The Tale of the Princess Kaguya (2013)

14047
Share
Copy the link

ပုံပြင်တွေ ၊ ဒဏ္ဍာရီတွေဆိုတာ ကျွန်မတို့ ကလေးဘဝရဲ့ အသည်းစွဲအမှတ်တရတွေပါ။ငယ်ငယ်တုန်းက လူကြီးတွေပြောပြခဲ့တဲ့ အိပ်ရာဝင်ပုံပြင်တွေ၊ ကြားဖူးနားဝရှိနေခဲ့တဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေ… ငယ်ဘဝဆိုတာ ဒါတွေနဲ့ ဖြတ်သန်းကြီးပြင်းလာကြရတာမဟုတ်လား?

ကျွန်မအတွက်တော့ KAGUYAမင်းသမီးဟာ ငယ်စဥ်ကာလရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဝါးပင်ကနေ မွေးဖွားလာတဲ့ မင်းသမီးလေးဆိုတာ ၂၀၁၄ရုပ်ရှင်မထွက်ခင်ကတည်းက ဂျပန်ရိုးရာပုံပြင်အဖြစ် စာအုပ်တွေထဲမှာ ဖတ်ဖူးပြီးသားပါ။

ရုပ်ရှင်ထွက်လာတော့လည်း သူငယ်ချင်းတွေက Cinderella, Sleeping Beauty စတဲ့ ဒစ်စနေးကာတွန်းတွေကို သဘောကျကြချိန်မှာ ကျွန်မကတော့ MNTVမှာ ခဏခဏပြတဲ့ THE TALE OF PRINCESS KAGUYAကို စွဲလမ်းခဲ့ဖူးပါတယ်။

Studio Ghilibiဆိုတာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း animeတွေ မွေးဖွားရာနေရာတစ်ခုပါ။ Studio Ghilibiလို့ပြောလိုက်ရင် အများစုက တည်ထောင်သူ မီယာဇကီကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကားက တွဲဖက်တည်ထောင်သူ တာကာဟာတာရဲ့ လက်ရာဖြစ်ပါတယ်။

ဒါကြောင့်လည်း မီယာဇကီရဲ့ ပုံမှန်စတိုင်မဟုတ်ဘဲ ရှေးဟောင်းပန်းချီတစ်ချပ်ကို ရင်တလှပ်လှပ်နဲ့ ၂နာရီကြာ အဓိပ္ပါယ်ဖော်နေရသလို မသေမသပ်ခံစားချက်မျိုး ရပါလိမ့်မယ်။ သူပေးချင်တဲ့ messageကတော့ ရှင်းပါတယ်။

“သဘာဝတရားကို တန်ဖိုးထားပါ” ဆိုတာပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ဟာ messageတစ်ခုသိသွားတယ်ဆိုတာထက်ကို ပိုပြီး နက်ရှိုင်းပါတယ်။ အခြေအနေ အချိန်အခါကို လိုက်ပြီး ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်တဲ့ ဇာတ်ဝင်တေးဟာ ဒီရုပ်ရှင်ရဲ့ အသက်လို့ ပြောလို့ရပါတယ်။

စာသားရိုးရိုးရှင်းရှင်းလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ သာမန်လယ်တောသီချင်းလေးဟာ Kaguyaနဲ့ တွေ့မှ နှလုံးသားထဲကို ကျောက်စမ်းရေလို စိမ့်ဝင်သွားတာ သေချာပေါက် ခံစားမိပါလိမ့်မယ်။ ဘယ်နှခါခါကြည့်ကြည့် မရိုးတဲ့ လှပလွန်းသော masterpiece ပါပဲ။

Zawgyi

ပုံျပင္ေတြ ၊ ဒ႑ာရီေတြဆိုတာ ကြၽန္မတို႔ ကေလးဘဝရဲ႕ အသည္းစြဲအမွတ္တရေတြပါ။ငယ္ငယ္တုန္းက လူႀကီးေတြေျပာျပခဲ့တဲ့ အိပ္ရာဝင္ပုံျပင္ေတြ၊ ၾကားဖူးနားဝရွိေနခဲ့တဲ့ ဒ႑ာရီဇာတ္လမ္းေတြ… ငယ္ဘဝဆိုတာ ဒါေတြနဲ႔ ျဖတ္သန္းႀကီးျပင္းလာၾကရတာမဟုတ္လား?

ကြၽန္မအတြက္ေတာ့ KAGUYAမင္းသမီးဟာ ငယ္စဥ္ကာလရဲ႕ အစိတ္အပိုင္းတစ္ခုပါပဲ။ ဝါးပင္ကေန ေမြးဖြားလာတဲ့ မင္းသမီးေလးဆိုတာ ၂၀၁၄႐ုပ္ရွင္မထြက္ခင္ကတည္းက ဂ်ပန္႐ိုးရာပုံျပင္အျဖစ္ စာအုပ္ေတြထဲမွာ ဖတ္ဖူးၿပီးသားပါ။

႐ုပ္ရွင္ထြက္လာေတာ့လည္း သူငယ္ခ်င္းေတြက Cinderella, Sleeping Beauty စတဲ့ ဒစ္စေနးကာတြန္းေတြကို သေဘာက်ၾကခ်ိန္မွာ ကြၽန္မကေတာ့ MNTVမွာ ခဏခဏျပတဲ့ THE TALE OF PRINCESS KAGUYAကို စြဲလမ္းခဲ့ဖူးပါတယ္။

Studio Ghilibiဆိုတာ ဂ်ပန္ႏိုင္ငံရဲ႕ ထိပ္တန္း animeေတြ ေမြးဖြားရာေနရာတစ္ခုပါ။ Studio Ghilibiလို႔ေျပာလိုက္ရင္ အမ်ားစုက တည္ေထာင္သူ မီယာဇကီကိုပဲ ေျပးျမင္တတ္ၾကပါတယ္။ ဒါေပမဲ့ ဒီ႐ုပ္ရွင္ကားက တြဲဖက္တည္ေထာင္သူ တာကာဟာတာရဲ႕ လက္ရာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း မီယာဇကီရဲ႕ ပုံမွန္စတိုင္မဟုတ္ဘဲ ေရွးေဟာင္းပန္းခ်ီတစ္ခ်ပ္ကို ရင္တလွပ္လွပ္နဲ႔ ၂နာရီၾကာ အဓိပၸါယ္ေဖာ္ေနရသလို မေသမသပ္ခံစားခ်က္မ်ိဳး ရပါလိမ့္မယ္။ သူေပးခ်င္တဲ့ messageကေတာ့ ရွင္းပါတယ္။

“သဘာဝတရားကို တန္ဖိုးထားပါ” ဆိုတာပါပဲ။ ဒါေပမဲ့ ဒီ႐ုပ္ရွင္ဟာ messageတစ္ခုသိသြားတယ္ဆိုတာထက္ကို ပိုၿပီး နက္ရႈိင္းပါတယ္။ အေျခအေန အခ်ိန္အခါကို လိုက္ၿပီး ခံစားခ်က္အမ်ိဳးမ်ိဳးေပးစြမ္းႏိုင္တဲ့ ဇာတ္ဝင္ေတးဟာ ဒီ႐ုပ္ရွင္ရဲ႕ အသက္လို႔ ေျပာလို႔ရပါတယ္။

စာသား႐ိုး႐ိုးရွင္းရွင္းေလးေတြနဲ႔ ဖြဲ႕စည္းထားတဲ့ သာမန္လယ္ေတာသီခ်င္းေလးဟာ Kaguyaနဲ႔ ေတြ႕မွ ႏွလုံးသားထဲကို ေက်ာက္စမ္းေရလို စိမ့္ဝင္သြားတာ ေသခ်ာေပါက္ ခံစားမိပါလိမ့္မယ္။ ဘယ္ႏွခါခါၾကည့္ၾကည့္ မ႐ိုးတဲ့ လွပလြန္းေသာ masterpiece ပါပဲ။

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

disk.yandex.com (Disk Yandex) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *