The Oranges (2011)

14635
Share
Copy the link

ပရိသတ်တို့ရဲ့အချစ်တော် ဒေါက်တာဂွစာကြီး ဟောက်စ်ကို နောက်ကာရိုက်တာတစ်မျိုးနဲ့ မြင်ရမယ့်ကားလေးပါဇာတ်လမ်းအကျဥ်းကတော့ နယူးဂျာဆီပြည်နယ်က Orange ဆိုတဲ့မြို့နယ်လေးမှာနေထိုင်တဲ့သိပ်ကိုခင်မင်ကြတဲ့ အိမ်နီးချင်းမိသားစုနှစ်စုရှိပါတယ်

မိသားစုနှစ်စုက သမီးဖြစ်သူ နီနာနဲ့ ဗန်နက်ဆာတို့ဆိုလည်း ငယ်ငယ်ကအရမ်းခင်ခဲ့ကြပြီးအထက်တန်းရောက်မှ နီနာကဗန်နက်ဆာ့ကိုပလစ်ပြီး ကျောင်းကအလန်းဇယားကောင်မလေးအဖွဲ့နဲ့သွားပေါင်းခဲ့တာပါနီနာဆိုတဲ့ကောင်မလေးက မိဘအပေါ်လည်း ဂျစ်ကန်ကန်နဲ့ ကလန်ကဆန်လုပ်၊

ကောင်လေးတွေလည်းထည်လဲတွဲပြီးသူ့အသက်၂၄နှစ်အရွယ်မှာ မိဘသဘောမတူတဲ့အီသန်ဆိုတဲ့ကောင်လေးနဲ့ လက်ထပ်ဖို့လုပ်ပြီးအီသန်ကသူ့အပေါ်သစ္စာဖောက်သွားမှ မိဘအိမ်ပြန်လာတာပါအိမ်ပြန်ရောက်တော့လည်း နီနာဆိုတဲ့ အမွှေစိန်လေးက အငြိမ်မနေပါဘူး

သူ့ရဲ့ဂြိုဟ်မွှေချက်က ဗန်နက်ဆာ့အဖေနဲ့အမေဖြစ်တဲ့ ဒေးဗစ်နဲ့ပေ့ချ်ကို ပြတ်စဲမလိုဖြစ်စေပြီး ဒေးဗစ်နဲ့ သူ့အဖေဖြစ်သူတယ်ရီကြားကခင်မင်မှုကိုလည်းပျက်မလိုဖြစ်စေခဲ့တာဆိုတော့ ဘယ်လိုတွေဂြိုဟ်မွှေလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါဦး

စာကြွင်း – ဒီထဲမှာ ဒေါက်တာဟောက်စ်ရဲ့ကာရိုက်တာက ဟောက်စ်လိုမျိုး ဇွတ်တရွတ်နိုင်တယ်လို့ပြောလို့ရပေမယ့် ဟောက်စ်လိုခေါင်းမာတဲ့လူကြီးမဟုတ်ဘဲ သိပ်ကိုသဘောမနောကောင်း လိုက်လျောတတ်တဲ့လူကြီးအဖြစ် တွေ့ကြရမှာပါအပေါ်မှာပြောခဲ့တဲ့ဇာတ်ကောင်တွေထဲက ဘယ်သူဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော်

Zawgyi




သူ့ရဲ့ဂြိုဟ်မွှေချက်က ဗန်နက်ဆာ့အဖေနဲ့အမေဖြစ်တဲ့ ဒေးဗစ်နဲ့ပေ့ခ်ျကို ပြတ်စဲမလိုဖြစ်စေပြီး ဒေးဗစ်နဲ့ သူ့အဖေဖြစ်သူတယ်ရီကြားကခင်မင်မှုကိုလည်းပျက်မလိုဖြစ်စေခဲ့တာဆိုတော့ ဘယ်လိုတွေဂြိုဟ်မွှေလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါဦး


mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

upstream.to (Up Stream) Large Size ~ Download

upstream.to (Up Stream) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *