There Will Be Blood (2007)

14826
Share
Copy the link

အချိန်ကာလက ၁၈၉၈ ခုနှစ်။ နယူးမက္ကစီကိုရဲ့ကွင်းပြင်တွေအလည်က မိုင်းတွင်းတွေထဲမှာ ငွေသတ္တုရှာဖွေနေသူ တစ်ယောက်ကို တွေ့ရတယ်။ ဇွဲနဲ့မာန်နဲ့တူးနေတဲ့သူ့ရဲ့ လုံ့လအတွက် အဖိုးအခအနေနဲ့ငွေသတ္တုရိုင်းတစ်ခဲကိုလည်း တွေ့ထားပြီးပြီ။ သူ့အလုပ်ပြီးပြီဆိုတော့ တွင်းပေါ်ပြန်တက်ဖို့ လုပ်တာပေါ့။

ဒါပေမဲ့မတော်တဆမှုတစ်ခုဖြစ်ပြီး သူ့ဘယ်ခြေထောက်ကဆာသွားခဲ့တယ်။ ဒါပေမဲ့ မြေပြင်ပေါ်ကိုတော့သူရအောင်ပြန်တက်နိုင်ခဲ့တယ်။ သူ့နာမည်က‘ဒန်နီယယ် ပလိန်းဗျူး’ တဲ့။နှစ်ဆယ်ရာစုအစောပိုင်းကာလတွေမှာ လူမှုဘဝတွေရဲ့တိုးတက်ဖွံ့ဖြိုးမှုအရ လောင်စာဟာ ရတနာပစ္စည်းတွေထက်ပိုတန်ဖိုးရှိလာတယ်။

ဒါကြောင့်လည်း ရေနံထွက်မယ်လို့ယူဆကြတဲ့မြေပေါ်မှာ လူသားတွေဟာ ခြေချင်းလိမ်လာကြတယ်။ တစ်ကယ်တော့ ရေနံတူးဖော်မှုလုပ်ငန်းကအန္တရာယ်များတဲ့အလုပ်မျိုး။ အဲ့ဒီခေတ်ကာလအနေနဲ့ဆိုပိုဆိုးတာပေါ့။မြေအောက်အလွှာထဲက အနက်ရောင်ရွှေရည်တွေကို မြေပြင်ပေါ်တင်ဖို့ဆိုတာ အန္တရာယ်များသလိုစိန်ခေါ်မှုတွေလည်း ပြည့်နှက်နေတယ်။

ယနေ့ခေတ်လိုခေတ်မှီတူးဖော်ကိရိယာတွေ မရှိတဲ့အတွက် လူအားကာယအားကိုသာ အသုံးချပြီး မြေအောက် ပေအတော်ကွာတဲ့တွင်းထဲ ရှူစရာ လေလုံလုံလောက်လောက်မရှိ၊ ဓာတ်ငွေ့နံ့တွေ လွှမ်းနေတဲ့ကြားထဲမှာ တူးဖော်ကြရတယ်။

ဒါတောင်လုပ်ငန်းခွင်အန္တရာယ်တွေဖြစ်တဲ့ တွင်းပြိုကျမှုတွေ၊ဝန်မနိုင်ပဲ ပျက်စီးရာကနေ လူထိခိုက်မှုတွေ မပါသေးဘူး။ဒါပဲလား၊ ဘယ်ဟုတ်လိမ့်မလဲ။ ရေနံတူးအလုပ်သမားတွေရဲ့ ကိုယ်ကာယကြံ့ခိုင်မှုတွေ စိတ်ဓာတ်ကြံ့ခိုင်မှု။ဒါတွေမပြည့်စုံလို့လဲ မရပြန်ဘူး။

