The Land Before Time III: The Time of the Great Giving (1995)
16701ပရိတ်သတ်တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ၁၉၈၈ ခုနှစ်က စတင်ထွက်ရှိလာခဲ့တဲ့ The LandBefore Time ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းမပြောခင် သိစေချင်တာလေးတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ဒီဇာတ်လမ်းကို ဖန်တီးသူတွေအကြောင်းပါ ….
Producer တွေကတော့ ဂျော့်ဂျ်လူးကပ်စ် နဲ့ စတီဗင်စပီးဘာ့ဂ် တို့ဖြစ်ကြပြီး ဒါရိုက်တာကတော့ ဒွန်ဘလုသ် ပဲ ဖြစ်ပါတယ်။ သူတို့လို ရုပ်ရှင်အကျော်အမော်ကြီး ၃ ယောက်ဆုံထားတဲ့ ဒီလိုစီးရီးမျိုးဟာMovie Industry မှာ ဒီတစ်ခုတည်းသာ ရှိတယ်လို့လည်း သိရပါတယ်။
ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ် ကမ္ဘာဦးအစက ဒိုင်နိုဆောလေးတွေနဲ့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု ဆင့်ကဲပြောင်းလဲမှုတွေအကြောင်းကို ဇာတ်အိမ်တည်ပြီး လစ်တဲဖု စပိုက်ခ် ဆယ်ရာ နဲ့ ပီထရီဆိုတဲ့ ဒိုင်နိုဆော သူငယ်ချင်းလေးတစ်စုရဲ့ ချစ်ခြင်းမေတ္တာတွေကိုရိုက်ပြထားတာပါ။
ကာတွန်းကားဆိုပေမယ့် …… ကမ္ဘာဦးတုန်းက ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်တွေ ဒိုင်နိုဆောအမျိုးအစားတစ်ခုစီရဲ့ သဘာဝလေးတွေကိုပါသေသေချာချာလေး ထည့်ရိုက်ထားတာမို့ ကလေးလေးတွေရော လူကြီးတွေပါ ကာတွန်းကြည့်ရင်း ဗဟုသုတရစေမှာအမှန်ပါပဲ။
ပြီးတော့ ဒီကာတွန်းကားလေးမှာ သတိထားမိတာက ကလေးလေးတွေရဲ့ တကယ့် အပြုအမူနဲ့ စိတ်နေစိတ်ထားလေးတွေကို ထည့်ရိုက်ထားတာပါ။
စိတ်တိုလွယ်တဲ့ကလေး တစ်ခုခုဆို ကြောက်တတ်တဲ့ ကလေး သူများကို သနားတတ်တဲ့ကလေး ဘာမဆို စပ်စပ်စုစု လုပ်တတ်တဲ့ကလေးတွေ ပြီးတော့ သူတို့ရဲ့ အပြုအမူလေးတွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်လေးတွေကို ပြပေးထားတာက entertainment တင်မက ကလေးလေးတွေရဲ့ စိတ်နေစိတ်ထားလေးတွေကို ပြုပြင်ဆုံးမရာမှာ တစ်နည်းနည်းနဲ့ အထောက်အကူပေးပါလိမ့်မယ်။
ဒီတော့ အများကြီးတော့ မညွှန်းတော့ပါဘူး ကမ္ဘာဦးတုန်းက ဒိုင်နိုဆောကြီးတွေက ဘယ်လိုနေကြလဲလို့ ကလေးလေးတစ်ယောက်ယောက်ကများ မေးလာခဲ့ရင် ကျွန်မ ဒီဇာတ်ကားလေးကိုပဲ ပြဖြစ်မယ်ထင်ပါတယ်။ အိမ်မှာ ကလေးရှိတဲ့သူတွေရောကာတွန်းကားနှစ်သက်တဲ့သူတွေရော ဒီကာတွန်းကားလေးတွေကို မြည်းစမ်းကြည့်ပါ နောင်တမရစေရဘူးလို့ အာမခံပါတယ်နော်။
Zawgyi
ပရိတ္သတ္ေတြအတြက္ ဒီတစ္ခါ တင္ဆက္ေပးခ်င္တာကေတာ့ ၁၉၈၈ ခုႏွစ္က စတင္ထြက္ရွိလာခဲ့တဲ့ The LandBefore Time ဆိုတဲ့ ကာတြန္းဇာတ္လမ္းေလးေတြပဲျဖစ္ပါတယ္။ ဇာတ္လမ္းေလးအေၾကာင္းမေျပာခင္ သိေစခ်င္တာေလးတစ္ခုရွိပါတယ္။ ဘာလဲဆိုေတာ့ ဒီဇာတ္လမ္းကို ဖန္တီးသူေတြအေၾကာင္းပါ ….
Producer ေတြကေတာ့ ေဂ်ာ့္ဂ်္လူးကပ္စ္ နဲ႔ စတီဗင္စပီးဘာ့ဂ္ တို႔ျဖစ္ၾကၿပီး ဒါ႐ိုက္တာကေတာ့ ဒြန္ဘလုသ္ ပဲ ျဖစ္ပါတယ္။ သူတို႔လို ႐ုပ္ရွင္အေက်ာ္အေမာ္ႀကီး ၃ ေယာက္ဆုံထားတဲ့ ဒီလိုစီးရီးမ်ိဳးဟာMovie Industry မွာ ဒီတစ္ခုတည္းသာ ရွိတယ္လို႔လည္း သိရပါတယ္။
ဇာတ္လမ္းေလးကေတာ့ ႐ိုးရွင္းပါတယ္ ကမာၻဦးအစက ဒိုင္ႏိုေဆာေလးေတြနဲ႔ သူတို႔ရဲ႕ ရွင္သန္ရပ္တည္မႈ ဆင့္ကဲေျပာင္းလဲမႈေတြအေၾကာင္းကို ဇာတ္အိမ္တည္ၿပီး လစ္တဲဖု စပိုက္ခ္ ဆယ္ရာ နဲ႔ ပီထရီဆိုတဲ့ ဒိုင္ႏိုေဆာ သူငယ္ခ်င္းေလးတစ္စုရဲ႕ ခ်စ္ျခင္းေမတၱာေတြကို႐ိုက္ျပထားတာပါ။
ကာတြန္းကားဆိုေပမယ့္ …… ကမာၻဦးတုန္းက ဆင့္ကဲေျပာင္းလဲျခင္းျဖစ္စဥ္ေတြ ဒိုင္ႏိုေဆာအမ်ိဳးအစားတစ္ခုစီရဲ႕ သဘာဝေလးေတြကိုပါေသေသခ်ာခ်ာေလး ထည့္႐ိုက္ထားတာမို႔ ကေလးေလးေတြေရာ လူႀကီးေတြပါ ကာတြန္းၾကည့္ရင္း ဗဟုသုတရေစမွာအမွန္ပါပဲ။
ၿပီးေတာ့ ဒီကာတြန္းကားေလးမွာ သတိထားမိတာက ကေလးေလးေတြရဲ႕ တကယ့္ အျပဳအမူနဲ႔ စိတ္ေနစိတ္ထားေလးေတြကို ထည့္႐ိုက္ထားတာပါ။
စိတ္တိုလြယ္တဲ့ကေလး တစ္ခုခုဆို ေၾကာက္တတ္တဲ့ ကေလး သူမ်ားကို သနားတတ္တဲ့ကေလး ဘာမဆို စပ္စပ္စုစု လုပ္တတ္တဲ့ကေလးေတြ ၿပီးေတာ့ သူတို႔ရဲ႕ အျပဳအမူေလးေတြေၾကာင့္ ျဖစ္လာတဲ့ အက်ိဳးဆက္ေလးေတြကို ျပေပးထားတာက entertainment တင္မက ကေလးေလးေတြရဲ႕ စိတ္ေနစိတ္ထားေလးေတြကို ျပဳျပင္ဆုံးမရာမွာ တစ္နည္းနည္းနဲ႔ အေထာက္အကူေပးပါလိမ့္မယ္။
ဒီေတာ့ အမ်ားႀကီးေတာ့ မၫႊန္းေတာ့ပါဘူး ကမာၻဦးတုန္းက ဒိုင္ႏိုေဆာႀကီးေတြက ဘယ္လိုေနၾကလဲလို႔ ကေလးေလးတစ္ေယာက္ေယာက္ကမ်ား ေမးလာခဲ့ရင္ ကြၽန္မ ဒီဇာတ္ကားေလးကိုပဲ ျပျဖစ္မယ္ထင္ပါတယ္။ အိမ္မွာ ကေလးရွိတဲ့သူေတြေရာကာတြန္းကားႏွစ္သက္တဲ့သူေတြေရာ ဒီကာတြန္းကားေလးေတြကို ျမည္းစမ္းၾကည့္ပါ ေနာင္တမရေစရဘူးလို႔ အာမခံပါတယ္ေနာ္။


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Disk Yandex) Large Size ~ Download
(Disk Yandex) Small Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download