The Lost Case (2017)

14562
Share
Copy the link

တစ္ဆေသရဲတွေတကယ်ရှိတယ်ဆိုတာကို ယုံကြည်တဲ့သူတွေလည်းရှိသလို မယုံကြည်တဲ့သူတွေလည်းရှိကြပါတယ် ဒါပေမယ့် ကမ္ဘာတစ်ဝန်းမှာတော့ ရှင်းပြလို့မရနိုင်တဲ့ သဘာ၀လွန်ဖြစ်ရပ်များဟာဆက်လက် ဖြစ်ပေါ်နေဆဲဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး

ဒီဇာတ်ကားလေးကတော့ တစ္ဆေသရဲတွေရဲ့ခြောက်လန့်မှုကြောင့် ဒုက္ခရောက်နေကြတဲ့ လူတွေကို ကူညီပေးတဲ့ ရသစုံတီဗီရှိုးတစ်ခုကို အခြေခံပြီးအစပျိုးထားပါတယ် အဲ့ဒီတီဗီရှိုးဟာ ဖြစ်ရပ်မှန်သဘာ၀လွန်ဖြစ်ရပ်တွေကို ရိုက်ကူးတင်ဆက်ပေးတဲ့ အစီအစဥ်တစ်ခုပါ

အစ် နဲ့ ပေါ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အဲ့ဒီအစီအစဥ်ကို တာဝန်ယူရိုက်ကူးရတဲ့ကောင်လေးတွေဖြစ်ပါတယ် တစ်နေ့မှာတော့ ရှိုးရိုက်ကူးဖို့အတွက် သူတို့နှစ်ယောက်ဟာ မရင်းနှီးတဲ့သူစိမ်းဒေသတစ်ခုကို ခရီးထွက်လာရပါတော့တယ် သူတို့ရိုက်ကူးမယ့်အိမ်ကိုရောက်သွားတဲ့အခါမှာတော့

သူတို့ထင်ထားတာထက် ရှုပ်ထွေးနေတဲ့ဖြစ်ရပ်တွေကိုကြုံတွေ့လာရပါတယ် သူတို့ဖြေရှင်းနိုင်ပါ့မလား……. သူတို့ရိုက်ကူးရတဲ့အမှုကရော ဘယ်လိုအမှုမျိုးဖြစ်နေမလဲ…… စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းအခင်းအကျင်းတွေနဲ့ ကြည့်ရှုသူတွေကိုတစိမ့်စိမ့်နဲ့ကြောက်ရွံနေမိအောင် ရိုက်ကူးထားတဲ့ Horror ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်

Zawgyi

တေစၦသရဲေတြတကယ္ရွိတယ္ဆိုတာကို ယုံၾကည္တဲ့သူေတြလည္းရွိသလို မယုံၾကည္တဲ့သူေတြလည္းရွိၾကပါတယ္ ဒါေပမယ့္ ကမာၻတစ္ဝန္းမွာေတာ့ ရွင္းျပလို႔မရႏိုင္တဲ့ သဘာ၀လြန္ျဖစ္ရပ္မ်ားဟာဆက္လက္ ျဖစ္ေပၚေနဆဲဆိုတာကိုေတာ့ ျငင္းလို႔မရႏိုင္ပါဘူး

ဒီဇာတ္ကားေလးကေတာ့ တေစၦသရဲေတြရဲ႕ေျခာက္လန႔္မႈေၾကာင့္ ဒုကၡေရာက္ေနၾကတဲ့ လူေတြကို ကူညီေပးတဲ့ ရသစုံတီဗီရႈိးတစ္ခုကို အေျခခံၿပီးအစပ်ိဳးထားပါတယ္ အဲ့ဒီတီဗီရႈိးဟာ ျဖစ္ရပ္မွန္သဘာ၀လြန္ျဖစ္ရပ္ေတြကို ႐ိုက္ကူးတင္ဆက္ေပးတဲ့ အစီအစဥ္တစ္ခုပါ

အစ္ နဲ႔ ေပၚဆိုတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ဟာ အဲ့ဒီအစီအစဥ္ကို တာဝန္ယူ႐ိုက္ကူးရတဲ့ေကာင္ေလးေတြျဖစ္ပါတယ္ တစ္ေန႔မွာေတာ့ ရႈိး႐ိုက္ကူးဖို႔အတြက္ သူတို႔ႏွစ္ေယာက္ဟာ မရင္းႏွီးတဲ့သူစိမ္းေဒသတစ္ခုကို ခရီးထြက္လာရပါေတာ့တယ္ သူတို႔႐ိုက္ကူးမယ့္အိမ္ကိုေရာက္သြားတဲ့အခါမွာေတာ့

သူတို႔ထင္ထားတာထက္ ရႈပ္ေထြးေနတဲ့ျဖစ္ရပ္ေတြကိုႀကဳံေတြ႕လာရပါတယ္ သူတို႔ေျဖရွင္းႏိုင္ပါ့မလား……. သူတို႔႐ိုက္ကူးရတဲ့အမႈကေရာ ဘယ္လိုအမႈမ်ိဳးျဖစ္ေနမလဲ…… စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဇာတ္လမ္းအခင္းအက်င္းေတြနဲ႔ ၾကည့္ရႈသူေတြကိုတစိမ့္စိမ့္နဲ႔ေၾကာက္႐ြံေနမိေအာင္ ႐ိုက္ကူးထားတဲ့ Horror ဇာတ္ကားေကာင္းတစ္ခုျဖစ္ပါတယ္

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *