The Usual Suspects(1995)

17482
Share
Copy the link

IMDbနဲ့ Rottenကိုကြည့်ရုံနဲ့ ဒီဇာတ်ကားရဲ့ အခြေအနေကိုနည်းနည်းတော့ရိပ်စားမိမယ်လို့ထင်ပါတယ် ဝတ္ထု ရုပ်ရှင် ပြဇာတ် မျက်လှည့် ဖျော်ဖြေရေး တွေမှာ ကျွန်တော်အာရုံကိုဆွဲဆောင်နိုင်မဲ့ အရာမျိုးက ဘာဖြစ်မယ်လို့ထင်လဲ အားလုံးကိုခြုံငုံပြီး ဖျော်ဖြေရေးလို့သုံးလိုက်တဲ့အတွက်တော့ သီးခံပေးပါ……

.တစ်ယောက်နဲ့တစ်ယောက် အမြင်တော့နည်းနည်းကွဲပါလိမ့်မယ် ဒါပေမဲ့ အတော်များများ သိစိတ်ကရော မသိစိတ်ကရော လက်ခံထားတဲ့အရာတစ်ခုတော့ရှိမယ်ထင်တယ်…….

ဥပမာ မျက်လှည့်ပဲထား ငှက်မွေးလေးတစ်ခုကိုမီးရှို့ပြီး ဖြတ်ခနဲ့လက်အဝှေ့ ခိုဖြူလေးက မျက်လှည့်ဆရာရဲ့လက်ပေါ် အတောင်တဖြတ်ဖြတ်ခတ်ရင်း တက်နားသွားတယ် ကျွန်တော်တို့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းပေါ့ ဒါကဘာလဲဆိုတော့ မမျှော်လင့်တဲ့ လှည့်ကွက်လေးမို့ အံဩ မင်သက်သွားတာ

ဒီလိုပဲ ဝတ္ထု ရုပ်ရှင်တွေမှာလည်း ကောင်းမွန်သောသရုပ်ပါမှု ရှုမငြီးနိုင်တဲ့ဇာလမ်း ထိမိတဲ့ ဒိုင်ယာလော့တွေကို မဟာလှည့်ကွက်တွေနဲ့ပေါင်းစပ်လိုက်ရင် ကျွန်တော်တို့ကို ဘယ်လောက်တောင်ဆွဲဆောင်နိုင်လိုက်မလဲ ဘာဖြစ်လို့ကျွန်တော် ဒါတွေပြောနေရတာလဲဆိုတော့ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးသော Twist စာရင်းထဲပါတဲ့ The usual suspects ဆိုတဲ့ကားကြောင့်ပါပဲ

ပြီးတော့ ဇာတ်လမ်းအညွှန်းရေးမယ်ဆိုရင် spoil အဆင့်ရောက်သွားမှာလည်းစိုးမိတယ် ဒီကားရဲ့ Plot ,dialogue ,Tempo ,Twistစတဲ့ရသတွေဟာ ကျွန်တော့ရဲ့ ဝါကျဖွဲ့စည်းမှု ခပ်ညံညံအောက်မယ် ကြည့်ရှုသူအတွက် စိတ်အနှောင့်ယှက်ဖြစ်သွားမှာ စိတ်ပူမိတဲ့အပြင်The usual suspects ရဲ့ ကြီးကျယ်ခမ်းနားမှုမှေးမှိန်သွားမှာ ကြောက်မိလို့ပါ…….

ကိုင်း ကျွန်တော်ပြောတာဟုတ်မဟုတ်ဆိုတာကိုတောပြိတ်သတ်ကြီးရေ………

Zawgyi







megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *