The Turning (2020)
13914ညအချိန်ကြီး အလယ်ခေတ်Gothic ပုံ အဆောက်အဦးတခုအတွင်းမှမိန်းကလေးတယောက် ထွက်ပြေးလာပြီးကားတံခါးကို အလျင်အမြန်ဖွင့်ကာ မောင်းပြေးသည်။အိမ်ကြီးထဲတွင်တော့ ကလေးတယောက်က ပြတင်းပေါက်မှ ကြည့်နေပြန်တယ်။
ကားလေးက ခြံဝင်းတံခါးဆီအရောက်တွင်တော့တံခါးပိတ်ထားတာကြောင့် ရပ်သွားရတော့တယ်။အထဲမှ မိန်းကလေးထွက်လာပြီး တံခါးပွင့်အောင်လုပ်လိုက်နိုင်တယ်။တံခါးပွင့်လို့ ကားဆီပြန်သွားပြီး ကားတံခါးဖွင့်မယ်အလုပ်ကားဘေးမှန်ထဲပေါ်လာတာကတော့…..သူကတော့ သူ့အခန်းဖော်ကို ကြိုမပြောမိလို့ တောင်းပန်နေရတယ်။
သူအလုပ်လုပ်တဲ့ကျောင်းကနေ ထွက်ပြီး ကလေးမလေးတယောက်ကိုထိန်းပေးဖို့ ကျောင်းကလူတွေကပဲ အလုပ်ရှာပေးလိုက်ကြတယ်။ရုတ်တရက်ကြီးဆိုတော့ သူ့အခန်းဖော်ကိုလည်း ပြောပြီးပြီးချင်းသူလည်း အလုပ်ကိုသွားရတော့မယ်။
အလုပ်ကတော့ လုပ်တဲ့ဆီမှာပဲ နေရမှာဆိုတော့ အခန်းဖော်ကတော့သူမရှိတော့မှာကို စိတ်မကောင်းတော့ တဖျစ်တောက်တောက်ပေါ့။သူ့အမေဆီကိုလည်း သူမသွားခင် နှုတ်ဆက်သွားရအုံးမယ်။
ဒီလိုနဲ့ သူနေရမယ့်ဆီ ရောက်လာတယ်။အိမ်ကြီးကတော့ ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာရှိပြီးရှေးခေတ်အိမ်ကြီးပဲ နေတဲ့သူကတော့ အိမ်တော်ထိန်းခေါ်ရမယ့်အမျိုးသမီးကြီးတယောက်နဲ့ ကလေးမလေးပဲနေတယ်။ကလေးမလေး အစ်ကိုကတော့ ဘော်ဒါကျောင်းမှာနေတော့ မရှိဘူး။
ရောက်တဲ့ညမှာပဲ ကလေးမလေးကို သိပ်ပြီး အိပ်ရာအရောက်မှာစကားပြောသံတွေကြားလို့ သွားကြည့်ရင်း ကလေးမလေးအစ်ကိုပြန်ရောက်လာတာနဲ့ ရုတ်တရက်တွေ့ကြတယ်။သူကြားရတဲ့စကားသံတွေက ဘယ်ကလဲ တကယ်ရောကြားရတာလား။
ကလေးမလေးကရော သူနဲ့အဆင်ပြေပါ့မလားသူ့အစ်ကိုကောင်လေးကရော ဘာလို့ရောက်လာတာလဲ ။အရင်တုန်းကရော ဒီအိမ်ကြီးမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကိုဆက်လက်ကြည့်ရှုခံစားလိုက်ကြပါအုံး။ထိတ်လန့်သဲဖိုဇာတ်လမ်းတွေထုံးစံအတိုင်းပဲ ရိုက်ထားတဲ့ကားပါပဲ။
ဘာမှတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။တခုပြောစရာရှိတာက Stranger Things ထဲက ကောင်လေး Mike ကဒီထဲမှာ ကလေးမလေးအစ်ကိုအဖြစ်သရုပ်ဆောင်ထားတာတခုပါပဲ။Imdb နဲ့ RT rating ကတော့ နည်းပေမယ့် အရမ်းကြီးဆိုးတယ်လည်းမဟုတ်Horrorကားလည်းကြည့်ချင်တယ်ဆိုရင် မဆိုးပါဘူးလို့ပြောရမယ့်ကားလေးပါပဲ။
Zawgyi
ညအခ်ိန္ႀကီး အလယ္ေခတ္Gothic ပုံ အေဆာက္အဦးတခုအတြင္းမွမိန္းကေလးတေယာက္ ထြက္ေျပးလာၿပီးကားတံခါးကို အလ်င္အျမန္ဖြင့္ကာ ေမာင္းေျပးသည္။အိမ္ႀကီးထဲတြင္ေတာ့ ကေလးတေယာက္က ျပတင္းေပါက္မွ ၾကည့္ေနျပန္တယ္။
ကားေလးက ၿခံဝင္းတံခါးဆီအေရာက္တြင္ေတာ့တံခါးပိတ္ထားတာေၾကာင့္ ရပ္သြားရေတာ့တယ္။အထဲမွ မိန္းကေလးထြက္လာၿပီး တံခါးပြင့္ေအာင္လုပ္လိုက္ႏိုင္တယ္။တံခါးပြင့္လို႔ ကားဆီျပန္သြားၿပီး ကားတံခါးဖြင့္မယ္အလုပ္ကားေဘးမွန္ထဲေပၚလာတာကေတာ့…..သူကေတာ့ သူ႔အခန္းေဖာ္ကို ႀကိဳမေျပာမိလို႔ ေတာင္းပန္ေနရတယ္။
သူအလုပ္လုပ္တဲ့ေက်ာင္းကေန ထြက္ၿပီး ကေလးမေလးတေယာက္ကိုထိန္းေပးဖို႔ ေက်ာင္းကလူေတြကပဲ အလုပ္ရွာေပးလိုက္ၾကတယ္။႐ုတ္တရက္ႀကီးဆိုေတာ့ သူ႔အခန္းေဖာ္ကိုလည္း ေျပာၿပီးၿပီးခ်င္းသူလည္း အလုပ္ကိုသြားရေတာ့မယ္။
အလုပ္ကေတာ့ လုပ္တဲ့ဆီမွာပဲ ေနရမွာဆိုေတာ့ အခန္းေဖာ္ကေတာ့သူမရွိေတာ့မွာကို စိတ္မေကာင္းေတာ့ တဖ်စ္ေတာက္ေတာက္ေပါ့။သူ႔အေမဆီကိုလည္း သူမသြားခင္ ႏႈတ္ဆက္သြားရအုံးမယ္။
ဒီလိုနဲ႔ သူေနရမယ့္ဆီ ေရာက္လာတယ္။အိမ္ႀကီးကေတာ့ က်ယ္ဝန္းလွတဲ့ ၿခံႀကီးထဲမွာရွိၿပီးေရွးေခတ္အိမ္ႀကီးပဲ ေနတဲ့သူကေတာ့ အိမ္ေတာ္ထိန္းေခၚရမယ့္အမ်ိဳးသမီးႀကီးတေယာက္နဲ႔ ကေလးမေလးပဲေနတယ္။ကေလးမေလး အစ္ကိုကေတာ့ ေဘာ္ဒါေက်ာင္းမွာေနေတာ့ မရွိဘူး။
ေရာက္တဲ့ညမွာပဲ ကေလးမေလးကို သိပ္ၿပီး အိပ္ရာအေရာက္မွာစကားေျပာသံေတြၾကားလို႔ သြားၾကည့္ရင္း ကေလးမေလးအစ္ကိုျပန္ေရာက္လာတာနဲ႔ ႐ုတ္တရက္ေတြ႕ၾကတယ္။သူၾကားရတဲ့စကားသံေတြက ဘယ္ကလဲ တကယ္ေရာၾကားရတာလား။
ကေလးမေလးကေရာ သူနဲ႔အဆင္ေျပပါ့မလားသူ႔အစ္ကိုေကာင္ေလးကေရာ ဘာလို႔ေရာက္လာတာလဲ ။အရင္တုန္းကေရာ ဒီအိမ္ႀကီးမွာ ဘာေတြျဖစ္ခဲ့တာလဲဆိုတာကိုဆက္လက္ၾကည့္ရႈခံစားလိုက္ၾကပါအုံး။ထိတ္လန႔္သဲဖိုဇာတ္လမ္းေတြထုံးစံအတိုင္းပဲ ႐ိုက္ထားတဲ့ကားပါပဲ။
ဘာမွေတာ့ ေထြေထြထူးထူးေျပာစရာမရွိပါဘူး။တခုေျပာစရာရွိတာက Stranger Things ထဲက ေကာင္ေလး Mike ကဒီထဲမွာ ကေလးမေလးအစ္ကိုအျဖစ္သ႐ုပ္ေဆာင္ထားတာတခုပါပဲ။Imdb နဲ႔ RT rating ကေတာ့ နည္းေပမယ့္ အရမ္းႀကီးဆိုးတယ္လည္းမဟုတ္Horrorကားလည္းၾကည့္ခ်င္တယ္ဆိုရင္ မဆိုးပါဘူးလို႔ေျပာရမယ့္ကားေလးပါပဲ။


(Direct Link) Large Size ~ Download
(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download