The Princess Switch (2018)

13604
Share
Copy the link

ဒီတစ်ခေါက် ပရိတ်သတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးမယ်နော်…ဒီဇင်ဘာလလည်း ရောက်တော့မယ်…ခရစ်စမတ်နေ့လည်း နီးပြီဆိုတော့ ခရစ်စမတ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါမယ်…

ကြည့်ရတာ ပျော်စရာကောင်းပြီး အဆုံးသတ်လည်းလှတော့ကြည့်ရှုသူတိုင်း ကျေနပ်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ…Netflix မှဖြန့်ချီပြီး IMDb 6.1 ရထားတာမို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းပါနော်…

ဒီဇာတ်လမ်းမှာတော့ High School Musical ဇာတ်လမ်းနဲ့ လူသိများတဲ့မင်းသမီး Vanessa Hudgens က နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပါတယ်…အညွှန်း- ချီကာဂိုမှာ မုန့်ဖုတ်ဆိုင်ဖွင့်ထားပြီး အတော်အသင့် နာမည်ရထားတဲ့ကောင်မလေး စတေစီ..သူက သူငယ်ချင်းဖြစ်သူ ကယ်ဗင်နဲ့ ဒီမုန့်ဖုတ်ဆိုင်ကို ဦးစီးပါတယ်…

စတေစီက ရည်းစားနဲ့ကွဲပြီးပူပူနွေးနွေး အသည်းကွဲနေသူတစ်ယောက်ပါ…ဒါကို သိတဲ့ ကယ်ဗင်က စတေစီအတွက် စိတ်ထွက်ပေါက်ဖြစ်အောင်ဆိုပြီးဘယ်ဂရေးဗီးယားနိုင်ငံမှာ ကျင်းပတဲ့မုန့်ဖုတ်ပြိုင်ပွဲအတွက် စာရင်းသွင်းခဲ့ပါတယ်…

မုန့်ဖုတ်ပြိုင်ပွဲမှာ စတေစီပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်…ဘယ်ဂရေးဗီးယားနိုင်ငံကတော့ ဘုရင်အုပ်ချုပ်တဲ့နိုင်ငံတစ်ခုပါ…ဒီအချိန်က ဘယ်ဂရေးဗီးယားနိုင်ငံရဲ့ မင်းသား အက်ဒ်ဝပ်အိမ်ထောင်ပြုတော့မယ့် အချိန်ကာလဖြစ်နေပါတယ်…

မင်းသား အိမ်ထောင်ပြုမယ့် သတို့သမီးလောင်းကတော့မွန်တဲနားရိုးမြို့စားအမျိုးသမီး မာဂရက်ပဲဖြစ်ပါတယ်…ထူးခြားတာက မာဂရက်နဲ့ စတေစီက ရုပ်တစ်ထပ်တည်းနီးပါး တူနေတာပါ…မာဂရက် မုန့်ဖုတ်ပြိုင်ပွဲအပြင်အဆင်ကို လာကြည့်တဲ့ အချိန်…စတေစီကလည်း ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့အချိန်မှာပဲ ပက်ပင်းတိုးမိပါရော …

ရုပ်ချင်းတူတဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး အံ့ဩမဆုံးဖြစ်ခဲ့ပါတယ်…မာဂရက်ဟာ မွေးကတည်းက အခြွေအရံတွေ အဆင်တန်ဆာတွေနဲ့နေခဲ့ရသူမို့ သာမန်ဘဝက ဘယ်လိုမျိုးလဲ စူးစမ်းချင်သူပါ…

စတေစီကို တွေ့တဲ့အချိန်မှာတော့ သူအကြံရပါတော့တယ်..ဒါကတော့ မုန့်ဖုတ်ပြိုင်ပွဲမတိုင်ခင် နှစ်ရက်အလိုမှာ သူတို့နှစ်ယောက် နေရာလဲဖို့ပါ…စတေစီက မာဂရက်ကို ကူညီတဲ့အနေနဲ့ ဒီအကြံကို လက်ခံခဲ့ပါတယ်…နေရာလဲလိုက်တာမို့ မာဂရက်နဲ့ စတေစီ အလွဲတွေကြုံပါတော့တယ်…

စတေစီနဲ့ မင်းသား အက်ဒ်ဝပ် … မာဂရက်နဲ့ ကယ်ဗင် ဘယ်လိုတွေဖြစ်မလဲ…လူလဲထားတာကို ကယ်ဗင်နဲ့ အက်ဒ်ဝပ်သိသွားမလား..မုန့်ဖုတ်ပွဲမတိုင်ခင် ဘာတွေကြုံရမလဲ…ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်မလဲ စတာတွေကို စိတ်ဝင်တစားကြည့်ရှုရမှာပါ..

Zawgyi

ဒီတစ္ေခါက္ ပရိတ္သတ္ေတြအတြက္ အလန္းစားဇာတ္ကားတစ္ခုနဲ႔ မိတ္ဆက္ေပးမယ္ေနာ္…ဒီဇင္ဘာလလည္း ေရာက္ေတာ့မယ္…ခရစ္စမတ္ေန႔လည္း နီးၿပီဆိုေတာ့ ခရစ္စမတ္ဇာတ္လမ္းတစ္ပုဒ္နဲ႔ မိတ္ဆက္ေပးပါမယ္…

ၾကည့္ရတာ ေပ်ာ္စရာေကာင္းၿပီး အဆုံးသတ္လည္းလွေတာ့ၾကည့္ရႈသူတိုင္း ေက်နပ္ေစမယ့္ ဇာတ္လမ္းတစ္ပုဒ္ပါ…Netflix မွျဖန႔္ခ်ီၿပီး IMDb 6.1 ရထားတာမို႔ လက္မလႊတ္သင့္တဲ့ဇာတ္လမ္းပါေနာ္…

ဒီဇာတ္လမ္းမွာေတာ့ High School Musical ဇာတ္လမ္းနဲ႔ လူသိမ်ားတဲ့မင္းသမီး Vanessa Hudgens က ႏွစ္ကိုယ္ခြဲသ႐ုပ္ေဆာင္ထားပါတယ္…အၫႊန္း- ခ်ီကာဂိုမွာ မုန႔္ဖုတ္ဆိုင္ဖြင့္ထားၿပီး အေတာ္အသင့္ နာမည္ရထားတဲ့ေကာင္မေလး စေတစီ..သူက သူငယ္ခ်င္းျဖစ္သူ ကယ္ဗင္နဲ႔ ဒီမုန႔္ဖုတ္ဆိုင္ကို ဦးစီးပါတယ္…

စေတစီက ရည္းစားနဲ႔ကြဲၿပီးပူပူေႏြးေႏြး အသည္းကြဲေနသူတစ္ေယာက္ပါ…ဒါကို သိတဲ့ ကယ္ဗင္က စေတစီအတြက္ စိတ္ထြက္ေပါက္ျဖစ္ေအာင္ဆိုၿပီးဘယ္ဂေရးဗီးယားႏိုင္ငံမွာ က်င္းပတဲ့မုန႔္ဖုတ္ၿပိဳင္ပြဲအတြက္ စာရင္းသြင္းခဲ့ပါတယ္…

မုန႔္ဖုတ္ၿပိဳင္ပြဲမွာ စေတစီပါဝင္ယွဥ္ၿပိဳင္ခြင့္ရခဲ့ပါတယ္…ဘယ္ဂေရးဗီးယားႏိုင္ငံကေတာ့ ဘုရင္အုပ္ခ်ဳပ္တဲ့ႏိုင္ငံတစ္ခုပါ…ဒီအခ်ိန္က ဘယ္ဂေရးဗီးယားႏိုင္ငံရဲ႕ မင္းသား အက္ဒ္ဝပ္အိမ္ေထာင္ျပဳေတာ့မယ့္ အခ်ိန္ကာလျဖစ္ေနပါတယ္…

မင္းသား အိမ္ေထာင္ျပဳမယ့္ သတို႔သမီးေလာင္းကေတာ့မြန္တဲနား႐ိုးၿမိဳ႕စားအမ်ိဳးသမီး မာဂရက္ပဲျဖစ္ပါတယ္…ထူးျခားတာက မာဂရက္နဲ႔ စေတစီက ႐ုပ္တစ္ထပ္တည္းနီးပါး တူေနတာပါ…မာဂရက္ မုန႔္ဖုတ္ၿပိဳင္ပြဲအျပင္အဆင္ကို လာၾကည့္တဲ့ အခ်ိန္…စေတစီကလည္း ၿပိဳင္ပြဲအတြက္ ျပင္ဆင္ေနတဲ့အခ်ိန္မွာပဲ ပက္ပင္းတိုးမိပါေရာ …

႐ုပ္ခ်င္းတူတဲ့ သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္ၿပီး အံ့ဩမဆုံးျဖစ္ခဲ့ပါတယ္…မာဂရက္ဟာ ေမြးကတည္းက အေႁခြအရံေတြ အဆင္တန္ဆာေတြနဲ႔ေနခဲ့ရသူမို႔ သာမန္ဘဝက ဘယ္လိုမ်ိဳးလဲ စူးစမ္းခ်င္သူပါ…

စေတစီကို ေတြ႕တဲ့အခ်ိန္မွာေတာ့ သူအႀကံရပါေတာ့တယ္..ဒါကေတာ့ မုန႔္ဖုတ္ၿပိဳင္ပြဲမတိုင္ခင္ ႏွစ္ရက္အလိုမွာ သူတို႔ႏွစ္ေယာက္ ေနရာလဲဖို႔ပါ…စေတစီက မာဂရက္ကို ကူညီတဲ့အေနနဲ႔ ဒီအႀကံကို လက္ခံခဲ့ပါတယ္…ေနရာလဲလိုက္တာမို႔ မာဂရက္နဲ႔ စေတစီ အလြဲေတြႀကဳံပါေတာ့တယ္…

စေတစီနဲ႔ မင္းသား အက္ဒ္ဝပ္ … မာဂရက္နဲ႔ ကယ္ဗင္ ဘယ္လိုေတြျဖစ္မလဲ…လူလဲထားတာကို ကယ္ဗင္နဲ႔ အက္ဒ္ဝပ္သိသြားမလား..မုန႔္ဖုတ္ပြဲမတိုင္ခင္ ဘာေတြႀကဳံရမလဲ…ဘယ္လိုဇာတ္လမ္းေလးေတြ ျဖစ္မလဲ စတာေတြကို စိတ္ဝင္တစားၾကည့္ရႈရမွာပါ..

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *