The White Haired Witch of Lunar Kingdom (2014)

16199
Share
Copy the link

တရုတ်သိုင်းကား ကြည့်ချပေမဲ့ အပိုင်းအများကြီးမကြည့်ချင်တဲ့ သူတွေအတွက် ဒီဇာတ်လမ်းလေးကို ညွှန်းပေးချင်တယ်။ ၂၀၁၄ တုန်းက ရိုက်ခဲ့တာပါ။

နာမည်ကျော်တရုတ်မင်းသမီးချော Fan Bingbing နဲ့အတူ (သိမ်းငှက်သူရဲကောင်းဇာတ်လမ်းထဲက ရန်ကော်အဖြစ် လူသိများတဲ့) မင်းသားချော Huang Xiaoming တို့အဓိကခေါင်းဆောင်ပါ၀င်ထားတာကြောင့် သရုပ်ဆောင်ပိုင်းကိုတော့ အထူးညွှန်းစရာမလိုပါဘူး။

ဖြောင့်မတ်မှန်ကန်ပြီး ကြင်နာတတ်တဲ့၊ သစ္စာတရားကိုတန်ဖိုးထားတဲ့၊ ကိုယ်ကျိုးစွန့်တတ်တဲ့ ဝူတန်းဂိုဏ်းသား ကျိုးရိဟန်တစ်ယောက်…. ဝူတန်းရဲ့သိက္ခာတရား၊ ဆရာသခင်အတွက် ကလဲ့စားနဲ့ တိုင်းပြည်အရေးတို့ကြား ရွေးချယ်စရာကြုံလာတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။

နန်းတွင်းက မိစ္ဆာမလို့သတ်မှတ်ပြီး လိုက်လံဖမ်းဆီးခံနေရပေမဲ့ တကယ်တမ်း အများပြည်သူကို ကူညီပေးနေတဲ့၊ အချစ်ကိုမယုံကြည်တတ်တဲ့ မိန်းမချောလေးနဲ့ မေတ္တာတရားကြီးမားတဲ့ ကျိုးရိဟန်တို့ရဲ့ အချစ်လမ်းခရီးက ဖြောင့်ဖြူး နိုင်ပါ့မလား။

သိုင်းဇာတ်လမ်းတင်မကဘဲ တိုင်းပြည်အရေး၊ သစ္စာဖောက်မှုတွေနဲ့အတူ အချစ်၊ အလွမ်းရသစုံကို ထည့်သွင်းရိုက်ကူးထားပါတယ်။ ဇာတ်လမ်းရိုက်ကူးစဉ်ကလည်း မင်းသားဟာ ရိုက်ကွင်းမှာ ၃ မီတာအမြင့်ကနေ ပြုတ်ကျခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့အထိ စွန့်စားရိုက်ကူးခဲ့ကြတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်သိုင်းကားချစ်သူတွေအတွက်ရော ရုပ်ရှင်ချစ်သူတွေအတွက်ပါ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဆိုတာ သေချာပါတယ်။

Zawgyi

တ႐ုတ္သိုင္းကား ၾကည့္ခ်ေပမဲ့ အပိုင္းအမ်ားႀကီးမၾကည့္ခ်င္တဲ့ သူေတြအတြက္ ဒီဇာတ္လမ္းေလးကို ၫႊန္းေပးခ်င္တယ္။ ၂၀၁၄ တုန္းက ႐ိုက္ခဲ့တာပါ။

နာမည္ေက်ာ္တ႐ုတ္မင္းသမီးေခ်ာ Fan Bingbing နဲ႔အတူ (သိမ္းငွက္သူရဲေကာင္းဇာတ္လမ္းထဲက ရန္ေကာ္အျဖစ္ လူသိမ်ားတဲ့) မင္းသားေခ်ာ Huang Xiaoming တို႔အဓိကေခါင္းေဆာင္ပါ၀င္ထားတာေၾကာင့္ သ႐ုပ္ေဆာင္ပိုင္းကိုေတာ့ အထူးၫႊန္းစရာမလိုပါဘူး။

ေျဖာင့္မတ္မွန္ကန္ၿပီး ၾကင္နာတတ္တဲ့၊ သစၥာတရားကိုတန္ဖိုးထားတဲ့၊ ကိုယ္က်ိဳးစြန႔္တတ္တဲ့ ဝူတန္းဂိုဏ္းသား က်ိဳးရိဟန္တစ္ေယာက္…. ဝူတန္းရဲ႕သိကၡာတရား၊ ဆရာသခင္အတြက္ ကလဲ့စားနဲ႔ တိုင္းျပည္အေရးတို႔ၾကား ေ႐ြးခ်ယ္စရာႀကဳံလာတဲ့အခါ ဘယ္လိုရင္ဆိုင္ေျဖရွင္းမလဲ။

နန္းတြင္းက မိစာၦမလို႔သတ္မွတ္ၿပီး လိုက္လံဖမ္းဆီးခံေနရေပမဲ့ တကယ္တမ္း အမ်ားျပည္သူကို ကူညီေပးေနတဲ့၊ အခ်စ္ကိုမယုံၾကည္တတ္တဲ့ မိန္းမေခ်ာေလးနဲ႔ ေမတၱာတရားႀကီးမားတဲ့ က်ိဳးရိဟန္တို႔ရဲ႕ အခ်စ္လမ္းခရီးက ေျဖာင့္ျဖဴး ႏိုင္ပါ့မလား။

သိုင္းဇာတ္လမ္းတင္မကဘဲ တိုင္းျပည္အေရး၊ သစၥာေဖာက္မႈေတြနဲ႔အတူ အခ်စ္၊ အလြမ္းရသစုံကို ထည့္သြင္း႐ိုက္ကူးထားပါတယ္။ ဇာတ္လမ္း႐ိုက္ကူးစဥ္ကလည္း မင္းသားဟာ ႐ိုက္ကြင္းမွာ ၃ မီတာအျမင့္ကေန ျပဳတ္က်ခဲ့တာေၾကာင့္ ထိခိုက္ဒဏ္ရာရခဲ့တဲ့အထိ စြန႔္စား႐ိုက္ကူးခဲ့ၾကတာပါ။

ဘယ္လိုပဲျဖစ္ျဖစ္ တ႐ုတ္သိုင္းကားခ်စ္သူေတြအတြက္ေရာ ႐ုပ္ရွင္ခ်စ္သူေတြအတြက္ပါ ၾကည့္လို႔ေကာင္းမယ့္ ဇာတ္လမ္းတစ္ပုဒ္ဆိုတာ ေသခ်ာပါတယ္။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *