The Others (2001)

16684
Share
Copy the link

“The others” ရုပ်ရှင်ဟာ 2001ခုနှစ်မှာစတင်ဖြန့်ချိခဲ့တဲ့ အမေရိကန်-ပြင်သစ်သဘာဝလွန်သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။IMDBအနေနဲ့ 7.6/10ကိုရယူထားပြီး Rotten Tomatoကတော့83%ပါ။

ဒါရိုက်တာဖြစ်သူ Alejandro Amenabarကရိုက်ကူးထားပြီး အဓိကဇာတ်ကောင်တွေအဖြစ်
Nicole Kidman
Fionnula Flanagan
Christopher Eccleston
Elaine Cassidy
Eric Sykes
Alakina Mann
James Bentleyစတဲ့သူတွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားရဲ့ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ 17မီလီယံဖြစ်ပြီး ရုံတင်ဝင်ငွေက 209.9မီလီယံဒေါ်လာဖြစ်ပါတယ်။အမေရိကန်နဲ့ ကနေဒါမှာ းတင်ရုံတင်တဲ့ပထမအပတ်မှာတင် 14မီလီယံဒေါ်လာကိုရရှိခဲ့ပြီး ရုံတင်ဝင်ငွေအများဆုံးနံပါတ်4နေရာမှာ နောက်ထပ်သုံးပတ်တိတိရပ်တည်ခဲ့ပါတယ်။

ါ့အပြင်
Goya Award for Best Film
Goya Award for Best Director
Goya Award for Best Original Screenplay
Goya Award for Best Sound
Goya Award for Best Art Direction
Goya Award for Best Editing
Goya Award for Best
Goya Award for Best စတဲ့ဆုတွေကိုလည်း အသီးသီးရှိထားပြီး ဇာတ်လမ်းရဲ့ကြာချိန်ကတော့ 104မိနစ်ပါ။

ခရစ်ယာန်ဘာသာကို လေးနက်စွာယုံကြည်သောအမျိုးသမီးတစ်ယောက်သည် ကလေးငယ်နှစ်ဦးနှင့်အတူ အိမ်ကြီးတစ်အိမ်တွင်နေထိုင်ကြသည်။သူမ၏ယောကျ်ားသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့ကိုတိုက်ထုတ်ရန် ထွက်သွားသည်မှစ၍ မည်သည့်သတင်းမှမကြားရတော့။

အမျိုးသမီး၏ကလေးငယ်များသည် photosensitivityဟုခေါ်သော နေရောင်နှင့်ဓာတ်မတည့်သောရောဂါတစ်မျိုးကြောင့် တစ်အိမ်လုံးကိုလိုက်ကာများဖြင့်ကာ၍ အမှောင်ချထားရသည်။ထိုအိမ်ကြီးသို့ လူသုံးယောက် အိမ်အကူအဖြစ်လုပ်ကိုင်ရန် ရောက်ရှိလာသည့်အချိန်မှစ၍ အမျိုးသမီးသည် ထူးဆန်းမှုများကို သတိထားမိလာသည်။

အမျိုးသမီးကမူ အိမ်စေတို့သည် သူမတို့မိသားစုကို အန္တရာယ်ပေးလိုသည့်အတွက်ကြောင့် စီရင်ဖန်တီးသည်ဟုယူဆသည်။“တမလွန်လောကနှင့် လူ့ဘုံလောကတို့အတူနေထိုင်နိုင်ရန် ကြိုးစားရမည်”ဟူသောစကားကို သူမကြားရသောအခါ…သမ္မာကျမ်းစာအပေါ် လုံးဝဥဿုံယုံကြည်မှုနှင့် လက်တွေ့အဖြစ်အပျက်တို့ကွာဟနေမှုကို ကြုံတွေ့ရသောအခါ…

အမှန်တရားကိုသိမြင်လာရသောအခါ…(ဤဇာတ်ကား၏ ထူးခြားချက်မှာ ဖြစ်ရိုးဖြစ်စဉ်သည်းထိတ်ရင်ဖိုဇာတ်လမ်းများနှင့်မတူဘဲ ပရိသတ်အနေနှင့် မည်သို့မျှမျှော်လင့်ထားစရာမရှိသည့်ဇာတ်ကွက်ကို ချပြထားခြင်းဖြစ်သည်။ ထို့အပြင်စိတ်ပညာပိုင်းဆိုင်ရာရှုထောင့်မှ စဉ်းစားစရာအချက်တစ်ချို့ကိုလည်း ထည့်သွင်းထားသည်။)

Zawgyi

“The others” ႐ုပ္ရွင္ဟာ 2001ခုႏွစ္မွာစတင္ျဖန႔္ခ်ိခဲ့တဲ့ အေမရိကန္-ျပင္သစ္သဘာဝလြန္သည္းထိတ္ရင္ဖိုဇာတ္ကားျဖစ္ပါတယ္။IMDBအေနနဲ႔ 7.6/10ကိုရယူထားၿပီး Rotten Tomatoကေတာ့83%ပါ။

ဒါ႐ိုက္တာျဖစ္သူ Alejandro Amenabarက႐ိုက္ကူးထားၿပီး အဓိကဇာတ္ေကာင္ေတြအျဖစ္
Nicole Kidman
Fionnula Flanagan
Christopher Eccleston
Elaine Cassidy
Eric Sykes
Alakina Mann
James Bentleyစတဲ့သူေတြက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

ဒီဇာတ္ကားရဲ႕ကုန္က်စရိတ္ဟာ အေမရိကန္ေဒၚလာ 17မီလီယံျဖစ္ၿပီး ႐ုံတင္ဝင္ေငြက 209.9မီလီယံေဒၚလာျဖစ္ပါတယ္။အေမရိကန္နဲ႔ ကေနဒါမွာ းတင္႐ုံတင္တဲ့ပထမအပတ္မွာတင္ 14မီလီယံေဒၚလာကိုရရွိခဲ့ၿပီး ႐ုံတင္ဝင္ေငြအမ်ားဆုံးနံပါတ္4ေနရာမွာ ေနာက္ထပ္သုံးပတ္တိတိရပ္တည္ခဲ့ပါတယ္။

ါ့အျပင္
Goya Award for Best Film
Goya Award for Best Director
Goya Award for Best Original Screenplay
Goya Award for Best Sound
Goya Award for Best Art Direction
Goya Award for Best Editing
Goya Award for Best
Goya Award for Best စတဲ့ဆုေတြကိုလည္း အသီးသီးရွိထားၿပီး ဇာတ္လမ္းရဲ႕ၾကာခ်ိန္ကေတာ့ 104မိနစ္ပါ။

ခရစ္ယာန္ဘာသာကို ေလးနက္စြာယုံၾကည္ေသာအမ်ိဳးသမီးတစ္ေယာက္သည္ ကေလးငယ္ႏွစ္ဦးႏွင့္အတူ အိမ္ႀကီးတစ္အိမ္တြင္ေနထိုင္ၾကသည္။သူမ၏ေယာက်္ားသည္ ဒုတိယကမာၻစစ္အတြင္း နာဇီတို႔ကိုတိုက္ထုတ္ရန္ ထြက္သြားသည္မွစ၍ မည္သည့္သတင္းမွမၾကားရေတာ့။

အမ်ိဳးသမီး၏ကေလးငယ္မ်ားသည္ photosensitivityဟုေခၚေသာ ေနေရာင္ႏွင့္ဓာတ္မတည့္ေသာေရာဂါတစ္မ်ိဳးေၾကာင့္ တစ္အိမ္လုံးကိုလိုက္ကာမ်ားျဖင့္ကာ၍ အေမွာင္ခ်ထားရသည္။ထိုအိမ္ႀကီးသို႔ လူသုံးေယာက္ အိမ္အကူအျဖစ္လုပ္ကိုင္ရန္ ေရာက္ရွိလာသည့္အခ်ိန္မွစ၍ အမ်ိဳးသမီးသည္ ထူးဆန္းမႈမ်ားကို သတိထားမိလာသည္။

အမ်ိဳးသမီးကမူ အိမ္ေစတို႔သည္ သူမတို႔မိသားစုကို အႏၲရာယ္ေပးလိုသည့္အတြက္ေၾကာင့္ စီရင္ဖန္တီးသည္ဟုယူဆသည္။“တမလြန္ေလာကႏွင့္ လူ႔ဘုံေလာကတို႔အတူေနထိုင္ႏိုင္ရန္ ႀကိဳးစားရမည္”ဟူေသာစကားကို သူမၾကားရေသာအခါ…သမၼာက်မ္းစာအေပၚ လုံးဝဥႆုံယုံၾကည္မႈႏွင့္ လက္ေတြ႕အျဖစ္အပ်က္တို႔ကြာဟေနမႈကို ႀကဳံေတြ႕ရေသာအခါ…

အမွန္တရားကိုသိျမင္လာရေသာအခါ…(ဤဇာတ္ကား၏ ထူးျခားခ်က္မွာ ျဖစ္႐ိုးျဖစ္စဥ္သည္းထိတ္ရင္ဖိုဇာတ္လမ္းမ်ားႏွင့္မတူဘဲ ပရိသတ္အေနႏွင့္ မည္သို႔မွ်ေမွ်ာ္လင့္ထားစရာမရွိသည့္ဇာတ္ကြက္ကို ခ်ျပထားျခင္းျဖစ္သည္။ ထို႔အျပင္စိတ္ပညာပိုင္းဆိုင္ရာရႈေထာင့္မွ စဥ္းစားစရာအခ်က္တစ္ခ်ိဳ႕ကိုလည္း ထည့္သြင္းထားသည္။)

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *