The SpongeBob Movie: Sponge on the Run (2020)
18070Spongebob squarepants ကို ကလေးတိုင်းချစ်ကြသလို လူကြီးတိုင်း မြတ်နိုးကြတယ် အထူးတလည်ညွှန်းစရာလိုမယ် မထင်ပါဘူး
Spongebob နဲ့ သူ့သူငယ်ချင်းတစ်သိုက် Krusty Krab ဆိုင်ရှင်ကြီး Mr. Krab အမြဲအကြံဆိုးတွေထုတ်နေတဲ့ Plankton စသဖြင့် ဇာတ်ကောင်တွေနဲ့ ကြည့်ချင်စရာဇာတ်လမ်းလေးဖြစ်အောင် အမျိုးစုံကြိုးခုန်ပြီး တင်ဆက်သွားပါတယ်
ဇာတ်လမ်းလေးအနေနဲ့ကတော့ Spongebob လေးတစ်ယောက် သူ့ခရုလေး Gary ပျောက်သွားရာကနေ အစချီထားပါတယ် တကယ်တော့ ရေဘုရင်ကြီး Poseidon က အလှအပကြိုက်တတ်လွန်းသူဖြစ်ပြီး ခရုအချွဲအကျိတွေနဲ့ ပေါင်းတင်လေ့ရှိသူပါသူ့တိုင်းပြည်က ခရုတွေ ကုန်သွားတဲ့နောက်တော့ ခရုရှာဖို့ ဆုချကြေညာစာထုတ်ပါတော့တယ်
ဒီကြေညာစာတွေ Bikini Bottom ကို ရောက်လာပြီး Kraby Patty လျှို့ဝှက်ဖော်မြူလာကိုခိုးယူဖို့ အမြဲကြိုးစားနေတဲ့ Plankton တစ်ယောက် ကြေညာစာကို တွေ့သွားတဲ့အချိန်မှာတော့ ဒါကို အသုံးချပြီး Spongebob ကိုပထုတ်ပါတော့တယ်
ဒီလိုနဲ့ Spongebob တို့ သူ့ခရုလေး Gary ကို ပြန်ရဖို့ ကြိုးပမ်းပုံကို ချစ်စရာ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ပရိသတ်အချစ်တော် Keanu Reeves ကြီးလည်း ပါ၀င်အားဖြည့်ထားတဲ့ တကယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ
Zawgyi
Spongebob squarepants ကို ကေလးတိုင္းခ်စ္ၾကသလို လူႀကီးတိုင္း ျမတ္ႏိုးၾကတယ္ အထူးတလည္ၫႊန္းစရာလိုမယ္ မထင္ပါဘူး
Spongebob နဲ႔ သူ႔သူငယ္ခ်င္းတစ္သိုက္ Krusty Krab ဆိုင္ရွင္ႀကီး Mr. Krab အၿမဲအႀကံဆိုးေတြထုတ္ေနတဲ့ Plankton စသျဖင့္ ဇာတ္ေကာင္ေတြနဲ႔ ၾကည့္ခ်င္စရာဇာတ္လမ္းေလးျဖစ္ေအာင္ အမ်ိဳးစုံႀကိဳးခုန္ၿပီး တင္ဆက္သြားပါတယ္
ဇာတ္လမ္းေလးအေနနဲ႔ကေတာ့ Spongebob ေလးတစ္ေယာက္ သူ႔ခ႐ုေလး Gary ေပ်ာက္သြားရာကေန အစခ်ီထားပါတယ္ တကယ္ေတာ့ ေရဘုရင္ႀကီး Poseidon က အလွအပႀကိဳက္တတ္လြန္းသူျဖစ္ၿပီး ခ႐ုအခြၽဲအက်ိေတြနဲ႔ ေပါင္းတင္ေလ့ရွိသူပါသူ႔တိုင္းျပည္က ခ႐ုေတြ ကုန္သြားတဲ့ေနာက္ေတာ့ ခ႐ုရွာဖို႔ ဆုခ်ေၾကညာစာထုတ္ပါေတာ့တယ္
ဒီေၾကညာစာေတြ Bikini Bottom ကို ေရာက္လာၿပီး Kraby Patty လွ်ိဳ႕ဝွက္ေဖာ္ျမဴလာကိုခိုးယူဖို႔ အၿမဲႀကိဳးစားေနတဲ့ Plankton တစ္ေယာက္ ေၾကညာစာကို ေတြ႕သြားတဲ့အခ်ိန္မွာေတာ့ ဒါကို အသုံးခ်ၿပီး Spongebob ကိုပထုတ္ပါေတာ့တယ္
ဒီလိုနဲ႔ Spongebob တို႔ သူ႔ခ႐ုေလး Gary ကို ျပန္ရဖို႔ ႀကိဳးပမ္းပုံကို ခ်စ္စရာ တင္ဆက္ထားတဲ့ ဇာတ္လမ္းေလးပဲ ျဖစ္ပါတယ္ ပရိသတ္အခ်စ္ေတာ္ Keanu Reeves ႀကီးလည္း ပါ၀င္အားျဖည့္ထားတဲ့ တကယ့္ဇာတ္လမ္းေကာင္းေလးတစ္ပုဒ္ပါ

(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download