The Last Witch Hunter (2015)

2
Share
Copy the link

လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀၀ လောက်က လူသားတွေ ကသူတို့ဖာသာ အိုးအိမ်တွေမြို့သစ်တွေတည်ပြီး စည်ပင်ထွန်းကားခဲ့ကြတယ်တန်ခိုးသြဇာ ကြီးမားခဲ့ကြတယ် ဒါပေမယ့်သူတို့ မေ့လျော့နေခဲ့တာက မွေးရာပါပါရမီထူးပါလာပြီး

ဆရာ မလို လမ်းကြောင်းမယ့်သူမလိုပဲအောက်လမ်းပညာတွေမှော်အတတ်အစီမံတွေ ကျွမ်းကျင်နေတဲ့ လူတစ်စုပဲတစ်နည်းအားဖြင့် စုန်းတွေပေါ့ စုန်းတွေနဲ့ လူတွေကြားက ပဋိပက္ခတွေဟာအချိန်နဲ့အမျှလှိုက်စားကြီးထွားလာတယ်

အမုန်းအာဃာတတွေကလဲ လမ်းဆုံးမရှိတဲ့ခရီးလမ်းလိုများပြားထွေလီရှည်လျားခဲ့တယ် ဒီလိုနဲ့သေမြေကြီးရှင်ရွှေထီးဆိုပြီး ထင်ရာစိုင်းတဲ့ဗိုက်ကင်းတွေ မိမိတိုင်းပြည်လူမျိုးအတွက်အသက်စွန့်တိုက်ခိုက်မယ့်ရဲရဲတောက်သူရဲကောင်းတွေ သူတို့ အသက်ကအရေးမပါဘူူး

သူတို့မှာဖက်တွယ်စရာအိုးအိမ်တွေလဲ မရှိရှာတော့ဘူူး ဒီကြမ္မာငင်ဇာတ်လမ်းဆိုးကို ပြန်နားထောင်ပေးမယ့်သားမြေးမြစ်တွေလဲ မရှိတော့တဲ့အချိန် ရော်ရင့်နေတဲ့သစ်ပင်အိုကြီး မကောင်းမှုတို့ အလုံးစုံအတိပြီးတဲ့ စုန်းအသိုက်မြုံထဲ ချဉ်းနင်းဝင်ရောက်ကြတယ်

ဗင်ဒီဇယ် တဖြစ်လဲ ကော်ဒါ ဦးဆောင်တဲ့ တပ်စုလေး အောက်လမ်းစုန်းတွေရဲ့ ခြောက်ခြားမှုတွေအောက်မှာသွေးမပျက်အောင်ကြိုးစားထိန်းနေရတယ်တစ်ယောက်ပြီးတစ်ယောက် တစ်သက်ပြီးတစ်သက်ပေးဆပ်လိုက်ရတဲ့ သွေးသောက်ညီကိုတွေကိုကြည့်ပြီး

သံထည်နဲ့မီးတောက်အားကို ပြု ပီး ကော်ဒါတစ်ယောက်မိစ္ဆာမရင်ဝကို ဒီလူမျိုးတုန်းသတ်ဖြတ်တဲ့ပုလိပ်ရောဂါကပ်ဆိုးကြီးဖန်တီးရှင်ရဲ့ အသဲအူတည့်တည့်ကို အမုန်းဓားတစ်ဆင်းထိုးစိုက်လိုက်နိုင်ခဲ့တယ်စုန်းဘုရင်မကြီး နိဌိတံပြီး ပုလိပ်ရောဂါဆိုးကြီးလဲ ချုပ်ငြိမ်းပြီ

ဒါပေမယ့် ဘယ်သူမှမမျှော်လင့်တဲ့အခိုက်အတန့်လေးမှာ လျှပ်ခနဲဆိုသလိုကျိန်စာတစ်ခု အထမြောက်သွားခဲ့တယ် ကိုယ်ချစ်တဲ့သူတွေသေတာထိုင်ကြည့်ရတဲ့ကျိန်စာ နှစ်ပရိစ္ဆေဒကြာညောင်းတဲ့အထိ ဒီကမ္ဘာပေါ်မှာချေချနေရတဲ့ကျိန်စာမိမိသမီးလေးအတွက် ချစ်ကြင်သူဇနီးမယားအတွက် လက်စားချေတဲ့ ဒီကော်ဒါဆိုတဲ့ဗိုက်ကင်းကြီး တစ်နည်းအားဖြင့် နောက်ဆုံးကျန်ရစ်ခဲ့တဲ့စုန်းလိုက်မုဆိုးကြီးကို အရိပ်တစ္ဆေလို ကပ်ပါသွားခဲ့တယ်

ဒီလိုကားမျိုးဆိုတာ ဝေဖန်ရေးနဲ့လေကန်ရေးလုပ်ပြီးကြည့်ရမယ့်ကားလို့မထင်မိပါဘူးမြှုပ်ကွက်လေးတွေတော့ရှိပေမယ့် သြချရလောက်အောင်မပြောင်မြောက်ဘူးရွက်ကြမ်းရေကျိုအဆင့်လို့လဲပြောလို့မရဘူး အက်ရှင် scene တွေလန်းတယ်

ဗင်ဒီဇယ်ကြီးကို ဗိုက်ကင်းလိုပုံဖော်ထားတာမိုက်တယ် ကြည့်ရတာ အရသာရှိတယ်effect တွေကောင်းတယ် ကျန်တဲ့ကျန်တဲ့ဝေဖန်ရမယ့်အပိုင်းတွေကတော့ ratingကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်

Zawgyi



အမုန်းအာဃာတတွေကလဲ လမ်းဆုံးမရှိတဲ့ခရီးလမ်းလိုများပြားထွေလီရှည်လျားခဲ့တယ် ဒီလိုနဲ့သေမြေကြီးရှင်ရွှေထီးဆိုပြီး ထင်ရာစိုင်းတဲ့ဗိုက်ကင်းတွေ မိမိတိုင်းပြည်လူမျိုးအတွက်အသက်စွန့်တိုက်ခိုက်မယ့်ရဲရဲတောက်သူရဲကောင်းတွေ သူတို့ အသက်ကအရေးမပါဘူး

သူတို့မှာဖက်တွယ်စရာအိုးအိမ်တွေလဲ မရှိရှာတော့ဘူး ဒီကြမ္မာငင်ဇာတ်လမ်းဆိုးကို ပြန်နားထောင်ပေးမယ့်သားမြေးမြစ်တွေလဲ မရှိတော့တဲ့အချိန် ရော်ရင့်နေတဲ့သစ်ပင်အိုကြီး မကောင်းမှုတို့ အလုံးစုံအတိပြီးတဲ့ စုန်းအသိုက်မြုံထဲ ချဉ်းနင်းဝင်ရောက်ကြတယ်






File Size – 2GB

Quality – 1080P BluRay

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *