The Tree of Blood (2018)

13642
Share
Copy the link

ရီဘီကာ နဲ့ မာ့ခ် တို့စုံတွဲနှစ်ယောက်ဟာ သူတို့နှစ်ဦးနှစ်ဖက်ကမိသားစုတွေရဲ့ အမှတ်တရတွေလွှမ်းခြုံထားတဲ့ဘက်စ်ခ်ပြည်နယ် ကျေးလက်ဒေသက လယ်ကွင်းအိမ်လေးတစ်လုံးဆီ ရောက်လာကြပါတယ်။အဲ့အိမ်မှာမိသားစုကိုယ်စီရဲ့အဖြစ်အပျက်တွေကို အပြန်အလှန်ပြောပြပြီး ဖြစ်ရပ်တွေချိတ်ဆက်နေပုံကို အဖြေရှာကြဖို့ဖြစ်ပါတယ်။

ရီဘီကာဟာ အဆိုတော်မိန်းကလေးတစ်ယောက်ရဲ့သမီးဖြစ်ပြီး ဖခင်ကိုမသိရပဲမွေးလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ ရီဘီကာရဲ့အမေနဲ့ ဗစ်တာဆိုတဲ့လူတစ်ယောက်တွေ့ပြီး လက်တွဲခဲ့ကြပါတယ်။ ဗစ်တာရဲ့ညီဖြစ်သူအိုလ်မိုရဲ့မင်္ဂလာပွဲမှာ ရီဘီကာနဲ့ မာ့ခ်တို့ စတွေ့ပြီးချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။

မာ့ခ်ရဲ့အမေဟာ ဗစ်တာရဲ့ညီအိုလ်မိုရဲ့ဇနီးဖြစ်သူ စာရေးဆရာမ အမ်မိုင်ယာရဲ့အယ်ဒီတာဖြစ်ပြီးအိုလ်မိုရော ဇနီးဖြစ်သူအမ်မိုင်ယာနဲ့ပါ ပတ်သတ်ခဲ့ဖူးသူဖြစ်ပါတယ်။ဒီအထိဆိုရင် ဒီစာကိုဖတ်နေတဲ့သူလည်းခေါင်းရှုပ်နေလောက်ပါတယ်။ ဒီဇာတ်ကားကိုဝေဖန်သူတွေကလည်း ကြည့်ရှုသူအတွက်တော်တော်ရှုပ်ထွေးတယ်လို့ဝေဖန်ထားကြပါတယ်။

ဒါပေမယ့်အချိန်ပေးပြီးသေသေချာချာကြည့်နိုင်ရင်တော့တော်တော်စိတ်ဝင်စားစရာကောင်းတာတွေ့ရမှာပါ။ရီဘီကာ နဲ့မာ့ခ်တို့ မိသားစုအဖြစ်အပျက်တွေပြောကြရင်းနာကျင်စရာအမှန်တရားတွေ ပေါ်လာပြီးမိသားစုရဲ့မှောင်မိုက်နက်နဲတဲ့ လျှို့ဝှက်ချက်ကြီးကိုသိရဖို့လမ်းစပေါ်လာပါတော့တယ်။

ဒီကားဟာ စပိန်နိုင်ငံကဇာတ်ကားဖြစ်ပြီးမိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့ 18+တွေ၊သတ်ဖြတ်တာတွေ၊အဆုံးစီရင်တာတွေပါပါတယ်။ကြည့်ပြီးရင်စိတ်ထဲတစ်မျိုးကြီးကျန်နေခဲ့တဲ့အခန်းမျိုးတွေလည်းပါပါတယ်။ရှုပ်ရှုပ်ထွေးထွေးစဥ်းစားရင်းကြည့်ပြီးအဖြေရှာရတဲ့ဇာတ်လမ်းနက်နဲတဲ့ဇာတ်ကားတွေကိုမှကြိုက်တယ်ဆိုရင်တော့လက်လွှတ်မခံဖို့ပြောချင်ပါတယ်။

Zawgyi

ရီဘီကာ နဲ႔ မာ့ခ္ တို႔စုံတြဲႏွစ္ေယာက္ဟာ သူတို႔ႏွစ္ဦးႏွစ္ဖက္ကမိသားစုေတြရဲ႕ အမွတ္တရေတြလႊမ္းၿခဳံထားတဲ့ဘက္စ္ခ္ျပည္နယ္ ေက်းလက္ေဒသက လယ္ကြင္းအိမ္ေလးတစ္လုံးဆီ ေရာက္လာၾကပါတယ္။အဲ့အိမ္မွာမိသားစုကိုယ္စီရဲ႕အျဖစ္အပ်က္ေတြကို အျပန္အလွန္ေျပာျပၿပီး ျဖစ္ရပ္ေတြခ်ိတ္ဆက္ေနပုံကို အေျဖရွာၾကဖို႔ျဖစ္ပါတယ္။

ရီဘီကာဟာ အဆိုေတာ္မိန္းကေလးတစ္ေယာက္ရဲ႕သမီးျဖစ္ၿပီး ဖခင္ကိုမသိရပဲေမြးလာခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။တစ္ေန႔မွာ ရီဘီကာရဲ႕အေမနဲ႔ ဗစ္တာဆိုတဲ့လူတစ္ေယာက္ေတြ႕ၿပီး လက္တြဲခဲ့ၾကပါတယ္။ ဗစ္တာရဲ႕ညီျဖစ္သူအိုလ္မိုရဲ႕မဂၤလာပြဲမွာ ရီဘီကာနဲ႔ မာ့ခ္တို႔ စေတြ႕ၿပီးခ်စ္ႀကိဳက္ခဲ့ၾကတာျဖစ္ပါတယ္။

မာ့ခ္ရဲ႕အေမဟာ ဗစ္တာရဲ႕ညီအိုလ္မိုရဲ႕ဇနီးျဖစ္သူ စာေရးဆရာမ အမ္မိုင္ယာရဲ႕အယ္ဒီတာျဖစ္ၿပီးအိုလ္မိုေရာ ဇနီးျဖစ္သူအမ္မိုင္ယာနဲ႔ပါ ပတ္သတ္ခဲ့ဖူးသူျဖစ္ပါတယ္။ဒီအထိဆိုရင္ ဒီစာကိုဖတ္ေနတဲ့သူလည္းေခါင္းရႈပ္ေနေလာက္ပါတယ္။ ဒီဇာတ္ကားကိုေဝဖန္သူေတြကလည္း ၾကည့္ရႈသူအတြက္ေတာ္ေတာ္ရႈပ္ေထြးတယ္လို႔ေဝဖန္ထားၾကပါတယ္။

ဒါေပမယ့္အခ်ိန္ေပးၿပီးေသေသခ်ာခ်ာၾကည့္ႏိုင္ရင္ေတာ့ေတာ္ေတာ္စိတ္ဝင္စားစရာေကာင္းတာေတြ႕ရမွာပါ။ရီဘီကာ နဲ႔မာ့ခ္တို႔ မိသားစုအျဖစ္အပ်က္ေတြေျပာၾကရင္းနာက်င္စရာအမွန္တရားေတြ ေပၚလာၿပီးမိသားစုရဲ႕ေမွာင္မိုက္နက္နဲတဲ့ လွ်ိဳ႕ဝွက္ခ်က္ႀကီးကိုသိရဖို႔လမ္းစေပၚလာပါေတာ့တယ္။

ဒီကားဟာ စပိန္ႏိုင္ငံကဇာတ္ကားျဖစ္ၿပီးမိသားစုနဲ႔ၾကည့္ဖို႔မသင့္ေတာ္တဲ့ 18+ေတြ၊သတ္ျဖတ္တာေတြ၊အဆုံးစီရင္တာေတြပါပါတယ္။ၾကည့္ၿပီးရင္စိတ္ထဲတစ္မ်ိဳးႀကီးက်န္ေနခဲ့တဲ့အခန္းမ်ိဳးေတြလည္းပါပါတယ္။ရႈပ္ရႈပ္ေထြးေထြးစဥ္းစားရင္းၾကည့္ၿပီးအေျဖရွာရတဲ့ဇာတ္လမ္းနက္နဲတဲ့ဇာတ္ကားေတြကိုမွႀကိဳက္တယ္ဆိုရင္ေတာ့လက္လႊတ္မခံဖို႔ေျပာခ်င္ပါတယ္။

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *