The Lives of Others(2006)
17056Dကားက ၂၀၀၇ခုနှစ်ရဲ့ အော်စကာဆုပေးပွဲ မှာ Best Foreign language of the year ဆုကိုရရှိခဲ့ပါတယ်…အခြားဆုပေါင်း ၇၆ဆုရရှိခဲ့ပြီး ၃၅ဆုဆန်ကာတင်စာရင်းလည်းဝင်ခဲ့ပါတယ်…ဒီဇာတ်ကားဟာ ဂျာမဏီနိုင်ငံရဲ့ ဒုတိယကမ္ဘာစစ် စစ်ပြီးခေတ် အခြေအနေကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
ဒါကြောင့် နောက်ခံ သမိုင်းကြောင်းကို အနည်းငယ် ပြောပြပါမည်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့ အခါ ဂျာမဏီကို မဟာမိတ်နိုင်ငံတွေက အသီးသီး ပိုင်းယူခဲ့ကြပါတယ်။ မဟာမိတ်တွေက အထူးပြောစရာလိုမယ်မထင်ပါ။ပြင်သစ်၊ ဗြိတိန်၊ အမေရိကန် နဲ့ ရုရှားတို့ပဲ ဖြစ်ပါတယ်။
သို့သော်လည်း တစ်ဖြေးဖြေးနဲ့ အနောက်ဘက်က မဟာမိတ်အုပ်စု( ပြင်သစ်၊ ဗြိတိန်၊ အမေကိကန်) ကတစ်ဖက် ရုရှားအစိုးရက တစ်ဖက်ဖြစ်ကာ ဂျာမဏီနိုင်ငံဟာ နှစ်ပိုင်းပိုင်းခံလိုက်ရပါတယ်။ ဂျာမဏီနိုင်ငံကို နှစ်ပိုင်း ပိုင်းလိုက်ရုံသာမက ရုရှားအစိုးရလက်ထဲကျရောက်နေတဲ့ဘာလင်မြို့ကိုလည်း နှစ်ပိုင်းပိုင်းခဲ့ပါတယ်။
အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီ အရှေ့ဘာလင်နဲ့ အနောက်ဘာလင်ဆိုကာ လူမျိုးတစ်မျိုးထဲနဲ့ နှစ်နိုင်ငံဖြစ်ခဲ့ရပါတယ်။နိုင်ငံရေးအနေနဲ့ အရှေ့ဂျာမဏီဟာ ရုရှားတို့ပိုင်နက်နယ်မြေထဲမှာ ရှိတဲ့အတွက် ဆိုရှယ်လစ်စနစ်ဖြစ်ကာ အနောက်ဂျာမဏီကတော့ ဒီမိုကရေစီဆန်ဆန် ဖြစ်ခဲ့ပါတယ်။
1961 ခုနှစ်မှာ ရုရှားအစိုးရဟာ အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီကြား ကို ဘာလင်တံတိုင်းတည်ဆောက်ကာ လုံးဝ ပိုင်းခြားခဲ့ပါတယ်။ အနောက်ဂျာမဏီကလူများကတော့အရှေ့ဂျာမဏီကို အခက်အခဲမရှိ ကူးသန်းနိုင်ခဲ့သော်လည်း အရှေ့ဂျာမဏီမှ အနောက်ဂျာမဏီသို့ ကူးသန်းခွင့်သည် ထိုခေတ်က ရွှေထက်ရှားခဲ့လေသည်။
ထိုခေတ်ထိုကာလရှိ အနုပညာရှင်များကိုလည်း အစိုးရက မကြည်ရင်မကြည်သလို အနုပညာလုပ်ခွင့်ပိတ်ပင်ခြင်းများရှိခဲ့လေသည်။ဤဇာတ်ကားထဲတွင် ပြဇာတ်စာရေးဆရာတစ်ဦးဖြစ်သူ ဂရော့ ဒရိုင်းမန်းကို ဗိုလ်မှူးကြီး ဗီးစ်လာက အနီးကပ်စောင့်ကြည့်ရသည့်အကြောင်းကို အခြေခံရိုက်ကူးထားသည်။
စောင့်ကြည့်ပုံမှာ ဂရော့ ဒရိုင်းမန်း၏ တိုက်ခန်းတစ်ခုလုံးကို အသံဖမ်းစက်များတပ်ဆင်ကာဖမ်းယူနားထောင်နေခြင်းဖြစ်သည်။ဒီကားက အစပိုင်းတော့ အနည်းငယ်အေးပါတယ်…နည်းနည်းသီးခံပြီးကြည့်ပါ…တဖြည်းဖြည်းနဲ့ The lives of others ဆိုတာကို ပြောက်မြောက်စွာပုံဖော်လာသလို ကြည့်ရှုသူကိုလည်းအဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်…။
ဒီဇာတ်ကားအကြောင်းကို ပြန်တွေးတိုင်း တွေးတိုင်း ရင်ထဲမှာ နင့်နေအောင် ခံစားရမယ့် ရသတစ်မျိုးကိုလည်း ခံစားရမှာပါ။ နောက်ဆုံးအနေနဲ့ အသေးစိတ်လေးတွေကို သတိထားကြည့်ပါလို့ပြောချင်ပါတယ်။
ကဲ ညွှန်းထားတဲ့ အတိုင်း ဟုတ်လား မဟုတ်လားဆိုတာ အခုပဲ ကြည့်ပြီး ဆုံးဖြတ်ကြပါစို့လားဗျာ။
Zawgyi
Dကားက ၂၀၀၇ခုႏွစ္ရဲ႕ ေအာ္စကာဆုေပးပြဲ မွာ Best Foreign language of the year ဆုကိုရရွိခဲ့ပါတယ္…အျခားဆုေပါင္း ၇၆ဆုရရွိခဲ့ၿပီး ၃၅ဆုဆန္ကာတင္စာရင္းလည္းဝင္ခဲ့ပါတယ္…ဒီဇာတ္ကားဟာ ဂ်ာမဏီႏိုင္ငံရဲ႕ ဒုတိယကမာၻစစ္ စစ္ၿပီးေခတ္ အေျခအေနကို ႐ိုက္ကူးျပထားတဲ့ ဇာတ္ကားေကာင္းေလး ျဖစ္ပါတယ္။
ဒါေၾကာင့္ ေနာက္ခံ သမိုင္းေၾကာင္းကို အနည္းငယ္ ေျပာျပပါမည္။ ဒုတိယကမာၻစစ္ၿပီးတဲ့ အခါ ဂ်ာမဏီကို မဟာမိတ္ႏိုင္ငံေတြက အသီးသီး ပိုင္းယူခဲ့ၾကပါတယ္။ မဟာမိတ္ေတြက အထူးေျပာစရာလိုမယ္မထင္ပါ။ျပင္သစ္၊ ၿဗိတိန္၊ အေမရိကန္ နဲ႔ ႐ုရွားတို႔ပဲ ျဖစ္ပါတယ္။
သို႔ေသာ္လည္း တစ္ေျဖးေျဖးနဲ႔ အေနာက္ဘက္က မဟာမိတ္အုပ္စု( ျပင္သစ္၊ ၿဗိတိန္၊ အေမကိကန္) ကတစ္ဖက္ ႐ုရွားအစိုးရက တစ္ဖက္ျဖစ္ကာ ဂ်ာမဏီႏိုင္ငံဟာ ႏွစ္ပိုင္းပိုင္းခံလိုက္ရပါတယ္။ ဂ်ာမဏီႏိုင္ငံကို ႏွစ္ပိုင္း ပိုင္းလိုက္႐ုံသာမက ႐ုရွားအစိုးရလက္ထဲက်ေရာက္ေနတဲ့ဘာလင္ၿမိဳ႕ကိုလည္း ႏွစ္ပိုင္းပိုင္းခဲ့ပါတယ္။
အေရွ႕ဂ်ာမဏီနဲ႔ အေနာက္ဂ်ာမဏီ အေရွ႕ဘာလင္နဲ႔ အေနာက္ဘာလင္ဆိုကာ လူမ်ိဳးတစ္မ်ိဳးထဲနဲ႔ ႏွစ္ႏိုင္ငံျဖစ္ခဲ့ရပါတယ္။ႏိုင္ငံေရးအေနနဲ႔ အေရွ႕ဂ်ာမဏီဟာ ႐ုရွားတို႔ပိုင္နက္နယ္ေျမထဲမွာ ရွိတဲ့အတြက္ ဆိုရွယ္လစ္စနစ္ျဖစ္ကာ အေနာက္ဂ်ာမဏီကေတာ့ ဒီမိုကေရစီဆန္ဆန္ ျဖစ္ခဲ့ပါတယ္။
1961 ခုႏွစ္မွာ ႐ုရွားအစိုးရဟာ အေရွ႕ဂ်ာမဏီနဲ႔ အေနာက္ဂ်ာမဏီၾကား ကို ဘာလင္တံတိုင္းတည္ေဆာက္ကာ လုံးဝ ပိုင္းျခားခဲ့ပါတယ္။ အေနာက္ဂ်ာမဏီကလူမ်ားကေတာ့အေရွ႕ဂ်ာမဏီကို အခက္အခဲမရွိ ကူးသန္းႏိုင္ခဲ့ေသာ္လည္း အေရွ႕ဂ်ာမဏီမွ အေနာက္ဂ်ာမဏီသို႔ ကူးသန္းခြင့္သည္ ထိုေခတ္က ေ႐ႊထက္ရွားခဲ့ေလသည္။
ထိုေခတ္ထိုကာလရွိ အႏုပညာရွင္မ်ားကိုလည္း အစိုးရက မၾကည္ရင္မၾကည္သလို အႏုပညာလုပ္ခြင့္ပိတ္ပင္ျခင္းမ်ားရွိခဲ့ေလသည္။ဤဇာတ္ကားထဲတြင္ ျပဇာတ္စာေရးဆရာတစ္ဦးျဖစ္သူ ဂေရာ့ ဒ႐ိုင္းမန္းကို ဗိုလ္မႉးႀကီး ဗီးစ္လာက အနီးကပ္ေစာင့္ၾကည့္ရသည့္အေၾကာင္းကို အေျခခံ႐ိုက္ကူးထားသည္။
ေစာင့္ၾကည့္ပုံမွာ ဂေရာ့ ဒ႐ိုင္းမန္း၏ တိုက္ခန္းတစ္ခုလုံးကို အသံဖမ္းစက္မ်ားတပ္ဆင္ကာဖမ္းယူနားေထာင္ေနျခင္းျဖစ္သည္။ဒီကားက အစပိုင္းေတာ့ အနည္းငယ္ေအးပါတယ္…နည္းနည္းသီးခံၿပီးၾကည့္ပါ…တျဖည္းျဖည္းနဲ႔ The lives of others ဆိုတာကို ေျပာက္ေျမာက္စြာပုံေဖာ္လာသလို ၾကည့္ရႈသူကိုလည္းအဆုံးထိဆြဲေခၚသြားႏိုင္ပါတယ္…။
ဒီဇာတ္ကားအေၾကာင္းကို ျပန္ေတြးတိုင္း ေတြးတိုင္း ရင္ထဲမွာ နင့္ေနေအာင္ ခံစားရမယ့္ ရသတစ္မ်ိဳးကိုလည္း ခံစားရမွာပါ။ ေနာက္ဆုံးအေနနဲ႔ အေသးစိတ္ေလးေတြကို သတိထားၾကည့္ပါလို႔ေျပာခ်င္ပါတယ္။
ကဲ ၫႊန္းထားတဲ့ အတိုင္း ဟုတ္လား မဟုတ္လားဆိုတာ အခုပဲ ၾကည့္ၿပီး ဆုံးျဖတ္ၾကပါစို႔လားဗ်ာ။


(Megaup.net) Large Size ~ Download
(Yoteshin) Large Size ~ Download