TMNT (2007)

17089
Share
Copy the link

ဒီကားလေးကတော့ လူငယ်ကြည့်ကြည့် လူကြီးကြည့်ကြည့်အဆင်ပြေတဲ့ လိပ်နင်ဂျင်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းကတော့ ထုံးစံအတိုင်းလိပ်နင်ဂျာတို့ရဲ့ ရန်သူတော်ကြီးရှရက်ဒါကိုအနိုင်ယူပြီးအချိန်ကို ရိုက်ကူးထားတာပါရှရက်ဒါကိုအနိုင်ယူပြီး လီယိုနာဒိုကလေ့ကျင့်ရေးလုပ်ဖို့တောထဲထွက်သွားခဲ့ပါတယ်

တစ်ဖက်မှာကျန်ခဲ့တဲ့ညီအစ်ကိုသုံးကောင်ကလည်းသူ့နည်းသူ့ဟန်နဲ့ရှင်သန်ရုန်းကန်နေကြတာပေါ့ဒီတစ်ခါသူတို့ရင်ဆိုင်ရမဲ့ ရန်သူတော်ကြီးကလွန်ခဲ့တဲ့နှစ်သောင်ထောင်ကတည်းကအသက်ရှင်နေတဲ့ သူရဲကောင်းဘုရင်ကြီးရုတ်ပဲဖြစ်ပါတယ်

သူဟာ ကီကန်ကြယ်ရဲ့အလန်းတန်းကိုအသုံးပြုပြီးဝင်ပေါက်တစ်ခုဖန်တီးရာကနေ မသေမျိုးဖြစ်လာခဲ့တာပါတန်ကြေးအနေနဲ့ သူ့ညီအစ်ကိုဗိုလ်ချုပ်လေးယောက်ဟာကျောက်ရုပ်တွေဖြစ်သွားခဲ့ပါတယ်သူဟာနှစ်သုံးထောင်ကြာအောင်တစ်ယောက်ထဲနောင်တတွေနဲ့ရှင်သန်ပြီး သူ့ညီအစ်ကိုတွေကိုအသက်ပြန်သွင်းဖို့စောင့်နေပါတယ်

ဝင်ပေါက်ကနေလွတ်နောက်ထပ်ဘေးထွက်ဆိုးကျိုးအနေနဲ့သတ္တဝါကြီး၁၃ကောင်ဟာလည်း ကမ္ဘာမြေပေါ်ကိုလွတ်ထွက်လာခဲ့ပါတယ်သတ္တဝါကြီး၁၃ကောင်ကို ပြန်ဖမ်းရင်း သူ့ညီအစ်ကိုစစ်ဗိုလ်တွေကိုအသက်ပြန်သွင်းမဲ့ရုတ်ရဲ့အကြံအစည်ကို လိပ်နင်ဂျာတွေက တားဆီးမှာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ် ။

ပေါ့ပေါ့ပါးပါးနဲ့ fight scene ကောင်းကောင်းလေးတွေပါတာမို့လို့ လက်လွှတ်မခံသင့်တဲ့ကားကောင်းလေးပဲဖြစ်ပါတယ် ။

Zawgyi






mega.nz (Mega) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *