The Magnificent Scoundrels (1991)

617
Share
Copy the link

Magnificent ဆိုတဲ့အဓိပ္ပာယ်အရ ခမ်းနားတယ်လို့ဘာသာပြန်နိုင်ပြီး Scoundrels ဆိုတာ လူလိမ်၊လူဆိုးလို့ အဓိပ္ပာယ်ကောက်နိုင်ပါတယ်။ဒီတော့အနီးစပ်ဆုံးပြန်ဆိုရလျှင်(စတိုင်ရှိတဲ့လူဆိုးများ၊လူလိမ်များ)😆သောက်ရမ်းကြမ်းပြီး သာမန်မဟုတ်တဲ့လူဆိုး နှင့် သူခိုးတွေပေါ့ဗျာ။

ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေရဲပအကြောင်းအရာတစ်ချို့ကို အနည်းကျဉ်းရေးပေးထားတယ်။🙏၁၉၉၁ အောက်တိုဘာလ ၁၀ရက်နေ့မှာ ဟောင်ကောင်၌ စတင်ထွက်ရှိခဲ့ပြီး Imdb Rate 6.6/10အထိရရှိထားတဲ့ဇာတ်ကားတစ်ကားပါ။

ချောင်ရဲ့ပင်တိုင်စံဒါရိုက်တာဖြစ်တဲ့ Lee Lik-Chi ကမွေးထုတ်ထားတဲ့ဇာတ်ကားဖြစ်ပြီး Final Justice ရုပ်ရှင်ရဲ့ မင်းသားဖြစ်တဲ့ Danny Lee နှင့် Karl Maka တို့မှ ထုတ်လုပ်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်၊၊📽

Karl Makaဆိုတဲ့သူကတော့ ကတုံးမင်းသားအဖြစ် လူသိများပြီး ကျွန်တော်တို့ငယ်ငယ်က တရုတ်ဟာသ၊ဖိုက်တင် ဇာတ်ကားတွေရဲ့ ဒိတ်ဒိတ်ကြဲဝါရင့်ဆရာတစ်ပါးပါပဲ…

Aces Go Places Series တို့၊(ဖက်တီးမင်းသား)Samon Hung နဲ့တွဲရိုက်တဲ့ Skinny Tiger,Fatty Dragon တို့မှာနာမည်ရရှိထားပြီး နောက်ပိုင်းမှာ Flim Producer အဖြစ်သာရပ်တည်နေပြီးယခုဆို အသက်၇၅ထဲရှိနေသူတစ်ယောက်ပါ။

၁၉၈၀ရှေ့ပိုင်းက တရုတ်ကားတွေနဲ့ ရင်းနှီတဲ့သူဆိုရင် Karl Makaကို သိနေမယ်ဆိုတာ ငြင်းမရပါဘူး။ဇာတ်လမ်း Plot က သိပ်ပြီးထူးခြားတာကို မြင်ရမှာ မဟုတ်ပါဘူး။၊ Tricky Brains,When Fortune Smiles တို့ရဲ့ ဇာတ် ကြောရိုးနဲ့ သွားဆင်နေတာကိုတွေ့ရမှာပါ၊၊

၁၉၉၁ ဝန်းကျင်မှာ သူတို့တွေ ဘာလို့ လူလိမ်ဇာတ်ကားတွေပဲရိုက်နေသလဲဆိုတာ ကျွန်တော်ကတော့စဉ်းစားမရပါဘူး။ဇာတ်လမ်းထဲမှာ ချောင်က အဆင်ပြေရင် ပြေသလို လိမ်ကာ ပတ်ကာ အသက်မွေး လမ်းကြောင်း ပြုသူ တစ်ယောက် ၊သူ့ရဲ့ ချစ်သူ ဆန်ဒရာ ရဲ့ မင်္ဂလာပွဲ ကို အပြေးအလွှားလိုက်ရာ အကြွေး ဝိုင်းနေတဲ့လူလိမ်မလေး “ကွမ်”ဖြင့် ငြိပုံကနေ ဇာတ်လမ်း ကိုအစပျိူးထားပါတယ်။

Magnificient Scoundrels ဆိုတဲ့ ခေါင်းစဉ် နဲ့ အညီ ကြမ်းလွန်းတဲ့ လူဆိုးဂိုဏ်း နဲ့ ပတ်သတ်မိရာကနေ ချောင်တို့နှစ်ယောက် တော်လွန်းတဲ့ အယောင်ဆောင်လူလိမ်တွေ အဖြစ်ငွေရှာပုံ ကိုလည်းထုံးစံအတိုင်း အလွဲ အမှားတွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် အကြံတူ ဉာဏ်တူတွေနဲ့ဆုံမိရာကနေ အယောာင်ဆောင်လူလိမ် တွေစုပြီး ဘယ်လိုတွေ ပတ်ရှုတ်ကာ ဘယ်လိုမျိူးဖြစ်ကြမလဲ ဆိုတာ? ကြည့်ရှူရမှာပါ၊၊“ကွမ်”အဖြစ်Teresa Mo ကသရုပ်ဆောင်ထားပါတယ်။

Terasa Mo သည် Legend of The Dragon ဇာတ်ကားထဲတွင် သိုင်းဆရာကြီး ရဲ့ တပည့်မောင်နှမ(တစ်နည်းအားဖြင့်ချောင်ကိုတစ်ဖတ်သတ်ကြွေနေသူ) အဖြစ် ချောင်နဲ့တွဲဖက်သရုပ်ဆောင်ထားတဲ့မင်းသမီးဖြစ်ပါတယ်။

ကူညီယောင်ဆောင်ကာမျက်မမြင်ကိုအလစ်သုတ်သမားအဖြစ်၎င်း၊ကားတိုက်ခံရသောအမျိုးသမီးကြီးအဖြစ်၎င်း၊ရဲအရာရှိတစ် ဦး၊ ခွေးတစ်ကောင်နှင့်စစ်သားတစ်ယောက် အဖြစ် သရုပ်ဆောင်ပုံတို့မှာ သေသပ်ဂန္ထဝင်ကျ သောကြောင့်မှတ်ချက်များစွာရရှိထားသည်။🌟

“Apple”အဖြစ် ပေါက်စီ ကြီးကြီး နဲ့ Amy Yip ကိုတော့ခင်ဗျားတို့ မျက်စိကျနေမိမှာအမှန်ပါပဲ။ Amy Yipသည် Sexy Symbol/Actress တစ်ယောက်ဖြစ်ပြီး ၁၉၉၁ က ထွက်ရှိခဲ့တဲ့ Sex & Zen ဆိုတဲ့ 18+ ဇာတ်ကားမှာ နာမည်ကျော်ထားတဲ့ မင်းသမီးတစ်ယောက်ပါ။

၁၉၉၇ မှာရုပ်ရှင်လောက မှ ထွက်ခွာပြီး ယခုဆိုလျှင် အသက်အားဖြင့်၅၃နှစ်ရှိပါပြီ၊၊ဒီဇာတ်ကားသည် Comedy အမျိုးအစားဇာတ်ကားဖြစ်ပြီး Box Office ဟောင်ကောင် ဒေါ်လာ ၁၆.၅ မီလီယံကျော်ရရှိထားတာပါ၊၊

📌 Special Appearance အဖြစ်(1)Karl Maka နှင့် (2)Sandra Ng တို့ကပါ၀င်ထားတာကိုမြင်ရမှာပါ၊၊Karl Maka တော့အပေါ်မှာပြောထားပြီးဖြစ်ပြီး Sandra Ngကတော့ ချောင်ရဲ့အချစ်တော်တွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာသိပြီးသားပါ။

{When Fortune Smiles,Love is Love,…အစရှိတဲ့ဇာတ်ကားတွေရဲ့ခေါင်းဆောင် မင်းသမီးတစ်ပါးပဲဖြစ်ပါတယ်။}ယခုဇာတ်ကားရဲ့ဇာတ်လမ်း အစမှာတော့ သတို့သမီး၀တ်စုံ ဖြင့်ဖုန်းဆက်ကာ “မင်္ဂလာဆောင် နေပြီ” ဆိုပြီး ချောင်ရဲ့ အသဲကိုခွဲသွားသူ ဂျင်နီ အဖြစ် တစ်ခန်းမျှ ပါ၀င်ထားတာကိုမြင်တွေ့ရမှာပါ။

Zawgyi

Magnificent ဆိုတဲ့အဓိပၸာယ္အရ ခမ္းနားတယ္လို႔ဘာသာျပန္ႏိုင္ၿပီး Scoundrels ဆိုတာ လူလိမ္၊လူဆိုးလို႔ အဓိပၸာယ္ေကာက္ႏိုင္ပါတယ္။ဒီေတာ့အနီးစပ္ဆုံးျပန္ဆိုရလွ်င္(စတိုင္ရွိတဲ့လူဆိုးမ်ား၊လူလိမ္မ်ား)😆ေသာက္ရမ္းၾကမ္းၿပီး သာမန္မဟုတ္တဲ့လူဆိုး ႏွင့္ သူခိုးေတြေပါ့ဗ်ာ။

ဒီဇာတ္ကားထဲက သ႐ုပ္ေဆာင္ေတြရဲပအေၾကာင္းအရာတစ္ခ်ိဳ႕ကို အနည္းက်ဥ္းေရးေပးထားတယ္။🙏၁၉၉၁ ေအာက္တိုဘာလ ၁၀ရက္ေန႔မွာ ေဟာင္ေကာင္၌ စတင္ထြက္ရွိခဲ့ၿပီး Imdb Rate 6.6/10အထိရရွိထားတဲ့ဇာတ္ကားတစ္ကားပါ။

ေခ်ာင္ရဲ႕ပင္တိုင္စံဒါ႐ိုက္တာျဖစ္တဲ့ Lee Lik-Chi ကေမြးထုတ္ထားတဲ့ဇာတ္ကားျဖစ္ၿပီး Final Justice ႐ုပ္ရွင္ရဲ႕ မင္းသားျဖစ္တဲ့ Danny Lee ႏွင့္ Karl Maka တို႔မွ ထုတ္လုပ္ထားတဲ့ ႐ုပ္ရွင္ျဖစ္ပါတယ္၊၊📽

Karl Makaဆိုတဲ့သူကေတာ့ ကတုံးမင္းသားအျဖစ္ လူသိမ်ားၿပီး ကြၽန္ေတာ္တို႔ငယ္ငယ္က တ႐ုတ္ဟာသ၊ဖိုက္တင္ ဇာတ္ကားေတြရဲ႕ ဒိတ္ဒိတ္ႀကဲဝါရင့္ဆရာတစ္ပါးပါပဲ…

Aces Go Places Series တို႔၊(ဖက္တီးမင္းသား)Samon Hung နဲ႔တြဲ႐ိုက္တဲ့ Skinny Tiger,Fatty Dragon တို႔မွာနာမည္ရရွိထားၿပီး ေနာက္ပိုင္းမွာ Flim Producer အျဖစ္သာရပ္တည္ေနၿပီးယခုဆို အသက္၇၅ထဲရွိေနသူတစ္ေယာက္ပါ။

၁၉၈၀ေရွ႕ပိုင္းက တ႐ုတ္ကားေတြနဲ႔ ရင္းႏွီတဲ့သူဆိုရင္ Karl Makaကို သိေနမယ္ဆိုတာ ျငင္းမရပါဘူး။ဇာတ္လမ္း Plot က သိပ္ၿပီးထူးျခားတာကို ျမင္ရမွာ မဟုတ္ပါဘူး။၊ Tricky Brains,When Fortune Smiles တို႔ရဲ႕ ဇာတ္ ေၾကာ႐ိုးနဲ႔ သြားဆင္ေနတာကိုေတြ႕ရမွာပါ၊၊

၁၉၉၁ ဝန္းက်င္မွာ သူတို႔ေတြ ဘာလို႔ လူလိမ္ဇာတ္ကားေတြပဲ႐ိုက္ေနသလဲဆိုတာ ကြၽန္ေတာ္ကေတာ့စဥ္းစားမရပါဘူး။ဇာတ္လမ္းထဲမွာ ေခ်ာင္က အဆင္ေျပရင္ ေျပသလို လိမ္ကာ ပတ္ကာ အသက္ေမြး လမ္းေၾကာင္း ျပဳသူ တစ္ေယာက္ ၊သူ႔ရဲ႕ ခ်စ္သူ ဆန္ဒရာ ရဲ႕ မဂၤလာပြဲ ကို အေျပးအလႊားလိုက္ရာ အေႂကြး ဝိုင္းေနတဲ့လူလိမ္မေလး “ကြမ္”ျဖင့္ ၿငိပုံကေန ဇာတ္လမ္း ကိုအစပ်ိဴးထားပါတယ္။

Magnificient Scoundrels ဆိုတဲ့ ေခါင္းစဥ္ နဲ႔ အညီ ၾကမ္းလြန္းတဲ့ လူဆိုးဂိုဏ္း နဲ႔ ပတ္သတ္မိရာကေန ေခ်ာင္တို႔ႏွစ္ေယာက္ ေတာ္လြန္းတဲ့ အေယာင္ေဆာင္လူလိမ္ေတြ အျဖစ္ေငြရွာပုံ ကိုလည္းထုံးစံအတိုင္း အလြဲ အမွားေတြနဲ႔ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

ဒါ့အျပင္ အႀကံတူ ဉာဏ္တူေတြနဲ႔ဆုံမိရာကေန အေယာာင္ေဆာင္လူလိမ္ ေတြစုၿပီး ဘယ္လိုေတြ ပတ္ရႈတ္ကာ ဘယ္လိုမ်ိဴးျဖစ္ၾကမလဲ ဆိုတာ? ၾကည့္ရႉရမွာပါ၊၊“ကြမ္”အျဖစ္Teresa Mo ကသ႐ုပ္ေဆာင္ထားပါတယ္။

Terasa Mo သည္ Legend of The Dragon ဇာတ္ကားထဲတြင္ သိုင္းဆရာႀကီး ရဲ႕ တပည့္ေမာင္ႏွမ(တစ္နည္းအားျဖင့္ေခ်ာင္ကိုတစ္ဖတ္သတ္ေႂကြေနသူ) အျဖစ္ ေခ်ာင္နဲ႔တြဲဖက္သ႐ုပ္ေဆာင္ထားတဲ့မင္းသမီးျဖစ္ပါတယ္။

ကူညီေယာင္ေဆာင္ကာမ်က္မျမင္ကိုအလစ္သုတ္သမားအျဖစ္၎၊ကားတိုက္ခံရေသာအမ်ိဳးသမီးႀကီးအျဖစ္၎၊ရဲအရာရွိတစ္ ဦး၊ ေခြးတစ္ေကာင္ႏွင့္စစ္သားတစ္ေယာက္ အျဖစ္ သ႐ုပ္ေဆာင္ပုံတို႔မွာ ေသသပ္ဂႏၴဝင္က် ေသာေၾကာင့္မွတ္ခ်က္မ်ားစြာရရွိထားသည္။🌟

“Apple”အျဖစ္ ေပါက္စီ ႀကီးႀကီး နဲ႔ Amy Yip ကိုေတာ့ခင္ဗ်ားတို႔ မ်က္စိက်ေနမိမွာအမွန္ပါပဲ။ Amy Yipသည္ Sexy Symbol/Actress တစ္ေယာက္ျဖစ္ၿပီး ၁၉၉၁ က ထြက္ရွိခဲ့တဲ့ Sex & Zen ဆိုတဲ့ 18+ ဇာတ္ကားမွာ နာမည္ေက်ာ္ထားတဲ့ မင္းသမီးတစ္ေယာက္ပါ။

၁၉၉၇ မွာ႐ုပ္ရွင္ေလာက မွ ထြက္ခြာၿပီး ယခုဆိုလွ်င္ အသက္အားျဖင့္၅၃ႏွစ္ရွိပါၿပီ၊၊ဒီဇာတ္ကားသည္ Comedy အမ်ိဳးအစားဇာတ္ကားျဖစ္ၿပီး Box Office ေဟာင္ေကာင္ ေဒၚလာ ၁၆.၅ မီလီယံေက်ာ္ရရွိထားတာပါ၊၊

📌 Special Appearance အျဖစ္(1)Karl Maka ႏွင့္ (2)Sandra Ng တို႔ကပါ၀င္ထားတာကိုျမင္ရမွာပါ၊၊Karl Maka ေတာ့အေပၚမွာေျပာထားၿပီးျဖစ္ၿပီး Sandra Ngကေတာ့ ေခ်ာင္ရဲ႕အခ်စ္ေတာ္ေတြထဲက တစ္ေယာက္ျဖစ္တယ္ဆိုတာသိၿပီးသားပါ။

{When Fortune Smiles,Love is Love,…အစရွိတဲ့ဇာတ္ကားေတြရဲ႕ေခါင္းေဆာင္ မင္းသမီးတစ္ပါးပဲျဖစ္ပါတယ္။}ယခုဇာတ္ကားရဲ႕ဇာတ္လမ္း အစမွာေတာ့ သတို႔သမီး၀တ္စုံ ျဖင့္ဖုန္းဆက္ကာ “မဂၤလာေဆာင္ ေနၿပီ” ဆိုၿပီး ေခ်ာင္ရဲ႕ အသဲကိုခြဲသြားသူ ဂ်င္နီ အျဖစ္ တစ္ခန္းမွ် ပါ၀င္ထားတာကိုျမင္ေတြ႕ရမွာပါ။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *