The Therapist : Fist of Tae-baek 2020

15816
Share
Copy the link

ဒီဇာတ်ကားကတော့ ကိုရီးယားနိုင်ငံရဲ့ရိုးရာကိုယ်ခံပညာနဲ့ တိုက်ခိုက်ပုံ ရိုးရာအကြောပြင်ပညာရပ်အစရှိတာတွေကိုစိတ်ဝင်စားဖို့ကောင်းအောင်ဇာတ်လမ်းဆင်ထားတဲ့ Comedy/Dramaကားဖြစ်ပါတယ်။၂၀၂၀ခုနှစ်ထဲမှာပဲထွက်ရှိထားပြီး မင်းသားကြီး Oh Ji ho ပါဝင်ထားတဲ့ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။

ဇာတ်လမ်းကိုပြောရရင် ဆောင်းဂျွန်ဆိုတဲ့သူကကိုရီးယားကိုယ်ခံပညာကိုတောင်ပေါ်က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာသင်ယူနေသူဖြစ်ပြီးကိုယ်ခံပညာရပ်မှာတစ်ဖက်လူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအကြောနေရာကအစသိပြီးတစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်ပါတယ်။

တစ်ရက်နောက်ဆုံးအတော်ဆုံးပညာရှင်ရွေးပွဲနေ့မှာ သူနဲ့ညီအစ်ကိုအရင်းလိုခင်ရတဲ့သူရုတ်တရက်ပျောက်ဆုံးသွားပြီးနောက်မှာ သူဘဝကြီးလည်းအတော်ဆုံးဆိုတဲ့ နေရာနဲ့လွဲပြီးအပြောင်းလဲကြီးပြောင်းလဲခဲ့ရပါတော့တယ်။

ဒီကားထဲမှာ စိတ်ဝင်စားဖွယ်ကိုရီးယားကိုယ်ခံပညာရပ်တွေကို ပြသတဲ့အခါ မငြီးငွေ့ရအောင် အတိုက်အခိုက်ခန်းတွေအပြင်ဟာသလေးနှောထားလို့ ကြည့်လို့ကောင်းပါတယ်။လူခန္ဓာကိုယ်ကအရိုးအကြောတွေကိုလိုသလိုပြုပြင်ပြီး အနှိပ်ပညာတစ်ခုနဲ့တင် ပုံသွင်းလို့ရတယ်ဆိုတာကိုလည်းတွေ့ရမှာပါ။

ဇာတ်လမ်းလည်းမဆိုးသလို ဖိုက်တင်ကားကြိုက်တဲ့သူတွေအတွက်အတိုက်အခိုက်အခန်းလေးတွေနဲ့အတူလေ့လာစရာလေးတွေပါလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။

Zawgyi

ဒီဇာတ္ကားကေတာ့ ကိုရီးယားႏိုင္ငံရဲ႕႐ိုးရာကိုယ္ခံပညာနဲ႔ တိုက္ခိုက္ပုံ ႐ိုးရာအေၾကာျပင္ပညာရပ္အစရွိတာေတြကိုစိတ္ဝင္စားဖို႔ေကာင္းေအာင္ဇာတ္လမ္းဆင္ထားတဲ့ Comedy/Dramaကားျဖစ္ပါတယ္။၂၀၂၀ခုႏွစ္ထဲမွာပဲထြက္ရွိထားၿပီး မင္းသားႀကီး Oh Ji ho ပါဝင္ထားတဲ့ကားေကာင္းေလးတစ္ကားလည္းျဖစ္ပါတယ္။

ဇာတ္လမ္းကိုေျပာရရင္ ေဆာင္းဂြၽန္ဆိုတဲ့သူကကိုရီးယားကိုယ္ခံပညာကိုေတာင္ေပၚက ဘုန္းေတာ္ႀကီးေက်ာင္းတစ္ခုမွာသင္ယူေနသူျဖစ္ၿပီးကိုယ္ခံပညာရပ္မွာတစ္ဖက္လူရဲ႕ ခႏၶာကိုယ္အစိတ္အပိုင္းအေၾကာေနရာကအစသိၿပီးတစ္ဖက္ကမ္းခတ္ကြၽမ္းက်င္သူတစ္ေယာက္လည္းျဖစ္ပါတယ္။

တစ္ရက္ေနာက္ဆုံးအေတာ္ဆုံးပညာရွင္ေ႐ြးပြဲေန႔မွာ သူနဲ႔ညီအစ္ကိုအရင္းလိုခင္ရတဲ့သူ႐ုတ္တရက္ေပ်ာက္ဆုံးသြားၿပီးေနာက္မွာ သူဘဝႀကီးလည္းအေတာ္ဆုံးဆိုတဲ့ ေနရာနဲ႔လြဲၿပီးအေျပာင္းလဲႀကီးေျပာင္းလဲခဲ့ရပါေတာ့တယ္။

ဒီကားထဲမွာ စိတ္ဝင္စားဖြယ္ကိုရီးယားကိုယ္ခံပညာရပ္ေတြကို ျပသတဲ့အခါ မၿငီးေငြ႕ရေအာင္ အတိုက္အခိုက္ခန္းေတြအျပင္ဟာသေလးေႏွာထားလို႔ ၾကည့္လို႔ေကာင္းပါတယ္။လူခႏၶာကိုယ္ကအ႐ိုးအေၾကာေတြကိုလိုသလိုျပဳျပင္ၿပီး အႏွိပ္ပညာတစ္ခုနဲ႔တင္ ပုံသြင္းလို႔ရတယ္ဆိုတာကိုလည္းေတြ႕ရမွာပါ။

ဇာတ္လမ္းလည္းမဆိုးသလို ဖိုက္တင္ကားႀကိဳက္တဲ့သူေတြအတြက္အတိုက္အခိုက္အခန္းေလးေတြနဲ႔အတူေလ့လာစရာေလးေတြပါလို႔ ၾကည့္သင့္တဲ့ ဇာတ္ကားေလးတစ္ကားလည္းျဖစ္ပါတယ္။

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

disk.yandex.com (Disk Yandex) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *