The Tricky Master (1999)
16168ဒီကားကို တစ်ချို့ က Tricky Brains ဆိုတဲ့ ကား နဲ့ ရောနေတတ် ကြပါတယ်။သဘောတရားတူပေမယ့် ဇာတ် လမ်းက မတူပါဖူး။Tricky ဆိုတဲ့အဓိပ္ပာယ် လိမ်ညာမှု ၊လှည့်စားမှု ဆိုတဲ့စကားလုံးအရ နှစ်ကားလုံးက လိမ်ညာလှည့်စားတဲ့ဇာတ် ကားတွေပါ။
၁၉၉၉ ခုနှစ် ၈ လပိုင်း ၅ရက်နေ့မှာ ထွက်ရှိခဲ့ ပြီးBox Office ကတော့ HKD ၁၉ မီလီယံကျော် ရရှိခဲ့ပါတယ်။Imdb Rating လဲ 5.8 ရရှိထားတဲ့ ၂၀၀၀ မပြည့်မှီ ချောင်ရဲ့နောက်ဆုံးကားလို့ဆိုရပါမယ်။၂၀၀၀ ပြည့်နှစ်ကျော်ပြီးကထဲက Chow ရဲ့ ဇာတ်ကားတွေအလွန်နည်းပါတယ်။
KungFu Hustle , Shaloin Soccer, Cj 7 စတဲ့ဇာတ်ကားတွေမှာ ပဲ ချောင်ဟာ အကွက်စိတ်ပါ၀င်ပြီး ကိုယ်တိုင်ပါ၀င်ခြင် နည်းပါးလာပါတယ်။
___________________
ခေါင်းစဉ်အတိုင်းTricky Master (လှည့်စားဆရာကြီး) Chow ကို မြင်တွေ့ရမှာဖြစ်ပြီး Nick Cheung ( နစ် ချန်း ) ဆိုတဲ့ မင်းသား တစ်ယောက် နဲ့ တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။-ထောင်ကထွက်လာတယ့် လှည့်စားဘုရင် ချောင်။(Chow)
-အမှု လိုက်ရာမှာ ကျွမ်း ကျင်မှု မရှိ ပဲ အလွဲ အမှား ဖြစ်တဲ့ သူ့ရဲ့ ယောက်ဖ(ရဲဝန်ထမ်း)။(Nick cheung)-ယောက်ဖရဲ့ အမှု တွေ ကို လှည့်စားနည်းပညာတွေနဲ့ ဘယ်လို အကူညီပေးမယ်? လှည့်စားနည်းတွေဘယ်လိုသုံးပြီး ဘယ်လို အနိုင်ယူ မယ်ဆိုတာတွေကို ကြည့်ရမှာပါ။
ဒီကားမှာဆိုရင် ချောင်ရဲ့ Tricky Brains ကားထဲကလို လှည့်စားတတွကို တွေ့ရမယ် ။Gamblers Series ထဲကလို ဖဲ လောင်းကစားနည်းတွေ နှင့် အမှုလိုက် အက်ရှင် အခန်း လေးပါထည့်ထားတဲ့( Comedy,Crime ,Gambling) ၃ခုလုံးပါ၀င်တဲ့ ဇာတ်ကားလေးပါ။
ဒီTricky Master 1999 ဟာ ချောင်နဲ့ဝေါင်ကျင်းတို့ရဲ့ နောက်ဆုံး ဇာတ်ကားဖြစ်ခဲ့ပါတယ်။ဒီကာပြီးကထဲကချောင်ဟာ ကိုယ်တိုင်ရိုက်ကူး၊သရုပ်ဆောင်လာပြီး အခုထိလက္မတွဲတော့ပါဘူး။ အပြင်မှာ တွေ့ဆုံမှုလဲ အလွန်နည်းပါးပြီး အဆက်သွယ်ပြတ်ခဲ့တယ်လို့ interviewတစ်ခုမှာ ဖတ်ရပါတယ်။
Wong Jing သည် ယခု အသက် ၆၄ နှစ်ဝန်းကျင်ရှိတဲ့ Producer,Director, Presenter, Actor တစ်ယောက် ဖြစ်ပါတယ် ။သူသည် ယခုချိန်ထိ ဇာတ်ကားပေါင်း ခန့်မှန်းချေ ၁၇၅ ကားကို ရိုက်ကူး၊ထုတ်လုပ် ခဲ့ ပြီးသူကိုယ်တိုင်လဲ တချို့ကားတွေမှာ တတ်နိုင်သလောက် ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီကားတွင် လည်း Wong Jing သည် ဗီလိန် နေရာ ၌ ပါဝင် သရုပ်ဆောင် ထား တာ ကို မြင်ရမှာဖြစ်ပါတယ်။ (ဖဲ ယှဉ် က စားသည့် ခပ်ဝ ဝ လူဆိုး ဂိုဏ်းဆရာကြီးသည် ဒီကားရဲ့ ဒါရိုက်တာပဲဖြစ်ပါတယ်။)
သူကိုယ်တိုင်ရိုက်ပြီး သူကိုယ်တိုင် ဝင် သရုပ်ဆောင်ထားတာ မျိုး ပေါ့ ။ဒါဟာဒီကားမှမဟုတ်ပါဘူး။Chow ရဲ့ ကားတိုင်းလိုလိုမှာ လူဆိုး ဗီလိန်အနေဖြင့် ပါ၀င်သရုပ်ဆောင်ထားတာ ကို သတိထားတွေ့နိုင်ပါတယ်။
Zawgyi
ဒီကားကို တစ္ခ်ိဳ႕ က Tricky Brains ဆိုတဲ့ ကား နဲ႔ ေရာေနတတ္ ၾကပါတယ္။သေဘာတရားတူေပမယ့္ ဇာတ္ လမ္းက မတူပါဖူး။Tricky ဆိုတဲ့အဓိပၸာယ္ လိမ္ညာမႈ ၊လွည့္စားမႈ ဆိုတဲ့စကားလုံးအရ ႏွစ္ကားလုံးက လိမ္ညာလွည့္စားတဲ့ဇာတ္ ကားေတြပါ။
၁၉၉၉ ခုႏွစ္ ၈ လပိုင္း ၅ရက္ေန႔မွာ ထြက္ရွိခဲ့ ၿပီးBox Office ကေတာ့ HKD ၁၉ မီလီယံေက်ာ္ ရရွိခဲ့ပါတယ္။Imdb Rating လဲ 5.8 ရရွိထားတဲ့ ၂၀၀၀ မျပည့္မွီ ေခ်ာင္ရဲ႕ေနာက္ဆုံးကားလို႔ဆိုရပါမယ္။၂၀၀၀ ျပည့္ႏွစ္ေက်ာ္ၿပီးကထဲက Chow ရဲ႕ ဇာတ္ကားေတြအလြန္နည္းပါတယ္။
KungFu Hustle , Shaloin Soccer, Cj 7 စတဲ့ဇာတ္ကားေတြမွာ ပဲ ေခ်ာင္ဟာ အကြက္စိတ္ပါ၀င္ၿပီး ကိုယ္တိုင္ပါ၀င္ျခင္ နည္းပါးလာပါတယ္။
___________________
ေခါင္းစဥ္အတိုင္းTricky Master (လွည့္စားဆရာႀကီး) Chow ကို ျမင္ေတြ႕ရမွာျဖစ္ၿပီး Nick Cheung ( နစ္ ခ်န္း ) ဆိုတဲ့ မင္းသား တစ္ေယာက္ နဲ႔ တြဲဖက္သ႐ုပ္ေဆာင္ထားတာျဖစ္ပါတယ္။-ေထာင္ကထြက္လာတယ့္ လွည့္စားဘုရင္ ေခ်ာင္။(Chow)
-အမႈ လိုက္ရာမွာ ကြၽမ္း က်င္မႈ မရွိ ပဲ အလြဲ အမွား ျဖစ္တဲ့ သူ႔ရဲ႕ ေယာက္ဖ(ရဲဝန္ထမ္း)။(Nick cheung)-ေယာက္ဖရဲ႕ အမႈ ေတြ ကို လွည့္စားနည္းပညာေတြနဲ႔ ဘယ္လို အကူညီေပးမယ္? လွည့္စားနည္းေတြဘယ္လိုသုံးၿပီး ဘယ္လို အႏိုင္ယူ မယ္ဆိုတာေတြကို ၾကည့္ရမွာပါ။
ဒီကားမွာဆိုရင္ ေခ်ာင္ရဲ႕ Tricky Brains ကားထဲကလို လွည့္စားတတြကို ေတြ႕ရမယ္ ။Gamblers Series ထဲကလို ဖဲ ေလာင္းကစားနည္းေတြ ႏွင့္ အမႈလိုက္ အက္ရွင္ အခန္း ေလးပါထည့္ထားတဲ့( Comedy,Crime ,Gambling) ၃ခုလုံးပါ၀င္တဲ့ ဇာတ္ကားေလးပါ။
ဒီTricky Master 1999 ဟာ ေခ်ာင္နဲ႔ေဝါင္က်င္းတို႔ရဲ႕ ေနာက္ဆုံး ဇာတ္ကားျဖစ္ခဲ့ပါတယ္။ဒီကာၿပီးကထဲကေခ်ာင္ဟာ ကိုယ္တိုင္႐ိုက္ကူး၊သ႐ုပ္ေဆာင္လာၿပီး အခုထိလကၼတြဲေတာ့ပါဘူး။ အျပင္မွာ ေတြ႕ဆုံမႈလဲ အလြန္နည္းပါးၿပီး အဆက္သြယ္ျပတ္ခဲ့တယ္လို႔ interviewတစ္ခုမွာ ဖတ္ရပါတယ္။
Wong Jing သည္ ယခု အသက္ ၆၄ ႏွစ္ဝန္းက်င္ရွိတဲ့ Producer,Director, Presenter, Actor တစ္ေယာက္ ျဖစ္ပါတယ္ ။သူသည္ ယခုခ်ိန္ထိ ဇာတ္ကားေပါင္း ခန္႔မွန္းေခ် ၁၇၅ ကားကို ႐ိုက္ကူး၊ထုတ္လုပ္ ခဲ့ ၿပီးသူကိုယ္တိုင္လဲ တခ်ိဳ႕ကားေတြမွာ တတ္ႏိုင္သေလာက္ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။
ဒီကားတြင္ လည္း Wong Jing သည္ ဗီလိန္ ေနရာ ၌ ပါဝင္ သ႐ုပ္ေဆာင္ ထား တာ ကို ျမင္ရမွာျဖစ္ပါတယ္။ (ဖဲ ယွဥ္ က စားသည့္ ခပ္ဝ ဝ လူဆိုး ဂိုဏ္းဆရာႀကီးသည္ ဒီကားရဲ႕ ဒါ႐ိုက္တာပဲျဖစ္ပါတယ္။)
သူကိုယ္တိုင္႐ိုက္ၿပီး သူကိုယ္တိုင္ ဝင္ သ႐ုပ္ေဆာင္ထားတာ မ်ိဳး ေပါ့ ။ဒါဟာဒီကားမွမဟုတ္ပါဘူး။Chow ရဲ႕ ကားတိုင္းလိုလိုမွာ လူဆိုး ဗီလိန္အေနျဖင့္ ပါ၀င္သ႐ုပ္ေဆာင္ထားတာ ကို သတိထားေတြ႕ႏိုင္ပါတယ္။


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Disk Yandex) Large Size ~ Download
(Disk Yandex) Small Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download