The Shawshank Redemption (1994)
18886မိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ…..မသေခင်ကြည့်သင့်သော ကားများ….ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။
ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။
လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘဝ၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊
လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ဆိုတဲ့အကြောင်းလေးပါပဲ။ရုပ်ရှင်လေးက ရိုးရှင်းပေမယ့်….ဒါရိုက်တာတိုင်း အိပ်မက်မိမယ့် အောင်မြင်မှုတွေ ရရှိသွားခဲ့ပါတယ်။ အော်စကာ လျာထားမှု (၇) နေရာ တခြား ဆုပေါင်းများစွာ နဲ့ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုပေါင်းများစွာနဲ့ အောင်မြင်ခဲ့ပါတယ်။
ခင်ဗျားတို့ဆီက မျက်ရည်တွေ ချူနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့ ဘဝတွေကို ဘယ်လိုရှင်သန်ခဲ့မိပြီလဲလို့ ပြန်တွေးမိစေပါလိမ့်မယ်။ ဘဝရဲ့ အချိန်ကောင်းတွေကို ဖြုန်းတီးမိသွားပြီလားလို့ သံသယဖြစ်လာပါလိမ့်မယ်။
တခါမှ မတွေးမိသေးတာ ဖြစ်နိုင်မယ့် လက်ရှိဘဝရဲ့ လွတ်လပ်မှုတန်ဖိုးကို တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ နောက်ဆုံးမှတော့ ပျော်ရွင်မှုလေး တစ်ခု ခံစားရင်း အဆုံးသတ်သွားပါလိမ့်မယ်လို့…..
Zawgyi
မိတ္ေဆြတို႔ Google မွာ IMDb rating အျမင့္ဆုံးကားမ်ား လို႔ ႐ိုက္ရွာၾကည့္ခ်င္ပါသလား? Rotten tomatoes ရဲ႕ အေကာင္းဆုံးကားမ်ားလို႔ ႐ိုက္ရွာၾကည့္ခ်င္ပါသလား? ႐ုပ္ရွင္သမိုင္းတေလွ်ာက္အေကာင္းဆုံးကားမ်ား…..မေသခင္ၾကည့္သင့္ေသာ ကားမ်ား….ဘာညာသာရကာ အစုံ႐ိုက္ၿပီး ရွာၾကည့္လိုက္ပါ။
ဒီဇာတ္ကားကေတာ့ ထိပ္ပိုင္းတစ္ေနရာမွာ အၿမဲပါေနပါလိမ့္မယ္။ဇာတ္လမ္း အက်ဥ္းေလးကေတာ့ ႐ိုးရွင္းပါတယ္။
လူသတ္မႈနဲ႔ ေထာင္ဒဏ္ တစ္သက္ ၂ ခါ က်ခံရၿပီး ေရွာရွန႔္ခ္ ေထာင္ထဲကို ေရာက္လာတဲ့ ဘဏ္စီးပြားေရးသမား အန္ဒီ ဒူဖရင္း(Tim Robbins) နဲ႔ တကြၽန္းသမားေဟာင္းႀကီး ရက္ဒ္(Morgan Freeman) တို႔ ရဲ႕ ေထာင္ထဲက အခက္အခဲေတြနဲ႔ မိတ္ေဆြဘဝ၊ အန္ဒီရဲ႕ ငရဲလို ေမွ်ာ္လင့္ခ်က္မရွိတဲ့ ေနရာမွာ ကိုယ့္ကိုကိုယ္ ဘယ္လိုတည္ေဆာက္ၿပီး ေနထိုင္သြားလဲ၊
လြတ္ေျမာက္မႈကို ဘယ္လိုရွာေဖြသြားလဲ ဆိုတဲ့အေၾကာင္းေလးပါပဲ။႐ုပ္ရွင္ေလးက ႐ိုးရွင္းေပမယ့္….ဒါ႐ိုက္တာတိုင္း အိပ္မက္မိမယ့္ ေအာင္ျမင္မႈေတြ ရရွိသြားခဲ့ပါတယ္။ ေအာ္စကာ လ်ာထားမႈ (၇) ေနရာ တျခား ဆုေပါင္းမ်ားစြာ နဲ႔ ေဝဖန္ေရးသမားေတြရဲ႕ ခ်ီးက်ဴးမႈေပါင္းမ်ားစြာနဲ႔ ေအာင္ျမင္ခဲ့ပါတယ္။
ခင္ဗ်ားတို႔ဆီက မ်က္ရည္ေတြ ခ်ဴႏိုင္ပါလိမ့္မယ္။ ခင္ဗ်ားတို႔ ဘဝေတြကို ဘယ္လိုရွင္သန္ခဲ့မိၿပီလဲလို႔ ျပန္ေတြးမိေစပါလိမ့္မယ္။ ဘဝရဲ႕ အခ်ိန္ေကာင္းေတြကို ျဖဳန္းတီးမိသြားၿပီလားလို႔ သံသယျဖစ္လာပါလိမ့္မယ္။
တခါမွ မေတြးမိေသးတာ ျဖစ္ႏိုင္မယ့္ လက္ရွိဘဝရဲ႕ လြတ္လပ္မႈတန္ဖိုးကို ေတြးမိေကာင္း ေတြးမိၾကပါလိမ့္မယ္။ ေနာက္ဆုံးမွေတာ့ ေပ်ာ္႐ြင္မႈေလး တစ္ခု ခံစားရင္း အဆုံးသတ္သြားပါလိမ့္မယ္လို႔…..


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Up Stream) Large Size ~ Download
(Up Stream) Small Size ~ Download