The Least of These (2019)

19613
Share
Copy the link

ကျွန်တော်တို့အာရှနိုင်ငံတော်တော်များများဟာအနာကြီးရောဂါသည်တွေကို ရွံစရာလူတွေအဖြစ် သတ်မှတ်ပြီး လူ့အဖွဲ့အစည်းကနေ ကျဉ်ထားလေ့ရှိပါတယ်…..

အဲဒီထဲမှာ အိန္ဒိယနိုင်ငံလည်း အပါအဝင်ဖြစ်ပြီးဒီဇာတ်ကားအခြေခံထားတဲ့ ၁၉၉၀ ပြည့်လွန်နှစ်လို အခြေအနေမှာဆို ကုသပျောက်ကင်းပြီးတာတောင်စက်ဆုတ်စရာလူတန်းစားလို့ သတ်မှတ်ထားကြပုံရပါတယ်…

ပြီးတော့ အိန္ဒိယဟာ ရှေးရိုးစွဲနိုင်ငံတနိုင်ငံလည်းဖြစ်တာနဲ့အညီ ဒီနိုင်ငံမှာ ခရစ်ယန်သာသနာလာပြုဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့အနေအထားပါဒီလို အခြေအနေမှာဩစတေးလျနိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဂရေဟမ်းစတိန်းဆိုတဲ့ အမျိုးသားဟာ အိန္ဒိယမှာရှိတဲ့ ရောဂါသည်တွေကို လာပြုစုကုသပေးနေတာ ၃၅ နှစ်ကြာခဲ့ပါပြီ

အဲဒီအချိန်မှာ News Orrisa သတင်းစာတိုက်က သတင်းထောက် မန်နေ့ ဟာစားဝတ်နေရေးအတွက် သတင်းတပုဒ်ရဖို့သတင်းစုဆောင်းရတဲ့အခါ ဂရေဟမ်စတိန်းဟာ ဒီသတင်းစာတိုက်ရဲ့ သားကောင်ဖြစ်လာပါတော့တယ်

အဲဒီနောက်မှာတော့ သတင်းမုဆိုးရဲ့သားကောင်ဖြစ်လာတဲ့ ဂရေဟမ်စတိန်းနဲ့ သတင်းထောက် မန်နေ့တို့ရဲ့ ဆက်နွယ်မှုတွေ ဘာဆက်ဖြစ်လာမလဲဆိုတာတော့ ဒီ The least of these မှာ ကြည့်ရှုခံစားပေးကြပါခင်ဗျာဒီဇာတ်ကားကို ဒါရိုက်တာ Aneesh Daniel က ရိုက်ကူးထားပြီးယခုနှစ်မှ ထွက်ရှိထားတဲ့ ကားတကားဖြစ်ပါတယ်

အဓိက ဇာတ်ဆောင်အနေနဲ့ Three idiots ဇာတ်ကားထဲမှာ ရာဂျူးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Sharman Joshiနဲ့ Stephen Baldwinပြီးတော့ Aditi Chengappa တို့ပါဝင် သရုပ်ဆောင်ထားတဲ့ အထုပ္ပတ္တိဆန်ဆန် ဇာတ်ကား တကားဖြစ်ပါတယ်……

Zawgyi

ကြၽန္ေတာ္တို႔အာရွႏိုင္ငံေတာ္ေတာ္မ်ားမ်ားဟာအနာႀကီးေရာဂါသည္ေတြကို ႐ြံစရာလူေတြအျဖစ္ သတ္မွတ္ၿပီး လူ႔အဖြဲ႕အစည္းကေန က်ဥ္ထားေလ့ရွိပါတယ္…..

အဲဒီထဲမွာ အိႏၵိယႏိုင္ငံလည္း အပါအဝင္ျဖစ္ၿပီးဒီဇာတ္ကားအေျခခံထားတဲ့ ၁၉၉၀ ျပည့္လြန္ႏွစ္လို အေျခအေနမွာဆို ကုသေပ်ာက္ကင္းၿပီးတာေတာင္စက္ဆုတ္စရာလူတန္းစားလို႔ သတ္မွတ္ထားၾကပုံရပါတယ္…

ၿပီးေတာ့ အိႏၵိယဟာ ေရွး႐ိုးစြဲႏိုင္ငံတႏိုင္ငံလည္းျဖစ္တာနဲ႔အညီ ဒီႏိုင္ငံမွာ ခရစ္ယန္သာသနာလာျပဳဖို႔ဆိုတာ တကယ္ကို မလြယ္ကူတဲ့အေနအထားပါဒီလို အေျခအေနမွာဩစေတးလ်ႏိုင္ငံသား ခရစ္ယာန္သာသနာျပဳ ေဒါက္တာဂေရဟမ္းစတိန္းဆိုတဲ့ အမ်ိဳးသားဟာ အိႏၵိယမွာရွိတဲ့ ေရာဂါသည္ေတြကို လာျပဳစုကုသေပးေနတာ ၃၅ ႏွစ္ၾကာခဲ့ပါၿပီ

အဲဒီအခ်ိန္မွာ News Orrisa သတင္းစာတိုက္က သတင္းေထာက္ မန္ေန႔ ဟာစားဝတ္ေနေရးအတြက္ သတင္းတပုဒ္ရဖို႔သတင္းစုေဆာင္းရတဲ့အခါ ဂေရဟမ္စတိန္းဟာ ဒီသတင္းစာတိုက္ရဲ႕ သားေကာင္ျဖစ္လာပါေတာ့တယ္

အဲဒီေနာက္မွာေတာ့ သတင္းမုဆိုးရဲ႕သားေကာင္ျဖစ္လာတဲ့ ဂေရဟမ္စတိန္းနဲ႔ သတင္းေထာက္ မန္ေန႔တို႔ရဲ႕ ဆက္ႏြယ္မႈေတြ ဘာဆက္ျဖစ္လာမလဲဆိုတာေတာ့ ဒီ The least of these မွာ ၾကည့္ရႈခံစားေပးၾကပါခင္ဗ်ာဒီဇာတ္ကားကို ဒါ႐ိုက္တာ Aneesh Daniel က ႐ိုက္ကူးထားၿပီးယခုႏွစ္မွ ထြက္ရွိထားတဲ့ ကားတကားျဖစ္ပါတယ္

အဓိက ဇာတ္ေဆာင္အေနနဲ႔ Three idiots ဇာတ္ကားထဲမွာ ရာဂ်ဴးအျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Sharman Joshiနဲ႔ Stephen Baldwinၿပီးေတာ့ Aditi Chengappa တို႔ပါဝင္ သ႐ုပ္ေဆာင္ထားတဲ့ အထုပၸတၱိဆန္ဆန္ ဇာတ္ကား တကားျဖစ္ပါတယ္……

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *