The Wild Goose Lake (2019)

16754
Share
Copy the link

2014ဘာလင်ရုပ်ရှင်ပွဲတော်မှာ အမြင့်ဆုံးဆုဖြစ်တဲ့Golden Bear Awardကို Diao Yinanရဲ့Balck Cold, Thin Iceကားကရသွားခဲ့တယ်။BCTIမတိုင်ခင်မှာ သူစိတ်ကူးရထားတဲ့
BCTIနဲ့ခပ်ဆင်ဆင် ဇာတ်လမ်းတစ်ပုဒ်သူ့မှာရှိတယ်။

ဒီဇာတ်လမ်းကို သူဇာတ်ညွှန်းအခါခါရေးကြည့်ပေးမယ့် မပြည့်စုံသေးဘူးလို့ခံစားရတဲ့အတွက် သူမရိုက်ဖြစ်ခဲ့ဘူး။ဒီနောက်မှာတော့ သူစိတ်ကူးထားတဲ့ဇာတ်လမ်းဟာ အပြင်လောကမှာအမှန်တကယ်ဖြစ်သွားခဲ့တာသူသိလိုက်ရတယ်။

ဒီသတင်းကိုဖတ်ပြီး သူ့ဇာတ်ညွှန်းရဲ့ Plot Lineကိုပြင်ရေးခဲ့ပေမယ့်လည်း စိတ်တိုင်းမကျခဲ့တဲ့အတွက်၂၀၁၉အထိရောက်လာခဲ့တာပါပဲ။။ဖန်တီးသူဟာသူ့အနုပညာကို အတော် တန်ဖိုးထားခဲ့တာပါ။ရုပ်ရှင်ရဲ့နာမည်ဟာ အင်္ဂလိပ်မူအရငန်းရိုင်းကန်ပေမယ့် တရုတ်မူမှာတော့“တောင်ပိုင်းဘူတာရုံတစ်ခု၌ ချိန်းဆိုခြင်း”လို့မူကွဲပါတယ်။

ဒုတိယမူဟာ စာရေးသူဒါရိုက်တာပေးထားတဲ့အမည်ပါပဲ။ဒါနဲ့ပက်သက်ပြီးအင်တာဗျူးမှာ ဒီအမည်နဲ့ပက်သက်ပြီးသူဖြေသွားတာ အတော်လှပါတယ်။“တောင်ပိုင်းဘူတာရုံတစ်ခု၌ ချိန်းဆိုခြင်းဆိုတာကျွန်တော်ဒီဇာတ်ညွှန်းစရေးတော့ ပထမဆုံးရေးလိုက်တဲ့စကားစုပါပဲ။

တောင်ပိုင်းကအတော်ရိုမန့်တစ်ဆန်ပြီး အပူပိုင်းဆန်တဲ့ဒေသပါပဲ။ဘူတာရုံဆိုတာက လူတွေဆုံဆည်းကြ ကွဲကွာကြတဲ့နေရာပဲလေ။တစ်ချို့လူတွေ ထာ၀ရအပြီးအပိုင်ခွဲခွာသွားကြတဲ့နေရာဆိုလည်းဟုတ်တယ်။ဒါက ကျွန်တော်တို့အတွက် အရေးကြီးတဲ့မှတ်ညဏ်တစ်ခုပါပဲ။

ကြီးပျင်းလာတဲ့တစ်လျှောက်က ကျွန်တော်တို့ မှတ်ညဏ်တွေနဲ့ဘူတာရုံနဲ့ကို ပိုင်းခြားပစ်လို့မရနိုင်ဘူး။ကျွန်တော်ခုလေးတင်ပြောခဲ့သလိုပဲဘူတာရုံဆိုတာက လူတွေဆုံဆည်းကြ ကွဲကွာကြတဲ့နေရာဇာတ်လမ်းတွေ ဖြစ်ပျက်ကြတဲ့နေရာလို့ပဲခံစားရရုံပါပဲ။

ဒါကြောင့်“တောင်ပိုင်းဘူတာရုံတစ်ခု၌ ချိန်းဆိုခြင်း”ဆိုတဲ့ နာမည်ကလေးထဲမှာသူမတူတဲ့ရသတစ်မျိုးရှိနေတယ်လို့ကျွန်တော်ထင်တယ်။”တဲ့။

သရုပ်ဆောင်တွေဘက်လှည့်ရရင် ACTRESSကတော့ BCTIမှာကတည်းက သူနဲ့လက်တွဲခဲ့သူဆိုတော့ ဘာမှအထူးတလည်ပြောစရာမရှိပေမယ့်Lead Actor မြန်မာပရိတ်သတ်နဲ့ ရင်းနှီးပြီးသားမက်မွန်မြေကချစ်တေးတစ်ပုဒ်နဲ့Chinese Paladin အတွဲတွေထဲက Hu Geပါ။

ထူးတာက သူက ဒီ့အရင် သာမန်လျှံကာရုပ်ရှင်နည်းနည်းနဲ့ ဇာတ်လမ်းတွဲတွေပဲရိုက်ဖူးတဲ့လူပါပဲ။Yinanကတော့ Hu Geကို စာရွက်လွတ်တစ်ရွက်လို့ပဲတင်စားသွားပါတယ်။ ဘာမှမရေးရသေးတဲ့စာရွက်လွတ်တစ်ရွက်ဟာ ဘာမဆိုဖြစ်နိုင်ပါတယ်။

Hu Geဟာ နောက်နှစ်ပြမယ့် ဝေါင်ကာဝေးရဲ့Blossomsမှာလည်း Lead Actorနေရာယူထားတာမို့Art Houseလာကထဲ ခြေချလာပြီလို့ပဲဆိုရပါမယ်။Legend of the condor Heroကလွဲ ဇာတ်လမ်းကောင်းကောင်း မရိုက်ခဲ့ဖူးပေမယ့်အတော်လည်းသရုပ်ဆောင်ကောင်းတဲ့လူပါပဲ။

ဇာတ်လမ်းတွဲတွေမှာ သူနဲ့ရင်းနှီးပြီးသားလူတောင်ကားဆုံးခါနီးမှ မှတ်မိတယ်။Night is another filter for cameraလို့ဒါရိုက်တာကြီးကပြောတယ်။တစ်ကားလုံးရဲ့ကိုးဆယ်ရာခိုင်နှုန်းကလည်းညဘက်မှာဖြစ်ပျက်နေတာပါပဲ။ညပြကွက်တွေဟာ ခင်ဗျားကို ဘ၀တစ်ခုထဲအလည်ခေါ်သွားပါလိမ့်မယ်။

ရေဟာ ရမ္မက်ကိုကိုယ်စားပြုပြီး ညဟာ သေခြင်းကို ကိုယ်စားပြုဖော်ကျူးထားတဲ့အတွက် ရိုက်ကွက်တိုင်းနီးပါးမှာဒီနှစ်ခုကို တွဲဖက်မြင်ရမှာပါပဲ။

Cinematograpyနဲ့ပက်သက်ပြီး ကျွန်တော်တော့ ချီးကျူးစရာဘာမှသိပ်မတွေ့ပေမယ့် ပြကွက်တစ်ကန့်တိုင်းကပါ၀င်ပစ္စည်းတွေက ကဗျာဖွဲ့ပြီးသီးခြားစီရပ်တည်ပြနိုင်တဲ့ ဟန်ကတော့ခံစားစရာပုံစံအသစ်တစ်ခုကိုပေးစွမ်းပါလိမ့်မယ်။

ညကာလတစ်ခုရဲ့ ဘူတာရုံတစ်ပေါ်မိုးတွေတဖွဲဖွဲရွာကျနေတာနဲ့ ဇာတ်လမ်းကိုစဖွင့်ထားတယ်။လူတစ်ယောက်ဟာတစ်စုံတစ်ရာကိုစောင့်စားနေတယ်။ဘာလဲတော့ ဒီမှာ ခင်ဗျားတို့မသိရသေးဘူး။ဒီအချိန်မှာ စီးကရက်ကိုင်ထားတဲ့မိန်းကလေးတစ်ယောက်ရောက်လာပြီးမီးခြစ်ငှားတယ်။

ခဏနေတော့မိန်းကလေးဟာ သူလာရှာတဲ့သူဟုတ်မဟုတ်အတည်ပြုပြီး အဲ့ဒီလူစောင့်နေတဲ့ သူ့မိန်းမကရောက်မလာနိုင်ကြောင်းပြောလိုက်တယ်။သူ့မိန်းမကို သူဘာကြောင့်စောင့်နေလဲဒီမှာ ခင်ဗျားတို့မသိရသေးဘူး။ခဏနေကြတော့ အဲ့ဒီလူက သူဖြစ်ခဲ့တဲ့ဇာတ်ကြောင်းကုန်စင်ကိုပြောပြဖို့အကြောင်းဖန်လာတယ်။

သူပြောပြတဲ့ဇာတ်လမ်းပြီးသွားချိန်မှာလည်းခင်ဗျားတို့မသိရသေးတာတွေကိုထပ်ပေးတယ်။ဇာတ်လမ်းဟာ အစပိုင်းတစ်၀က်ဟာဇာတ်ကြောင်းပြောပြီးခေါ်သွားတယ်။မေးခွန်းပေးလိုက် အဖြေပေးလိုက်နဲ့တရွေ့ရွေ့ ခရီးဆုံးဆီဆွဲခေါ်သွားတယ်။

တစ်ထောင့်တစ်ညပုံပြင်တွေရဲ့ ဇာတ်ကြောင်းပြောပြတဲ့ဟန်ကိုလည်း သုံးပြီး ညှိ့ငင်ထားတယ်။တစ်ခုရှိတာက အနုပညာမှာတောင်အလုံးစုံပြည့်စုံတယ်ဆိုတာမရှိဘူး။ဆိုတော့ကာဒီရုပ်ရှင်မှာ မဆိုသလောက်အားနည်းချက်လေးတွေတော့ရှိနေတယ်။

ဒါပေမယ့် ကျွန်တော့်ဘက်ကအာမခံလို့ရတာက ဒီထက်ကောင်းတဲ့ကားမျာပေါ်လို့ဒီနှစ်ရဲ့အကောင်းဆုံတရုတ် ရုပ်ရှင်မဟုတ်ခဲ့ရင်တောင်ဒီနှစ်ရဲ့ အနုပညာအဆန်ဆုံး တရုတ်ရုပ်ရှင်ဆိုတာတော့သေချာတယ်။

အာရှရုပ်ရှင်ပွဲတော်မှာရုပ်ရှင်ဓာတ်ပုံပညာဆုရထားပြီးကိန်းရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့Palme d’Orမှာ ယဉ်ပြိုင်ဖို့အရွေးခံထားရတဲ့အာရှကားနှစ်ကားထဲက တစ်ကားလည်းဟုတ်တယ်။ဆုရသွားတာကတော့ သူနဲ့အတူ ကိန်းရောက်လာတဲ့အာရှသား တောင်ကိုရီးယားရုပ်ရှင် Parasiteပါပဲ။

Zawgyi

2014ဘာလင္႐ုပ္ရွင္ပြဲေတာ္မွာ အျမင့္ဆုံးဆုျဖစ္တဲ့Golden Bear Awardကို Diao Yinanရဲ႕Balck Cold, Thin Iceကားကရသြားခဲ့တယ္။BCTIမတိုင္ခင္မွာ သူစိတ္ကူးရထားတဲ့
BCTIနဲ႔ခပ္ဆင္ဆင္ ဇာတ္လမ္းတစ္ပုဒ္သူ႔မွာရွိတယ္။

ဒီဇာတ္လမ္းကို သူဇာတ္ၫႊန္းအခါခါေရးၾကည့္ေပးမယ့္ မျပည့္စုံေသးဘူးလို႔ခံစားရတဲ့အတြက္ သူမ႐ိုက္ျဖစ္ခဲ့ဘူး။ဒီေနာက္မွာေတာ့ သူစိတ္ကူးထားတဲ့ဇာတ္လမ္းဟာ အျပင္ေလာကမွာအမွန္တကယ္ျဖစ္သြားခဲ့တာသူသိလိုက္ရတယ္။

ဒီသတင္းကိုဖတ္ၿပီး သူ႔ဇာတ္ၫႊန္းရဲ႕ Plot Lineကိုျပင္ေရးခဲ့ေပမယ့္လည္း စိတ္တိုင္းမက်ခဲ့တဲ့အတြက္၂၀၁၉အထိေရာက္လာခဲ့တာပါပဲ။။ဖန္တီးသူဟာသူ႔အႏုပညာကို အေတာ္ တန္ဖိုးထားခဲ့တာပါ။႐ုပ္ရွင္ရဲ႕နာမည္ဟာ အဂၤလိပ္မူအရငန္း႐ိုင္းကန္ေပမယ့္ တ႐ုတ္မူမွာေတာ့“ေတာင္ပိုင္းဘူတာ႐ုံတစ္ခု၌ ခ်ိန္းဆိုျခင္း”လို႔မူကြဲပါတယ္။

ဒုတိယမူဟာ စာေရးသူဒါ႐ိုက္တာေပးထားတဲ့အမည္ပါပဲ။ဒါနဲ႔ပက္သက္ၿပီးအင္တာဗ်ဴးမွာ ဒီအမည္နဲ႔ပက္သက္ၿပီးသူေျဖသြားတာ အေတာ္လွပါတယ္။“ေတာင္ပိုင္းဘူတာ႐ုံတစ္ခု၌ ခ်ိန္းဆိုျခင္းဆိုတာကြၽန္ေတာ္ဒီဇာတ္ၫႊန္းစေရးေတာ့ ပထမဆုံးေရးလိုက္တဲ့စကားစုပါပဲ။

ေတာင္ပိုင္းကအေတာ္႐ိုမန႔္တစ္ဆန္ၿပီး အပူပိုင္းဆန္တဲ့ေဒသပါပဲ။ဘူတာ႐ုံဆိုတာက လူေတြဆုံဆည္းၾက ကြဲကြာၾကတဲ့ေနရာပဲေလ။တစ္ခ်ိဳ႕လူေတြ ထာ၀ရအၿပီးအပိုင္ခြဲခြာသြားၾကတဲ့ေနရာဆိုလည္းဟုတ္တယ္။ဒါက ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးတဲ့မွတ္ညဏ္တစ္ခုပါပဲ။

ႀကီးပ်င္းလာတဲ့တစ္ေလွ်ာက္က ကြၽန္ေတာ္တို႔ မွတ္ညဏ္ေတြနဲ႔ဘူတာ႐ုံနဲ႔ကို ပိုင္းျခားပစ္လို႔မရႏိုင္ဘူး။ကြၽန္ေတာ္ခုေလးတင္ေျပာခဲ့သလိုပဲဘူတာ႐ုံဆိုတာက လူေတြဆုံဆည္းၾက ကြဲကြာၾကတဲ့ေနရာဇာတ္လမ္းေတြ ျဖစ္ပ်က္ၾကတဲ့ေနရာလို႔ပဲခံစားရ႐ုံပါပဲ။

ဒါေၾကာင့္“ေတာင္ပိုင္းဘူတာ႐ုံတစ္ခု၌ ခ်ိန္းဆိုျခင္း”ဆိုတဲ့ နာမည္ကေလးထဲမွာသူမတူတဲ့ရသတစ္မ်ိဳးရွိေနတယ္လို႔ကြၽန္ေတာ္ထင္တယ္။”တဲ့။

သ႐ုပ္ေဆာင္ေတြဘက္လွည့္ရရင္ ACTRESSကေတာ့ BCTIမွာကတည္းက သူနဲ႔လက္တြဲခဲ့သူဆိုေတာ့ ဘာမွအထူးတလည္ေျပာစရာမရွိေပမယ့္Lead Actor ျမန္မာပရိတ္သတ္နဲ႔ ရင္းႏွီးၿပီးသားမက္မြန္ေျမကခ်စ္ေတးတစ္ပုဒ္နဲ႔Chinese Paladin အတြဲေတြထဲက Hu Geပါ။

ထူးတာက သူက ဒီ့အရင္ သာမန္လွ်ံကာ႐ုပ္ရွင္နည္းနည္းနဲ႔ ဇာတ္လမ္းတြဲေတြပဲ႐ိုက္ဖူးတဲ့လူပါပဲ။Yinanကေတာ့ Hu Geကို စာ႐ြက္လြတ္တစ္႐ြက္လို႔ပဲတင္စားသြားပါတယ္။ ဘာမွမေရးရေသးတဲ့စာ႐ြက္လြတ္တစ္႐ြက္ဟာ ဘာမဆိုျဖစ္ႏိုင္ပါတယ္။

Hu Geဟာ ေနာက္ႏွစ္ျပမယ့္ ေဝါင္ကာေဝးရဲ႕Blossomsမွာလည္း Lead Actorေနရာယူထားတာမို႔Art Houseလာကထဲ ေျခခ်လာၿပီလို႔ပဲဆိုရပါမယ္။Legend of the condor Heroကလြဲ ဇာတ္လမ္းေကာင္းေကာင္း မ႐ိုက္ခဲ့ဖူးေပမယ့္အေတာ္လည္းသ႐ုပ္ေဆာင္ေကာင္းတဲ့လူပါပဲ။

ဇာတ္လမ္းတြဲေတြမွာ သူနဲ႔ရင္းႏွီးၿပီးသားလူေတာင္ကားဆုံးခါနီးမွ မွတ္မိတယ္။Night is another filter for cameraလို႔ဒါ႐ိုက္တာႀကီးကေျပာတယ္။တစ္ကားလုံးရဲ႕ကိုးဆယ္ရာခိုင္ႏႈန္းကလည္းညဘက္မွာျဖစ္ပ်က္ေနတာပါပဲ။ညျပကြက္ေတြဟာ ခင္ဗ်ားကို ဘ၀တစ္ခုထဲအလည္ေခၚသြားပါလိမ့္မယ္။

ေရဟာ ရမၼက္ကိုကိုယ္စားျပဳၿပီး ညဟာ ေသျခင္းကို ကိုယ္စားျပဳေဖာ္က်ဴးထားတဲ့အတြက္ ႐ိုက္ကြက္တိုင္းနီးပါးမွာဒီႏွစ္ခုကို တြဲဖက္ျမင္ရမွာပါပဲ။

Cinematograpyနဲ႔ပက္သက္ၿပီး ကြၽန္ေတာ္ေတာ့ ခ်ီးက်ဴးစရာဘာမွသိပ္မေတြ႕ေပမယ့္ ျပကြက္တစ္ကန႔္တိုင္းကပါ၀င္ပစၥည္းေတြက ကဗ်ာဖြဲ႕ၿပီးသီးျခားစီရပ္တည္ျပႏိုင္တဲ့ ဟန္ကေတာ့ခံစားစရာပုံစံအသစ္တစ္ခုကိုေပးစြမ္းပါလိမ့္မယ္။

ညကာလတစ္ခုရဲ႕ ဘူတာ႐ုံတစ္ေပၚမိုးေတြတဖြဲဖြဲ႐ြာက်ေနတာနဲ႔ ဇာတ္လမ္းကိုစဖြင့္ထားတယ္။လူတစ္ေယာက္ဟာတစ္စုံတစ္ရာကိုေစာင့္စားေနတယ္။ဘာလဲေတာ့ ဒီမွာ ခင္ဗ်ားတို႔မသိရေသးဘူး။ဒီအခ်ိန္မွာ စီးကရက္ကိုင္ထားတဲ့မိန္းကေလးတစ္ေယာက္ေရာက္လာၿပီးမီးျခစ္ငွားတယ္။

ခဏေနေတာ့မိန္းကေလးဟာ သူလာရွာတဲ့သူဟုတ္မဟုတ္အတည္ျပဳၿပီး အဲ့ဒီလူေစာင့္ေနတဲ့ သူ႔မိန္းမကေရာက္မလာႏိုင္ေၾကာင္းေျပာလိုက္တယ္။သူ႔မိန္းမကို သူဘာေၾကာင့္ေစာင့္ေနလဲဒီမွာ ခင္ဗ်ားတို႔မသိရေသးဘူး။ခဏေနၾကေတာ့ အဲ့ဒီလူက သူျဖစ္ခဲ့တဲ့ဇာတ္ေၾကာင္းကုန္စင္ကိုေျပာျပဖို႔အေၾကာင္းဖန္လာတယ္။

သူေျပာျပတဲ့ဇာတ္လမ္းၿပီးသြားခ်ိန္မွာလည္းခင္ဗ်ားတို႔မသိရေသးတာေတြကိုထပ္ေပးတယ္။ဇာတ္လမ္းဟာ အစပိုင္းတစ္၀က္ဟာဇာတ္ေၾကာင္းေျပာၿပီးေခၚသြားတယ္။ေမးခြန္းေပးလိုက္ အေျဖေပးလိုက္နဲ႔တေ႐ြ႕ေ႐ြ႕ ခရီးဆုံးဆီဆြဲေခၚသြားတယ္။

တစ္ေထာင့္တစ္ညပုံျပင္ေတြရဲ႕ ဇာတ္ေၾကာင္းေျပာျပတဲ့ဟန္ကိုလည္း သုံးၿပီး ညႇိ႔ငင္ထားတယ္။တစ္ခုရွိတာက အႏုပညာမွာေတာင္အလုံးစုံျပည့္စုံတယ္ဆိုတာမရွိဘူး။ဆိုေတာ့ကာဒီ႐ုပ္ရွင္မွာ မဆိုသေလာက္အားနည္းခ်က္ေလးေတြေတာ့ရွိေနတယ္။

ဒါေပမယ့္ ကြၽန္ေတာ့္ဘက္ကအာမခံလို႔ရတာက ဒီထက္ေကာင္းတဲ့ကားမ်ာေပၚလို႔ဒီႏွစ္ရဲ႕အေကာင္းဆုံတ႐ုတ္ ႐ုပ္ရွင္မဟုတ္ခဲ့ရင္ေတာင္ဒီႏွစ္ရဲ႕ အႏုပညာအဆန္ဆုံး တ႐ုတ္႐ုပ္ရွင္ဆိုတာေတာ့ေသခ်ာတယ္။

အာရွ႐ုပ္ရွင္ပြဲေတာ္မွာ႐ုပ္ရွင္ဓာတ္ပုံပညာဆုရထားၿပီးကိန္း႐ုပ္ရွင္ပြဲေတာ္ရဲ႕ အျမင့္ဆုံးဆုျဖစ္တဲ့Palme d’Orမွာ ယဥ္ၿပိဳင္ဖို႔အေ႐ြးခံထားရတဲ့အာရွကားႏွစ္ကားထဲက တစ္ကားလည္းဟုတ္တယ္။ဆုရသြားတာကေတာ့ သူနဲ႔အတူ ကိန္းေရာက္လာတဲ့အာရွသား ေတာင္ကိုရီးယား႐ုပ္ရွင္ Parasiteပါပဲ။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

disk.yandex.com (Disk Yandex) Small Size ~ Download

upstream.to (Up Stream) Large Size ~ Download

upstream.to (Up Stream) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *