The Silent War (2012)
16680ပရိတ်သတ်ကြီးအတွက် ဒီတစ်ခါ Silent War ဆိုတဲ့ တရုတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။“Ting feng zhe” ဆိုတဲ့ နာမည်ကြီး တရုတ်ဝတ္ထု အပေါ်မှာ
အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းကို ၁၉၅၀ ခုနှစ်မှာအခြေခံထားပါတယ်။ 1949 ခုနှစ် ပြည်တွင်းစစ် အပြီးမှာ တရုတ် အစိုးရဟာပြည်တွင်းမှာ နေထိုင်နေတဲ့ ကူမင်တန် သူလျှို တွေကို လိုက်လံ ရှင်းလင်းနေရဆဲပါ။ဒီလိုရှင်းလင်းတဲ့ နေရာမှာ လျှို့ဝှက် အဖွဲ့အစည်း ဖွဲ့စည်းပြီး ကူမင်တန်တွေ ပေးပို့တဲ့ကြေးနန်း သတင်းပို့ချက်တွေကို ရယူကာ လိုက်လံရှင်းလင်းရတာပါ။
ဒီလို လုပ်ဆောင်ရင်းနဲ့ တစ်နေ့မှာ ကြေနန်း ထုတ်လွှင့်နေတဲ့ ချန်နယ် ၁၂၀ လုံးပျောက်သွားပါတယ်။ဘယ်သူမှ မဖော်ထုတ်နိုင်တဲ့ အတွက် ရန်သူရဲ့ အရေးကြီးသတင်းတွေကိုကြားဖြတ်ဖမ်းယူဖို့ မဖြစ်နိုင်တော့ဘူးပေါ့။
ဒီလို အချိန်မှာ လျှို့ဝှက် အဖွဲ့အစည်း ရဲ့ခေါင်းဆောင်ဟာ အေးဂျင့် ၂၀၀ ကိုစေလွှတ်ပြီး လောင် ဆိုတဲ့ လူတစ်ယောက်ကိုသွားခေါ်ခိုင်းပါတယ်။ အဲ့လူက ပီယာနို အတီးကျွမ်းပြီးတစ်ကယ်ကို နားပါးတဲ့သူဖြစ်လို့ချန်နယ် တွေကို ထုတ်ဖော်ရမှာ အကူအညီ ရမယ်ပေါ့။
ဒါပေမဲ့ ထင်ထားသလို တွေဖြစ်မလာ ခဲ့ပါဘူး လောင် တစ်ယောက် ပြသနာတွေ တက်နေလို့ အေးဂျင့် ၂၀၀ကလောင်ရဲ့ လက်ထောက် ဘင် ကိုသာ ခေါ်လာခဲ့ပါတယ်။ဒါပေမဲ့ ကံကောင်းချင်တော့တစ်ကယ်တမ်း နားပါးတဲ့သူက ဘင် ပါ။ ဘင်က မျက်စိ မမြင် ရပါဘူး။ ဒါပေမဲ့အံ့သြစရာကောင်းလောက်အောင် နားပါးတဲ့သူပါ။
ဒီလိုနဲ့ ပညာလည်း မတက်လူမှု့ရေးလည်း သိပ်နားမလည်တဲ့ ဘင် တစ်ယောက် တရုတ်ပြည်ရဲ့ နိုင်ငံ အဆင့်တာဝန်ကို ဘယ်လိုထမ်းဆောင်မလဲ ရေဒီယို ကြေးနန်းတွေကို ဘယ်လို ဖမ်းယူပေးနိုင်မလဲ ဆိုတာတွေကို စိတ်ဝင်စားစရာ ကြည့်ရှု့ရမဲ့ ကားတစ်ကား ဖြစ်ပါတယ်။
Zawgyi


(Direct Link) Large Size ~ Download
(Yoteshin Portal) Large Size ~ Download
(Users Drive) Large Size ~ Download
(Megaup.net) Large Size ~ Download
(Up Stream) Large Size ~ Download