The Naked Gun: From the Files of Police Squad! (1988)

19351
Share
Copy the link

ကဲ ပရိတ်သတ် ကြီးကို အတော မသတ်အောင် ရယ်မောရမဲ့ရဲဟာသ ကားလေး တစ်ကား တင်ဆက် ပေးလိုက်ပါတယ်ဗျာ။ကျနော် တို့ ငယ်ငယ် က ခေါင်းဖြူ အဖိုးကြီး ကားဆိုပြီး ခွေဆိုင် တွေမှာငှားကြည့် ပြီးခွီခဲ့ရတာတွေကို မှတ်မိမယ် ထင်ပါတယ်။

အမြဲတမ်း တလွဲတွေ လုပ်ပြီး ရုပ်တည် ကြီးနဲ့ လည်း ဖြီးတက်သေးတဲ့ကြွားရတာလည်း ဝါသနာပါတဲ့ ရဲဋ္ဌာနက ဗိုလ်လေး ဖရန့်ဒရက်ဘင်ကကျွန်တော့် ကလေးဘဝမှာ ကျေနပ် နှစ်သက်ခဲ့ရတဲ့ ဇာတ်ကောင်တွေ ထဲကတစ်ယောက်ပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒီ Naked Gun က နဂို 1982 ကထွက်ရှိခဲ့တဲ့ Police Squad ဆိုတဲ့ TV ဇာတ်လမ်းတွဲကို ပြန်ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီပထမကားမှာတော့ ပရိတ်သတ် ကို ဖရန့် နဲ့ စတင် မိတ်ဆက်ပေးထားပြီး ဖရန့် ရဲ့နေထိုင်ပုံ အလွဲတွေကို တင်ပြထားပါတယ်။

ဒီကားမှာတော့ အင်္ဂလန် ဘုရင်မကြီးလာရောက်လည် ပတ်တာကို လုံခြုံရေးတာဝန် ကျပါတယ်။ အဲ့အချိန်မှာပဲ ဖရန့်ရဲ့ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဘက် ဖြစ်တဲ့ နော့ဘတ်ဟာလည်း ဒဏ်ရာ အပြင်းအထန်ရပြီးဆေးရုံကို ရောက်သွားပါတယ်။

ဒီအချိန်မှာပဲ ဖရန့်ဟာ ဆက်စက် စဉ်းစားရင်းဗင်းဆင့် ဆိုတဲ့ လူဆီကို ခြေရာခံမိပါတယ်။ သူလုပ်တယ်ဆိုတာ သိနေသော်လည်းလက်ဆုပ် လက်ကိုင် မပြနိုင် သက်သေ မရှိလို့ ဖမ်းဖို့ ခက်နေပြန်ပါတယ်။တစ်ဖက်မှာလည်းဘုရင်မကြီးကို လုပ်ကြံဖို့ ဗင်းဆင့် က စီစဉ်နေတယ်ဆိုတာကို ခြေရာခံမိပါတယ်

ဒါပေမဲ့ဘယ်လို လုပ်ကြံမလဲ ဆိုတာကို မသိရသေးပါဘူး။ဒီလိုနဲ့မှ ဘုရင်မကြီးကို ဘေ့စ်ဘောပွဲမှာလုပ်ကြံမယ် ဆိုတာ သိရပါတယ်။ ဒါပေမဲ့ ဖရန့်က ဘုရင်မကြီးနဲ့ တွေ့ဆုံပွဲမှာ အလွဲလွဲတွေလုပ်ခဲ့လို့ ရာထူးက ရပ်ထားခံရပါတယ်။

ဒါဆို ဥပဒေဘက်တော်သား အမှန်တရားဘက်တော်သားဖရန့်တစ်ယောက် ဘုရင်မကြီးကို ဘယ်လို ကာကွယ်ဖို့ ကြိုးစားမလဲ နော့ဘတ်ရဲ့ ကိစ္စကတစ်ကယ်ပဲ ဗင်းဆင့် နဲ့ ဆက်စပ် နေလား ဆိုတာတွေကို ပါးစပ် မစေ့ပဲ ရယ်မော ကြည့်ရှု့ရမှာပါ

IMDB 7.6 လည်း ရထားတာမို့ ဟာသကားတစ်ကားအနေနဲ့ တော်တော်မြင့်တဲ့ Rating လို့လဲ ပြောလို့ရပါတယ်။

Zawgyi

ကဲ ပရိတ္သတ္ ႀကီးကို အေတာ မသတ္ေအာင္ ရယ္ေမာရမဲ့ရဲဟာသ ကားေလး တစ္ကား တင္ဆက္ ေပးလိုက္ပါတယ္ဗ်ာ။က်ေနာ္ တို႔ ငယ္ငယ္ က ေခါင္းျဖဴ အဖိုးႀကီး ကားဆိုၿပီး ေခြဆိုင္ ေတြမွာငွားၾကည့္ ၿပီးခြီခဲ့ရတာေတြကို မွတ္မိမယ္ ထင္ပါတယ္။

အၿမဲတမ္း တလြဲေတြ လုပ္ၿပီး ႐ုပ္တည္ ႀကီးနဲ႔ လည္း ၿဖီးတက္ေသးတဲ့ႂကြားရတာလည္း ဝါသနာပါတဲ့ ရဲ႒ာနက ဗိုလ္ေလး ဖရန႔္ဒရက္ဘင္ကကြၽန္ေတာ့္ ကေလးဘဝမွာ ေက်နပ္ ႏွစ္သက္ခဲ့ရတဲ့ ဇာတ္ေကာင္ေတြ ထဲကတစ္ေယာက္ပဲ ျဖစ္ပါတယ္။

တကယ္ေတာ့ ဒီ Naked Gun က နဂို 1982 ကထြက္ရွိခဲ့တဲ့ Police Squad ဆိုတဲ့ TV ဇာတ္လမ္းတြဲကို ျပန္႐ိုက္ကူးထားတာျဖစ္ပါတယ္။ဒီပထမကားမွာေတာ့ ပရိတ္သတ္ ကို ဖရန႔္ နဲ႔ စတင္ မိတ္ဆက္ေပးထားၿပီး ဖရန႔္ ရဲ႕ေနထိုင္ပုံ အလြဲေတြကို တင္ျပထားပါတယ္။

ဒီကားမွာေတာ့ အဂၤလန္ ဘုရင္မႀကီးလာေရာက္လည္ ပတ္တာကို လုံၿခဳံေရးတာဝန္ က်ပါတယ္။ အဲ့အခ်ိန္မွာပဲ ဖရန႔္ရဲ႕ရင္းႏွီးတဲ့ လုပ္ေဖာ္ကိုင္ဘက္ ျဖစ္တဲ့ ေနာ့ဘတ္ဟာလည္း ဒဏ္ရာ အျပင္းအထန္ရၿပီးေဆး႐ုံကို ေရာက္သြားပါတယ္။

ဒီအခ်ိန္မွာပဲ ဖရန႔္ဟာ ဆက္စက္ စဥ္းစားရင္းဗင္းဆင့္ ဆိုတဲ့ လူဆီကို ေျခရာခံမိပါတယ္။ သူလုပ္တယ္ဆိုတာ သိေနေသာ္လည္းလက္ဆုပ္ လက္ကိုင္ မျပႏိုင္ သက္ေသ မရွိလို႔ ဖမ္းဖို႔ ခက္ေနျပန္ပါတယ္။တစ္ဖက္မွာလည္းဘုရင္မႀကီးကို လုပ္ႀကံဖို႔ ဗင္းဆင့္ က စီစဥ္ေနတယ္ဆိုတာကို ေျခရာခံမိပါတယ္

ဒါေပမဲ့ဘယ္လို လုပ္ႀကံမလဲ ဆိုတာကို မသိရေသးပါဘူး။ဒီလိုနဲ႔မွ ဘုရင္မႀကီးကို ေဘ့စ္ေဘာပြဲမွာလုပ္ႀကံမယ္ ဆိုတာ သိရပါတယ္။ ဒါေပမဲ့ ဖရန႔္က ဘုရင္မႀကီးနဲ႔ ေတြ႕ဆုံပြဲမွာ အလြဲလြဲေတြလုပ္ခဲ့လို႔ ရာထူးက ရပ္ထားခံရပါတယ္။

ဒါဆို ဥပေဒဘက္ေတာ္သား အမွန္တရားဘက္ေတာ္သားဖရန႔္တစ္ေယာက္ ဘုရင္မႀကီးကို ဘယ္လို ကာကြယ္ဖို႔ ႀကိဳးစားမလဲ ေနာ့ဘတ္ရဲ႕ ကိစၥကတစ္ကယ္ပဲ ဗင္းဆင့္ နဲ႔ ဆက္စပ္ ေနလား ဆိုတာေတြကို ပါးစပ္ မေစ့ပဲ ရယ္ေမာ ၾကည့္ရႈ႕ရမွာပါ

IMDB 7.6 လည္း ရထားတာမို႔ ဟာသကားတစ္ကားအေနနဲ႔ ေတာ္ေတာ္ျမင့္တဲ့ Rating လို႔လဲ ေျပာလို႔ရပါတယ္။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Users Drive) Large Size ~ Download

(Megaup.net) Large Size ~ Download

(Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *