The Map of Tiny Perfect Things (2021)
361
Share
Copy the link
အခုတစ်ခေါက်မှာတော့ The edge of tomorrow တို့လို Groundhog Day တို့လိုမျိုးTime loop ရုပ်ရှင်ပရိသတ်တွေရဲ့အကြိုက်နဲ့ကိုက်ညီမယ့် ရုပ်ရှင်လေးကိုတင်ဆက်ပေးသွားမှာပါ။
The Map of Tiny Perfect Things လို့အမည်ရတဲ့ရုပ်ရှင်ကားလေးမှာတော့အချိန်စက်ဝန်းထဲမှာ ပိတ်မိနေကြတဲ့လူငယ်လေးနှစ်ယောက်အကြောင်း ဖော်ကျူးတင်ဆက်ထားတာဖြစ်ပါတယ်မက်လို့အမည်ရတဲ့ ကောင်လေးတစ်ယောက်ဟာ အချိန်စက်ဝန်းရဲ့ တစ်ရက်ထဲမှာ ထပ်ခါတလဲလဲပိတ်မိနေသူပါ။
တစ်နေ့တစ်နေ့ ဒီတစ်ရက်ထဲမှာပဲ ထပ်တူညီတဲ့အဖြစ်မျိူးတွေချည်းကြုံနေရတဲ့ မက်တစ်ယောက်ဟာ သူ့ဘဝကြီးကို ငြီးငွေ့လာခဲ့ပါတယ်။သူတစ်ယောက်ထဲ အချိန်စက်ဝန်းထဲမှာ တစ်ကမ္ဘာတည်နေရသလိုပေါ့မက်က စူးစမ်းချင်တယ် …..
သူ့ရဲ့စိတ်ညစ်စရာဘဝကြီးကနေ လွတ်မြောက်ချင်တယ်အချိန်စက်ဝန်းထဲကနေ လွတ်မြောက်ဖို့အတွက် နည်းအမျိုးမျိုးရှာဖွေစမ်းသပ်တယ်။အချိန်မျဥ်းတွေကို ကျော်ဖို့ကြိုးစားတယ်
အဲ့လိုနဲ့ တစ်နေ့မှာ သူ့လိုပဲ အချိန်စက်ဝန်းထဲပိတ်မိနေတဲ့ ကောင်မလေး မာဂရက်နဲ့ တွေ့ဆုံခဲ့တယ်။
မာဂရက်ကတော့ သူနဲ့ပြောင်းပြန်ပါ။ကင်ဆာနဲ့သေဆုံးခါနီးအမေဖြစ်သူကြောင့် အချိန်တွေကိုရပ်တန့်ပြီးအခုလိုတစ်ရက်ထဲမှာ ပိတ်မိနေရတာကို ပျော်မွေ့ပြီး အချိန်စက်ဝန်းကနေ ရုန်းမထွက်ချင်သူပါ။
လေးဖက်မြင်ဆိုတဲ့ပုံရိပ်ကို အချိန်စက်ဝန်းထဲမှာ ပိတ်မိနေရင်းလိုက်ရှာချင်တဲ့သူလေးပေါ့အချိန်စက်ဝန်းကနေ ရုန်းထွက်ချင်သူ မက် နဲ့ အချိန်စက်ဝန်းထဲမှာ ပျော်မွေ့နေသူ မာဂရက်သူတို့နှစ်ယောက် ဘယ်လိုတွေဆက်လုပ်ကြမလဲ?????မက် တစ်ယောက် မာဂရက်အပေါ် သံယောဇဥ်တွယ်ငြိလာတဲ့အခါရော …..
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုIMDb rating 6.8/10 ရရှိထားတဲ့ The Map of Tiny Perfect Things ဆိုတဲ့ ရုပ်ရှင်လေးမှာ ကြည့်လိုက်ကြရအောင်
Zawgyi
mega.nz (Mega) Large Size ~ Download
mega.nz (Mega) Small Size ~ Download
megaup.net (Megaup.net) Large Size ~ Download
megaup.net (Megaup.net) Small Size ~ Download
yoteshinportal.cc (Yoteshin) Large Size ~ Download
yoteshinportal.cc (Yoteshin) Small Size ~ Download
Comments
Your email address will not be published. Required fields are marked *