အသက်နဲ့ရင်းမှငွေပြန်ရမဲ့ အလုပ်မျိုး။‘ဒန်နီယယ်’ ကို ခေတ်ဆိုးကြားမှာ လူလာဖြစ်တယ်လို့သတ်မှတ်ရမယ်။ ကိုယ်ကောင်းစားဖို့ သူတစ်ပါးကိုချနင်းကြတဲ့ ခေတ်ကာလမျိုးမှာ ကျင်လည်လာရတဲ့သူ့အဖို့တော့ အရာရာကို မုန်းတီးစိတ်နဲ့ပဲ ကြည့်တတ်နေပြီ။

သူ့ရဲ့ စိတ်နှလုံးတစ်ခုလုံးဟာလည်း အနိုင်ရလိုစိတ်သံသယစိတ်တွေနဲ့ ပြည့်နှက်နေတယ်။ ကိုယ့်အပေါ်တစ်ခါကျူးရင် ဆယ်ခါပြန်ကျူးပြတတ်တဲ့ လူစားမျိုး။ကိုယ့်ကိုလက်သီးနဲ့တစ်ခါထိုးရင် ဓားနဲ့ပါပြန်ထိုးမယ်ဆိုတဲ့စိတ်ဓာတ်ပိုင်ရှင်မျိုး။ တစ်ကယ်ခက်ထန်တဲ့ လူစားမျိုးဖြစ်နေပြီ။

ဒါကြောင့် တူးလို့ရလာခဲ့တဲ့ ငွေသတ္တုခဲကို အရင်းပြုပြီး‘ဒန်နီယယ်’ တစ်ယောက် ရေနံတူးဖော်ရေးလုပ်ငန်းကိုစတင်ခဲ့တယ်။ တစ်ရက်တော့ သူနဲ့လုပ်ငန်းတူမိတ်ဆွေတစ်ယောက်ဟာ လုပ်ငန်းခွင်မတော်တဆမှုတစ်ခုမှာ ဆုံးပါးသွားခဲ့တယ်။

သားကလေးတစ်ယောက်ကျန်ခဲ့တာကြောင့် ‘ဒန်နီယယ်’ က သည်ကောင်လေးကိုမွေးစားခဲ့တယ်။ အရွယ်ရောက်လာတော့လည်းသူ့လို ရေနံကို ချစ်တတ်အောင် သင်ပေးနိုင်ခဲ့တယ်။နှစ်ကာလတွေ ကြာလာတာနဲ့အမျှ ‘ဒန်နီယယ်’ ရဲ့လုပ်ငန်းက တစ်စထက်တစ်စ အောင်မြင်လာပြီ။

ဒီလိုနဲ့တစ်ခုသော ကာလအရောက်မှာ ရေနံသမားတိုင်းမျက်စိကျလောက်တဲ့ နယ်မြေသစ်တစ်ခုကို သတိထားလိုက်မိချိန်ကစပြီး ‘ဒန်နီယယ်’ ဟာ လူသားဆန်စိတ်တွေပါ ပျောက်ဆုံး၊ ပြိုင်ဘက်တွေအပေါ်ပရိယာယ်တွေသုံးပြီး သွေးအေးအေးနဲ့ ဖယ်ရှားတတ်တဲ့ လူကြမ်းကြီးတစ်ယောက် ဖြစ်လာတော့တယ်…။

——————————————————————-၁၉၂၆ ခုနှစ်က စာရေးဆရာ Upton Sinclair ရဲ့ကမ္ဘာကျော် Oil! ကို အခြေခံပြီး ရိုက်ကူးထားတဲ့Western Style ဇာတ်ကားမျိုးဖြစ်တဲ့ There WillBe Blood ဟာ ၂၁ ရာစုရဲ့ အကောင်းဆုံးသောရုပ်ရှင်ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး

ရိုက်ကူးသူကတော့ Magnolia, The Master ဒီလိုဇာတ်ကားတွေရဲ့ ပဲ့ကိုင်ရှင် လက်ရှိ ဟောလိဝုဒ် ရုပ်ရှင်လောကရဲ့အကောင်းဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့Paul Thomas Anderson ပဲ။Cinematography ပိုင်းကိုတော့ ထွေထွေထူးထူး ပြောစရာဘာမှမရှိတော့ပါဘူး။

ရေနံစင်မီးလောင်တဲ့ပြကွက်နဲ့တင် အော်စကာဆုရခဲ့တာ တန်သွားပါပြီ။ ဒီလို ရိုက်ချက်တွေကပဲကျွန်တော်တို့ကို ရေနံမြေထဲ ခေါ်ဆောင်သွားပြီးရေနံစိမ်းအနံ့တွေ ရစေခဲ့တာပါ။Western Style ဆိုပေမဲ့ မြင်နေကျဖြစ်တဲ့ကောင်းဘွိုင်တွေ၊ သူရဲကောင်းတွေကို မတွေ့မမြင်ခဲ့ရပဲ ရက်စက်တတ်တဲ့ လူမဆန်တဲ့ရေနံလုပ်ငန်းရှင်တစ်ဦးကိုပဲ မြင်ခဲ့ရတယ်။

ရက်စက်တတ်တဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ ပိုက်ဆံကိုကိုးကွယ်တဲ့ ဒီဇာတ်ကောင်ကို အသက်သွင်းပြလိုက်သူကတော့ သက်ရှိထင်ရှား ရှိနေသေးတဲ့ သရုပ်ဆောင်တွေထဲ အကောင်းဆုံးလို့ သတ်မှတ်ရမဲ့ Sir DanielDay-Lewis ပါပဲ။

အပြင်လောကမှာ ယဉ်ကျေးရည်မွန်သူ၊ ရိုက်ကွင်းပေါ်ရောက်တာနဲ့ တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်တဲ့ DanielDay-Lewis အတွက် Daniel Plainview ဟာဒုတိယမြောက် အော်စကာကို ယူဆောင်ပေးခဲ့သလိုသူ့ရဲ့ သရုပ်ဆောင်သက်တမ်းတစ်လျှောက်မှာအကောင်းဆုံးသော သရုပ်ဆောင်ချက်အဖြစ်လည်းသတ်မှတ်ခံခဲ့ရတယ်။

Daniel Day-Lewis ဟာ Method Actorတစ်ယောက် ဖြစ်တဲ့အတွက် ရိုက်ကူးရေးပြီးပေမဲ့လည်းဇာတ်ကောင်စရိုက်အတိုင်းနေတတ်တာကြောင့်Daniel Plainview ကို Eli ကြောက်တာထက်Daniel Plainview ကို Eli သရုပ်ဆောင်Paul Dano ကြောက်တာက ပိုမယ်လို့လည်းကျွန်တော်ယူဆမိတယ်။

ဒီလိုဇာတ်လမ်းမျိုးနဲ့ ဇာတ်ကောင်မျိုးကို ပုံဖော်ပေးခဲ့တဲ့Director Paul Thomas Anderson နဲ့သရုပ်ဆောင်ကြီး Daniel Day-Lewis ကြောင့်ပဲသွေးနံ့နဲ့ ရေနံစိမ်းနံ့တွေ ရောနှောလွင့်ပျံ့နေတဲ့ ရေနံမြေကရက်စက်ကြမ်းကြုတ်တဲ့ လူကြမ်းကြီးတစ်ယောက်ကိုကျွန်တော်တို့ မေ့မရနိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။

Zawgyi

အခ်ိန္ကာလက ၁၈၉၈ ခုႏွစ္။ နယူးမကၠစီကိုရဲ႕ကြင္းျပင္ေတြအလည္က မိုင္းတြင္းေတြထဲမွာ ေငြသတၱဳရွာေဖြေနသူ တစ္ေယာက္ကို ေတြ႕ရတယ္။ ဇြဲနဲ႔မာန္နဲ႔တူးေနတဲ့သူ႔ရဲ႕ လုံ႔လအတြက္ အဖိုးအခအေနနဲ႔ေငြသတၱဳ႐ိုင္းတစ္ခဲကိုလည္း ေတြ႕ထားၿပီးၿပီ။ သူ႔အလုပ္ၿပီးၿပီဆိုေတာ့ တြင္းေပၚျပန္တက္ဖို႔ လုပ္တာေပါ့။

ဒါေပမဲ့မေတာ္တဆမႈတစ္ခုျဖစ္ၿပီး သူ႔ဘယ္ေျခေထာက္ကဆာသြားခဲ့တယ္။ ဒါေပမဲ့ ေျမျပင္ေပၚကိုေတာ့သူရေအာင္ျပန္တက္ႏိုင္ခဲ့တယ္။ သူ႔နာမည္က‘ဒန္နီယယ္ ပလိန္းဗ်ဴး’ တဲ့။ႏွစ္ဆယ္ရာစုအေစာပိုင္းကာလေတြမွာ လူမႈဘဝေတြရဲ႕တိုးတက္ဖြံ႕ၿဖိဳးမႈအရ ေလာင္စာဟာ ရတနာပစၥည္းေတြထက္ပိုတန္ဖိုးရွိလာတယ္။

ဒါေၾကာင့္လည္း ေရနံထြက္မယ္လို႔ယူဆၾကတဲ့ေျမေပၚမွာ လူသားေတြဟာ ေျခခ်င္းလိမ္လာၾကတယ္။ တစ္ကယ္ေတာ့ ေရနံတူးေဖာ္မႈလုပ္ငန္းကအႏၲရာယ္မ်ားတဲ့အလုပ္မ်ိဳး။ အဲ့ဒီေခတ္ကာလအေနနဲ႔ဆိုပိုဆိုးတာေပါ့။ေျမေအာက္အလႊာထဲက အနက္ေရာင္ေ႐ႊရည္ေတြကို ေျမျပင္ေပၚတင္ဖို႔ဆိုတာ အႏၲရာယ္မ်ားသလိုစိန္ေခၚမႈေတြလည္း ျပည့္ႏွက္ေနတယ္။

ယေန႔ေခတ္လိုေခတ္မွီတူးေဖာ္ကိရိယာေတြ မရွိတဲ့အတြက္ လူအားကာယအားကိုသာ အသုံးခ်ၿပီး ေျမေအာက္ ေပအေတာ္ကြာတဲ့တြင္းထဲ ရႉစရာ ေလလုံလုံေလာက္ေလာက္မရွိ၊ ဓာတ္ေငြ႕နံ႔ေတြ လႊမ္းေနတဲ့ၾကားထဲမွာ တူးေဖာ္ၾကရတယ္။

ဒါေတာင္လုပ္ငန္းခြင္အႏၲရာယ္ေတြျဖစ္တဲ့ တြင္းၿပိဳက်မႈေတြ၊ဝန္မႏိုင္ပဲ ပ်က္စီးရာကေန လူထိခိုက္မႈေတြ မပါေသးဘူး။ဒါပဲလား၊ ဘယ္ဟုတ္လိမ့္မလဲ။ ေရနံတူးအလုပ္သမားေတြရဲ႕ ကိုယ္ကာယႀကံ့ခိုင္မႈေတြ စိတ္ဓာတ္ႀကံ့ခိုင္မႈ။ဒါေတြမျပည့္စုံလို႔လဲ မရျပန္ဘူး။

အသက္နဲ႔ရင္းမွေငြျပန္ရမဲ့ အလုပ္မ်ိဳး။‘ဒန္နီယယ္’ ကို ေခတ္ဆိုးၾကားမွာ လူလာျဖစ္တယ္လို႔သတ္မွတ္ရမယ္။ ကိုယ္ေကာင္းစားဖို႔ သူတစ္ပါးကိုခ်နင္းၾကတဲ့ ေခတ္ကာလမ်ိဳးမွာ က်င္လည္လာရတဲ့သူ႔အဖို႔ေတာ့ အရာရာကို မုန္းတီးစိတ္နဲ႔ပဲ ၾကည့္တတ္ေနၿပီ။

သူ႔ရဲ႕ စိတ္ႏွလုံးတစ္ခုလုံးဟာလည္း အႏိုင္ရလိုစိတ္သံသယစိတ္ေတြနဲ႔ ျပည့္ႏွက္ေနတယ္။ ကိုယ့္အေပၚတစ္ခါက်ဴးရင္ ဆယ္ခါျပန္က်ဴးျပတတ္တဲ့ လူစားမ်ိဳး။ကိုယ့္ကိုလက္သီးနဲ႔တစ္ခါထိုးရင္ ဓားနဲ႔ပါျပန္ထိုးမယ္ဆိုတဲ့စိတ္ဓာတ္ပိုင္ရွင္မ်ိဳး။ တစ္ကယ္ခက္ထန္တဲ့ လူစားမ်ိဳးျဖစ္ေနၿပီ။

ဒါေၾကာင့္ တူးလို႔ရလာခဲ့တဲ့ ေငြသတၱဳခဲကို အရင္းျပဳၿပီး‘ဒန္နီယယ္’ တစ္ေယာက္ ေရနံတူးေဖာ္ေရးလုပ္ငန္းကိုစတင္ခဲ့တယ္။ တစ္ရက္ေတာ့ သူနဲ႔လုပ္ငန္းတူမိတ္ေဆြတစ္ေယာက္ဟာ လုပ္ငန္းခြင္မေတာ္တဆမႈတစ္ခုမွာ ဆုံးပါးသြားခဲ့တယ္။

သားကေလးတစ္ေယာက္က်န္ခဲ့တာေၾကာင့္ ‘ဒန္နီယယ္’ က သည္ေကာင္ေလးကိုေမြးစားခဲ့တယ္။ အ႐ြယ္ေရာက္လာေတာ့လည္းသူ႔လို ေရနံကို ခ်စ္တတ္ေအာင္ သင္ေပးႏိုင္ခဲ့တယ္။ႏွစ္ကာလေတြ ၾကာလာတာနဲ႔အမွ် ‘ဒန္နီယယ္’ ရဲ႕လုပ္ငန္းက တစ္စထက္တစ္စ ေအာင္ျမင္လာၿပီ။

ဒီလိုနဲ႔တစ္ခုေသာ ကာလအေရာက္မွာ ေရနံသမားတိုင္းမ်က္စိက်ေလာက္တဲ့ နယ္ေျမသစ္တစ္ခုကို သတိထားလိုက္မိခ်ိန္ကစၿပီး ‘ဒန္နီယယ္’ ဟာ လူသားဆန္စိတ္ေတြပါ ေပ်ာက္ဆုံး၊ ၿပိဳင္ဘက္ေတြအေပၚပရိယာယ္ေတြသုံးၿပီး ေသြးေအးေအးနဲ႔ ဖယ္ရွားတတ္တဲ့ လူၾကမ္းႀကီးတစ္ေယာက္ ျဖစ္လာေတာ့တယ္…။

——————————————————————-၁၉၂၆ ခုႏွစ္က စာေရးဆရာ Upton Sinclair ရဲ႕ကမာၻေက်ာ္ Oil! ကို အေျခခံၿပီး ႐ိုက္ကူးထားတဲ့Western Style ဇာတ္ကားမ်ိဳးျဖစ္တဲ့ There WillBe Blood ဟာ ၂၁ ရာစုရဲ႕ အေကာင္းဆုံးေသာ႐ုပ္ရွင္ဇာတ္ကားေတြထဲက တစ္ကားျဖစ္ၿပီး

႐ိုက္ကူးသူကေတာ့ Magnolia, The Master ဒီလိုဇာတ္ကားေတြရဲ႕ ပဲ့ကိုင္ရွင္ လက္ရွိ ေဟာလိဝုဒ္ ႐ုပ္ရွင္ေလာကရဲ႕အေကာင္းဆုံးဒါ႐ိုက္တာေတြထဲက တစ္ေယာက္ျဖစ္တဲ့Paul Thomas Anderson ပဲ။Cinematography ပိုင္းကိုေတာ့ ေထြေထြထူးထူး ေျပာစရာဘာမွမရွိေတာ့ပါဘူး။

ေရနံစင္မီးေလာင္တဲ့ျပကြက္နဲ႔တင္ ေအာ္စကာဆုရခဲ့တာ တန္သြားပါၿပီ။ ဒီလို ႐ိုက္ခ်က္ေတြကပဲကြၽန္ေတာ္တို႔ကို ေရနံေျမထဲ ေခၚေဆာင္သြားၿပီးေရနံစိမ္းအနံ႔ေတြ ရေစခဲ့တာပါ။Western Style ဆိုေပမဲ့ ျမင္ေနက်ျဖစ္တဲ့ေကာင္းဘြိဳင္ေတြ၊ သူရဲေကာင္းေတြကို မေတြ႕မျမင္ခဲ့ရပဲ ရက္စက္တတ္တဲ့ လူမဆန္တဲ့ေရနံလုပ္ငန္းရွင္တစ္ဦးကိုပဲ ျမင္ခဲ့ရတယ္။

ရက္စက္တတ္တဲ့ ဉာဏ္နီဉာဏ္နက္မ်ားတဲ့ ပိုက္ဆံကိုကိုးကြယ္တဲ့ ဒီဇာတ္ေကာင္ကို အသက္သြင္းျပလိုက္သူကေတာ့ သက္ရွိထင္ရွား ရွိေနေသးတဲ့ သ႐ုပ္ေဆာင္ေတြထဲ အေကာင္းဆုံးလို႔ သတ္မွတ္ရမဲ့ Sir DanielDay-Lewis ပါပဲ။

အျပင္ေလာကမွာ ယဥ္ေက်းရည္မြန္သူ၊ ႐ိုက္ကြင္းေပၚေရာက္တာနဲ႔ တျခားလူတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားတတ္တဲ့ DanielDay-Lewis အတြက္ Daniel Plainview ဟာဒုတိယေျမာက္ ေအာ္စကာကို ယူေဆာင္ေပးခဲ့သလိုသူ႔ရဲ႕ သ႐ုပ္ေဆာင္သက္တမ္းတစ္ေလွ်ာက္မွာအေကာင္းဆုံးေသာ သ႐ုပ္ေဆာင္ခ်က္အျဖစ္လည္းသတ္မွတ္ခံခဲ့ရတယ္။

Daniel Day-Lewis ဟာ Method Actorတစ္ေယာက္ ျဖစ္တဲ့အတြက္ ႐ိုက္ကူးေရးၿပီးေပမဲ့လည္းဇာတ္ေကာင္စ႐ိုက္အတိုင္းေနတတ္တာေၾကာင့္Daniel Plainview ကို Eli ေၾကာက္တာထက္Daniel Plainview ကို Eli သ႐ုပ္ေဆာင္Paul Dano ေၾကာက္တာက ပိုမယ္လို႔လည္းကြၽန္ေတာ္ယူဆမိတယ္။

ဒီလိုဇာတ္လမ္းမ်ိဳးနဲ႔ ဇာတ္ေကာင္မ်ိဳးကို ပုံေဖာ္ေပးခဲ့တဲ့Director Paul Thomas Anderson နဲ႔သ႐ုပ္ေဆာင္ႀကီး Daniel Day-Lewis ေၾကာင့္ပဲေသြးနံ႔နဲ႔ ေရနံစိမ္းနံ႔ေတြ ေရာေႏွာလြင့္ပ်ံ႕ေနတဲ့ ေရနံေျမကရက္စက္ၾကမ္းၾကဳတ္တဲ့ လူၾကမ္းႀကီးတစ္ေယာက္ကိုကြၽန္ေတာ္တို႔ ေမ့မရႏိုင္ခဲ့တာ ျဖစ္ပါလိမ့္မယ္။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Mega) Small Size ~ Download

(Megaup.net) Large Size ~ Download

(Megaup.net) Small Size ~ Download

(Disk Yandex) Large Size ~ Download

(Disk Yandex) Small Size ~ Download

(Up Stream) Large Size ~ Download

(Up Stream) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *