The Next Three Days (2010)
20308၂၀၁၀ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီကားဟာ အတော်များများကြည့်ဖူးပြီးသားဖြစ်မှာပါ…ကျွန်တော်တို့ဟာ ဇာတ်လမ်းရဲ့ကောင်းမွန်မှု သရုပ်ဆောင်တွေရဲ့ပြောက်မြောက်တဲ့အမူအရာတွေကို ချီးမွန်းအကဲဖြတ်မှုအားနည်းခဲ့တဲ့အချိန်ကတောင် သိပ်ကိုကောင်းလွန်းတယ်လို့ တခြားသူတွေကိုညွှန်းဆိုခဲ့ဖူးပါတယ်…
လင်မယား ၂ယောက် ..အမျိုးသားက ကျောင်းဆရာ ..အမျိုးသမီးက ရုံးဝန်ထမ်း..သားကလေးတစ်ယောက်နဲ့ပေါ့ ..ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့မိသားစုလေးတစ်စုပေါ့…သို့ပေမယ့် တစ်နေတော့ သူတို့မိသားစုအတွက်ကံဆိုးမှုတစ်ခုကြီးရောက်လာခဲ့တယ်..
အမျိုးသမီးကို လူသတ်မှုတစ်ခုနဲ့ ရဲတွေဖမ်းခေါ်သွားတာပါပဲ.ယောကျ်ားဖြစ်သူဟာ မိန်းမကိုကယ်ဖို့ရှေ့နေတွေနဲ့တွေ့ဆုံခဲ့ပေမယ့် အမှုရဲ့သက်သေများအရ သူ့မိန်းမဆီကိုပဲ ဦးတည်နေပါတယ်..သူ့မိန်းမကလည်းမသတ်ဘူးလို့ပြောခဲ့သလို သူကိုယ်တိုင်လည်း ယုံကြည်ခဲ့ပေမယ့် ဒီယုံကြည်မှု အမှန်တရားတွေဟာ ဘာမှ အသုံးမဝင်တော့ပါဘူး….
ဒီတော့ သာမန်ကျောင်းဆရာတစ်ယောက်အတွက် အတွေးတွေဟာ ရူးမတတ်ပဲ..လူသတ်မှုဟာ နှစ်ရှည်လများထောင်ကျနိုင်တော့ ပြိုကွဲေတော့မယ့် မိသားစုအတွက်သူဟာ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်..သူ့မိန်းမကို ဒီအမှုတောထဲက ဆွဲထုတ်ပြီး တစ်ဘက်နိုင်ငံကို ထွက်ပြေးဖို့ပါပဲ…
ကျွန်တော်တို့အားလုံး ချီးမွမ်းတဲ့ ဒီကားမှာ .Russell Crowe ဟာ အဓိကနေရာမှာ ပါခဲ့ပါတယ်..သူတစ်ယောက်ထဲ တစ်ကားလုံးကိုထိန်းကျောင်းသွားတယ်..သာမန်ကျောင်းဆရာလေးတစ်ယောက်ဟာ တော်ရုံလူမစဉ်းစား မလုပ်နိုင်တဲ့အရာမျိုးတွေကို တုန်တုန်ယင်ယင်နဲ့လုပ်သွားတာ…
ခင်ဗျားတို့ဟာ ဒီကားကိုကြည့်နေရင်း Russell Crowe နဲ့အတူ လွင့်မြောပါသွားလိမ့်မယ်…ဇာတ်ကားရဲ့ဆွဲဆောင်မှုဟာ ၅မိနစ်လောက်ကထဲကဆွဲခေါ်သွားတယ်..
ပြသချိန် ၂နာရီ ၁၃မိနစ်မှာခင်ဗျားဟာ ကျောက်ရုပ်တစ်ရုပ်ထိုင်နေသလို ငြိမ်သက်စွာထိုင်နေရင်း ရင်တထိတ်ထိတ်နဲ့ အတွေးတွေမျှော်လင့်ချက်တွေနဲ့ ပျော်ဝင်သွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံရတယ်….
Zawgyi
၂၀၁၀ခုႏွစ္ကထြက္ရွိခဲ့တဲ့ဒီကားဟာ အေတာ္မ်ားမ်ားၾကည့္ဖူးၿပီးသားျဖစ္မွာပါ…ကြၽန္ေတာ္တို႔ဟာ ဇာတ္လမ္းရဲ႕ေကာင္းမြန္မႈ သ႐ုပ္ေဆာင္ေတြရဲ႕ေျပာက္ေျမာက္တဲ့အမူအရာေတြကို ခ်ီးမြန္းအကဲျဖတ္မႈအားနည္းခဲ့တဲ့အခ်ိန္ကေတာင္ သိပ္ကိုေကာင္းလြန္းတယ္လို႔ တျခားသူေတြကိုၫႊန္းဆိုခဲ့ဖူးပါတယ္…
လင္မယား ၂ေယာက္ ..အမ်ိဳးသားက ေက်ာင္းဆရာ ..အမ်ိဳးသမီးက ႐ုံးဝန္ထမ္း..သားကေလးတစ္ေယာက္နဲ႔ေပါ့ ..ဘဝကို႐ိုးရွင္းစြာ ျဖတ္သန္းေနတဲ့မိသားစုေလးတစ္စုေပါ့…သို႔ေပမယ့္ တစ္ေနေတာ့ သူတို႔မိသားစုအတြက္ကံဆိုးမႈတစ္ခုႀကီးေရာက္လာခဲ့တယ္..
အမ်ိဳးသမီးကို လူသတ္မႈတစ္ခုနဲ႔ ရဲေတြဖမ္းေခၚသြားတာပါပဲ.ေယာက်္ားျဖစ္သူဟာ မိန္းမကိုကယ္ဖို႔ေရွ႕ေနေတြနဲ႔ေတြ႕ဆုံခဲ့ေပမယ့္ အမႈရဲ႕သက္ေသမ်ားအရ သူ႔မိန္းမဆီကိုပဲ ဦးတည္ေနပါတယ္..သူ႔မိန္းမကလည္းမသတ္ဘူးလို႔ေျပာခဲ့သလို သူကိုယ္တိုင္လည္း ယုံၾကည္ခဲ့ေပမယ့္ ဒီယုံၾကည္မႈ အမွန္တရားေတြဟာ ဘာမွ အသုံးမဝင္ေတာ့ပါဘူး….
ဒီေတာ့ သာမန္ေက်ာင္းဆရာတစ္ေယာက္အတြက္ အေတြးေတြဟာ ႐ူးမတတ္ပဲ..လူသတ္မႈဟာ ႏွစ္ရွည္လမ်ားေထာင္က်ႏိုင္ေတာ့ ၿပိဳကြဲေေတာ့မယ့္ မိသားစုအတြက္သူဟာ ဆုံးျဖတ္ခ်က္တစ္ခုကိုခ်လိုက္တယ္..သူ႔မိန္းမကို ဒီအမႈေတာထဲက ဆြဲထုတ္ၿပီး တစ္ဘက္ႏိုင္ငံကို ထြက္ေျပးဖို႔ပါပဲ…
ကြၽန္ေတာ္တို႔အားလုံး ခ်ီးမြမ္းတဲ့ ဒီကားမွာ .Russell Crowe ဟာ အဓိကေနရာမွာ ပါခဲ့ပါတယ္..သူတစ္ေယာက္ထဲ တစ္ကားလုံးကိုထိန္းေက်ာင္းသြားတယ္..သာမန္ေက်ာင္းဆရာေလးတစ္ေယာက္ဟာ ေတာ္႐ုံလူမစဥ္းစား မလုပ္ႏိုင္တဲ့အရာမ်ိဳးေတြကို တုန္တုန္ယင္ယင္နဲ႔လုပ္သြားတာ…
ခင္ဗ်ားတို႔ဟာ ဒီကားကိုၾကည့္ေနရင္း Russell Crowe နဲ႔အတူ လြင့္ေျမာပါသြားလိမ့္မယ္…ဇာတ္ကားရဲ႕ဆြဲေဆာင္မႈဟာ ၅မိနစ္ေလာက္ကထဲကဆြဲေခၚသြားတယ္..
ျပသခ်ိန္ ၂နာရီ ၁၃မိနစ္မွာခင္ဗ်ားဟာ ေက်ာက္႐ုပ္တစ္႐ုပ္ထိုင္ေနသလို ၿငိမ္သက္စြာထိုင္ေနရင္း ရင္တထိတ္ထိတ္နဲ႔ အေတြးေတြေမွ်ာ္လင့္ခ်က္ေတြနဲ႔ ေပ်ာ္ဝင္သြားလိမ့္မယ္ဆိုတာ ကြၽန္ေတာ္ရဲရဲႀကီးအာမခံရတယ္….


(Direct Link) Large Size ~ Download
(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Disk Yandex) Large Size ~ Download
(Disk Yandex) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Yoteshin Poatal) Large Size ~ Download
(Yoteshin Poatal) Small Size ~ Download
(Yuu Drive) Large Size ~ Download
(Yuu Drive) Small Size ~ Download