ထိ အဖေနဲ့သား တကျက်ကျက်ပါပဲ..

ဒီလိုနဲ့အဖေနဲ့ရန်ဖြစ်ပြီး အိမ်ပြန်ဖို့ လေယာဉ်ပေါ်အတက်..အစ်ကိုအကြီးဆုံးဆီကဖုန်းဝင်လာပြန်တာက..သူတို့အဖေတရားသူကြီး လူသတ်မှုနဲ့ ရဲစခန်းရောက်နေလို့ပါတဲ့…ဒီဇာတ်လမ်းဟာ မှုခင်း ဒရာမာကားလို့ ဆိုထားပေမယ့် ဒီထက် အများကြီးအများကြီး အတွေးတွေ ပေးနိုင်မယ့်ကားတစ်ကားဖြစ်ပါတယ်..

ရိုးရှင်းတဲ့ ရိုက်ချက်တွေနဲ့ သားအဖတွေကြားဆက်ဆံရေးတွေ ..လူ့အသိုင်းအဝိုင်းနဲ့ တရားဥပဒေအပေါ် လေးစားမှု မလေးစားမှု..တရားဥပဒေရဲ့အရေးပါမှုတွေ..ကံတရားတစ်ပတ်လည်ပုံတွေကို အချိတ်အဆက်ကောင်းကောင်းနဲ့ ရိုက်ပြထားပါတယ်

၂၀၁၄ မှာ ထွက်ခဲ့တဲ့ကားတစ်ကားဖြစ်ပြီး IMDb – 7.4 Google users – 94% Rotten tomatoes – 48% တို့ဖြစ်ကြပါတယ်..နောက်ဆုံးဇာတ်လမ်းပြီးစာတန်းထိုးတဲ့အခါ… The Scientist ဆိုတဲ့ သီချင်းလေးကိုလည်း နားထောင်ဖြစ်အောင်နားထောင်ဖို့ တိုက်တွန်းလိုက်ပါတယ်..။

Zawgyi

ရင္ဘတ္ႀကီးကိုဖြင့္ ႏွလုံးသားကို စြင့္ၿပီး ခံစားခ်င္သူေတြအတြက္ ဒီဇာတ္ကားဟာ အေကာင္းဆုံးကားတစ္ကားျဖစ္ပါတယ္..ျပကြက္တစ္ကြက္ခ်င္းစီမွာ အေရးႀကီးတဲ့ စနစ္တက်ျခယ္သမႈေတြနဲ႔ တင္ဆက္ထားပါတယ္..

ဇာတ္လမ္းၾကာခ်ိန္ကလည္း ႏွစ္နာရီ ခြဲေလာက္ျဖစ္တဲ့အတြက္ အခ်ိန္ၾကာျမင့္စြာအရသာခံၾကည့္ရႈရမယ့္ကားတစ္ကားျဖစ္ၿပီး ၾကည့္ၿပီးခ်ိန္မွာ ရင္ဘတ္ထဲ ခံစားခ်က္ေတြက်န္ခဲ့ေစမယ့္အျပင္ ေနာက္တစ္ခါထပ္ၾကည့္ခ်င္ေလာက္ေအာင္ ေကာင္းလွပါတယ္..

kids ေတြက ပါဝါရိန္းဂ်ား..men ေတြက DC ေတြ Marvel ေတြႀကိဳက္တယ္ဆိုရင္ ဒီကားက Legend ေတြၾကည့္တဲ့ကားလို႔ သတ္မွတ္ေပးပါရေစ…Iron Man မင္းသား Robert Downey Jr က ဒီကားထဲမွာ ထက္ျမက္တဲ့ေရွ႕ေနတစ္ေယာက္ပါ..သူ႔ရဲ႕ထူးျခားတဲ့အက်င့္က အျပစ္ရွိသူေတြဖက္ကပဲ ေရွ႕ေနလိုက္ေပးတာပါ..

သူ႔မွာ ဇနီးနဲ႔ သမီးတစ္ေယာက္ရွိတယ္..တစ္ေန႔ တရား႐ုံးမွာ အမႈတစ္ခုေရွ႕ေနလိုက္ေနရင္း သူ႔အစ္ကိုအႀကီးဆုံးဆီက သူ႔အေမဆုံးၿပီဆိုတဲ့ ဖုန္းဝင္လာပါတယ္..ဒါနဲ႔သူ႔အေမ အသုဘကိစၥအတြက္ သူ႔ရဲ႕နယ္ၿမိဳ႕ေလးကို ျပန္ခဲ့သည္ေပ့ါ..

ညီအစ္ကိုသုံးေယာက္ရွိတဲ့အထဲမွာမွ အလတ္ေကာင္ျဖစ္သူက တရားသူႀကီးတစ္ဦးျဖစ္သူ ဖခင္နဲ႔မတည့္လို႔ အိမ္ကိုမျပန္ခဲ့တာႏွစ္ေပါင္းအေတာ္ၾကာပါၿပီ..ျပန္ေရာက္တဲ့အခ်ိန္ကေနစလို႔ အသုဘကိစၥၿပီးလို႔ ျပန္မယ့္အခ်ိန္ထိ အေဖနဲ႔သား တက်က္က်က္ပါပဲ..

ဒီလိုနဲ႔အေဖနဲ႔ရန္ျဖစ္ၿပီး အိမ္ျပန္ဖို႔ ေလယာဥ္ေပၚအတက္..အစ္ကိုအႀကီးဆုံးဆီကဖုန္းဝင္လာျပန္တာက..သူတို႔အေဖတရားသူႀကီး လူသတ္မႈနဲ႔ ရဲစခန္းေရာက္ေနလို႔ပါတဲ့…ဒီဇာတ္လမ္းဟာ မႈခင္း ဒရာမာကားလို႔ ဆိုထားေပမယ့္ ဒီထက္ အမ်ားႀကီးအမ်ားႀကီး အေတြးေတြ ေပးႏိုင္မယ့္ကားတစ္ကားျဖစ္ပါတယ္..

႐ိုးရွင္းတဲ့ ႐ိုက္ခ်က္ေတြနဲ႔ သားအဖေတြၾကားဆက္ဆံေရးေတြ ..လူ႔အသိုင္းအဝိုင္းနဲ႔ တရားဥပေဒအေပၚ ေလးစားမႈ မေလးစားမႈ..တရားဥပေဒရဲ႕အေရးပါမႈေတြ..ကံတရားတစ္ပတ္လည္ပုံေတြကို အခ်ိတ္အဆက္ေကာင္းေကာင္းနဲ႔ ႐ိုက္ျပထားပါတယ္

၂၀၁၄ မွာ ထြက္ခဲ့တဲ့ကားတစ္ကားျဖစ္ၿပီး IMDb – 7.4 Google users – 94% Rotten tomatoes – 48% တို႔ျဖစ္ၾကပါတယ္..ေနာက္ဆုံးဇာတ္လမ္းၿပီးစာတန္းထိုးတဲ့အခါ… The Scientist ဆိုတဲ့ သီခ်င္းေလးကိုလည္း နားေထာင္ျဖစ္ေအာင္နားေထာင္ဖို႔ တိုက္တြန္းလိုက္ပါတယ္..။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Yoteshin Portal) Large Size ~ Download

(Megaup.net) Large Size ~ Download

(Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *