The Negotiator (1998)

17601
Share
Copy the link

ဒန်နီ ရိုမန် (Samuel L. Jackson) ဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာ ချီကာဂို ရဲဌာနမှာ Negotiator လုပ်ရတဲ့ ရဲတစ်ယောက်ပေါ့….Negotiator ဆိုတာ မြန်မာလိုဆိုရင် စေ့စပ်ညှိနှိုင်းဆွေးနွေးသူပေါ့ ….

သူ့ရဲ့ အဓိကတာဝန်ကတော့ပြန်ပေးဆွဲအမှုတွေ ဓားစာခံအမှုတွေမှာ သူက ဓားစာခံတွေ မထိခိုက်အောင် အနာတရ အသေအပျောက်မရှိအောင်ပြန်ပေးသမားနဲ့ စကားပြောပေးရတဲ့သူပေါ့…

သူပြောတဲ့စကားတစ်ခွန်းဟာ ပြန်ပေးသမားရဲ့ စိတ်အခြေအနေကို အဆိုးဘက်ကိုအနည်းငယ်ရောက်စေရုံနဲ့ ဓားစာခံရဲ့ အသက်အချိန်မရွေးပျောက်သွားနိုင်သလို အခြားမလိုလားအပ်တဲ့ ပြသနာတွေလည်း ရှိနိုင်ပါတယ်….

ဒန်နီရိုမန်ကတော့ ပြန်ပေးသမားကို သိမ်းသွင်းပြီး ဖြေရှင်းတဲ့အပိုင်းမှာ အထူးကျွမ်းကျင်သလိုရုပ်မြင်သံကြားမှာလည်း မကြာခဏ ချီးကျူးဖော်ပြခံနေရတဲ့ သူပေါ့……လုပ်ဖော်ကိုင်ဘက်တွေကလည်း သူ့အပေါ်လေးစားကြတယ်….တစ်နေ့တော့ ရဲဌာနထဲမှာ ရံပုံငွေတွေကို ဒေါ်လာသန်းနဲ့ ချီပြီး အလွဲသုံးစားလုပ်တဲ့ အမှုတစ်ခု ဖြစ်လာခဲ့ပါတယ်……

ဒီကိစ္စကို ကံဆိုးချင်တော့ ဒီအမှုကို ဒန်နီရိုမန် လုပ်တယ်ဆိုပြီး ထောင်ချောက်ဆင်ခံလိုက်ရတယ်…ဒီထောင်ချောက်ဆင်မှုကြောင့် လုပ်ဖော်ကိုင်ဘက်တွေရဲ့ရွံ့မုန်းတဲအကြည့်တွေရခဲ့တဲ့အပြင် မီဒီယာတွေရဲ့ခေါင်းစဉ်တွေမှာလည်းအကျင့်ပျက်ခြစားတဲ့ရွံစရာအကောင်းဆုံး လူသားအဖြစ်အဖော်ပြခံလိုက်ရတယ်…

ဒန်နီရိုမန်အတွက်တကယ့်ကို ကမ္ဘာပျက်တဲ့အခိုက်အတန့်ပါပဲ….ကိုင်း ဒီအမှုကြီးကို ကို ဒန်နီရိုမန်တစ်ယောက်ဘယ်လိုရုန်းထွက်မလဲခံစားကြည့်လိုက်ပါဦး….ဒီကားကတော့ ပြသချိန် ၂ နာရီခွဲနီးပါးရှိပေမယ့် အစအဆုံးဆွဲဆောင်မှုရှိသလို Twist တွေ မထင်မှတ်တဲ့ရှုထောင့်တွေနဲ့တကယ့်ကိုဆွဲဆောင်မှုရှိပါတယ်..

အဓိက မင်းသား(၂)လက်ဖြစ်တဲ့ Samuel L. Jackson ကြီးနဲ့ Kevin Spacey တို့ပါဝင်လေတော့အထူးကိုပြောစရာမလိုတော့ပါဘူး..ကိုင်းမှုခင်း ၊အက်ရှင်ကားကောင်းတွေကြိုက်တဲ့သူတွေအဖို့ လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ…

Zawgyi

ဒန္နီ ႐ိုမန္ (Samuel L. Jackson) ဆိုတဲ့ ရဲအရာရွိတစ္ေယာက္ဟာ ခ်ီကာဂို ရဲဌာနမွာ Negotiator လုပ္ရတဲ့ ရဲတစ္ေယာက္ေပါ့….Negotiator ဆိုတာ ျမန္မာလိုဆိုရင္ ေစ့စပ္ညႇိႏႈိင္းေဆြးေႏြးသူေပါ့ ….

သူ႔ရဲ႕ အဓိကတာဝန္ကေတာ့ျပန္ေပးဆြဲအမႈေတြ ဓားစာခံအမႈေတြမွာ သူက ဓားစာခံေတြ မထိခိုက္ေအာင္ အနာတရ အေသအေပ်ာက္မရွိေအာင္ျပန္ေပးသမားနဲ႔ စကားေျပာေပးရတဲ့သူေပါ့…

သူေျပာတဲ့စကားတစ္ခြန္းဟာ ျပန္ေပးသမားရဲ႕ စိတ္အေျခအေနကို အဆိုးဘက္ကိုအနည္းငယ္ေရာက္ေစ႐ုံနဲ႔ ဓားစာခံရဲ႕ အသက္အခ်ိန္မေ႐ြးေပ်ာက္သြားႏိုင္သလို အျခားမလိုလားအပ္တဲ့ ျပသနာေတြလည္း ရွိႏိုင္ပါတယ္….

ဒန္နီ႐ိုမန္ကေတာ့ ျပန္ေပးသမားကို သိမ္းသြင္းၿပီး ေျဖရွင္းတဲ့အပိုင္းမွာ အထူးကြၽမ္းက်င္သလို႐ုပ္ျမင္သံၾကားမွာလည္း မၾကာခဏ ခ်ီးက်ဴးေဖာ္ျပခံေနရတဲ့ သူေပါ့……လုပ္ေဖာ္ကိုင္ဘက္ေတြကလည္း သူ႔အေပၚေလးစားၾကတယ္….တစ္ေန႔ေတာ့ ရဲဌာနထဲမွာ ရံပုံေငြေတြကို ေဒၚလာသန္းနဲ႔ ခ်ီၿပီး အလြဲသုံးစားလုပ္တဲ့ အမႈတစ္ခု ျဖစ္လာခဲ့ပါတယ္……

ဒီကိစၥကို ကံဆိုးခ်င္ေတာ့ ဒီအမႈကို ဒန္နီ႐ိုမန္ လုပ္တယ္ဆိုၿပီး ေထာင္ေခ်ာက္ဆင္ခံလိုက္ရတယ္…ဒီေထာင္ေခ်ာက္ဆင္မႈေၾကာင့္ လုပ္ေဖာ္ကိုင္ဘက္ေတြရဲ႕႐ြံ႕မုန္းတဲအၾကည့္ေတြရခဲ့တဲ့အျပင္ မီဒီယာေတြရဲ႕ေခါင္းစဥ္ေတြမွာလည္းအက်င့္ပ်က္ျခစားတဲ့႐ြံစရာအေကာင္းဆုံး လူသားအျဖစ္အေဖာ္ျပခံလိုက္ရတယ္…

ဒန္နီ႐ိုမန္အတြက္တကယ့္ကို ကမာၻပ်က္တဲ့အခိုက္အတန႔္ပါပဲ….ကိုင္း ဒီအမႈႀကီးကို ကို ဒန္နီ႐ိုမန္တစ္ေယာက္ဘယ္လို႐ုန္းထြက္မလဲခံစားၾကည့္လိုက္ပါဦး….ဒီကားကေတာ့ ျပသခ်ိန္ ၂ နာရီခြဲနီးပါးရွိေပမယ့္ အစအဆုံးဆြဲေဆာင္မႈရွိသလို Twist ေတြ မထင္မွတ္တဲ့ရႈေထာင့္ေတြနဲ႔တကယ့္ကိုဆြဲေဆာင္မႈရွိပါတယ္..

အဓိက မင္းသား(၂)လက္ျဖစ္တဲ့ Samuel L. Jackson ႀကီးနဲ႔ Kevin Spacey တို႔ပါဝင္ေလေတာ့အထူးကိုေျပာစရာမလိုေတာ့ပါဘူး..ကိုင္းမႈခင္း ၊အက္ရွင္ကားေကာင္းေတြႀကိဳက္တဲ့သူေတြအဖို႔ လက္မလႊတ္သင့္ပါေၾကာင္းသတင္းေကာင္းပါးပါရေစ…

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *